ယခင်အမှုခြိမ်းများတွင် တရားရှေ့၌တွေ့ ရသော ထက်ထက်မိုးဦး |
ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးနှင့်
သတင်းထောက် မအေးသူစံတို့အကြား ဖြစ်ပွားခဲ့သည့် အမှုနှင့်ပတ်သတ်၍ အပြီးသတ်
စီရင်ချက်ကို မတ်လ ၃၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးတွင်
အမိန့်ချမှတ်ခဲ့ရာ တရားခံ ထက်ထက်မိုးဦးသည် ငွေဒဏ် တစ်ထောင်ကျပ်သာ
ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရကြောင်း သိရသည်။
ထက်ထက်မိုးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ဖြင့် အမိန့်ချမှတ်ခဲ့ရာ ဒဏ်ငွေကျပ်တစ်ထောင် ပေးဆောင်စေရန်နှင့် မပေးဆောင်ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
''တရားခံ ထက်ထက်မိုးဦးအနေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါတိုင်းမှာ တရားခွင် မစသေးရင် တရားသူကြီး ရုံးခန်းထဲမှာပဲ နေခွင့်ရတယ်။ အကြောင်းက သတင်းထောက်တွေ အင်တာဗျူးလုပ်မှာစိုးလို့တဲ့။ ဒီနေ့ စီရင်ချက် ချမှတ်မယ့်နေ့မှာလည်း တရားခံ ထက်ထက်မိုးဦးက တရားခွင်ရှေ့ကို စီရင်ချက်ချမှတ်မယ့် တရားသူကြီး ဒေါ်ထွေးထွေးအခန်းထဲကနေပဲ ရောက်လာခဲ့ပါတယ်။ နောက်ပြီး စီရင်ချက်ချမှတ်တဲ့ ဒဏ်ငွေတစ်ထောင်ကို ပေးဆောင်ခြင်းမရှိပဲ ထွက်သွားခဲ့တယ်။ တရားရုံးကို မေးကြည့်တော့ တရားခံရဲ့ ရှေ့နေ ဦးစိန်မြင့်ရဲ့တပည့်တွေက ဆောင်သွားတယ်လို့ သိရတယ်'' ဟု တရားလို မအေးသူစံက ပြောကြားခဲ့သည်။
ထက်ထက်မိုးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ဖြင့် အမိန့်ချမှတ်ခဲ့ရာ ဒဏ်ငွေကျပ်တစ်ထောင် ပေးဆောင်စေရန်နှင့် မပေးဆောင်ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
''တရားခံ ထက်ထက်မိုးဦးအနေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါတိုင်းမှာ တရားခွင် မစသေးရင် တရားသူကြီး ရုံးခန်းထဲမှာပဲ နေခွင့်ရတယ်။ အကြောင်းက သတင်းထောက်တွေ အင်တာဗျူးလုပ်မှာစိုးလို့တဲ့။ ဒီနေ့ စီရင်ချက် ချမှတ်မယ့်နေ့မှာလည်း တရားခံ ထက်ထက်မိုးဦးက တရားခွင်ရှေ့ကို စီရင်ချက်ချမှတ်မယ့် တရားသူကြီး ဒေါ်ထွေးထွေးအခန်းထဲကနေပဲ ရောက်လာခဲ့ပါတယ်။ နောက်ပြီး စီရင်ချက်ချမှတ်တဲ့ ဒဏ်ငွေတစ်ထောင်ကို ပေးဆောင်ခြင်းမရှိပဲ ထွက်သွားခဲ့တယ်။ တရားရုံးကို မေးကြည့်တော့ တရားခံရဲ့ ရှေ့နေ ဦးစိန်မြင့်ရဲ့တပည့်တွေက ဆောင်သွားတယ်လို့ သိရတယ်'' ဟု တရားလို မအေးသူစံက ပြောကြားခဲ့သည်။
'' ထောင်ဒဏ်တစ်လနဲ့
ငွေ ဒဏ်တစ်ထောင် ကြိုက်တာရွေးဆိုမှတော့ မူလတန်းကျောင်းသားရဲ့ တစ်နေ့
မုန့်ဖိုးစာတောင်မရှိတဲ့ ငွေလေးတစ်ထောင်ကိုပဲ ပေးမှာပေါ့။ နောက်ဆိုရင်
ငွေတစ်ထောင်ပေးရင် ပါးရိုက်လို့ ရတယ်ဆိုပြီး
ပါးရိုက်မဲ့သူတွေများလာမှာတောင် စိုးရိမ်နေရပါပြီ။တရားဥပဒေစိုး
မိုးရေးဆိုတာဒါလားလို့ မေးရမလိုတောင် ဖြစ်နေပြီ''ဟု စီရင်ချက်အား
ကိုယ်တိုင် သွားရောက်နားထောင်ခဲ့သူတစ်ဦးက ဆိုပါသည်။
၂၀၁၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့က ပွဲတစ်ခု၌ အေးသူစံက ထက်ထက်မိုးဦးအား အင်တာဗျူးလုပ်ရာမှတစ်ဆင့် ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အတွက် အေးသူစံမှ ၂၀၁၀ မေလ ၂၀ ရက်နေ့တွင် တရားရုံး၌ ဦးတိုက်လျှောက်ထားကာ အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။ ယင်းအမှုကို ရန်ကင်းတရား ရုံးမှ ပုဒ်မ ၃၂၃ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ်တစ်နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သော ပုဒ်မဖြစ်ကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့က ပွဲတစ်ခု၌ အေးသူစံက ထက်ထက်မိုးဦးအား အင်တာဗျူးလုပ်ရာမှတစ်ဆင့် ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အတွက် အေးသူစံမှ ၂၀၁၀ မေလ ၂၀ ရက်နေ့တွင် တရားရုံး၌ ဦးတိုက်လျှောက်ထားကာ အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။ ယင်းအမှုကို ရန်ကင်းတရား ရုံးမှ ပုဒ်မ ၃၂၃ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ်တစ်နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သော ပုဒ်မဖြစ်ကြောင်း သိရသည်။
၂၀၁၀
မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွားသည့် အမှုအတွက် တရားလို မအေးသူစံက
ရန်ကင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ
အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ အမှုစစ်ဆေးစဉ် ကာလ တစ်လျှောက်တွင် ရုံးချိန်းအဖြစ်
တရားရုံးသို့ အကြိမ် (၇၀) ကျော် သွားရောက်ခဲ့ရကြောင်း မအေးသူစံက
ဖြေကြားခဲ့ပါသည်။ အမှုစစ်ဆေးမှုမှာ အချိန်တစ်နှစ်နှင့် ၁၀လကျော်
ကြာမြင့်ခဲ့ပြီး ထိုကာလအတွင်း တရားလို မအေးသူစံမှာ အိမ်ထောင်ကျခဲ့ပြီး
ရင်သွေးတစ်ဦး မွေးဖွားခဲ့ကာ ယခုအချိန်တွင် အဆိုပါ ရင်သွေးမှာ အသက်သုံးလ
အရွယ် ရောက်ရှိနေပြီ ဖြစ်ပါသည်။ ထို့အပြင် ထက်ထက်မိုးဦးမှာလည်း
အမှုစစ်ဆေးနေစဉ် ကာလအတွင်း ရင်သွေးတစ်ဦး မွေးဖွားခဲ့ပါသည်။
By; thespiritfruit blog
တရားခံထက်ထက်မိုးဦးအား ငွေဒဏ်ကျပ်တစ်ထောင် ပြစ်ဒဏ်ချမှတ်ခြင်းခံရ
Reviewed by သစ်ထူးလွင်
on
18:28
Rating:
36 comments:
လေးစားလောက်ပါတယ်..တရားသူကြီးရယ်..ဘယ်သူကိုမှ မနစ်နာစေချင်ပါဘူး..ပြစ်ဒဏ်ပေးတာ သဘာဝမကျလို.ပါ..တစ်ထောင်တဲ့ဗျာ..ရီချင်စရာကြီး
မသိတာလေး တစ်ခုရှိလို့... အဲ့ဒီ မအေးသူစံကရော.. မထက်ထက်မိုးဦးကို ဘာတွေများ သွားမေးလို့... ပါးရိုက်ခံရပါသလဲ
တရားသူကြီး က မြန်မာငွေတန်းဘိုး ကို ဒေါ်လာနဲ့တော့ မှားသွားလားမသိ။မြန်မာငွေ တန်ဘိုးတော်တော်ရှိတယ်ထင်နေတယ်။မြန်မာပြည်မှာကောဈေးဝယ်ဘူးရဲ့လားမသိ တရားသူကြီးမင်းဒေါ်ထွေးထွေးရယ်။
အောင်မလေး
ပါးရိုက်တာ တစ်ယောက်ကို တစ်ထောင်ဘဲဆိုရင်တော့ . . .
လာထား . . .
တစ်ယောက်နှစ်ထောင်နဲ့ တန်းစီပြီး ရိုက်ပစ်လိုက်ချင်ရဲ့။
အော် . . . ဒါနဲ့
တရားသူကြီး ဒေါ်ထွေးထွေးက တော်တော် နွေးနွေးထွေးထွေးရှိတာဘဲ။ တရားခံ ကို တရားသူကြီးအခန်းမှာ နေခွင့်ပေးတယ်ဆိုတော့ . . .
ဘယ်တရားရုံးလဲမသိဘူး။ မှတ်ထားရအောင်လို့။
မတော် တရားရုံးများရောက်ခဲ့ရင် တရားသူကြီးအခန်းထဲ နားလို့ရအောင်။ နားနားနေနေ နေတုံး ဗျူးမဲ့သူတွေရှိရင်လည်း ပါးလေးတွေ ပွတ်ပြီးမှ လာဗျူး
အေးသူစံ..ဘာတွေမေးလဲဆိုတာဂျာနယ်တွေမှာဘာကြောင့်ပွင့်ပွင့်လင်းလင်းမေ၇းကြတာလဲ......ထက်ထက်ဘက်ကသိခါထိပါးနုတ်ဖြင့်စော်ကားမှုနဲ.ပြန်တ၇ားမစွဲတာဘဲကျေးဇူးတင်လိုက်ပါ....ကလောင်လက်နက်၇ှိတယ်ဆိုမတိုက်ခိုက်ချင်ပါနဲ.....ဟိုးေ၇ှးေ၇ှးတုန်းကမြန်မာပြည်မဟုတ်တော့ပါဘူး.....ထက်ထက်နေ၇ာမှာငါသာဆို၇င်ပါးမ၇ိုက်ဘူး......ဘာလုပ်မလဲဆိုတွေးကြည့်လိုက်....
တ၇ားသူကြီး၇ှင် ကျေးဇူးတင်ပါတယ်.......ကောင်မအေးသူစံေ၇နင်ကံကောင်းသွားတယ်မှတ်ပါ.....
အဲဒီတရားသူကြီးကိုလည်း တစ်သောင်းပေးပြီး ပါးဆယ်ချက်ရိုက်ချင်တယ်။
ရှင်ဥတ္တမကျော်ထုံးနှလုံးမူတာပါ။
တရား သူ ကြီး ပါး ကိုတစ်သောင်း ပေး ပြီး 10 ခါ ရိုက်ချင်တယ်ဗျာ
အဲ့ဒီ တရားသူကြီးနဲ့ တမိသားစုလုံးကို ပါးရိုက်မယ်
တယောက် တသောင်းပေးမယ် ရမလားမသိဘူး
ဒီကောမန့်ကို တရားသူကြီး ဖတ်မိပါစေ
တရားသူကြီးကို ပါးရိုက်ရင်ကော တစ်ထောင်ပဲလား... တန်လိုက်တာဗျာ...... ပိုက်ဆံရှိတဲ့သူတွေ ပျင်းတိုင်း အပျင်းပြေ ပါးရိုက်လို့ ရပြီလို့ဆိုတဲ့ ဥပဒေလား...
အ၇င်အနုပညာလောကမှာလဲ မီဒီယာတွေကြောင့်
ဘေးတွေေ၇ာက်ခဲ့၇တာတွေလဲအများကြီးပါ၊မီဒီယာသမား
တွေနဲ့အစင်ပြေ၇င်သူတို့ကြောင့်တက်လာတိုသူတို့ကြောင့်
ဘေးထွက်ဘ၀ပျက်ကိုချစ်မြတ်နိုးခဲ့၇တဲ့အနုပညာကို စွန့်
ခွါခဲ့၇တာတွေလဲ၇ှိပါတယ်။
ခုလိုဖြစ်လိုက်တာဟာတခုခုအတွက်တော့ကောင်းသွားတ
လိုပါဘဲစည်းကမ်းမဲ့မီဒီယာသမားတွေလဲနည်းသွါးမယ်ထင်
ပါတယ် တချို့တွေကမီဒီယာလောကထဲဝင်လာပေမဲ့ လမ်း
ဘေးအတင်းပြောစပ်စုတဲ့အဆင့်လောက်သာ၇ှိတဲ့ သူတွေ
တွေ့၇ပါတယ် မီဒီယာကြောင့်အပြောင်းအလဲဖြစ်တတ်တဲ
အတွက် မီဒီယာတွေဘက်ကလဲမေး၇တယ်ဆိုပြီး စွတ်မ
မမေးစေချင်ပါဘူး မမေးသင့်တာတွေလဲ၇ှိမယ်ထင်ပါတယ် ခုချိန်ကအ၇မ်းကိုအေ၇းကြီနေပါတယ် မီဒီယာသမားများ မှအမှားတခုကျုးလွန်မိမယ်ဆို၇င် ခုလိုလွတ်လပ်စွာပေး
ထားတဲ့အခွင့်ေ၇းဆုံး၇ှံးသွားမှာကိုတော့ဆိုး၇ိမ်မိပါတယ်
မှားတာက မအေးသူစံက စမှားတာ၊ ဒါကိုထက်ထက်မိုးဦးက စိတ်မထိန်းနိုင်ပဲသွားရိုက်တော့ နှစ်ယောက်စလုံးအမှားဖြစ်ကရော။ ဒီ့အပြင်တရားသူကြီးက ထောင်ဒဏ် ၁ လအကျခံမလား၊ ဒဏ်ငွေ ၁၀၀၀ ပေးဆောင်မလားဆိုတော့..... သူလဲမှားတဲ့အထဲပါသွားရော
ကဲ ကျုပ်လဲ ဒီနေ့ကစပြီး မကျေနပ်တဲ့သူတွေကို ဂျပန်ပါးရိုက်သလိုမျိုးရိုက်ပြီး ဒဏ်ငွေ ၁၀၀၀ ပေးဆောင်မယ်ဗျာ။
အဲ့ကြမှ ဥပဒေမပြင်လိုက်နဲ့နော် ကိုကိုတရားရေးတို့ရေ......
ထက်ထက်..တို့က တစ်ထောင်လောက်ပျင်းတောင်ပျင်းသေး
တရားသူကြီးကိုတစ်သိန်းပေးပြီးပါးရိုက်မယ်။
ဥပဒေမှာပါး၇ိုက်ပါကအနဲဆုံးဒန်ငွေ၁၀၀၀ပေးဆောင်၇မည်ဟုဖေါ်ပြထားသည်ဥပဒေကိုပြင်ဆင်နိင်မှတ၇ားမျှတတဲ့စီ၇င်ချက်များဖြစ်မည်လွှတ်တော်အမတ်များ
အလုပ်လုပ်ကြပါမဲ၇ဖို့သာလုပ်မနေကြပါနဲ့
သတင်းထောက်မကမေးတာက..............ထက်ထက်မိုးဦး ဂုဏ်သရေထိခိုက်စေမယ့်စကား(သွယ်ဝိုက်တဲံ့) ကိုစမေးခဲ့လိုထက်ထက်မိုးဦး ကရိုက်ခဲ့တာပါ..........ကျွန်တော်က ထက်ထက်ဘက်က ထောက်ခံခဲ့တယ်................နှစ်ယောက်စလုံးအမှားမကင်းခဲ့တဲ့အမှု့လိုမြင်ပါတယ်............
မသိဘဲရမ်းမပြောကြပါနဲ့ဦး။ အဒီသတင်းထောက်ကိုလည်းမေးလိုက်ပါဦး။ဘာမေးလို့အရိုက်ခံရတာလဲမေးလိုက်ပါဦး။ သူများရဲပကိုယ်ေ၇းကိုတာကိုယ် မညှာမတာမေးလို့ ရိုက်တာဆိုဘယ်လိုလုပ်မလဲ။ ကိုယ်ကိုမေးရင်ေ
၇ာ ကြိုက်လားမရင်စဉ်းသားကြပါဦး။
တကယ်ပါးသွားမရိုက်ကြနဲ့အုံး စာရွက်ထဲမှာတာ (၁၀၀၀)ကျပ်ဒဏ်ဆောင်ရတာ အပြင်မှာရှေ့နေနဲ့တရားသူကြီးကိုပေးရတာကသိန်း (၁၀၀၀)လောက်ကုန်ချင်ကုန်နေမှာ။
ဒဏ်ငွေတစ်ထောင်ဆိုတာတော့ တကယ့်ကိုပဲ ရီစရာကြီးပါ .... ထက်ထက်လည်း
တရားသူကြီးကို ဘယ်လောက်များ ပူဇော်လိုက်ရလဲမသိဘူး.... တရားသူကြီးနဲ့ထက်ထက်တို့ရဲ့ ငွေများတရားနိုင် ဇာတ်လမ်းဖြစ်တန်ကောင်းပါရဲ့
ဒါက တရားသူကြီးနဲ့ ထက်ထက်တို့ရဲ့ မရိုးသားမှုဆိုတာကတော့ ထင်ရှားနေသလိုပါပဲ ........
ဒါပေမယ့် ထက်ထက်ပါးရိုက်လိုက်လို့တစ်ထောင်ပေးရတာတော့ များတယ်ဗျာ
သူတစ်ပါး အတွင်းရေး မမေးသင့်မမေးထိုက်တာတွေကို အားမနာ လျှာမကျိုး
ကိုယ်ကျိုးကြည့် သွားမေးလို့ ရိုက်ခံရတာ .... တစ်ထောင်တော့ တန်ပါတယ် များတောင်များနေသေးတယ်
မြန်မာပြည်က ဥပဒေကလည်း ဘာလဲဗျ.. CD ခွေလေးလက်ဝယ်ထားတာတို့ e mail လေးတစ်စောင်ပို့တာတို့ကျတော့ ထောင်ဒဏ် 15 နှစ်တဲ့..
ပါးရိုတ်တာကျတော့ ကျပ်ငွေ တစ်ထောင်တိတိတဲ့ နားကိုမလည်တော့ပါဘူးဗျာ....
တရာခံ မှာ အပြစ်မရှိရင်လည်း ဘာမှ မလုပ်နဲ့ပေါ့..
အပြစ်ရှိတယ်ဆိုရင်လည်း ဥပဒေက လူကြားကောင်းအောင်တော့ ဖြစ်သင့်ပါပြီ..
ဥပဒေပညာရှင်များ.. လိုသလို သုံးလို့ရအောင် ဒီဥပဒေတွေကို တစ်မင်များ မပြင်လေသလားဗျာ..
သတင်းထောက်ကို ရိုက်ရင် ပိုက်ဆံ တစ်ထောင် ဆိုတော့ ပိုက်ဆံ (၅) သောင်းလောက်အကုန်ခံပီး မြန်မာပြည်ပြန် ခွင်ဖန်နေတဲံ ပြည်ပက လုပ်စားမီဒီယာသမား သတင်းထောက်အချို့ ။ အယ်ဒီတာအချို့ ရယ် (လူကောင်းများကိုမဆိုလိုပါ)။ ပြန်ကြာရေးဝန်ကြီးရယ်ကို ဟိုတယ်မှာ ပါးရိုက်သွားတဲ့ ဂျပန်ရဲ့ နည်းပညာသုံးပီး ခပ်စပ်စပ်လေးသာ ဘယ်ပြန်ညာပြန် တီးလိုက်ချင်ပါတော့တယ်။ ကာတွန်းဆွဲတတ်သူများ အဲဒီအိုင်ဒီယာနဲ့ ကာတွန်းဆွဲပီး ကျနော့်ဂျာနယ်ကို ပို့  ပေးပါခင်ဗျား။
တရားသူကြီးကိုအပြစ်တင်မစောပါနဲ့....သူကလည်းဥပဒေအရ အပြစ်ပေးပိုင်ခွင့်ပဲရှိပါတယ်.....ဒီဥပဒေကိုကခေတ်မမှီတော့တာပါ....နောက်ပြီး သတင်းထောက်တွေမှာ stupid question ဆိုတာမရှိဘူးလို့ အယ်ဒီတာတစ်ယောက်ကပြောပါတယ်.......ထက်ထက်မိုးဦးအမေးခံခဲ့ရသလို သူ့အမေ သူ့နှမကိုမေးချင်ပါတယ်.....သူဘယ်လိုသုံးသပ်မလဲနားထောင်ချင်ပါတယ်....မအေးသူစံအနေနဲ့ကလည်းမိန်းမသားချင်းကိုယ်ချင်းစာစိတ်ထားခဲ့ရင်ဒီလိုဖြစ်လာစရာမရှိပါဘူး......ဒါမြန်မာပြည်ပါ.....
အေးသူစံေ၇ဒီလောက်နဲ.ကျေးဇူးတင်လိုက်....ကလောင်တံအားမကိုးနဲ. နင့်ကိုထက်ထက်ကပြန်တ၇ားမစွဲတာဘဲကျေးဇူးတင်ပါ.....
မြန်မာပြည်မှာ အုပ်ချုပ်မင်းလုပ်နေတဲ့ သူတွေအားလုံးကို ၂၀၀၀ စီပေးပြီးပါးရိုက်ချင်တယ်..ရမလား.. ရိုင်းသွားရင်ဆော်ပလော်တီး..အဲ..ဆောရီး..
Unknown ငါလည်းပါမယ်နော်
ငွေများရင် တရားနိုင်တယ် ဆိုတဲ့ စကားပုံလည်း ရှိသားပဲ ဒီလိုပဲပေါ့ 
အမှုကိုအစအဆုံးမသိဘဲနဲ့ မပြောပါနဲ့..... မေးတဲ့သူက သူတစ်ပါးခံနိုင်အောင် မေးသင့်ပါတယ်.....သူတစ်ပါး ကိုယ်ရေးကိုယ်တာကို စည်းကမ်းမရှိ လျှောက်မမေးသင့်ပါဘူး... ကိုယ်ချင်းစာသင့်ပါတယ်.....တရားသူကြီးဆုံးဖြတ်တာ မှန်ပါတယ်.... တစ်ထောင်တောင်မပေးသင့်ပါဘူး...
မီဒီယာသမားတွေသတိထားနေကြနော်.....အေးသူစံေ၇ဒီလောက်နဲ.ကျေးဇူးတင်လိုက်....ကလောင်တံအားမကိုးနဲ. နင့်ကိုထက်ထက်ကပြန်တ၇ားမစွဲတာဘဲကျေးဇူးတင်ပါ.....မအေးသူစံအနေနဲ့ကလည်းမိန်းမသားချင်းကိုယ်ချင်းစာစိတ်ထားခဲ့ရင်ဒီလိုဖြစ်လာစရာမရှိပါဘူး......ဒါမြန်မာပြည်ပါ.....
သတိ...သတိ...သတိ...သတိ...သတိ...
ယခုလက်ရှိမြန်မာနိုင်ငံတွင်အုပ်ချုပ်နေသော ရာထူးကြီး လူကြီးများမှာခေါင်းမပါသောအုပ်ချုပ်သူများဖြစ်ပါသည်...ဟိုးအရင်တုန်းကတီဗီရုပ်သံမှာပြသခဲ့တဲ့ဇာတ်လမ်းထဲက"ပေါင်ချိန်"ရဲ့နဖူးပေါ်မှာလခြမ်းပါသည်၊အဲဒီလိုပဲမြန်မာနိုင်ငံမှာအုပ်ချုပ်နေသောလူကြီးများ၏နဖူးပေါ်တွင်လည်း "Mynameisလာဘ်စား"လို့တတ်သာပေးလိုက်ချင်ပါတော့သည်.......
အင်တာဗျူးတယ်ဆိုလဲအတိုင်းအတာတော့ရှိသင့်ပါတယ်။ကိုယ်ကမေးချင်တာမေးပြီးမှအခုလိုဖြစ်သွားတော့မထက်ဘက်ကအလွန်ဖြစ်သွားတာပေါ့။နောင်ဆိုရင်ဆင်ဆင်ခြင်ခြင်နဲ့အင်တာဗျူးကြပါနော်
ပါးရိုက်ခံရတာ ...ခင်ဗျာအမေဒို့ဆိုရင်....ခင်ဗျာဒို့ဒီစကားပြောရက်လားဆိုတာ သိချင်တယ်ဗျာ...reply me ...
တကယ်ဆိုရင်ကွယ် ...နိုင်ငံခြားမှာလို စေတနာ့ဝန်ထမ်း တို့ဘာတို့ .... ဘယ်နေရာမှာ ဘယ်နှစ်နာရီ လုပ်အားပေးပါ ဆိုတာမျိုး ဖြစ်သင့်တာ ... ပါးရိုက်လို့ ဒါဏ်ငွေတစ်ထောင်ဆိုတာကျ ရီစရာကြီးရယ် ....
မအေးသူစံ၏ မေးမြန်းချက်နှင့် ဖြစ်စဉ်များကို ဂျာနယ်အချို့တွင်ဖော်ပြခဲ့ပြီး ဖြစ်သည်။ တစ်ရေးနိုးမှ ဘာဖြစ်တာလဲမေးမြန်းသူများအတွက် ဖြေဆိုခြင်းဖြစ်သည်။
ဂျာနယ်လစ်ဇင်ပညာရပ်တွင် no one stupid question ဟု ရှိပါသည်။
မအေးသူစံမေးသောအကြောင်းရင်းကို လူတွေကိုယ်တိုင်လဲသိချင်သည့် အကြောင်းအရာဖြစ်သည်။ သတင်းထောက်က ကိုယ်စားမေးပေးခြင်းသာဖြစ်သည်။ ထို့ထက်ဆိုရလျှင် မေးခွန်းအပေါ် ထက်ထက်မိုးဦး၏ တုန့်ပြန်မှုအခြေအနေ မကြည်သာခြင်း၊ ဆက်ဆံရေးမပြေမပြစ်ဖြစ်ရခြင်းကြောင့် သတင်းထောက်တစ်ယောက် အနေဖြင့် တောင်းပန်စကားဆိုပြီးမှ လှည့်ပြန်လာခြင်းဖြစ်သည်။ ထို့ထက်ပိုပြီးဆိုရလျှင် မလိုအပ်ဘဲ တောင်းပန်စကားဆိုခဲ့ခြင်းကိုပင် ယင်းသို့ရန်လုပ်ခံရခြင်းဖြစ်သည်။
ယခုသတင်း၏ အနှစ်သာရမှာ အေးသူစံ၊ ထက်ထက်မိုးဦး မှားခြင်း၊ မှန်ခြင်းကိစ္စမဟုတ်ဘဲ ဥပဒေစိုးမိုးရေးတွင် ပြဿနာရှိနေခြင်းကို ဖော်ပြခြင်းဖြစ်သည်။ ထက်ထက်မိုးဦးမှားသည်၊ မှန်သည်ကိုကား တရားရုံးက ဆုံးဖြတ်ပြီးဖြစ်သည်။
ဆန္ဒာဂတိ၊ ဒေါသဂတိအပါအ၀င် အဂတိတရားလေးပါးကင်းရှင်းကြပါစေ
တကယ်လို့ သတင်းထောက်က မေးတာလွန်တယ်ဆိုရင် ကိုယ်ထိလက်ရောက်
မစော်ကားနဲ့လေ။ သတင်းထောက်ကို ဥပဒေအတိုင်းတရားစွဲဖို့တို့ အယ်ဒီတာကို
တိုင်ကြားတာတို့လုပ်လေ(ယဉ်ကျေျးမှုရှိရင်ပြောတာပါ)။
ပြောတာပြောရတာ ကျုပ်တို့ပြည်ရဲ့ ဥပဒေဆိုတာကြီးက ဟောင်းနွမ်းဆွေးမြေ့
ပေါက်ပြဲနေတဲ့ဥပဒေကြီးပါ။
ဘာပြောတယ် ''တရားခံ ထက်ထက်မိုးဦးအနေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါတိုင်းမှာ တရားခွင် မစသေးရင် တရားသူကြီး ရုံးခန်းထဲမှာပဲ နေခွင့်ရတယ်။ အကြောင်းက သတင်းထောက်တွေ အင်တာဗျူးလုပ်မှာစိုးလို့တဲ့။'' ဟုတ်လား နင်ဟာက တရားသူကြိးရုံးခန်းမဖြစ်လောက်ဘူး လာဘ်ပေးလာဘ်ယူအခန်းပဲဖြစ်လောက်တယ်
တရားသူကြီးအသက်ဘယ်လောက်လဲဟင် သုံးနှစ်သမီးလေးတော့မဟုတ်လောက်ပါဘူးနော် ဘယ်နဲ့ ဒဏ်ငွေတစ်ထောင်နဲ့ ထောင်ဒဏ်တစ်လ ကဘယ်လို့ဖြစ်ရတာလဲ တရာသူကြီးကိုလည်း ဒဏ်ပေးမယ် မွှေးမွှေးတစ်ချက်နဲ့ kissတစ်ချက်ဘယ်ဟာရွေးမလဲဟင် အဲဒါသိချင်တယ် ဒေါ်ထွေးထွေးရေ............
Post a Comment