အာဆီယံ
(၃)နိုင်ငံကို ချစ်ကြည်ရေးခရီး လှည့်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ
ကမ္ဘောဒီးယား နိုင်ငံကို ရောက်ရှိနေစဉ် မြန်မာနိုင်ငံမှာ ကျင်းပမယ့်
ကြားဖြတ်ရွေးကောက် ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးမယ်လို့ ကတိပြု
ပြောကြားလိုက်ပါတယ်။
ဖနွမ်းပင်မြို့က
ဝန်ကြီးချုပ်ရုံးမှာ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် နဲ့
တွေ့ဆုံဆွေးနွေးရာ မှာ ပြောကြား လိုက်တာဖြစ်ပြီး ရွေးကောက်ပွဲကို
ပွင့်လင်းမြင်သာမှုရှိအောင်နဲ့ အများက ယုံကြည် လက်ခံ လာအောင် ဘယ်လိုနည်း နဲ
့မဆို လုပ်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောတဲ့ အကြောင်း ကမ္ဘောဒီးယား
ပြန်ကြားရေး ၀န်ကြီးက မီဒီယာတွေကို ပြောပါတယ်။
ကမ္ဘောဒီးယား
ပြန်ကြားရေးဝန်ကြီး ကီယို့ကန်နာရစ် က မြန်မာ အစိုးရဟာ အာဆီယံ နိုင်ငံတွေက
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တချို့အပြင် တရုတ်၊ တောင် ကိုရီးယား၊
ဂျပန်၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်နဲ့  အိန္ဒိယနိုင်ငံတွေ က
လေ့လာသူတွေကို လည်း မြန်မာရွေးကောက်ပွဲ ဖြစ်စဉ်ကို စောင့်ကြည့် လေ့လာဖို့
ဖိတ်ခေါ်ထားတယ် လို့ သတင်းထောက်တွေကို ပြောသွားတာပါ။
သမ္မတ
ဦးသိန်းစိန်ဟာ ဘုရင် နိုရီုဒွမ်သီဟာမိုနိရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားကို
သွားရောက်တာဖြစ်ပြီး ၀န်ကြီးချုပ် ဟွန်ဆန် အပါအ၀င် အစိုးရ ထိပ်တန်း
ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံ
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး ကိစ္စတွေ
အပါအ၀င် ဒေသတွင်း အရေးတွေ ဆွေးနွေးခဲ့တယ်လို့ ကမ္ဘောဒီးယား မီဒီယာတွေ မှာ
ဖော်ပြပါတယ်။
အာဆီယံ
အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ လာမယ့် ဧပြီ လ ၃
ရက်နဲ့ ၎ ရက်မှာ အာဆီယံ ထိပ်သီး အစည်းအဝေး ကို အိမ်ရှင်အဖြစ် လက်ခံ
ကျင်းပဖို့ ရှိနေတာပါ။
ဝန်ကြီးချုပ်ဟွန်ဆန်ကတော့
မြန်မာသမ္မတရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို အားကောင်း
တိုးမြှင့်ရာရောက်မယ်လို့ ပြောပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ မြန်မာရဲ့
အခြေခံကျကျပြောင်းလဲမှုတွေကို အာဆီယံကနေတဆင့် ပြင်ပကို သတင်းစကားပါးဖို
့ပို အာရုံစိုက်နေတယ်လို့ သည်ဖနွမ်ပင်ပို့စ်သတင်းစာမှာ ရေးပါတယ်။
သမ္မတဦးသိန်းစိန်ဟာ
အင်္ဂါနေ့ က ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက်
ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိ လာတာပါ။ ကြာသပတေးနေ့ မှာတော့
လာအိုနိုင်ငံကို ဆက်လက် သွားရောက်ဖို့ ရှိနေပါတယ်။
ဒီဗွီဘီ
ရွေးကောက်ပွဲလွတ်လပ်မျှတရမည်ဟု သမ္မတဦးသိန်းစိန်ကတိပြု
Reviewed by သစ်ထူးလွင်
on
19:00
Rating:
10 comments:
သမ္မတကြီးကိုတော့သနားတယ်၊ ပြည်တွင်းတင်မကဘူး။ပြည်ပထိပါလှည့်ပြောနေ
ပြီ အောက်ခြေကော်မရှင်က မဲပေးမဲ့လူစာရင်းတွေကိုစုံအောင်မထည့်ဘဲလိမ်နေ
တာကိုကြားနေရတယ်။အေးလေဒါကကော်မရှင်ဥက္ကဌကြီးရဲ့တာဝန်ဘဲ၊စာရင်းတွေ
စုံအောင်ထည့်ခိုင်းကြပါ။တိတိကျကျပြောတဲ့သူကပြောလို့သိနေရတာစိတ်မချမ်း
သာဘူး။ပြည်သူကိုလွတ်လပ်ခွင့်လေးတော့ပေးကြပါ။ဒီလိုမညစ်ပါစေနဲ့
The theif will not say that he will steal!
ဖရုံဗူး ဖရုံဗူး
ပြောတာလဲ မင်းပါဘဲကွယ်
ကျေနပ်ပါဟယ်
ဒို့ဘ၀ကို ဒို့မှ မပိုင်သေးတာ
(သန်းရွှေ ပိုင်တာ အားလုံးသိနေတယ်လေ)
အရူးချီပန်း ရှောက်ပြောနေတာ
မဲဆန္ဒရှင် စာရင်းတောင် မှန်အောင်လုပ်မပေးနိုင်တာ
ဘာတွေ လွတ်လပ်ပြီး ဘာတွေမျှတမှာလဲ
လွတ်လပ် ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်ချင်၇င်
ယူနီဖောင်းချွတ်ပြီး အမတ်လုပ်နေတဲ့ကောင်တွေ အကုန်ထွက်လိုက်ပါ
3ယောက်ပေါင်းလို့ 4 တန်းမအောင်တဲ့ကောင်တွေ လွတ်တော်
ထဲမှာရူပ်နေတာလေ
ေ၇ွးကောက်ပွဲအတွက်လဲ တ၇ားမျှတအောင်စီစဉ်ပေးပါအုံးးး မေ၇ာက်ဖူးတဲ့ နိုင်ငံတွေဆိုပြီး visit ဆို လျှေက်သွား မနေနဲ့သမ္မတကြီးေ၇း
ယခုလိုပြောကြားပေးတဲ့အတွက်
ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်ကတော့ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်....
ခေါက်ရိုးကြိုး နောက်ပြန်ဆွဲသမားတွေ များစွာ ရှိနေမယ်ဆိုတာကို နားလည်ပါတယ်....
ကိုယ်က လမ်းမှန်လျှောက်သော်လည်း ဒရွက်ဆွဲ လိုက်ပါလာသူ ၀န်ကြီးများ....
သန့်ရှင်းအောင် နေဖို့ ပြောသော်လည်း မိမိတို့၏ အတိတ်ဇာတ်လမ်းများအပေါ် ချိန်းခြောက် လိုရာဆွဲ ကိုယ်ကျိုးရှာနေသော ၀န်ကြီးများ....
ဆင်ခြင် ကြဖို့ ဘာမှ မဟုတ်သော ကျွန်တော် သာမာန် ပြည်သူတစ်ယောက်က ပြောပါရစေ....
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မိန့်ခွန်း ကလေးကိုတော့မျှဝေ လိုက်ပါတယ်....
"ပိုက်ဆံတွေကို ဥပဒေဘောင်အတွင်းကနေ မပိုင်ဆိုင်ချင်ကြဘူးလား၊ မတရားသောအားဖြင့် ခေါင်းပုံဖြတ်ခံရမှာကို မကာကွယ်ချင်ကြဘူးလား"
(http://www.degolar.info/2012/02/dassk-interview-with-southern-people.html?spref=fb)
I swear !
ကိုယ့်ရင်ထဲ...ဝင်ကြည့်လှည့်ပါ..ပြည်သူရယ်။
ပါးစပ်တာလှုပ်ခွင့်ပေးပြီး...ခြေတွေ၊လက်တွေလှုပ်ခွင့်မှမရှိတာ...ပြည်သူရယ်။
(ကန်းဆွေ...သေနာကြီး...မြန်မြန်သေအောင်...ဝိုင်းကြံကြပါ...ပြည်သူရယ်။)
ဒါဆိုပြည်သူ့အနား...ကိုယ်လာနိုင်ပြီ။ (ပြည်မြို့သူကိုချစ်တဲ့...ကိုကိုစိန်)
မထူးပါဘူး
သူလည်းမဲဆွယ်နေတာပဲ(နေပြည်တော်)မှာလေ ပေါ်တင်ကြီး မယုံဘူး
Never ever believe present government. He said that just in words, but doing opposite in practice.
Post a Comment