ဂျာနယ်များမှာ စာပေစီစစ်ရေးမှ ပယ်ဖျက်၊ ပိတ်ပင်ခြင်းခံနေရတဲ့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ သတင်းများ

ယူနီဖောင်းတွေထဲမှာ ခွပ်ဒေါင်းတွေ အများကြီးရှိပါတယ်..။ ဝန်ထမ်းတွေ ဘဝအခြေခိုင်မာဖို့အတွက်
မဲပေးတဲ့ နေ့ရောက်ရင် ယူနီဖောင်းကို မေ့လိုက်ပါ ခွပ်ဒေါင်းကို ခြစ်လိုက်ပါ..
... အမှန်တရားအတွက် သက်သေပြလိုက်ပါ...။

နေပြည်တော်က ကျောင်းယူနီဖောင်းနဲ့
အမေ့မြေးတဦးက သက်သေပြနေပြီနော်...
(ပုံ Getty Images)
လူပြောများနေတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ၊ လူထုခေါင်းဆောင်ရဲ့ ဟောပြောပွဲ


NLD ပါတီစည်းရုံးရေးဟောပြောပွဲ တက်ရောက်သူများကို ဇမ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာ မီးလင်းရေးကော်မတီမှ မီးမပေးဟု ဆို
(စိစစ်ရေးပယ်သော သတင်း)

ရန်ကုန် မတ် ၂ ရက်။ ။နေပြည်တော်ဇမ္ဗူသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း၏ စည်းရုံးရေးခရီးစဉ်အတွင်း ဟောပြောပွဲသို့တက်ရောက်ကြသူ ရွာသားများ၏နေအိမ်ကို လျှပ်စစ်မီးသွယ်တန်း ပေးမည်မဟုတ်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောဆိုကြောင်းကို တော်ဝင်နှင်းဆီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စန္ဒာမင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဇမ္ဗူသီရိမြို့နယ်ရှိ အောင်ချမ်းသာကျေးရွာသို့ စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ရွာတွင်နေထိုင်သူ လူ ၁၀၀ ခန့်တက်ရောက် နားထောင်ခဲ့ကြကြောင်း ၊အဆိုပါ အောင်ချမ်းသာရွာသည် ယခုထိတိုင် မီးမရရှိသေးပဲ ရွာတွင် လျှပ်စစ်မီးလျှောက်ထားရေးအတွက် မီးလင်းရေးကော်မတီဖွဲ့ထားကြောင်း၊ ရွာရှိအိမ်များက တစ်အိမ်လျှင် ၂ သိန်းထဲ့ဝင်ကာ ရွာသားများက မီးရရှိရေးကို ကြိုးစားနေရဆဲသာဖြစ်ကြောင်း၊ ၂၁ ရက်နေ့က ဒေါ်စန္ဒာမင်း၏ ဟောပြေပွဲတက်ရောက်သူများ၏ အမည်စာရင်းကို မီးလင်းရေးကော်မတီအဖွဲ့က မှတ်သားကာ ထိုရွာသားများ၏အိမ်များအား မီးလင်းဖို့ဆောင်ရွက်ရာစာရင်းများက ထုတ်ပယ်လိုက်ကြောင်း ပြောသည်။ထို့အပြင် ရွာသားများထံမှ ကောက်ခံသော ငွေ ၂သိန်းသည် မီးတိုင်နှင့် မီးကြိုး ဖိုးသာဖြစ်ပြီး ထရန်စဖော်မာကို ပါတီတစ်ခုမှ လှူဒါန်းမှာဖြစ်ကြောင်း၊ ထိုပါတီမှ လှူဒါန်းသော ထရန်စဖော်မာမှနေ၍ မီးသွယ်တန်းရမည် ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟောပြောပွဲသို့ တက်ရောက်သောသူများကို မီးမပေးတော့ကြောင်း၊ ကျန်ရှိသူများကိုသာ မီးပေးမည်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောသည်ဟု ဒေါ်စန္ဒာမင်းကပြောသည်။

အထက်ပါကိစ္စနှင့် ပါတ်သတ်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဒေါ်စန္ဒာမင်းကိုယ်တိုင် ထိုကျေးရွာသို့ သွားရောက်ပြီး မီးလင်းရေးကော်မတီဥက္ကဌနှင့် တွေ့ခွင့်တောင်းရာ အခြားတာဝန်ရှိသူနှင့်သာ တွေ့ခွင့်ရကြောင်း၊ ထိုသူမှ “မင်းတို့ကြိုက်တဲ့နေရာကိုတိုင်၊ ငါတို့က အထက်အထက် အမိန့်ပေးလို့ လုပ်ဆောင်ရတာသာ ဖြစ်တယ်၊ ဒီမီးလင်းဖို့ပေးတာဟာ ငါတို့ပါတီကပေးတာ ဖြစ်တဲ့အတွက် မင်းတို့ NLD ထောက်ခံသူတွေကို မီးမပေးဘူး၊ ကြိုက်တဲ့နေရာကိုတိုင်” ဟုပြောသွားကြောင်း၊ ဒေါ်စန္ဒာမင်းအနေနှင့် ရွာသားများစုပေါင်း၍ အုပ်ချုပ်ရေးကော်မတီသို့ စာပို့တိုင်ကြားခြင်းဆောင်ရွက်ကြရန်၊ သူမ ကိုယ်တိုင်လည်း နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားကြောင်းနှင့် မီဒီယာမှနေ၍ ဆက်လက်ဖြေရှင်းမည် ဟုရွာသားများအား ပြောဆိုခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ပြောကြားသော မိန့်ခွန်းနှင့်ပါတ်သတ်၍ မီဒီယာများမှ မေးမြန်းမှုကို ဖြေကြားရာတွင် “အစိုးရအဖွဲ့အတွင်း အပျော့ဂိုဏ်းနှင့် အမာဂိုဏ်း ကွဲပြားနေခြင်းမဟုတ်ပဲ လူတစ်ဦးချင်းဆီ၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထား ကွဲပြားမှုကြော့င်သာ လုပ်ကိုင်ဖြေရှင်းပုံ ကွဲပြားခြင်းသာဖြစ်ကြောင်း” ဆိုသောစကားအရ ထိုလူတစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားများကြောင့်ပင် အောက်ခြေတွင် ထိခိုက်ကာ အခက်အခဲများကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ အထက်မှပုဂ္ဂို၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့က ဘယ်လိုပဲ ကတိများပေးနေစေကာမူ အောက်ခြေအဆင့်များ၏ မလျော်သြဇာ သုံးမှုများကြောင့် မြို့နယ်အဆင့် ခရိုင်အဆင့်များတွင် ချောမွေ့မှုမရှိပဲ အခက်အခဲများ ဖြစ်နေရကြောင်း ကိုရှင်းလင်းဖြေကြားသွားပါသည်။
ကိုရဲ
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လူထုခေါင်းဆောင်ရဲ့ ဟောပြောပွဲမှာ ပြည်သူနဲ့ ဝန်ထမ်းအပါအဝင် သိန်းနဲ့ချီတက်ရောက် ကြတယ်လို့ သိရှိရပါတယ်...
နေပြည်တော်မှ NLD ပါတီဝင်များ ပါတီဆိုင်းဘုတ်အား ကင်းစောင့်နေကြရ 
(စိစစ်ရေးပယ်သော သတင်း)

နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့တွင်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဆိုင်းဘုတ်များအား ဓားဖြင့်ခုတ်ခြင်း၊ လှီးခြင်း ကိစ္စရပ်များဖြစ်ပေါ်နေကြောင်းကို မတ်လ ၂ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီးသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ရှင်းလင်းပြောကြားသွားသည်။

ပထမဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးမင်းသူ ၀င်ရောက်ယှဉ်ပြိုင်မည့် ဥတ္တရသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မြို့နယ်ရုံးရှိ ပါတီဆိုင်းဘုတ်အား ဓားဖြင့်ခုတ်သွားတာတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ဦးမင်းသူက သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊ ဒုတိယဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်စိတ်နန်ဒုံးကျေးရွာရှိ ရပ်/ကျေးရုံးခန်းဖွင့်လှစ်ထားသည့် ကိုအေးမင်းသန်း နေအိမ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ရုံးခန်းဖွင့်လှစ်ထားချိန်တွင် ပါတီဆိုင်းဘုတ်အား ဓားဖြင့်လှီးသွားခြင်းဖြစ်ပြီး ၂၅ရက်နေ့မနက်တွင် သက်ဆိုင်ရာ ပတ္တာရဲစခန်းသို့ လူ ၄ဦးက သက်သေထွက်ဆို တိုင်ချက်ဖွင့်ထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဦးဖြိုးဇေယျာသော်က ဆက်လက် ရှင်းလင်းပြောကြားရာတွင် ယခုလောလောဆယ်တွင် တိုင်ချက်ဖွင့်ထားရုံ အခြေအနေသာ ဖြစ်ကြောင်း၊ အမှုဖွင့်သည့် အဆင့်သို့ မရောက်သေးကြောင်း၊ ကျေးရွာများတွင် ရပ်/ကျေး ပါတီဆိုင်းဘုတ် ထူထောင်ထားသူများအားလုံး ညပိုင်းတွင် ကိုယ့်ဆိုင်းဘုတ်ကို ကိုယ်တိုင် ကင်းစောင့် အိပ်နေရကြောင်း ရှင်းလင်းပြောကြားသည်။

အခြေခံအဆင့်မှာရှိတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့လည်း အခုလက်ရှိမှာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ် ဆိုတာကို မျက်ခြေမပြတ်သင့်ဘူး လို့ ကျွန်တော် အသိပေးချင်ပါတယ်” ဟု ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်မှ ပြောကြားသွားပါသည်။

ကိုရဲ
ဒီမိုဝေယံ
ဂျာနယ်များမှာ စာပေစီစစ်ရေးမှ ပယ်ဖျက်၊ ပိတ်ပင်ခြင်းခံနေရတဲ့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ သတင်းများ ဂျာနယ်များမှာ စာပေစီစစ်ရေးမှ ပယ်ဖျက်၊ ပိတ်ပင်ခြင်းခံနေရတဲ့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ သတင်းများ Reviewed by သစ်ထူးလွင် on 07:54 Rating: 5

21 comments:

cold peace said...

နာမည်ကိုက ကြံ့ဖွတ်ပါဆို
ဖွတ်ကြံ ကြံမှာဘဲပေါ့
အဲ့ဒီကောင်တွေသေချာမှတ်ထား
ခြံမခုန်စေနဲ့

Ar Ga said...

NLD ဟောပြောပွဲသွားလို့ မီးမပေးဘူး ၊ အထက်အမိန့်အ၇ ဆိုပဲ ။ အထက်က ဘယ်သူဆိုတာလေး သတင်း တင်ပေးလို့ ၇မလားဗျို့ ။ ကြံ့ဖွံ့၇ဲ့ စေတနာမှန်တွေလေ။ အဲဒီလို ဆက်လုပ်နေ၇င် ပြည်သူတွေ၇ဲ့ သောက်မြင်ကပ်တာပဲ ပိုခံ၇မှာပဲ ။ လုပ်သင့်တာက ((( ဟေ့ မင်းတို့တွေ NLD ကိုသွားတာ ငါတို့ သိတယ် ၊ ဒါပေမယ့် ငါတို့လှုထားတဲ့ Transformer ကြီးက မီးတွေ ဆက်ပေးမယ် ။ ဘာလို့လဲဆိုတော့ ငါတို့က စေတနာနဲ့ လုပ်ပေးတာမို့လို့ )))လို့ ပြောသင့်တာ မဟုတ်ဘူးလား ။ လူတွေက ကျေးဇူးတင်မှာပေါ့ ။ အခုတော့ စေတနာ မမှန်တာက အသိသာကြီး ပေါ်လွင်နေပြီ။ ကြံ့ဖွတ်ေ၇ .. သင်ခန်းစာ ယူကြပါတော့ ...

Zay Ya Thwe said...

အထက်ကခိုင်းလို့မီးမပေးတာဆိုတာ့ အထက်ဆိုဘာလဲ သမ္မတကြီးပြောတဲ့မိန့်ခွန်းနဲ့လွဲနေတယ်နော်
သမ္မတကြီး ထက်ကြီးတဲ့သူရှိသေးလို့လား. . . .

Zay Ya Thwe said...

အထက်ကခိုင်းလို့မီးမပေးတာဆိုတာ့ အထက်ဆိုဘာလဲ သမ္မတကြီးပြောတဲ့မိန့်ခွန်းနဲ့လွဲနေတယ်နော်
သမ္မတကြီး ထက်ကြီးတဲ့သူရှိသေးလို့လား. . . .

Anonymous said...

"နေပြည်တော်မှ NLD ပါတီဝင်များ ပါတီဆိုင်းဘုတ်အား ကင်းစောင့်နေကြရ" ခွေးအတွေ ညည လာဆွဲကြလို့မဟုတ်လားဗျ။

ရာရာ said...

ကျွန်တော့်စိတ်ကူးကတော့ တိတ်တိတ်လေးကင်းပုန်းစောင့်ပြီး ဆိုင်းဘုတ်ဖျက်ဆီးတဲ့သူကို ဖမ်းမယ်...မိရင် ဘယ်အဖွဲ့အစည်းက ဘယ်သူတွေခိုင်းတယ်ဆိုတာ ရအောင်ဝန်ခံခိုင်းပြီး ဒီကိစ္စကို ပို့စ်တင်သင့်တယ်..။ ဒီလောက်အောက်တန်းကျတဲ့လုပ်ရပ်ကို ဒီလိုပဲကိုင်တွယ်သင့်တယ်လို့ယူဆတယ်။

မေတ္တာရှင် said...

အဆွေတော်ကြံ့ခိုင်ရေးပါတီဝင်များသိစေရန်
ကျွန်တော်တို့ ပြည်သူတွေ NLD ကိုအားပေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်ဆိုတာ အကြောင်းမဲ့မဟုတ်ပါ။ အဆွေတော်ပါတီတို့အထင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ရဲ့ သမီးမို့ ပုဂ္ဂိုလ်အစွဲပြုပြီးအားပေးနေတာမဟုတ်ပါ။ ကဲဒါဆိုရင်
ဗိုလ်ချုပ်ရဲ့ သားအောင်ဆန်းဦး ပါတီထောင်ကြည့်ပါလား? ပြည်သူတွေအားပေးကြမယ်ထင်လား? . . .အင်မတန်မှကို ကွာလှပါတယ်။ တစ်တွင်းထဲ ထွက်တဲ့ကျောက်ခဲတိုင်း ရတနာမဟုတ်ဘူး။
အရည်အသွေးစံနဲ့ ပြည့်မှ၊ မှတ်ကျောက်တင်ခံနိုင်မှ အဖိုးတန်ရတနာဖြစ်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့အရည်အချင်း၊ မြင့်မြတ်သောအတွေးအခေါ်၊ကြီးမြတ်သော စိတ်သဘောထားတွေကြောင့် ကျွန်တော်တို့ နိုင်ငံအတွတ် အဖိုးမဖျက်နိုင်တဲ့ ရတနာတပါးဆိုတာ မယုံနိုင်စရာမရှိပါ။ ရာဇ၀င်မှာ ဘုရင်မကြီးရှင်စောပုကို ကမ္ဘာကမသိကြပါဘူး ယနေ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ခေါင်းဆောင်ကိုတော့ တကမ္ဘာလုံးကပြည်သူတွေရော၊ ခေါင်းဆောင်တိုင်းကရော သိရုံသာမက၊ လေးစားကြတယ့့်  ချစ်ကြတယ့့်  စံထားကြတယ်။
ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ အမွှေးဆုံးနဲ့ အလှပဆုံး အခန့်ငြားဆုံး ရတနာနှင့်တူသော ပန်းတစ်ပွင့်ပိုင်ဆိုင်ထားတဲ့
တစ်ခုတည်းသောတိုင်းပြည် ဖြစ်နေတာ ကို ရိုးသားသောနှလုံးသားတို့ဖြင့်ခံစားလိုက်ပါ ဂုဏ်ယူလိုက်ပါလို့ အသိ လက်ဆောင်ပါးအပ်လိုက် ပါရစေခင်ဗျား။

yin win said...

အမှန်တော့..ဒါတွေမရှိသင့်တော့ဘူး..အထက်အမိန့်ဆိုတာဘဲသူလဲ..
ဒီမိုကရေစီလမ်းကြောင်းမှာ ခလုပ်ဆူးငုတ်တွေကို ..လုပ်ထားတဲ့လူ ဖယ်ရှားပေးပါ..ဒီအချိန်မှာ ..ဒီမိုကရေစီလမ်း က ရှင်းလင်းနေသင့်တယ်..

purewhite said...

တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်နော်
ဒီလိုစိတ်ဓာတ်တွေနဲ့ တိုင်းပြည်ဘယ်လိုရှေ့ဆက်သွားမလဲ

အမြင်သစ် said...

အင်း..
ကိုသစ်ရဲ့ comment တွေကနေတဆင့်
ပြောပြောနေရတာလဲ များလှပါပြီ .............
ဒီ ကြံ့တွေ တော်တော်အရေထူတာဘဲ ။

Anonymous said...

ယနေ့ ထိ..အသိတ၇ားမရှိတဲ့..ဦးဏှောက်နဲ့ အုပ်ချုပ်နေတာ..ကိုသက်သေပြတုန်း..ငြင်းဘို့ မလိုဘူး..ဒီတိုင်းပြည်အောက်ကျနောက်ကျဖြစ်နေတာ..ဒင်းတို့ တ၇ားခံဘဲ။သိက္ခာကိုနဲနဲမှမရှိ

Myanmar said...

ငါလည်း ကြံ့ဖွတ် အဖွဲ့ဝင်ဘူးတယ်ကွ။ သူတို့ခေတ်ဆိုတော့ အဲလိုမလုပ်၇င် အဆင်မပြေတာတွေ ၇ှိလို့ပါ။ ဒီလိုပါဘဲ ကြံ့ဖွတ်ကို ၀င်ကြတာ ၇ာသီပေါ် အနေနဲ့ ၀င်ကြတာပါ။ ကြံ့ဖွတ်ကို စိတ်ထဲကတော့ လုံးဝမသာတီပါဘူး။ လာမယ့်ေ၇ွးကောက်ပွဲမှာ အာဇာနည်သွေး အမေ့ကိုဘဲ အားကိုးမယ်။ ။

Myanmar said...

ဆိုင်းဘုတ်မှာ ကင်မ၇ာထောင်ချောက်တပ်ထားလိုက်ပါလားဗျာ။ ကြံ့ဖွတ်သောက်ရှက် ဟက်တက်ကွဲမှာဘဲ။ ။

စင်ရော် said...

ဖွတ်နဲ့ဒေါင်းအကွာကြီးပါကွာ......

Myanmar said...

သမ္မတကြီးခင်မျာ ပြည်သူတွေကို ငဲ့ညှာသောအားဖြင့် ဥပဒေချိုးဖောက်သူများကို ထိထိေ၇ာက်ေ၇ာက် အေ၇းယူပေးပါ၇န် တောင်းဆိုအပ်ပါသည်။ ။

dnp said...

USDP....ရဲ့သောက်ကျင့်တွေပေါါ်လာဘီလေ..တဖြည်းဖြည်းနဲ့...အထက်ကဆိုတော့...သမ္မတကြီးကိုပြောတာနေမှာပေါ့ဗျာ...သမ္မတကြီးကလဲ ကြံဖွတ်ကအကြီးဆုံးလူကြီးမဟုတ်လားဗျ..

ju black said...

“ အခြေခံအဆင့်မှာရှိတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့လည်း အခုလက်ရှိမှာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ် ဆိုတာကို မျက်ခြေမပြတ်သင့်ဘူး လို့ ကျွန်တော် အသိပေးချင်ပါတယ်”

ကိုဇေယျာသော် ပြောတာကိုအပြည့်အ၀ထောက်ခံပါတယ်။။။။

seazinyaw said...

မင်း တို. လုပ်သမျှ ပြောသမျှ မှန်တယ် လို.မထင်နဲ့လေ

Anonymous said...

seazinyaw said...

မင်း တို. လုပ်သမျှ ပြောသမျှ မှန်တယ် လို.မထင်နဲ့လေ

ဒါဆို ဘာတွေ မှားနေတယ်ဆိုတာပြောလေ လွယ်တာကိုခက်အောင်မလုပ်စမ်းပါနဲ့။

ဘာတွေမှားတယ်ဆိုတာမပြောနိုင်ရင် ပင်လယ်ထဲပဲ အေးဆေးသွားနေစမ်းပါ။

su said...

သမ္မတရော၊ လွှတ်တော်ဥက္ကဋ္ဌရော၊ ကော်မရှင်ဥက္ကဋ္ဌ ရော ကြာလေ သောက်ရှက်ကွဲလေ ဖြစ်ကုန်တော့မှာပဲ။ ကြံ့ဖွတ်တွေရေ မင်းတို့လုပ်ရပ်တွေကို မင်းတို့ဘာသာ စဉ်းစားကြအုံး။ မင်းတို့ လူကြီးတွေက ပြောတာကတစ်မျိုး၊ မင်းတို့ လုပ်နေတာက တစ်မျိုး။ မင်းတို့လူကြီးတွေ မင်းတော်အပေါ်မှာ ဘာမှ ဥပဒေကြောင်းအရ မလုပ်ရဲဘူးဆိုတာ သိသာနေတယ်။ ရှက်စရာ ကောင်းပါ့ကွာ။

Anonymous said...

seazinyaw,SN,Timelamp,Sawoo,vimpire,toe toe,tin tin, ko ko ,vimpire,Bravo,lwannaymie မင်းတို့နဲ့စကားပြောချင်တယ်....

Powered by Blogger.