ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ ကျေးရွာများထိ စည်းရုံးရေးဆင်း

မတ် ၁၇၊ ၂၀၁၂ (YPI)
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် ပါတီစည်းရုံးရေး လုပ်ဆောင်မှုများ ပြုလုပ်လျှက်ရှိရာ ကလောမြို့နယ်၊ ဥဿကန်ကျေးရွာ၌ ယခုလ ၁၆ ရက်က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို အဆိုတော် ၁၆ ဦးနှင့် ဒေသခံတိုင်းရင်းသားရိုးရာအကများဖြင့် ညနေ ၅း၀၀ မှ စတင်ခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး သီချင်းဖြင့်အခမ်းနားစပြီး ဆီဆိုင်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို က ဒီမိုကရေစီသဘောတရားများကို ဟောပြောသည်။

“နိုင်တာမနိုင်တာအပပေါ့၊ လူမျိုးရဲ့စည်းလုံးမှုကို ပိုပြီးရတာပေါ့” ဟု PNO ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးခွန်သူတော် ကပြောသည်။

ကလောမြို့နယ် ဥဿကန်ကျေးရွာမှ PNO ပါတီ စည်းရုံးရေး ဟောပြောပွဲ

ကလောမြို့နယ်လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ ပအိုဝ်းတိုင်းရင်းသားများဖြစ်ကြပြီးလူမျိုးတစ်မျိုး ကိုယ်စားပြုသောအဖွဲ့ရှိခြင်းဖြင့် စည်းလုံးညီညွတ်မှု ပိုမိုရရှိနိုင်သည်ဟု ၎င်းကပြောသည်။

မြို့ပေါ်တွင် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများပြုလုပ်ပြီး ပအိုဝ်းလူမျိုးအများစုမှာ ကျေးရွာများတွင်နေထိုင်သောကြောင့် ရွာများသို့ ဦးစားပေးစည်းရုံးရေးဆင်းရသည်ဟု PNO အဖွဲ့ဝင်များကပြောသည်။ လက်ပံပင် ကျေးရွာ၊ဘော်နှင်းကျေးရွာနှင့် မောင်းတောကျေးရွာတွင် စည်းရုံးရေးဆင်းထားပြီးဖြစ်သည်။

မတ် ၂၄ ရက်တွင် ကျောက်ဆောင်မြေခြားကျေးရွာတွင် စည်းရုံးရေးဆင်းမည်ဖြစ်ပြီး ၊ဘော်နှင်းကုန်းကျေးရွာ နှင့် ပင်မှီကျေးရွာတို့တွင်လည်း ပအိုဝ်းအနုပညာရှင်များကကူညီပြီး စည်းရုံးရေးဆင်းမည်ဖြစ်သည်ဟု PNO ကိုယ်စားလှယ်လောင်း ဦးခွန်သန်းမောင်(ခ) ဦးခွန်ပေါလိုင်း က ဆိုသည်။

`လူမျိုးတစ်မျိုးရဲ့ခေါင်းဆောင်ဟာ အဲလူမျိုးပဲဖြစ်ရင်ကောင်းတာပေါ့ ဘာလို့လဲဆိုတော့ ရိုးရာယဉ်ကျေးမှုတွေ လိုအပ်ချက်ပိုပြီးနားလည်တယ်’ ဟု ၎င်းကပြော သည်။

အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်လူငယ်တစ်ဦးက`PNO ပါတီကအောင်နိုင်လိမ့်မယ်လို့မျှော်လင့်တယ် ဒါပေမဲ့ပြည်သူဆန္ဒပါပဲ။ ပြည်သူကပဲဆုံးဖြတ်ပေးလိမ့်မယ်´ ဟုပြောသည်။

ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်နေရာ ၄၈ နေရာရှိပြီး ကလောမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ သီလကော်(ခ) ဦးခင်မောင်လှ၊ NLD မှ ဒေါက်တာဒေါ်သန်းငွေ၊ PNO မှ ဦးခွန်သန်းမောင်(ခ) ဦးခွန်ပေါလိုင်း၊ ကျားဖြူပါတီမှ ဦးစ၀်စာဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ် ဦးမြ၀င်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပချိန်၌ ကလောမြို့နယ် လူဦးရေ ၁ သိန်းခွဲဝန်းကျင်အနက် မဲပေးခွင့်ရှိသူ ၉ သောင်း ၈ ထောင်ဝန်းကျင်ရှိသည်ဟု ကလောမြို့နယ် ကော်မရှင်က ထုတ်ပြန်ခဲ့သည် စာရင်းအရ သိရှိရသည်။ ၎င်းရွေးကောက်ပွဲတုန်းက  ကလောမြို့နယ်၌ ကြံ့ခိုင်ရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှစ်ပါတီသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။              ။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ ကျေးရွာများထိ စည်းရုံးရေးဆင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ ကျေးရွာများထိ စည်းရုံးရေးဆင်း Reviewed by သစ်ထူးလွင် on 23:07 Rating: 5

2 comments:

amtkhunlay said...

ပအိုဝ်း အမျိုးသားဒေသ ခေါင်းဆောင်ဟာ ပအိုဝ်းအမျိုးသားပဲ ဖြစ်သင့်ပါတယ်။ ဒါကြောင့် ပအိုဝ်း အမျိုးသားများ စည်းလုံးညီညွတ်ကြဖို့ လိုအပ်ပါတယ်။

aungban said...

အပေါ်ကမိတ်ဆွေပြောတာတော့မှန်ပါတယ် ဒါပေမယ်.ကြံဖွံ.နဲ.တော.မပူးပေါင်းဖို.လိုပါတယ် ကျွန်တော်တို.ပအိုးလူမိုးတွေက လူကြောက်များတယ်ဗျာ ကိုယ်တိုင်လဲမစဉ်းစားကြဘူး ခေါင်းဆောင်ပြောတိုင်းလိုက်နာနေကြ၇တာပါ ခေါင်းဆောင်ကလဲ သန်းေ၇ွှနဲ.ဘာညာဆိုတော. ဟဲဟဲ ကျွန်တော်တော.မယုံဘူး အခုသူတို.တွေတိုးတိတ်မူနဲ. စစ်ဆင်နေတယ်နော မိတ်ဆွေတို.ေ၇သတိလေးထားကြဦးနော ကျောက်စိမ်းတုံးကပြုံးပြနေတယ် စက်၇ုံတွေဘာတွေညာတွေက ဘယ်ပျောက်ချင်မှာလဲဗျာ ကျွန်တော်မပြောချင်ပါဘူးဗျာ ကျွန်တော်ထက် ကျွန်တော်လေးစား၇တဲ. ကိုခွန်ထွန်းဦးကပိုသိမှာပါ ကိုခွန်ထွန်းဦး ခင်မျာ သူတို.တွေကို၇ပ်မကြည်.ပါတော.နဲ.လို.ပြောချင်ပါတယ် ခုနနေဖားတွေမြွေပါးစပ်ထဲဝင်သွား၇င် ဒေါင်းလဲမကယ်နိုင်ဘဲနေနေဦးမယ် ကူညီပေးကြလိုက်ပါဦး.........

Powered by Blogger.