ရေပိုင်နက်အငြင်းပွားမှုမှာ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်အနိုင်ရသလဲ (ဦးစိန်ကျော်လှိုင်)

စစ်အုပ်ချုပ်ရေးကြောင့် ရှုံးတာလား 
မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုမှာ မြန်မာရှုံးသွားပြီဖြစ်ပါတယ်။ တကယ်တော့ မရှုံးသင့်ပဲ ရှုံးရတဲ့အမှုဖြစ်တယ်။

ဒီအမှုဖြစ်ချိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့စစ်အစိုးရလက်ထက်ဖြစ်တယ်။ နိုင်ငံတကာ က ရှေ့နေတွေငှားဖို့ ငွေအလုံအလောက်ရှိရက်သားနဲ့ ကိုယ်အိတ်ထဲ ခိုးဖို့သာ အာရုံထားပီး မြန်မာရှေ့နေ ချာတူးလန်အဖွဲ့နဲ့ ပေါချောင်ကောင်း အမှုရင်ဆိုင်ရာမှာ ခုလို မရှူမလှ ရှုံးသွားတာဖြစ်တယ်။

ဒီအမှုဖြစ်ကထဲက ဘင်္ဂလားဒက်အစိုးရငှားထားတဲ့ ရှေ့နေအဖွဲံကြီးက ရှေ့နေ ၂ဝဝ ကျော်ရှိတဲ့ အမေရိကန်နိုင်ငံက နာမယ်ကြီး ရှေ့နေကုမ္ပဏီဖြစ်တဲ့ Foley Hoag ဖြစ်ပါတယ် ဒီအမေရိကန် ရှေ့နေကုမ္ပဏီကြီးက နိုင်ငံတကာ အစိုးရတွေကြား ဖြစ်ပွားတဲ့ ပင်လယ်ပြင်နယ်နိမိတ်အငြင်းပွားတဲ့ အမှုပေါင်းများစွာကို အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေကြီးတွေ ဖြစ်ပါတယ်။ ဒါတင်မက Foley Hoag  ရှေ့နေကုမ္ပဏီကြီးရဲ့ အကျိုးတူစီးပွားဘက် ရှေ့နေတွေ ကနေဒါနဲ့ အင်္ဂလန်က ဥပဒေရေးရာ ပါမောက္ခတွေကပါ ဘင်္ဂလားဒက်အစိုးရဘက်က အကျိုးဆောင်ကြမှာဖြစ်တယ်လို့ Foley Hoag ရှေ့နေကုမ္ပဏီကြီးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာဘက်ကကိုယ်စားလှယ်အဖြစ် ဒေါက်တာထွန်းရှင် ဗိုလ်မှူးကြီးမင်းသိမ်းတင့်၊ ဒေါ်လှမျိုးနွယ် ဦးကျော်ဆန်း ဒေါ်ခင်ဦးလှိုင် တို့သာဖြစ်တယ်။ ၂ဘက်ရှေ့နေခြင်း ယှဉ်ကြည့်ရင် အဖြေက သိသာနေတယ်။
မြန်မာဘက်ကရှေ့နေ ဒေါက်တာထွန်းရှင်
တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်ခဲ့တဲ့ ဆိုကျိုးထဲက အကောင်းဆုံးသင်္ခဏ်းစာဖြစ်တယ်။ စစ်အုပ်ချုပ်ရေးကြောင့် စစ်တပ်က အုပ်ချုပ်ရေးမှာ ၀င်စွက်တာကြောင့် ခုလို ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတာဖြစ်တယ်။
ခုလဲဘဲ သိန်းစိန်အစိုးရက သန်းရွှေအစိုးရလို ငါတကောကောပီး ညစ်ပတ်တဲ့နည်းတွေနဲ့ ရွေးကောက်ပွဲအနိုင်ရအောင်လုပ် ဆက်အုပ်ချုပ်ရင် နောက်ထပ်ဆုံးရှုးမှုတွေ ရင်ဆိုင်ရမယ်ဆိုတာ ဒီအမှုက မီးမောင်းထိုးပြနေတယ်။ စစ်သွေးကြွနေတဲ့ မြန်မာစစ်တပ်ကို နေရာတိုင်း လက်နက်ကိုင်ဖြေရှင်းလို့မရဘူးဆိုတာ ဒီအမှုက သက်သေပြနေတယ်။ =================================================================

အမှုနောက်ခံ


မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုဟာ ခုတော့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ရောက်သွားပီ ဖြစ်ပါတယ် ဒီအမှုရဲ့ နောက်ဆုံးအခြေအနေတွေကို ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

အမှုရဲ့အကျဉ်းချုပ်ကို သောတရှင်များ သတိရအောင် ပြန်ပြောရမယ်ဆိုရင် အငြင်းပွားတဲ့နေရာဟာ ဘင်္ဂလားပင်လယ်အော်အတွင်း စိန့်မာတင်ကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၅ဝ ခန့်အကွာမှာဖြစ်ပါတယ်၊ ဒီနေရာမှာ မနှစ်က ဒေးဝူးကုမ္ပဏီက ရေနံရှာဖွေရေး ပဏာပလုပ်ငန်းဖြစ်တဲ့ ဟိုက်ဒရိုကာဘွန်ရှာဖွေရေး လုပ်ငန်းတွေကို လုပ်နေတုံး ဘင်္ဂလားဒက်နိုင်ငံနဲ့ ပြဿနာဖြစ်ခဲ့တာပါ။

မြန်မာဘက်က ရေနံရှာတဲ့နေရာဟာ ဘင်္ဂလားဒက် ရေပိုင်နက်မှာဖြစ်တဲ့အတွက် မြန်မာဘက်က ကျူးကျော်တယ်လို့ ဘင်္ဂလားဒက်နိုင်ငံက စွပ်စွဲခဲ့ပါတယ်၊ ၂ ဘက်နိုင်ငံ ရေတပ်သင်္ဘောတွေနဲ့ အခင်းဖြစ်တဲ့နေရာမှာ အင်အားပြပီး မကြာခင် မြန်မာဘက်က စစ်သင်္ဘောတွေ ရုတ်တရက် ဆုတ်ပေးခဲ့ပါတယ် နောက်ပိုင်း ဒီသတင်းတွေ တိမ်မြုတ်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုနဲ့ ပတ်သက်ပီး ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြိုအခြေစိုက်တဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကနေ အဆုံးအဖြတ်ပေးဘို့ ၂ဝဝ၉ ခု ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဘင်္ဂလားဒက်နိုင်ငံက လျှောက်ထားခဲ့ပါတယ်။

တနည်းပြောရရင် ပင်လယ်စာချုပ်ဥပဒေလို့လဲခေါ်တဲ့ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ သဘောတူညီချက် ၁၉၈၂ ခု ပုဒ်မ ၂၈၇ ပုဒ်မခွဲ ၄ အရ ဖြေရှင်းပေးပါဆိုပီး ဂျာမဏီနိုင်ငံအခြေစိုက်  ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ဘင်္ဂလားဒက်နိုင်ငံက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်၊

ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးဆိုတာ စောစောက ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ သဘောတူညီချက်ရဲ့ နိုင်ငံတကာ ရေကြောင်းအငြင်းပွားမှုကိစ္စတွေ တရားစီရင် ဆောင်ရွက်ဘို့ဆိုပီး ၁၉၉၄ မှာ စတင်ဖွဲံစည်းခဲ့တဲ့ နိုင်ငံတကာ ခုံရုံး ဖြစ်ပါတယ်။ နိုင်ငံတကာ တရားသူကြီး ၂၁ ဦးပါတဲ့ ခုံအဖွဲ့ဖြစ်ပါတယ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးဆိုတဲ့ ITLOS အဖွဲမှာ အဖွဲ့ဝင်နိုင်ငံ ၁၅ဝကျော် ပါဝင်ပါတယ်။

၂ဝဝ၉ ခု နိုဝင်ဘာလ ၄ ရက်မတော့ မြန်မာစစ်အစိုးရကလဲ ဘင်္ဂလားဒက်နဲ့ အငြင်းပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးကိစ္စအတွက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး အဆုံးအဖြတ်ကို လက်ခံမယ်ဆိုပီး ကြေငြာခဲ့ပါတယ်၊ ဒီကြေငြာချက်ကို ဘင်္ဂလားဒက်နိုင်ငံက ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ၂ဝဝ၉ ခု ဒီဇင်ဘာ ၁၂ ရက်မှာ ဆက်လက်ပေးပို့ခဲ့ပါတယ်။

ထူးခြားတဲ့အချက်က မြန်မာစစ်အစိုးရအနေနဲ့ ဘင်္ဂလားဒက်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားတဲ့ကိစ္စနဲ့ ပတ်သက်ပီး ICJ ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို မရွေးချယ်ဘဲ ဂျာမဏီနိုင်ငံအခြေစိုက်  ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး ITLOS ကို ရွေးချယ်လိုက်တဲ့အချက်ဖြစ်တယ်လို့ အင်္ဂလန်နိုင်ငံ ဒါဟန်းတက္ကသိုလ် နိုင်ငံတကာနယ်နိမိတ်သုတေသနအဖွဲ့က သုံးသပ်ပါတယ်။

ICJ ခေါ်တဲ့ နိုင်ငံတကာတရားရုံးဟာ ရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးနဲ့ ပတ်သက်တဲ့အမှုတချိုံကို စီရင်ခဲ့တဲ့ အတွေ့အကြုံရှိတယ်။  ဂျာမဏီနိုင်ငံအခြေစိုက်  ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး ITLOS ကတော့ နိုင်ငံတကာတရားရုံးက အမှုတွေ ဆက်ခံဘို့ ပြင်နေတယ်ဆိုတဲ့တိုင် စဖွဲ့တဲ့ ၁၉၉၄ ခုနှစ်ကနေ ကနေ့ထိ နိုင်ငံတကာ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့ အမှု တခုမှ ဆုံးဖြတ်ခဲ့တဲ့ အတွေ့အကြုံ မရှိဖြစ်နေတယ်လို့ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက ထောက်ပြပါတယ်။

မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို အမှုအမှတ် ၁၆ လို့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးက စာရင်းသွင်းထားပေမဲ့ ဘယ်တော့ အပြတ်စီရင်မယ်ဆိုတဲ့ ကာလအပိုင်းအခြား သတ်မှတ်ထားတာ မရှိဖြစ်နေပါတယ်။ ဒါပြင် ဒီအမှုကို ခုံအဖွဲ့အပြည့်နဲ့ စီရင်မှာလား-ခုံရုံးအဖွဲ့ငယ်နဲ့ စီရင်မလားဆိုတာလဲ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက ပြောပါတယ်။

ဘာဘဲပြောပြော မြန်မာ ဘင်္ဂလားဒက် ၂ နိုင်ငံလုံးက ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ရွေးလိုက်တဲ့အတွက် နောင်အလားတူ ပင်လယ်ပြင်အငြင်းပွားမှုတွေ ဖြစ်လာရင် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို အသုံးချဘို့ တခြားနိုင်ငံတွေကို အားပေးဘို့မျှော်လင့်တယ်လို့ပါ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက မှတ်ချက်ချပါတယ်

ဒါဆိုရင် မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို ဘယ်လို ရှေ့နေတွေက အကျိုးဆောင်ကြမလဲ ပြန်ကြည့်ဘို့လိုပါတယ်-

ဒီအမှုအတွက် ဘင်္ဂလားဒက်အစိုးရငှားထားတဲ့ ရှေ့နေအဖွဲံကြီးက ရှေ့နေ ၂ဝဝ ကျော်ရှိတဲ့ အမေရိကန်နိုင်ငံက နာမယ်ကြီး ရှေ့နေကုမ္ပဏီဖြစ်တဲ့ Foley Hoag ဖြစ်ပါတယ် ဒီအမေရိကန် ရှေ့နေကုမ္ပဏီကြီးက နိုင်ငံတကာ အစိုးရတွေကြား ဖြစ်ပွားတဲ့ ပင်လယ်ပြင်နယ်နိမိတ်အငြင်းပွားတဲ့ အမှုပေါင်းများစွာကို အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေကြီးတွေ ဖြစ်ပါတယ်

ဒါတင်မက Foley Hoag  ရှေ့နေကုမ္ပဏီကြီးရဲ့ အကျိုးတူစီးပွားဘက် ရှေ့နေတွေ ကနေဒါနဲ့ အင်္ဂလန်က ဥပဒေရေးရာ ပါမောက္ခတွေကပါ ဘင်္ဂလားဒက်အစိုးရဘက်က အကျိုးဆောင်ကြမှာဖြစ်တယ်လို့ Foley Hoag ရှေ့နေကုမ္ပဏီကြီးက သတင်းထုတ်ပြန်ထားပါတယ်

မြန်မာစစ်အစိုးရဘက်က အကျိုးဆောင်မဲ့ သူကတော့ ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲဖြစ်တယ်လို့ စစ်အစိုးရ အဆင့်မြင့် အရာရှီတဦးက အတည်ပြူပြောပါတယ် ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး ဥက္ကဌနဲ့ ဇန္နဝါရီလ ၁၄ ရက်နေ ၁၆ ရက်ထိ ဂျာမဏီနိုင်ငံ ဟမ်းဘတ်ကို သွားရောက် တွေ့ဆုံ ဆွေးနွေးရမှာ ဖြစ်ပါတယ်

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာဘက်က ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲက စစ်အစိုးရကို အက်ျိုးဆောင်မှာဖြစ်ပီး ဘင်္ဂလားဒက်ငှားထားတဲ့ ရှေနေကုမ္ပဏီကြီးနဲ့ လက်ရည်မမျှ ဖြစ်နေတယ်လို့ ရန်ကုန် ရှေနေအသိုင်းအဝိုင်းက ယူဆပါတယ်

ဒီနေရာမှာ မြန်မာစစ်အစိုးရဘက်က ဘာကြောင့် ဘင်္ဂလားဒက်လို အမေရိကန်ရှေ့နေတွေ မငှားသလဲ မေးစရာရှိပါတယ်-ပင်လယ်ထဲက သဘာဝဓါတ်ငွေ့တွေ ရေနံတွေ တွေ့ခဲ့ရင် နိုင်ငံအတွက် အကျိုးအများကြ၊ီးရှိနိုင်တာမို့ ဘင်္ဂလားဒက်က အမေရိကန်ရှေနေတွေကို ဈေးကြီးပေး ငှားခဲ့တာပါ။

 
ဒါဆိုရင် မြန်မာက ဘာကြောင့် ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲကိုသာ လွှတ်ရသလဲ-

Foley Hoag  ရှေ့နေကုမ္ပဏီကြီးရဲ့ ဦးဆောင်ရှေ့နေတဦးဖြစိတဲ့ Paul Reichler ရဲ့ပြောဆိုချက်အရဆိုရင် ခုလို ပင်လယ်ပြင်နယ်နိမိတ် အငြင်းပွားတဲ့ အမှုမျိုးကို ဆုံးဖြတ်ချက်ချဘို့အတွက် အနည်းဆုံး ၃ နှစ်ကနေ ၄ နှစ်ထိ ကြာနိုင်တယ်လို့ဆိုပါတယ် ဒီနှုန်းနဲ့သာဆိုရင် မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို ၂ဝ၁၄ ခုနှစ်မှ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

၂ဝ၁ဝ အောက်တိုဘာမှာ ရွေးကောက်ပွဲလုပ်ဖြစ်တယ်ဆိုရင် ၂ဝ၁၁ ခုအစောပိုင်းမှာ ရုပ်သေးအရပ်သားအစိုးရ ပေါ်လာတော့မှာဖြစ်တယ်-ဒါကြောင့် ဘင်္ဂလားဒက်နဲ့ ပြဿနာုဖြစ်တဲ့ ပင်လယ်ပြင်အမှုကို နောက်အစိုးရလက်ထက်မှ အဖြေရမှာဖြစ်တယ်-

ဒီအချိန်မှာ စစ်အစိုးရ အသွင်ပြောင်းသွားတော့မှာမို့ စစ်အစိုးရလက်ထက် လောလောဆည်မှာ ဒီအမှုအတွက် နိုင်ငံခြားရှေ့နေငှားဘို့ နိုင်ငံခြားငွေ မသုံးဘဲ ရှံးမဲ့အတူတူ ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲကိုသာ လွှတ်တဲ့သဘောလို့ ရန်ကုန်ရှေ့နေ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြောင်းပါခင်ဗျား။

(အာအက်အေ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)
ရေပိုင်နက်အငြင်းပွားမှုမှာ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်အနိုင်ရသလဲ (ဦးစိန်ကျော်လှိုင်) ရေပိုင်နက်အငြင်းပွားမှုမှာ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်အနိုင်ရသလဲ (ဦးစိန်ကျော်လှိုင်) Reviewed by သစ်ထူးလွင် on 22:55 Rating: 5

32 comments:

iban said...

ပြီးခဲ့တဲ့ ၁၀စုနှစ်တွေ အတွင်းမှာ တရုတ်မြန်မာ နယ်စပ်က မြန်မာပိုင်မြေတွေလည်း ဘယ်သူမှမသိလိုက်ပဲ ပေးလိုက်ရတယ်လို့ ကြားဖူးတယ်။ သိတဲ့လူတွေ အဲဒါလေး အတည်ပြုပေးကြပါ။

Anonymous said...

စစ်တပ်ကလူကြီးတွေဟာ နိုင်ငံတော်အပေါ်
အတော်ယုတ်မာတဲ့သူတွေဘဲ သူတို့ကောင်းစားဘို့
လောက်ပဲသိတယ်ဘာမဟုတ်တဲ့လူကြီးတွေကြောင့်
တိုင်ပြည်အတွက်လဲဆုံး၇ှံး၇တယ်ပြည်သူတွေမှာလဲ
ဆင်း၇ဲနေကြ၇တယ် မင်းတို့သမိုင်းကြောင်းကိုတော့
နောင်လာမဲ့အနာဂါတ်မျိုးဆက်တွေအမြဲသိနေစေ၇
မယ် တနေ့တချိန်မှာတော့တိုင်းပြည်ကပြောင်းလဲအုံး
မှာပါ တိုင်းပြည်အတွက် လူကောင်းတယောက်က
တော့ပေါ်လာအုံးမှာဘဲ အဲ့ချိန်ကြမှမင်းတို့၇ဲမျိုးဆက်
တွေ ပြည်သူတွေ၇ဲ့ကျွန်အဖြစ်နဲလျှော်ကြေးပြန်ပေး
စပ်၇မယ်

27981AKL said...

ဘာမှလည်းမဆိုင်ဘူး။ဥပဒေအရ၊နည်းပညာအ၇ရှင်းပြပေးပါလား။Internet ခေတ်ေ၇ာက်နေပီလေ။

123456789sanyu said...

အထက်ပါဦးစိန်ကျော်လှိုင်၏အဆိုအရ. မြန်မာရှေ့ နေများကိုသုံးသည်ဆိုတာမမှန်ကြောင်းတွေ့ ရပါသည်။သို့ ရာတွင်. နိုင်ငံခြားပညာရှင် ၁၃ ဦးပါဝင်နေပါသည်။. US. မှ 4 UK. မှ ၁, ပြင်သစ်မှ ၆, ရိုမေးနီးယားမှ ၂ ယောက်ဖြစ်ပါသည်။တဘက်နိုင်ငံမှ နိုင်ငံခြားပညာရှင်. ၁၇ဦးအသုံးပြုပါသည်။ အမေရိကန် မှ ၉ဦး။ဗြိတိန်မှ ၆ဦး။နှင့်ဂျာမနီမှ ၂ဦးဖြစ်ပါသည်။အများစုသည်နာမည်ကြီးအမေရိကန် Uni နှင့်. ဗြိတိန်နာမည်ကြီး Uni တို့ မှဖြစ်ပါသည်။ကျွန်တော့် ကိုကြောင်သည်ဘဲထင်လျှင်လည်းထင်စေတော့. အဲလိုပညာကွာ။အနေအထားကွာလို့ ရှုံးရသည်လို့ ထင်မြင်နေမိတာ ပါ။. အမြင်မတူပါကလည်းလက်ခံပါသည်။
3 hours ago · Like

oaksoeaung@gmail.com said...

ဒီသတင်းဘယ်အချိန်ကြားမလဲပဲစိုးရိမ်နေတာ...ဝမ်းနည်းမှု့နဲ့နေဝင်ချိန်..

United States of Myanmar said...

နွားကွဲလို.ကျားဆွဲတာ မြန်မာတွေစိတ်ဝမ်းကွဲနေတော. ဘင်ဂလီတွေ ၀င်ဆွဲသွားတာ

်မြန်မာက မြေလဲ မပိုင်တော.ဘူး တရုတ်တွေ ပိုင်သွားပြီ
မြန်မာက ရေလဲ မပိုင်တော.ဘူး ဘင်ဂလီတွေ ပိုင်သွားပြီ

အဲ.မြန်မာက လေတော.ပိုင်သေးတယ် ဝေဟင်ကောင်းကင်ကိုပြောတာမဟုတ်ဘူး လေလုံးကြီးတာပြောတာ

Anonymous said...

ကဲ ကုန်ပြီ၊ ကိုယ့်အဆင့်ကိုယ်မသိဘဲလူတွင်ကျယ်လုပ်ချင်တဲ့သောက်ကျိုး။
တိုင်းပြည်ကိုဘာမှအသိမပေးဘဲ ဆရာကြီးလုပ်ချင်တဲ့သောက်ကျိုး။
ကိုယ့်လူမျိုးကို ပညာမဲ့အောင် လုပ်လိုက်ကြတဲ့ သောက်ကျိုး။ တတ်သိပညာရှင်ကို ချောင်ထိုးတဲ့သောက်ကျိုး။ နိုင်ငံတကာကကောင်တွေက မင်းတို့ထက် အဆထောင်သောင်းမကလည်တယ်။ ဒီပုံနဲ့သာဆို တရုပ် ကုလားကြားမှာ သက်သာခြင်ရင် မင်းတို့ခါး ထီးပုလင်းလေးတွေသာ ဆောင်ထားကြ။

thethnin said...

ရှက်၏
အဲဒီစစ်ခွေးတွေကြောင့် တို့နိုင်ငံလဲ အမြဲအောက်ကျနောက်ကျ ဖြစ်နေရတယ်

Thet said...

ကိုယ်ကတော့ ရေကြောင်းဆိုင်ရာ ဥပဒေကို သိတ်နားမလည်ဘူး။ ဒါပေမဲ့ မြေပုံကို ကြည့်ရင် နယ်မြေက အလယ်တည့်တည့်မှာလိုပဲ။

Tiger said...

အိမ်မှာ ကျယ်တဲ့ အိမ်ကျယ် စစ်အစိုးက နိုင်ငံတကာမှာ လူတွင်ကျယ် လုပ်လို့ မရ တာ တွေ့ ပြီး။ ကိုယ့်နိုင်ငံသူ နိုင်ငံသားကို သာ ဗိုလ်ကျရဲတာ၊ နိပ်စက်ရဲတာ၊ အနိုင်ကျင့်ရဲတာ။ ခြံပြင်ထွက်သွားရင် ဘင်္ဂလာဒေ့ အစိုးရ ကိုတောင် မယှဉ်နိုင်ဘူး။ ပညာမဲ့ လူရမ်းကားတွေ နိုင်ငံတကာခုံရုံးမှာ ဘာကြောင့်ရှုံးတယ်ဆိုတာ သိပြီးလား။ ထိုင်းနဲ့ စီးချင်ထိုး လေကြောင်းတိုက်ပွဲမှာ ဟက်ဟက်ကွဲ၊ တိုင်းတစ်ပါး နိုင်ငံတကာ ချဉ်ဖက် တရုပ်အောက်မှာ ပြားပြားဝပ် တရုပ်ခိုင်းရာနေ ခေါ်ရင်သွားနေနတဲ့ သန်းရွှေ စစ်တပ် ဘယ်လောက် အသုံးမကျ လဲဆိုတာ မြင်သာထင်သာပါတယ်။

Sunmoon said...

Hate to hear that.

What are you doing Committee for legal and special affairs to lower house(Pyi Thu Hlut Taw)?

Result equal to input.

Due to lack of inclusiveness of all.

OZI said...

Cheer! Tiger > We all myanmar people agree with your comment. They pretend as cock at home. But hen at international sphere.

http://makeyourowneconomy.biz said...

သေနတ်အားကိုးလို့ မရပါ ပညာအားကိုးမှရပါသည် ဒါကိုသဘောပေါက်ပါစေ

kooo said...

ရေပြင်ပိုင်နက်အငြင်းပွားမှုကိစ္စနဲ့ပတ်သက်တဲ့ဆောင်းပါးကို မြန်မာနိုင်ငံသတင်း
စာတွေမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီတုန်းကတော့ အစိုးရကထုတ်တဲ့သတင်းစာဆိုပြီး
မဖတ်ကြတော့ မသိလိုက်ကြတာနေမှာပါ။
မြန်မာအစိုးရအဖွဲ့လည်း နိုင်ငံခြားဥပဒေပညာရှင်တွေ ငှားရမ်းခဲ့ပါတယ်။
ဦးကျော်စိန်လှိုင်လို သတင်းသမားတစ်ယောက်အနေနဲ့ ဒီအချက်ကို မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ မသိဘူးဆိုရင်လည်း အစိုးရကို အပြစ်ဖို့ချင်စိတ်များနေတာကြောင့် တော်တော်စောက်သုံးမကျတဲ့သူလို့ပဲ ယူဆရမှာပါ။

ပြည်ချစ် said...

မြန်မာနိုင်ငံလည်းတဖြည်းဖြည်းပိန်လာတော့မယ်..နောက်ဆိုမြေပုံကြည့်ဖို့..မှန်ဘီလူးအရင်ဝယ်ထားမှ..အဲဒါဥပမာပဲ.နွားကွဲရင်ကျားဆွဲတယ်တဲ့..အခုကျားတင်မကဘူး..ခွေးအတွေတောင်ဝင်ဆွဲနေပြီ..ဇတ်တူသားစားဖို့လောက်ပဲသိတဲ့..မင်းတို့တွေအတွက်..သင်ခန်းစာပဲ..နောက်ဆိုမြန်မာနိုင်ငံအစား..တရုတ်..ကုလားပေါင်းထားတဲ့..ပန်းသေးနိုင်ငံဖြစ်လာတော့မယ်..အစိုးရကော..ပြည်သူတွေကော.သတိရှိဖို့လိုအပ်နေပြီ...ဟင်္သာကိုးသောင်းတော့ပျက်ဆီးရာလမ်းကြောင်းစပြီ..တရုတ်နဲ့ကုလားကိုတွန်းလှန်ဖို့လိုနေပြီ..

ဖိုးတောက် said...

ဘယ်လိုပြန်ရအောင် ယူမလဲ.. နည်းလမ်းရှိရင် တင်ကြပါဦး..

golden country said...

မြန်မာတွေအချင်းချင်းရန်ဖြစ်ကြကွာ...အလကားနေရန်ဖြစ်ဖို့ပဲသိတဲ့ကောင်တွေု မင်းတို့ကျွန်ထပ်ဖြစ်ဦးမယ်..သတိထား

golden country said...

မြန်မာတွေက အချင်းချင်းရန်ြဖစ်ဖို့ပဲသိတယ်....အရေးထဲတခုခုလုပ်တော့မယ်ဆို၇င် ကိုယ့်အချင်းချင်းရန်ဖြစ်နေလို့ကိုဘာမှလုပ်လို့မ၇ဘူး ခင်ဗျားတို့ထပ်ပြီးကျွန်ဖြစ်ဦးမယ်သတိထား...အလုပ်မရှိရန်ဖြစ်ဖို့လောက်ပဲခေါင်းထဲရောက်နေကြလားမသိဘူး...

tharzaw said...

မသိဘူးကွာ ...
ခံရပေါင်းများတော့လည်း ထုသားပေသားကျနေပြီ။
တခြားလူမျိုးမပြောနဲ့ ကိုယ့်လူမျိုးအချင်းချင်း ဗိုလ်ကျတာတောင်မှ
လည်ပင်းအစ်နေအောင်ခံနေရတယ်။

(မြေကတော့ တရုတ်နဲ့ပြဿနာတက်တာဟုတ်ပါတယ်။
ဦးနုလက်ထက်ကပါ။ တရုတ်ကို ပေးလိုက်ရပါတယ်။)

ko oo said...

ပြည်တွင်း၊ပြည်ပ ကဂျာနယ်လစ်တို့ နိုင်ငံရေးအဖွဲ့အစည်းအားလုံးနဲ့ အုပ်ချုပ်သူတွေအားလုံးမှာတာဝန်ရှိတာဘဲ။ ဒီသတင်းကို တော်တော်ကြာပါပြီ တစ်ခါတင်တယ်။ ဘယ်သူမှ အရေးမယူသလို ဘယ်သူမှလဲ ဂရုမစိုက်ဘူး။ အစိုးရဘက်ကရော/ NLD နဲ့ တခြားနိုင်ငံရေးအဖွဲ့အစည်း တွေလိုမျိုးတွေကလည်းစိတ်မ၀င်စားကြဘူး။ မိမိနေရာရရှိရေးကိုသာ အလေးထားနေကြတယ်။ ဘင်္ဂလားကုလားက မြန်မာပြည်အထာကို ကောင်းကောင်းသိတယ်။ ပြည်တွင်းမှာ နေရာလုပြီး မညီညွတ်နေတဲ့အချိန်မှာ လုပ်သွားတာဘဲ။ ဘင်္ဂလားကုလားက တစ်လက်မရရင် တစ်လက်မခိုးချင်နေတာ။ သူ့နိုင်ငံမှာ လူဦးရေအဆမတန်များပြားနေပါတယ်။ နောင်ဒီထက်ပိုဆိုးလာမှာပါ။ အိန္ဒိယနိုင်ငံတောင် ဘဂ်လားကုလားကို ကြောက်လို့ နယ်စပ်တစ်လျှောက် လျှပ်စစ်ခြံစည်းရိုးတွေကာထားရပါတယ်။ တကယ်တော့ မြန်မာလူမျိုးမှာ ရိုဟင်ဂျာဆိုတာမရှိပါဘူး။ ဒေသခံရခိုင်လူမျိုးတွေကိုမေးကြည့်ပါ။ ရိုဟင်ဂျာကို တိုင်းရင်းသာဖြစ်အောင်တောင်းဆိုတာ အစိုးရလား၊ ဘယ်သူလဲဆိုတာကို ခင်ဗျားတို့စဉ်းစားကြည့်။ အိမ်နီနားခြင်းဆိုတာ အပြုသဘောလောက်ဘဲကောင်းနိုင်တာပေါ့။ သူ့မိသားစုကိစ္စကိုဘဲ အလေးထားမှာပေါ့။ ကိုယ့်မိသားစုကိစ္စကို ကိုယ့်မိသားစုအဖွဲ့အစည်းကဘဲ စောင့်ရှောက်ကြရမှာ။ အစိုးရကိုဘဲ ၀ိုင်းအပြစ်တင်လို့မရပါဘူး။ ကိုယ့်အမျိုးသားအကျိုးစီးပွားနဲ့ပါတ်သတ်လာရင် အားလုံးကလိုလိုလားလားနဲ့ လက်တွဲရမှာပါ။ ကချင်ပြည်နယ်က ဒေါ်ဘောက်ဂျာ ပြောသလို ကချင်နဲ့ စစ်ပွဲဖြစ်တာ အစိုးရကိစ္စ သူတို့နဲ့မဆိုင်သလိုပြောဘို့မသင့်ပါဘူး။ ဒါဟာ ကျွန်တော်တို့ လူမျိုးတွေရဲ့ အကျင့်ပါ။ အခုတော့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေက ဖြစ်ပြီမှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောဖို့မသင့်တော့ပါဘူး။ အချိန်နှောင်းသွားပါပြီ။ နောင်မဖြစ်ပေါ်အောင် ကာကွယ်ရမှာပါ။
လေးစားစွာဖြင့်
ကိုဦး(အညာမြေ)

kokolwin said...

ဘယ်လိုပဲဖြစ်ဖြစ်..ရှုံးတာကတော့..ပြန်မရတော့ဘူး..နောက်မျိုး
ဆက်တွေတွက်နစ်နာချက်..ကယ်လွန်ရောပဲ..မြန်မာဆို..အချဉ်ပါကွာ..လို့ပြောနေကြရော့မယ်...ရှက်ဖွယ်!!!!!

saw 00 said...

ခြင်းထဲက ကြက် လောက်ဘဲ အပိုင် ရိုက်တတ် တဲ့ သူတွေ ခုတော့ မှတ်ကရော

saw 00 said...

အမိ မြေ ကို တစ်လက်မ မှ အထိ မခံ ဘူး ဆို တဲ့ သရဲ ခေါင်းကြီးများ ဘယ်လိုလုပ်ကြမလဲ ၊ မြေ ကို သာပြောတာ ရေအပိုင်းတော့ တို့ လဲ မတတ်နိုင်ဘူးလို့ဘဲ ပြောလိုက်ပါ ၊ခုမှတော့ ရှက်မနေနဲ့တော့ မထူးတော့ဘူး ၊ ရှက်ရမ်း ရမ်းပြီးလျှောက်လုပ်နေရင် ပိုနာနေမယ်။

hasi said...

kooo ပြောတာမှန်နေတယ်၊သတင်းသမားတွေကမသေချာတဲ့သတင်းကိုယ်တတ်ကိုယ်သိကိုယ်သာမှန်သတင်းတွေရေးနေရင်သတင်းသမားလောကသိက္ခာကျဘွယ်ရှိတယ်၊နားစွင့်ထားပြီးမကြားချင်ယောင်ဆောင်၊လိုက်ကြည့်ပြီးမမြင်ချင်ယောင်ဆောင် တာ ဘာလုပ်လုပ်အပြစ်မြင်နေသူ။ စစ်အစိုးရစကားလုံးနဲ့ဆို အဆိုးမြင်သူပေါ့၊ ဦးကျောင်စိန်လှိုင် မှန်ပြန်ကြည့်ပါ။

luck said...

ခုံရုံးမှာ မြန်မာပြည်ဘက်က မြန်မာရှေ့နေတွေနဲ့ ဘဲ သွားရင်ဆိုင်တယ်ဆိုတဲ့ သတင်းဟာ ဘယ်ကရတာပါလဲ. . ပြောချင်ရင်လဲသေသေ ချာချာ လေ့လာစေချင်တယ်.. ပြောချင်တာပြော နားထောင်တဲ့သူနားထောင်ဆိုရင် တော့ တော်တော်ကောင်းနေပြီနော်.. ဘာပဲဖြစ်ဖြစ်ပါ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သဘောထားတိုက်ဆိုင် / မတိုက်ဆိုင်သည်ဖြစ်စေ ဒီမိုကရေစီပီသစွာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ပါစေ... အပြုသဘောဆောင်နိုင်ကြပါစေ

pyaponthu said...

သန်းရွှေ စစ်အစိုးရကို ပြည်သူတွေ ဆွေစဉ် မျိုးဆက် ဘယ်တော့မှ မကြေဘူးမှတ် ။သမိုင်းကို အမဲရောင်ဆိုးတယ်။ရှိ သမျှ ကုလားနဲ့ တရုတ် လက်ထဲထိုးထည့်တယ်။သူတို့ ဆွေမျိုး တစု ကောင်းဘို့ဘဲကြည့်တယ်။ပြည်သူတွေ ကို သူတောင်းစားလုပ်ခိုင်းပြီး အခွန်တောင်းတယ်။အင်ဒိုနီးရှား ၊ဘင်္ဂလားတွေpassport စာအုပ် က ၁၂၀rm ကနေ ၁၇၀rm လောက်ပဲရှိတယ်။မြန်မာပြည်က လူတွေ မလေးမှာ ၄၈၀rm ပေးရတယ်။အမြဲတမ်းပြည်သူတွေကို ခေါင်းပုံဖြတ်တယ်။

မောင်မောင် said...

ဒီသတင်းဖတ်ရပြီး အသားတွေတုန်တဲ့ထိ..ရင်ထဲဝမ်းနည်းတာပဲသိတယ်..ဘာဖြစ်လို.ကျနော်တို. နိုင်ငံသားတွေ မညီညွတ်ကျတာလည်းဗျာ.ခုကျနော်တို.ကိုရီးယားမှာလည်း မြန်မာအချင်းချင်းမညီညွတ်ကျဘူး.မြန်မာမှန်ရင် ထမင်းအိုးတစ်လုံးစီတည်ရမယ်လို.တောင် ဆိုရိုးတင်သင့်တယ်.တ၇ုတ်ကိုပေးရ ကုလားကိုပေးရ..ညီညွတ်ကျပါဗျာ.

seazinyaw said...

နယ်စပ်မှာနှစ်ဘက်ရေတပ်စစ်ဖြစ် မလိုဖြစ် တုံး က အထက်ကပစ်မိန့်ပေး တာ မပစ်ဘဲ ကြောက်ဒူးတုံ ငယ်သံပါ အောင် အော်ပြီးထွက်ပြေး တဲ့ ရေတပ်က စစ်ရေယာဉ်မှူး ဒုမှူးကြီးမျိုးမြင့်မောင် တယောက် အခုတော့ စာပေစီစစ်ရေးမှာ သူမဟုတ် သလို ဘိုကြနေလေရဲ.၊ ရှက်တတ်ရင်လဲသေ လိုက်ဟေ့

amtkhunlay said...

ဘင်္ဂံလားကုလားတို့သည် ကျွန်း၏တန်ဖိုး (ထောင်ကိုမြင်၍) ရှေ့နေစရိတ်၊ အမှုရင်ဆိုင်စရိတ် (ရာကိုစွန့်)သွားကြလေပြီ။ အကျွနုပ်တို့၏ စစ်အစိုးရမူကား ထောင်ပေါင်းများစွာရှိပြီးဖြစ်သော်လည်း တစ်ရာကိုပင် မစွန့်ချင်ကြပါ။ တနည်း နိုင်ငံတကာ၏ ချဉ်ဖတ်ဖြစ်သည့်အားလျော်စွာ လူပုံအလယ်ဝင်တိုးရန် တွန့်ဆုတ်နေပေတော့သည်။ သို့ဖြစ်၍ ဘော်ဒါလိုင်းအတွင်း ရှိသမျှသော သိုက်တွင်းများကို မရပ်မနား တူးဖေါ်သွားလေတော့သည်။

နိုင်နိုင်စနေ။ said...

စစ်တပ်အုပ်ချုပ်လို့...ဆုံးဖြတ်ချက်တွေမှားယွင်းလို့
ကျွန်တော်တို့မြေကြီးတွေ..တပါးသူနိုင်ငံပိုင်ဆိုင်သွားတာ..
ဝမ်းနဲလို့မဆုံးတော့ဘူးဗျာ။

Wai Lin Aung said...

မြန်မာအပေါင်းတို့
သည်အတိုင်းလက်ပိုက်ကြည့်နေကြမည်လော။တစ်စုံတစ်ရာတုံပြန်ရန်မသင့်ပါ
၏လော။ အကြောင်းစုံသိရန် ကြိုးစားကြရမည်မဟုတ်ပါလော။မြစ်ဆုံ ကိစတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသူတို့ ယခုကိစ တွင်လည်း ပါဝင်ကြပါကုန်လော။ရှုံးနိမ့်ရသည့် မြန်မာအပေါင်းတို့ သည်အတိုင်းလက်ပိုက်ကြအကြောင်းကို ရှာသင့်သည်မဟုတ်ပါလော။မြန်မာပိုင်ဖြစ်သည် ဟု ယူဆနိုင်သော အထောက်အထား တို့ ကို တင်ပြကြပါလော။ထလော့ မြန်မာ မြန်မာထလော့ အားမပျော့ နှင့် လက်ရုံးများမြောင် ဥာဏ်များမြောင်နှင့် စွမ်းဆောင်ကြလေလော့။

oo said...

ငါတို့ အမိမြေရဲ့ နှလုံးသား တစ်စိတ် သူများလက်အပ်လိုက်ရပြီ....မေ့နေကြတာလား မေ့ချင်ယောင်ဆောင်နေကြတာလား....
မတ်လ ၁၄ရက်နေ့တွင် ရှင်မဖြူကျွန်း ခေါ် စိန်မာတင်ကျွန်း ကိုဆုံးရှုံးခဲ့ရသည့်ကိစ္စနှင့် ပတ်သတ်၍ ဗုဒ္ဓဘာသာကာကွယ်စောင့်ရှောက်ရေးအသင်းမှ အမိမြန်မာနိုင်ငံတော်ကြီး ကိုယ်စား အထူးပင်ဝမ်းနည်းကြေကွဲမိပါသည်။

ထို့အတူ "တို့ပြည်ကြီးကို ကာကွယ်မလေ.... ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေ" ဟုကြွေးကြော်ကာ တကယ်တမ်းကျ ကြိတ်ခံနေသော ငါတို့၏ အိမ်ကျယ် စစ်အာဏာရှင်များ အားလည်းကောင်း၊ အာဏာကို အာသာတငမ်းငမ်း မက်မောကာ မျက်လုံးစုံမှိတ် ပါးစပ်ပိတ် အံကြိတ်ခံနေ သည့် အသုံးမကျ၊ ကြောက်တတ်သော သမ္မတအားလည်းကောင်း၊ ဘာပါတီ၊ ညာပါတီ၊ ဘာခေါင်းဆောင်၊ ညာခေါင်းဆောင် ဟုခံယူကြွေးကြော်ကာ မိမိကောင်းစားရေး ကိုသာလုပ်နေကြသော အာဏာရူးများအားလည်းကောင်း၊ မိမိအာဏာရရေးအတွက် သာအာရုံစိုက်နေပြီး တိုင်ပြည်အတွက်အင်မတန် အရေးကြီးသည့်ကိစ္စကို တစ်လုံးမှဝင်မပြောသည့် လွတ်လပ်ရေးဗိသုကာကြီး၏ သမီးအားလည်းကောင်း ဗုဒ္ဓဘာသာကာကွယ်စောင့်ရှောက်ရေးအသင်းမှ အင်မတန်စိတ်ပျက်မိပါသည်။

Powered by Blogger.