ဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း ၂၄ နှစ်ပြည့် အောင့်မေ့ဖွယ် အခမ်းအနားကျင်းပ

၁၉၈၈ ခုနှစ် မတ်လ ၁၃ ကျောင်းသားအရေးအခင်းတွင် ကျဆုံးခဲ့သည့် ကျောင်းသား ကိုဖုန်းမော် နှင့် ကိုစိုးနိုင် ကျဆုံးခဲ့ခြင်း၂၄ နှစ်ပြည့် အောင့်မေ့ဘွယ် အခမ်းအနားကို ယနေ့ မနက် ၉ နာရီက ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ အဆိုပါ အခမ်းအနားသည် တရားဝင် အခမ်းအနား တစ်ရပ်အဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ၂၀ ရက်က ကျင်းပခဲ့သည့် ဗိုလ်အောင်ကျော်နေ့ နေ့နောက်ပိုင်း ကျင်းပခွင့်ရသည့် ကျဆုံးကျောင်းသားများ အောင့်မေ့ခြင်း အခမ်းအနားပွဲ တစ်ရပ်ဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ၁၉၆၂ ၊ ၁၉၇၄၊ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇ ၊ ကာလများက ဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စများတွင် ကဏ္ဍတစ်ရပ် သမိုင်းတာဝန်တစ်ခု အဖြစ်ပါဝင်ခဲ့ကြသည့် ကျောင်းသား များ၊ နိုင်ငံရေး သမားများ၊ စုံစုံလင်လင် တက်ရောက်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားနှင့်ပတ်သက်၍ ယင်းကာလအတွင်း အရေးအခင်း ကိစ္စရပ်များအား ကိုယ် တွေ့ကြုံခဲ့ကြသူ အချို့မှကိုယ့်တွေ့အဖြစ်များအား ပြန်လည်ပြောကြားခဲ့သလို နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်ဖြစ်မြောက်ရေး ကော်မတီကပေးပို့သည့် သ၀ဏ်လွှာများ၊ နှင့် နိုင်ငံရေးနယ်ပယ် အသီး သီးကပေးပို့သည့် သ၀ဏ်လွှာများ ဖတ်ကြားခဲ့ကာ ဖျော်ဖြေမှုများဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ပေါ်ပြူလာဂျာနယ်
ဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း ၂၄ နှစ်ပြည့် အောင့်မေ့ဖွယ် အခမ်းအနားကျင်းပ ဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း ၂၄ နှစ်ပြည့် အောင့်မေ့ဖွယ် အခမ်းအနားကျင်းပ Reviewed by သစ်ထူးလွင် on 14:05 Rating: 5

2 comments:

cybertech said...

ဒီနေ့ရောက်တိုင်း ကြေကွဲစွာမျက်ရည်ကျရတယ်
အစ်ကိုကြီးတို့ရေ အမျှ-အမျှ-အမျှ

Moe Ye said...

ကျွန်တော်တို့လည်းရှိပါတယ်။အမေစု ရောက်လာတဲ့အတွက် ၀မ်းသာတယ်။
အမေ့ကို အပြင်မှာ ပထမဦးဆုံးမြင်ဖူးတာပဲ ။

Powered by Blogger.