ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက် ၊ ဒက္ခိဏသီရိမြို့နယ်။

နွားထိုးကြီးမြို့ မှကြိုဆိုသူများကိုတွေ့ ရစဉ် (ဓါတ်ပုံ-7Day)
 မတ်လ ၅ရက်၊ မွန်းလွဲ ၅နာရီ ၂၀ မိနစ် ။ YPI
ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိမြို့နယ် လမ်းပျဉ်းမနားရွာမကွင်း တွင် မိန့်ခွန်းပြောကြားနေပြီဖြစ်သည်
 "ဒီထဲမှာဆိုလို့ရှိရင် ဒက္ခိဏသီရိမြို့နယ်က ပြည်သူတွေဟာ အင်မတန်မှ ဘ၀ကိုရုန်းကန်ရပါတယ် အဲဒီတော့ကျွန်မကပြောတယ် ဘ၀တူတွေဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လောက်ရုန်းကန်ရသလဲ ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ။ အဲဒီတော့ ရုန်းကန်ရတဲ့လူခြင်း အတူတူတော့နားလည်မှုရှိတယ် ။ဘ၀မှာဘယ်လိုရုန်းကန်ရသလဲ ၊ဘ၀မှဘယ်လိုအခက်အခဲတွေနဲ့တွေ့ရသလဲ။ ကျွန်မတို့အဖွဲ့ချုပ်မှာဆိုလို့ရှိရင်ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနဲ့ ရပ်တည်တဲ့ နေရာမှာအနှစ် နှစ်ဆယ်ကျော်သွားပါပြီ။ ဒါကြောင့်မို့လို့ ကျွန်မတို့က ပြည်သူတွေရဲ့ဆင်းရဲနွမ်းပါးမှုကို တစ်ကယ့်ကို လက်တွေ့ကျကျ နားလည်တဲ့ အဖွဲ့ဖြစ်ပါတယ်လို့ ကျွန်မပြောပါရစေ" ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက် ၊ ဒက္ခိဏသီရိမြို့နယ်။
"ကျွန်မတို့နိုင်ငံဟာ သယံဇာတတွေ အင်မတန်ချမ်းသာတဲ့နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ လို့ပြောရင်တောင်မှ မှားမယ်လို့မထင်ပါဘူး။ဒါပေမယ့်လည်း တစ်ချိန်တဲမှာ ကျွန်မတို့ရဲ့ပြည်သူတွေဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးပြည်သူတွေဘဲလို့ပြောလို့ရှိရင်လည်းမှန်မှာဘဲ" ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိ မြို့နယ် တွင်ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်။
 
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက် ၊ ဒက္ခိဏသီရိမြို့နယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက် ၊ ဒက္ခိဏသီရိမြို့နယ်။ Reviewed by သစ်ထူးလွင် on 18:00 Rating: 5

9 comments:

kokhent said...

သခင်ခေတ်
ထားဝယ်ခရီးမှ အစချီ
ဓါးထက်ထက်နဲ့ ချီလာပြီ
ဒီမိုကရေစီ အမေ့ရဲ့ဓါး
လက်ကိုင်ရင်းမှာ ပြည်သူ့အား
ပြည်သူအပေါင်းတို့သွေးစည်ညီ
ရွှေခွတ်ဒေါင်းတို့ ခေတ်ရောက်ပြီ
ခွတ်ဒေါင်းဘေးမှာ အမှန်ခြစ်
မြန်(မြန်မာ)ပြည်သူတွက် သခင်ခေတ်....
သယံဇာတပေါများလှတဲ့ ကိုယ့်တိုင်းပြည်ကိုခွာပြီး တိုင်းတပါးမှာ ကျွန်ခံ အလုပ်နေုကရတဲ့ အမေ့ရဲ့သားသမီးတွေအားလုံး အမေကျန်းမာအောင်မြင်စေကြောင်းဆုတောင်းမေတ္တာပို့သနေပါတယ်..

datha said...

အမေ
အမေက ဗိုလ်ချုပ်လိုဘဲ သတ္တိပြောင်တယ်နော်
ခုလောက်ဆို ဟိုကောင်တွေ ရူးကြောင်ကြောင်ဖြစ်နေလောက်ပြီ
စုပ်လဲဆူး စားလဲရူးတော့မှာလေ သွေး လေ ခြောက်ခြားနေလောက်ပြီ
အရူးမီးဝိုင်းသလို ဖြစ်နေလောက်ပြီ

poe said...

I really like kokhent's poem

အမြင်သစ် said...

ပြည်သူ့သဘောထား
တရုတ်အားကိုးပုဆိန်ရိုး သူခိုးအဖေခေါ်သူများအားဆန့်ကျင်ကြ။
နိုင်ငံတော်ဒီမိုကရေစီရရေးနှင့် ပြည်သူ့ဘ၀လုံခြုံရေးကို
နှောင့်ယှက်ဖျက်ဆီးသူများအားဆန့်ကျင်ကြ။
လွှတ်တော်တွင်း လွှတ်တော်ပ မှ အဖျက်သမား ဖွတ်ကြီးများအား ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ။
လူထုခေါင်းဆောင် အမေစုကို ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ။
NLD ကို ထောက်ခံအားပေးကြ။
မှတ်ချက်။ ။ (ပြည်သူ့သဘောထားအစစ်)

minmaung said...

i like and agree cosy's poem....

kokhent said...

poe ရေ..ကျေးဇူးပါ..
ဥယာဉ်မှုးနဲ့ဝေးတဲ့ရှမ်း အမေစု လာတော့ လန်း...
နွေနေပူ ပြည်သူအသိ တို့အမေုကို နေပူမရှိ..
သိပ်လှတဲ့ဆောင်ပုဒ်လေးတွေကိုင်ပြီး အမေ့ကိုကိုဆိုနေုကတာပါ..
သူတို့ကိုကည့်ပြီး ၀မ်းသာလို့ မျက်ရည်ဝဲပါတယ်
ကျနော်တို့က အလုပ်သိမ်းချိန် သတင်းအသစ်သတင်းအထူးတွေ အမြန်တင်ပေးတဲ့ ကိုသစ်ထူး ဆီ ၀င်ဖတ်ပြီးခံစားရလို့ရေးလိုက်တာပါ...
ကဗျာတွေချစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်...

No said...

ဒက္ခိဏသီရိ နဲ့ ဇမ္ဗူ သီရိမှာ တွေ့ကြုံလိုက်ရတဲ့ ကြိုဆို မှုတွေက လူကို ကြက်သီးမွှေးညှင်းထလောက်အောင်ပါပဲ

Lin Myat said...

ကောင်းလိုက်တဲ့ ပြည်သူ့ သဘောထား ပြည်သူအားလုံးရင်ထဲက သဘောထားအစစ်ပဲ

Tomahawk said...

Cosy,
let me correct the 2nd sentence of your poem.
"ta yote arr koe Ma A Loe"
how about this?
much better...

Powered by Blogger.