ဂျီမေးလ်အကောင့်အသစ်
ပြုလုပ်လိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဖုန်းနံပါတ်များကို
အသုံးပြုကာ အီးမေးလ်အကောင့်သစ်များ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း
သတင်းရရှိသည်။
Google က ယင်း၏ Gmail Account သစ်ကို ပြုလုပ်သည့်အခါ မြန်မာပြည်တွင်းမှ ဖုန်းနံပါတ်များဖြင့် Code နံပါတ်အတည်ပြုခြင်းကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ယခင်က ပြည်တွင်းမှ အင်တာနက် အသုံးပြုသူများအနေဖြင့် Google ၏ ဂျီမေးလ်အကောင့်သစ်များကို ပြုလုပ်လိုပါက ကိုယ်ပိုင်ဖုန်းနံပါတ် (ပြည်တွင်းကုတ်နံပါတ်)များဖြင့် မပြုလုပ်နိုင်သဖြင့် ပြည်ပနိုင်ငံများတွင် နေထိုင်သည့် မိတ်ဆွေများ၏ ဖုန်းနံပါတ်များဖြင့်သာ ပြုလုပ်ပြီး Gmail Account သစ်များကို ရယူနိုင်ခဲ့ကြသည်။
“အခုလိုမျိုး ဂူဂဲလ်ကလုပ်ပေးတော့ ဒီနိုင်ငံရဲ့ ပြည်တွင်းဆက်သွယ်ရေးစနစ်ကို အသိအမှတ်ပြုလာတာ ဖြစ်နိုင်တယ်။ အရင်ကလို ဂျီမေးလ်အကောင့်သစ် လုပ်ချင်ရင် နိုင်ငံခြားက အသိမိတ်ဆွေတွေကို အကူအညီလှမ်းတောင်းရတဲ့ အခက်အခဲတွေနဲ့တော့ ကင်းဝေးသွားပြီးပေါ့” ဟု ပုဂ္ဂလိကနည်းပညာ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် သက်လတ်ပိုင်း အမျိုးသားဝန်ထမ်းတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ ဂျီမေးလ်အကောင့်အသစ် ပြုလုပ်လိုသူများအနေဖြင့် ပြည်တွင်းဖုန်းနံပါတ်များကို အသုံးပြုရာတွင် Google မှ ပြုလုပ်သူ၏ ဖုန်းနံပါတ်သို့ Audio Message စနစ်ဖြင့် ပြန်လည်ပေးပို့မည်ဖြစ်ပြီး ယင်းနောက်တွင် အီးမေးလ်အကောင့်သစ်ကို အသုံးပြုနိုင်မည် ဖြစ်သည်ဟု Google ၏ အဆိုပါဝန်ဆောင်မှုကို စမ်းသပ်ပြုခဲ့ကြသည့် ရန်ကုန်မြို့တွင်း နေထိုင်သော အင်တာနက်ကျွမ်းကျင်သူများထံမှ သိရကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
7 Day News

ပြည်တွင်းဖုန်းနံပါတ်ဖြင့် ဂျီမေးလ်အကောင့် လုပ်နိုင်ပြီ
Reviewed by သစ်ထူးလွင်
on
16:26
Rating:
9 comments:
အရင် ၂၀၁၁ -ခုနှစ် ၉-လပိုင်းလောက်က WCDMA ဖုန်းဖြင့်အကောင့်သစ်ဖွင့်လို့ ရခဲ့ပါသည်။ ခုဟာကဘယ်လိုဟာပါလိမ့်နော်။
ဒါတို့ ပြေဒါတို့ မြေကွ..
ခက်တာက ဖုန်းလိုင်းမကောင်းသေးဘူးဗျ
ဘယ်သူကို သွားပြောရမှာလဲ............
အကောင့်သစ်ဆောက်ရင် ဖုန်းနံပါတ် မလိုပါဘူး။ ကျွန်တော် ရန်ကုန်မှာ နေနေတာပါ။ အခုလေးတင် အကောင့်အသစ်တစ်ခု လုပ်လိုက်တယ်။ ဖုန်းနံပါတ်ကို မဖြည့်ဘဲထားပြီး လုပ်တာ။ ရသားပဲ။
ဖုန်းနံပါတ် မပါဘဲလည်း ဖွင့်လို့ရပါ၏ လက်ရှိ email လိပ်စာ တစ်ခုခုရှိရင်ရတယ်
အခုလေးတင်ပဲ မြန်မာ ဟန်းဖုန်းကို မက်ဆေ့ ပို့ကြည့်တယ် ၀င်မလာပါခင်ဗျား။ မြန်မာ Mobile Phone တွေကို International SMS ပိတ်ထားတာပြန်မှ မဖွင့်သေးပဲ။ Voice Call ခေါ်ရအောင်လဲ မြန်မာတွေ အကောင့်တစ်ခုဆောက်တိုင် Google ကုမ္ပဏီက မြန်မာပြည်ကို ဖုန်းတစ်ကော ခေါ်ရရင် မွဲမှာပဲ။ ဒီသတင်း မဖြစ်နိုင်ပါ
ဖုန်းနံပါတ်က password verification အတွက်သုံးတာတော့ တွေ့ဘူးတယ်။ gmail account ကို password ၂ဆင့်နဲ့ပိတ်ထားရင် sing in လုပ်လိုက်ရင် ကိုယ့်ဖုန်းနံပါတ်ကို 4 digit random number တစ်ခုပို့ပေးပါ တယ် အဲဒါကို နောက်တစ်ဆင့်ရိုက်ထည့်လိုက်မှ အီးမေးလ် ပွင့်ပါတယ်။ ကိုယ့် account ပိုလုံခြုံတာပေါ့။ မြန်မာပြည်မှာ SMS ကောင်းကောင်းမြန်မြန်ရနေရင်တော့ အသုံးတည့် ပါတယ် နို့မို့ဆိုရင်တော့ အလုပ်မဖြစ်ဘူး။ gmail account တစ်ခုပိုင်ဖို့တော့ ဖုန်းနံပါတ်က မဖြစ်မနေမလိုအပ်ပါဘူး။
ဒါဆို အကောင့်အသစ်ကို မြန်မာပြည်ဖုန်းနံပါတ်နဲ့လုပ်ရင်google ကverification code ကိုအသံဖိုင်နဲ့အကြောင်းပြန်ပေးတာ။အဲဒီအချိန်မှာGoogleက လူကြီးမင်းတို့/ဆက်သွယ်မှု့ဧရိယာပြင်ပတို့ဆိုဘယ်လိုလုပ်မလဲ။သေပြီ။
အခုလိုကြားရတာ်..၀မ်းသာပါတယ်ဗျာ..
Post a Comment