ပုသိမ်နည်းပညာတက္ကသိုလ်အနီး ဆိုင်ကယ်တိုက်မိ၍ ကျောင်းသားတစ်ဦးသေဆုံး

ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)

ယခုလ ၂၇ ရက်က ပုသိမ်နည်းပညာတက္ကသိုလ်အနီးတွင် ဒုတိယနှစ်ဘူမိဗေဒကျောင်းသားတစ်ဦး မောင်းနှင်လာသောဆိုင်ကယ်မှ ပထမနှစ် GTC ကျောင်းသားတစ်ဦးကိုဝင်တိုက်မိပြီး အတိုက်ခံရသောကျောင်းသားမှာ ဆေးရုံအရောက်တွင်သေဆုံးသွားခဲ့သည်။

ပြည်ချိုအဆောင်နေ ပထမနှစ် GTC ကျောင်းသား ၁၈နှစ်အရွယ် မောင်ရဲစွမ်းအောင် မှာ လမ်းဖြတ်ကူးစဉ်အတိုက်ခံရပြီး အရှိန်ပြင်းထန်သဖြင့် လမ်းဘေးမြောင်းထဲထိုးကျသွားကြောင်း မျက်မြင်တွေ့ခဲ့သည့်ကျောင်းသားများကပြောသည်။

“ချိုစောင်းမှာကွဲနေတာ။ ဖူးယောင်ဒဏ်ရာတွေနဲ့။ စိုးရိမ်လို့ ၀ိုင်းပြီး ကိုင်ကြည့်တာ၊ ဘေးကလူတွေက ဒါရဲအရေးပိုင်တဲ့အမှုပဲလို့ပြောတာနဲ့ ၀ိုင်းကြည့်နေရတာပဲ။ မထိရဲဘူး” ဟု သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ပထမနှစ် GTC ကျောင်းသားတစ်ဦးကပြောသည်။

နာရီဝက်ခန့်အကြာတွင် ယာဉ်ထိန်းရဲများ၊ ရဲများရောက်ရှိလာကာ ဓါတ်ပုံရိုက်မှတ်တမ်းများတင်ပြီး ပုသိမ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။

ဆေးရုံအရောက်တွင် ဆရာဝန်ကြီး လှည့်လည်စစ်ဆေးနေချိန်နှင့်တိုက်ဆိုင်နေသဖြင့် လူနာအားကုသမှုပေးရန်ကြန့်ကြာမှုရှိခဲ့သည်ဟု လိုက်လံပို့ဆောင်ပေးခဲ့သည့် ကျောင်းသားများကပြောသည်။

နေ့လည် ၁း၃၀ ခန့်တွင် မောင်ရဲစွမ်းအောင်မှာ သေဆုံးခဲ့သည်။ ၎င်း၏နာရေးကို သေဆုံးပြီးနောက်တစ်နေ့ ဖေဖေါ်ဝါရီ ၂၈ ရက်တွင် အပင်နှစ်ဆယ်သုဿာန်တွင် ပြုလုပ်ခဲ့ပြီး GTC ကျောင်းသား ၁၅၀၀ ခန့်က လိုက်ပါပို့ဆောင်ခဲ့ကြသည်။

မောင်ရဲစွမ်းအောင်မှာ လပွတ္တာမြို့၊ ၅ ရပ်ကွက်တွင်နေထိုင်ပြီး နည်းပညာတက္ကသိုလ်တွင် အဆောင်နေကျောင်းသားတစ်ဦး ဖြစ်သည်။

၎င်းအမှုကို ကန်ကြီးထောင့်ရဲစခန်းက (ပ) ၁၃/၁၂ ပုဒ်မ ၃၃၈ အမှုဖွင့်ခဲ့ပြီး လူသေဆုံးသွားသောကြောင့် ပုဒ်မ ၃၀၄ သို့ပြောင်းလဲခဲ့သည်။
ပုသိမ်နည်းပညာတက္ကသိုလ်အနီး ဆိုင်ကယ်တိုက်မိ၍ ကျောင်းသားတစ်ဦးသေဆုံး ပုသိမ်နည်းပညာတက္ကသိုလ်အနီး ဆိုင်ကယ်တိုက်မိ၍ ကျောင်းသားတစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 08:18 Rating: 5

12 comments:

Nago Mana said...

အိုး..အတော်လေးကို စိတ်မကောင်းဖြစ်လိုက်တာရှင်..။

မိုးသောက် said...

မောင်လေးရယ်........
လူဘ၀ကထွက်ခါနီးဘယ်လိုတွေခံစားရလို့ဘာတွေပြောချင်နေခဲ့မှာလဲ။
မင်းမိဘတွေလည်းတော်တော်ခံစားနေရမှာကိုသိတယ်။
ဘယ်လိုနှစ်သိမ့်ပေးလို့ရမှာလဲ...
နောင်ဘ၀ဆိုတာရှိခဲ့ရင်ဒီလိုအဖြစ်မျီုးကြီးနဲ့မဆုံရပါစေနဲ့နော်။

OZI said...

Oh very serious accident!
By the way 'is only one doctor in this hospital"

Pathein is capital of Irrawaddy Division."Isn't it" I have heard that 2500 doctors are produced a year.????

myathtut said...

ကျွန်တော်တို့တိုင်းပြည်မှာ သူတို့တွေကြောင့် မသေသင့်တဲ့သူတွေ သေကုန်ကြ ရတယ် Round လှည့်နေလဲ အရေးပေါ်လူနာကို ကြပ်ကြပ်မတ်မတ် ကုသာပေးရမှာ မဟုတ်ဘူးလားဗျာ.....

Mg Khwe said...

လွှတ်တော်တွင် ဥပဒေများကို ပြင်ဆင်နေချိန်တွင် ယခု ကဲ့သို့သော အရေးပေါ် အခြေအနေတွင် တာဝန်ရှိရဲများ သို့မဟုတ် အရေးပေါ် လူနာတင် ယာဉ် အချိန်မည်မျှအတွင်း ရောက်ရှိရမည် သို့မဟုတ် တာဝန်ရှိသူများ ရောက်ရှိရန်နောက်ကျမှု သို့မဟုတ် တာဝန်ကျ အရေးပေါ် ဌာနမှ အချိန်မှီ မလုပ်ဆောင် သောကြောင့် မသေသင့်ဘဲ သေဆုံးလျှင် တာဝန်ရှိသူ ကို ပြင်းထန်စွာ အရေးယူရမည့် ဥပဒေများ ပေါ်ထွန်း လာသင့်သည်။ မြန်မာပြည်တွင် လူတစ်ယောက် ၏ အသက်သည် တန်ဘိုး မရှိဖြစ်နေသည် မှာ ကြာခဲ့ပြီ မဟုတ်ပါလား။

အိတုတ် said...

မြန်မာဆိုတာဒါမျိုးလား တို့လည်းကြုံဖူးပါတယ် မှုခင်းလူနာမို့လို့ ရဲစခန်းမှာကြာရတာနဲ့ ဆေးရုံရောက်တော့လည်း ဆရာဝန်ကြီး ကမလာသေးရတာနဲ့ မသေသင့်ဘဲသေခဲ့ရတဲ့ သူတွေမှ အများကြီး ဘဲ သူတို့တွေပြောနေတဲ့ ဒီမိုကရေစီ ကဒါကိုမ ပြောင်းလှဲနိုင်တာ အံသြပါရဲ့ စရိတ်မျှသာပေး ကျန်းမာရေးတဲ့ အလကားပါ လူကြားကောင်းအောင်ဟစ်နေတာ

chit ko said...

သူ့မိဘတွေကသနားစရာပါ။ သူ့ညီနှစ်ယောက်က နာ၈စ်တုန်းကဆုံးသွားပါတယ်
သူကအခုထပ်ဆုံးသွားတော့

hasi said...

စည်းကမ်းမဲ့ဆိုင်ကယ်စီးပြီး ...ဆိုင်ကယ်နဲ့တိုက်တဲ့သူရဲ့အပြစ်ပါထည့်ပြောကြပါ။တဖက်သတ်မပြောပါနဲ့
တိုက်ပြီးပြီးခြင်းဆေးရုံပို့နိုင်ရင်-----
ဆေးရုံမပို့ပဲကိုယ်ရဲစခန်းရောက်ပြီးအလုပ်ရှုပ်မှာစိုးလို့သိသိကြီးနဲ့ဝိုင်းကြည့်နေတဲ့သူတွေ......
Why?

rain brave said...

စိတ်မကောင်းပါဘူး။ အင်ဂျင်နီယာတစ်ယောက်ဆုံးရှုံးသွားတယ်ဆိုတော့။

ppw said...

အဲဒါပဲ..မြန်မာနိုင်ငံမှာ အများကြီးမှ အများကြီးပဲ ပြုပြင်ဖို့၊ဒီကလေးလေးကို ဖြစ်ဖြစ်ချင်းမှာ သာ ဆေးရုံပို့နိုင်ခဲ့ရင်၊ ဆေးရုံရောက်ရောက်ချင်း လိုအပ်တဲ့ကုသမှုကို ပေးနိုင်ခဲ့ရင် အသက်ရှင်ကောင်းရှင်လာနိုင်ပါတယ်၊
သူများနိုင်ငံတွေမှာ ဆိုရင် အဲ့ဒီလို accident လူနာတွေဆိုရင်တစ်မိနစ်တောင်မစောင့်ရဘူး ဆေးရုံရောက်တာနဲ့ လိုအပ်သလို ချက်ချင်းကုသမှုပေးတယ်၊ အဲ့ဒီလို ပေးနိုင်အောင်လဲ လိုအပ်တဲ့ paramedic training လိုမျိုးကို အမြဲ update လုပ်ရတယ်၊ မြန်မာနိုင်ငံ မှာ အပြင်က လူတွေ ကို မပြောနဲ့ ၊ ဆေးလောက ထဲမှာ တောင် သိရသလောက်
တော့ အဲ့ဒီလို inservice training သင်တန်းတွေ ပြန်ပေးတယ်ဆို တာ မတွေ့ရသလောက်ပါပဲ၊ အများကြီးမှ အများကြီး လုပ်ဖို့ လိုပါသေးတယ်၊ ကျွန်တော်ချစ်တဲ့လူနှစ်ယောက် ကျွန်တော့မျက်စိရှေ့မှာတင် ကုသမှု နှောင့်နှေးခဲ့ခြင်းကြောင့် အသက် ဆုံးရှုံးခဲ့ရပါတယ်၊ အဲ့တုန်းက တော့ဘာမှ မသိခဲ့ပါဘူး၊ ရောဂါကြောင့်လို့ပဲ ထင်ခဲ့တယ်၊ သူများနိုင်ငံမှာ အလုပ်သွားလုပ်ဖူးတော့မှ အော်...ဒို့ နိုင်ငံက ဆေးပညာမှာ တော်တော် လေး ကို နောက်ကျနေပါလား ဆိုတာ သိခဲ့ရတယ်၊ လူတိုင်း လူတိုင်း ချစ်သူကင်းဝေးခြင်းမှ ငြိမ်းကြပါစေ၊ ကောင်းလေးလည်း ကောင်းရာ မွန်ရာသို့ လားပါစေ၊

Maung Maung said...

Accident တစ်ခုဖြစ်ပြီဆိုရင် အနီးဆုံး ဆေးခန်း ဆေးရုံ ဆရာဝန်နဲ့ ကုသခွင့် ရရှိစေသင့်ပါတယ်။ အခုတော့ အဲဒီအတားအဆီးက ဒုက္ခ ပေးသွားတာပါပဲ။

Robben.htoon said...

ဟုတ်တယ်..ကျွန်တော်လည်းပုသိမ်သားဘဲ..ဒါ့အပြင်..နည်းပညာကျောင်းသားဟောင်းတစ်ဦးဘဲ...

ဘယ်..ဟုတ်မလဲ..စည်ပင်ဘီးခွန်တဲ့...မိုးလေဝသမှာ် ဖမ်းလိုက်.အ.ထ.က(၃) ရှေ့မှာ ဖမ်းလိုက်..ရုပ်ရှင်ရုံရှေ့မှာ ပုန်းနေပြီးဖမ်းလိုက်နဲ့...အရေးမပါ...တစ်နေ့ကိုမှ...

တစ်ထောင်ငါးရာလောက်ဝင်ငွေရှိတဲ့.

.နိုင်ငံမှာ...ဟိုနေရာဖမ်းလိုက်...

ဒီနေရာကဖမ်းလိုက်....သူ့ဘိုးတော်တွေကိုတော့....လွတ်ပေးလိုက်ဘာလိုက်..........

ဒီကိစ္စမှာ....ယဉ်ထိန်းတွေနဲ့...စည်ပင်တွေပေါင်းပြီး...လုပ်လို့ဖြစ်တာ.....ရှားပါးနေတဲံခေတ်မှာ...ဆိုင်ကယ် without စီးတာ...ယဉ်မောင်းလိုင်စင်မရှိတာ...အဆန်းမဟုတ်ဘူးကွာ..ငါတို့ပြည်သူက ဒီလောက်လေးဘဲ ဥပဒေ ချိုးဖောက်တာ..ဒင်းတို့က...မိုးလုံးပြည့်ချိုးဖောက်နေတာ..... နောက်တစ်ခု..ပုသိမ်ဆေးရုံဆိုတာ ဆုပ်လည်းစူး စားလည်းရူး..ဆိုတဲ့နေရာဘဲ...သောကနဲလာတဲ့သူကိုလည်ပင်းညှစ်ဖို့ဘဲတွေးနေတာ...စဉ်းစားကြည့်ပါဗျာ...

ဆရာဝန်ကြီးတွေကိုယ်တိုင်က ဘာလဲ ကန်တော့ကြေးလား...တောင်းသတဲ့...မပေးရင်လည်း.....ကိုယ့်လူနာဘဲခံရမှာ.

..ကြည့်ကြလေဗျာ.....ဒါမျိုးဆေးရုံတွေ မြန်မာနိုင်ငံမှာ ဘယ်လောက်များနေပြီလဲ.....သမာဒေဝ နတ်တွေ...လည်း...မျက်စိကန်း..နားပိတ်နေသရော့လား.....

ပုသိမ်အကြောင်းကိုပြောရရင်တော့......အင်း......့......

ဂေါင်းဖြူငနဲတွေကလည်း...ထစ်ခနဲဆို...ဘယ်ကတောင်းရမလဲဘဲ...ချောင်းနေတာ....ပြည်သူကို..

.ယူနီဖောင်းဝတ်တဲ့ ပြည်သူကအနိုင်ကျင်...

စည်ပင်နဲ....ဂေါင်းဖြူတွေ..

အခုလို ကျောင်းသားတစ်ယောက်သေမှ မဟုတ်ဘူး....မင်းတို့ကြောင့်.......တော်ပြီကွာ.....
သေသွားတဲ့ညီလေးရေ.......မင်းသေရတာ ထိုက်တန်ရဲ့လားကွာ...ဒို့နိုင်ငံကြီး ငြိမ်းချမ်းရေးရောင်ခြည်သန်းနေကာမှ မင်းမြင်မတွေ့သွားနိုင်ဘူးကွာ....

Powered by Blogger.