လှော်ကား(ရေကူး)ရေပေး လွှတ်သည့်ရေပိုက်လိုင်းအကြီးစား ပေါက်ခဲ့သည့်အတွက် ရန်ကုန် မြို့တွင်း နေရာအနှံ့ရေပေး ဝေမှုပြတ် တောက် ခဲ့ကြောင်း သိရ သည်။ယင်းရေပေးလွှတ်သည့်နေရာ သည်ရွှေပြည်သာမြို့နယ်၊ စစ်အကျဉ်း ထောင်နောက်ဘက်ခြမ်းရှိအချင်း ၆၆ လက်မရှိ ကွန်ကရစ်ပိုက်လိုင်း မတ်လ ၁၂ရက် နေ့မွန်းလွဲ၂နာရီခွဲကပေါက် ခဲ့ခြင်း ဖြစ်ပြီးရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရေ နှင့် သန့်ရှင်းရေး (အင်ဂျင်နီယာဌာန) မှ အမြန်ဆုံးပြုပြင်ခဲ့ရာ ၁၅ရက်နေ့တွင်ပုံမှန် အတိုင်းရေပြန်လည်ပေးဝေသွား မည်ဖြစ် ကြောင်းသိရသည်။ ရေနှင့်သန့်ရှင်းမှု(အင်ဂျင် နီယာဌာန)မှဌာနစုမှူးဦးတင့်ဇော် က''ရေပိုက်တွေက တပ်ဆင်ထား တာ နှစ်အတော်ကြာပြီ ၊အဂင်0x081တေပိုက် လိုင်း တွေ ဆိုတော့ ဆွေးမြေ့ပြီး ပေါက်တာဖြစ်တယ်။ အဲဒီပေါက်တဲ့ နေရာကိုလူအင်အားသုံးပြီးအမြန်ဆုံး ပြန်ပြုပြင်ပေးထား တယ်။ ၁၅ရက်နေ့ မနက်မှာ ရေပြန်ပေးဝေနိုင်မှာပါ ''ဟု ပြောသည်။
warter11_1.jpgလှော်ကား(ရေကူး)ရေပေး လွှတ်သည့်ရေပိုက်လိုင်းအကြီးစား ပေါက်ခဲ့မှု ပြင်ဆင်နေသည့် မြင်ကွင်းယင်းသို့ရေပို့ လွှတ်သည့် ပိုက်လိုင်း ပြင်ဆင်နေ ရချိန်အတွင်း မဂင်0x081လာဒုံ၊ မရမ်းကုန်း ၊ရန်ကင်း ၊ဗဟန်း၊လှိုင် သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ကမာရွတ်၊ လှိုင်၊ တာမွေ၊ သဃင်0x081န်းကျွန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ မဂင်0x081လာ တောင်ညွှန့်၊ လမ်းမတော် အစရှိ သည့်မြို့နယ်များတွင် ရေပေးဝေမှု ရပ်ဆိုင်းထားခဲ့ရကြောင်းသိရ သည်။ ''လှော်ကား မှ ဒီရေပိုက် လိုင်းကနေ နေ့စဉ်၅၄သန်း ပေးလွှတ် နေတယ်။ အနိမ့်ပိုင်းကျ တဲ့နေရာတွေ ကပိုက်လိုင်းပေါက်တာ တွေပိုအဖြစ်များတယ်။ ပြုပြင်တဲ့ စရိတ်ကုန်ကျမှုကိုစာရင်း မချုပ်ရ သေး တော့ ပြောလို့မရသေး ဘူး။ လူတွေကရေမ ရရင် မရတာဘဲ သိတယ်။ ကျွန်တော်တို့ လည်း အမြန်ဆုံးပြု ပြင်ပေးတာပါဘဲ '' ဟု ဦးတင့်ဇော် ကပြောသည်။အဆိုပါ ပိုက်လိုင်း သည်လှော်ကား ရေတွန်းစက်ရုံမှရန်ကုန်မြို့တွင်းမြို့ နယ်များကိုအဓိကရေပေးဝေသည့် ပိုက်လိုင်းဖြစ်ပြီးယခင်က၅ကြိမ် ခန့် ရေပိုက်ပေါက်ဖူး ခဲ့ကြောင်းသိရ သည်။ ကျောက်တံတား မြို့နယ်နေ ဒေါ်သင်းသင်းက''ဂျိုးဖြူရေဆိုတော့ ဒီနေ့တင်ဒီနေ့သုံးဘဲ။၂ရက်လောက် ရေမရလိုက်တော့ချိုးစရာရေတောင် မရှိတော့ဘူး။ ထမင်း၊ဟင်းချက်တာ ရေသန့်ဝယ်ပြီးချက်ပြုတ်နေရတယ်''ဟု ပြောသည်။ ယခုရေပေးဝေမှု ပြတ်တောက် ခဲ့ရာ၌ ရန်ကုန် အရှေ့ပိုင်းမြို့နယ်မပါ ဝင်ကြောင်း ရန်ကင်းမြို့နယ်ကို အချိန် ပိုင်းနှင့်ရေပေးဝေခဲ့ကြောင်းသိရ သည်။
ရန်ကုန်တိုင်းမ်

လှော်ကားရေပိုက်လိုင်း အကြီးစား ပေါက်ခဲ့မှု ရန်ကုန်တွင် ရေပေးဝေမှု ပြတ်တောက်
Reviewed by သစ်ထူးလွင်
on
14:49
Rating:

10 comments:
တော်လိုက်တဲ့ မြန်မာပညာရှင်တွေ
ရေပိုက်တခါပေါက်တာ ၁ပတ်လောက်ရေပြတ်သွားတယ်။
တောင်ဥက္ကလာမှာလည်း ရေမလာပါ။
ဘာဖြစ်လို့ ညာဖြစ်လို့ ဘယ်တော့ ပြန်လာမယ်။
နောက်လာမယ်၊ ရှေ့လာမယ်။ လာချင်ရင်လာမယ်။
နည်းနည်းတော့ လေးလေးစားစား အသိပေးသင့်တယ် ပြည်သူကို။
ခုသတင်းမှာလည်း ရန်ကုန်အရှေ့ပိုင်းမပါဘူးလုပ်တုံး။
ရေဖိုးရေခ တွေ လာကောက်တော့ မျက်နှာက။ ။ ။
စည်ပင်သာယာကတော့ နွေပေါက်ရင်လုပ်နေကြဘဲ။ မလုပ်နိုင်ရင် လုပ်နိုင်သူ
တွေကို ခန့်ပေါ့။ တာဝန်မယူနိုင် ရင် နှုတ်ထွက်စာတင်ကြပေါ့။
"ေ၇မ၇၇င် မ၇တာပဲသိတယ်တဲ့ " နှုတ်သီးကောင်း နေလိုက်တာ ။ ၀န်ဆောင်ခ ဈေတက်တုန်းကတော့ နိုင်ငံတကာ ဈေးနှုန်းနဲ့ ယှဉ်ပြောပြီး တက်ခဲ့တယ် ။ အခုလို ပျက်တော့ နိုင်ငံတကာက ၀န်ဆောင်မှု လေးနဲ့ ယှဉ်ပြီး လုပ်ကြပါလား ။စကာင်္ပူမှာ (ေ၇ကို မလေး၇ှားက ၀ယ်နေ၇တဲ့ နိုင်ငံမှာ ) အဲဒီလို ပျက်ကြည့်ပါလား ။ လူတွေ Complaint တက်လို့ ၀န်ကြီး ၇ှက်ပြီး ချက်ချင်းနှုတ်ထွက်သွား၇မယ်။ ပြီးခဲ့တဲ့လက မြို့ပတ်၇ထား နာ၇ီပိုင်းလောက် ပျက်သွားတာ CEO နှုတ်ထွက်သွားခဲ့၇တယ်။ International Standard အတိုင်း ငွေတောင်းချင်၇င် International Standard အတိုင်း Service ပေးပါဗျို့ ။
စည်ပင်၊ ရေ မိလ္လာ က တာဝန်ရှိသူတွေ ရေ..ရေပိုက်တွေ နှစ် ကြာလို့  ဆွေးမြေ့ နေရင် အသစ် လဲ တပ် ကြပါလား ... ဘာလဲ မင်းတို့က ဘတ်ဂျက် မရှိဘူး ပြောအုံးမယ် ၊ ပြီးတော့ ပြည်သူတွေ ဆီက ရေခွန် မီးခွန်တွေ တိုးကောက်မယ် ။ ဒါပဲ လုပ်တတ်ကြတယ် မဟုတ်လား ။ နည်းပညာ တွေ တိုးတက်အောင် အရင်လုပ်ပြီး ဝန်ဆောင်မှု ကောင်းကောင်းပေးပါ လား.. ပြောလိုက်ရ မကောင်းပဲ နေတော့ မယ် ကွာ..
တင့်ဇော်ေ၇ ပြည်သူတွေကိုေ၇အလကားပေးသုံးနေလို့ လား မင်းပြောပုံကမဟုတ်သေးပါဘူး
"ရေမရရင် မရတာပဲသိတယ်" လို့ပြောနေရအောင်..ဘယ်သူက အလကားသုံးနေလို့တုန်း.....လကုန်တာနဲ့ အိမ်ရှေ့ ကိုရောက်လာပြီး အခွန်ကိုမပျက်မကွက်လာတောင်းနေ တာရော..ဟင်..
ပေးနေရတော့လည်းတန်အောင်ပြောတာပေါ့..ဒုတ်ခရောက်လိုက်တာဆို
တာ..ရေ့ ၀ယ်သုံးလိုက်ရလို့ အပိုလေးစုထားတာကုန်ရောပဲ...သူကပဲပြောရတယ်ရှိသေး..တခါ
လောက်ခံစားကြည့် ဘူးလား...ဟင်....အကောင်ရဲ့...
လူတွေကရေမရရင်မရတာဘဲသိတာပေါ့ ငတင့်ဇော်ရဲ့ ပိုက်ဆံတွေတစ်လတစ်လခေါင်းစဉ်အမျိုးမျိုးနဲ့ကောက်နေတာ လူတွေအဆင်ပြေပြေနေဖို့မဟုတ်ဘူးလား။ ရေမလာတာကိုလူတွေကလိုင်းကားတိုးစီးပြီးလှော်ကားအထိလာကြည့်ပြီးမှ အော်ပိုက်လိုင်းပေါက်တာကိုးလို့ပြောရမှာလား။ ပြည်သူတွေကအဆင်မပြေရင်မပြေဘူးပြောရမှာဘဲ။ ပြည်သူတွေကိုအပြစ်တင်စရာမလိုဘူး။ မင်းလုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်နေရာဖယ်ပေးလိုက်။ မင်းတို့ကိုပြည်သူကခန့်ထားတာနားလည်လား။ ပြည်သူ့အတွက်အဆင်ပြေအောင်မလုပ်နိုင်ရင်ထွက်။
ဟ... ရေမရရင်.. မရတာပဲသိမပေါ့..
အဲဒီလို မသိဘဲ ဘာကို သွားသိရမတုန်း..
တိုင်းပြည်ထဲမှာ လူတိုင်းဟာ..
ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာပဲ..
စည်ပင်က စည်ပင်အလုပ်.. လုပ်ရမှာပေါ့..
စစ်သားက.. စစ်သားအလုပ် လုပ်ရမှာပေါ့..
ဈေးသည်က ဈေးသည်အလုပ် လုပ်ရမှာပေါ့..
အစိုးရလုပ်ရင်.. လမ်းဖောက်၊ တံတားဆောက်၊ တိုင်းပြည်တိုးတက်အောင်လုပ်ရမှာ.. သူ့အလုပ်လေ..
ကိုယ့်တာဝန် ကိုယ်လုပ်ကြရတာ.. ဘာလို့.. အမှတ်ယူချင်နေတာလဲ..
မကျေနပ်ရင်.. မလုပ်နဲ့ပေါ့..
သင်အမြန်ဆုံးပြူပြင်ပေးတဲ့..အတွက်သင့်အားခေါင်းတစ်ချက်
ခေါက်၍အသိအမှတ်ပြူလိုက်သည်..နောက်နောင်ပြည်သူအား
စကားလက်လွတ်စပါယ်ပြောပါက...နှုတ်ထွက်စာတင်စေxxxxxx!!!
Post a Comment