မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဘတ်ဂျက်ငွေမရှိသေး

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လိုအပ်တဲ့ ဘတ်ဂျက်ငွေ မရှိတာကြောင့် လတ်တလောမှာ သမ္မတရုံးရဲ့ အထောက်အပံ့နဲ့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။
RFA
လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ ဖြစ်ပါသည်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က လူ့အခွင့်အရေးကော်မရှင်က လွှတ်တော်ကို တင်ပြတဲ့ ဘတ်ဂျက်တင်ပြချက်ကို လူ့အခွင့်အရေးကော်မရှင်ဟာ ပြည်ထောင်စုအစိုးရ ဗဟိုအဖွဲ့အစည်း မဟုတ်တာကြောင့် တင်ပြငွေကို ပြည်ထောင်စုလွှတ်တော်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ သတင်းမီဒီယာ ၁၃ ဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ RFA က ဒီကိစ္စကို မေးမြန်းရာမှာ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အခုလိုပြောပါတယ်။
"ဧပြီလ ၁ ရက်ကစပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင်ရွက်သွားဖို့အတွက် ငွေပိုပြီးတော့ လိုလာပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကို တင်ပြတောင်းဆိုခဲ့တဲ့အခါမှာ constitution ရဲ့ ပြဋ္ဌာန်းချက်ထဲမှာ မပါတဲ့အတွက်ကြောင့်မို့လို့ သူတို့ ခွင့်မပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆက်လက်ပြီးတော့ သီးခြားအဖွဲ့အစည်းအနေနဲ့ ရှင်သန်နိုင်အောင် သမ္မတရုံးကနေပြီးတော့ သင့်လျော်တဲ့ ဘတ်ဂျက်အောက်ကနေပြီးတော့မှ ငွေပေးရမှာ ဖြစ်ပါတယ်ခင်ဗျ။ အဲဒီ ရန်ပုံငွေနဲ့ ကျွန်တော်တို့ ဆက်လက် ရပ်တည်သွားရမှာ ဖြစ်ပါတယ်"
လူ့အခွင့်အရေးကော်မရှင် အနေနဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် ကျပ်သန်း ၅၀၀ တင်ပြခဲ့တာဖြစ်ပြီး အခုမရရှိသေးတာကြောင့် သမ္မတရုံးက အသေးသုံးစရိတ်များကို ထုတ်ပေးနေတာ ဖြစ်တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။
အခုလို ဘတ်ဂျက်များ မရရှိပေမဲ့ ကော်မရှင် ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး တစ်ဖက်ကလည်း ဘတ်ဂျက်ရရှိရေးအတွက် လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းအား စတင်ရေးဆွဲနေပြီး သမ္မတရဲ့ သဘောတူညီချက်ရပါက လွှတ်တော်မှ အတည်ပြုချက် ရယူသွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက RFA ကိုပြောသွားပါတယ်။
RFA
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဘတ်ဂျက်ငွေမရှိသေး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဘတ်ဂျက်ငွေမရှိသေး Reviewed by သစ်ထူးလွင် on 23:15 Rating: 5

5 comments:

luthaar said...

ပြည်ထောင်စု အစိုးရအဖွဲ့ထဲက လူ့အခွင့်ရေးကော်မရှင်ကို စိတ်ဝင်စားတဲ့သူမရှိဘူးလား။ ကော်မရှင် အသက်ရှည်မယ့်အရေးကို သမ္မတ တယောက်ထဲကစိတ်မကောင်းစွာစောင့်ရှောက်နေရတဲ့ပုံပေါ်နေတယ်။မြန်မာပြည်သူတွေကို လူ့အခွင့်ရေး တကယ်ရစေလိုတဲ့ဆန္ဒရှိတဲ့ကော်မရှင်ဆို လူ့အခွင့်ရေးတကယ်ဆောင်ရွက်တဲ့ ကမ္ဘာ့အဖွဲ့ကော်မရှင်များနဲ့ ဆက်သွယ်ဆောင်ရွက်လို့ ထက်ထက်မြက်မြက်လပ်ဆောင်ရမှာပါ။ခုတော့ သမ္မတရုံးကို နို့သက်ခံ စို့ နေတော့ ဘယ်မှာ ကျယ်ကျယ်ပြန့်ပြန့်စနစ်တကျ ဆောင်ရွက်နိုင်မှာလဲ။

မောင်မျိုးချစ် said...

ဘာလူ့အခွင့်အရေး ကော်မရှင်လည်း
ဘာတွေလုပ်ပေးနိုင်လည်း .. ဘာတွေလုပ်ပေးခဲ့လို့လည်း ..
အလကား .. နိုင်ငံတကာအမြင်လှအောင် သက်သက်ဖွဲ့ထားတာ
ဘာမှ စောက်သုံးမကျတဲ့ အဖွဲ့အစည်းတစ်ခုလိုပဲ မြင်တယ်
ပြီးခဲ့တဲ့နှစ်တုန်းက ပြည်သူကနင့်နာလို့ တိုင်တာကို မယ်မယ်ရရ ပြစရာ ဘယ်နှစ်ခုလုပ်ပေးနိုင်ခဲ့လို့လဲ ..
အလကာ ပြည်သူပိုက်ဆံတွေ ကုန်တယ်
ဖျက်ပျက်လိုက် အဲဒီအဖွဲ့ကို
နာမည်ကတော့ ယူထားတာက အပြန်စား
လုပ်တော့ တောင်းစားတဲ့အလုပ်

Toe Toe said...

ဟန်ပြသက်သက်နဲ့သမ္မတ နဲ့စည်းဝါးရိုက်ပြီး ကပြဘို့သက်သက်ဖွဲ့ထားသလိုသာ
ဖြစ်နေပါတယ်၊ ၂၀၁၁ထဲမှာ ကိုယ်ပိုင်ဟန်နဲ့လုပ်ဆောင်မှုဘာမျှမတွေ့ရပါ။ ယခုလို
လွှတ်တော်ကထောက်ပြလိုက်မှ ပိုပြီးရှင်းလင်းသွားပါသည်။ပြည်သူနဲ့ ကမ္ဘာကိုမ
လိမ့်တပတ်လုပ်ဘို့ဘဲစဉ်းစားနေတာပါ။ဘာတွေများလူ့အခွင့်အရေးတွေရအောင်
လုပ်ပေးနေလို့လဲ၊သမ္မတကဟို ဟာအော်လိုက်အုံးဆိုမှ အိပ်ချင်မှုးတူးနဲ့ထအော်ပြ
နေတာ။ကျန်တာဘာမှလုပ်ဆောင်မှုမတွေ့ရပါ။ဖျက်ပြစ်လိုက်တာကောင်းပါသည်။
လွှတ်တော်ဥက္ကဌကြီးဆက်လုပ်ပါ။ထောက်ခံပါတယ်။ ညှိ/ကွပ်လုပ်ကထဲကဥက္ကဌ
ကြီးသဘောထားအမှန်ကိုနားလည်ပါတယ်။ပြည်သူ့အတွက်ဆက်ကြိုးစားပေးပါခင်
ဗျား။ပြည်သူ့ကိုလိမ်နေတာတွေကိုဖော်ထုတ်တားမြစ်ပေးပါခင်ဗျား။

supergunner said...

ကောင်မရှင်ကြီးရေ..
ကိုယ်အခွင့်ရေးကိုယ်ရအောင်လုပ်ကြအုံး..

Myanmar said...

မင်းတို့ ဆင်း၇ဲသားတိုင်းပြည်မှာ ဘာတစ်ခုလောက်လောက်လားလားလုပ်ပြဘူးလို့လဲ။ ဘာမှအဖြစ်မ၇ှိလို့ လွှတ်တော်က ဒီလိုသဘောထားဝင်သွားတာ မင်းတို့အပြစ်ဘဲ။ ဥပဒေတွေဘာတွေလာပြောမနေနဲ့ မြန်မာနိုင်ငံမှာ ပြည်သူကာကွယ်တဲ့ ဥပဒေမ၇ှိဘူး။ အဓမ္မအစိုး၇အ၇ာ၇ှိကာကွယ်ေ၇း ဥပဒေဘဲ၇ှိတယ်။ ပြည်သူတွေ ဗိုလ်ချုပ်ပြောသလိုဘဲ ဥစ္စာ၇င်လို ဥစ္စာ၇င်ခဲ၇မယ်။ ကိုယ်ကျိုး၇ှာ အဓမ္မအစိုး၇အ၇ာ၇ှိတွေဆီက ကိုယ့်အခွင့်ေ၇းကို လက်ဖြန့်တောင်းနေလို့ နောက်ဘ၀ကူးသွားမယ်။ ဘာမှ၇မယ်မထင်နဲ့....။ ။

Powered by Blogger.