ဒေါ်အောင်ဆန်းစုကြည် ည ၁၀ နာရီခန့် မှာ စခန်းသစ်ကျွန်းမှ မြိတ်မြို့ ကို ပြန်လည်ရောက်ရှိ
ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ ကို ည ၁၀ နာရီ အထိ မြိတ်မြို့ ဆိပ်ငယ်ဘောတံတားမှာ စောင့်ကြို ခဲ့တဲ့ မြို့ သူမြိုသားများ
မတ်လ ၂၄ ရက်နေ့ ၂၀၁၂
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စခန်းသစ်ကျွန်းမှ မြိတ်မြို့ ကို ည ၁၀ နာရီဝန်ကျင်မှာ
ပြန်လည်ရောက်ရှိလာကြောင်းသိရပါတယ်။
ကျွန်းစုမြို့ နယ် စခန်းသစ် ၊ ကံမော်၊ ကျွန်းစု စတဲ့ ကျွန်းတွေကို သွားဖို့  စီစဉ်ထားပေမယ့်
စခန်းသစ်ကျွန်းကိုသာ သွားရောက်နိုင်ပြီး မြိတ်မြို့ ကို ပြန်လာခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ ပြန်ရောက်လာတဲ့ အထိ မြိတ်မြို့ သူမြို့ သားများ က
ဆိပ်ငယ်ဘောတံတားမှာ အင်အားများစွာနဲ့ တခဲနက်ကြိုဆိုခဲ့ကြပါတယ်။
 မြိတ်မြို့ ကန်ဖျားရပ် ကန်ဖျားလမ်းမကြီးပေါ်မှာရှိတဲ့ ကိုဝင်းနိုင်(ကြယ်တံခွန်)အိမ်မှ
  ညအိပ်ရပ်နားပြီး မတ်လ ၂၅ ရက်နေ့မှာတော့  မြိတ်မြို့ ၊ကန်ဖျားမြေနီလမ်းရှိ ဦးစောဂျက်
မြေပြင်တွင်ဟောပြောပွဲလုပ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။  
Myanmar News Now
11 comments:
ep said...
ဒေါ်စု နှင့်အဖွဲ့ ဘေးရန်ကင်းရှင်းပြီး မြိတ်ကို ပြန်ရောက်ကြောင်းသိရသည့်အတွက် MNN ကိုသစ်ကို ကျေးဇူးတင်ရပါကြောင်း ------
သတင်းလတ်လတ်ဆတ်ဆတ်တွေကိုလည်း စောင့်မျှော်နေပါကြောင်း ---
Lin Myat said...
အမေ နားပါဦးဗျာ တော်ကြာ အမေ့အကြောင်းရိုက်ထားတဲ့ The Lady ထဲက နေ၀င်းပြောသလို သူ့ဘာသာသူ ရှင်းသွားတာကောင်းတယ်ဆိုတဲ့ နည်းနဲ့ အမေ့ကိုပင်ပန်းအောင်လုပ်နေလားလို့ တွေးမိတယ် ကျန်သူတွေလည်း ဒါလေးကိုစဉ်းစားပြီး အမေ့ကျန်းမာရေးအတွက် အနားပေးကြပါလို့ပြောချင်ပါတယ် ကိုယ့်ဆီလာရင် အမေ့ကိုအားပေးလို့ရတာမှန်ပေမယ့် အမေကျန်းမာတာက တိုင်းပြည်အတွက် ကောင်းကျိုးပိုမရှိပေးဘူးလားခင်ဗျာ
TT9 said...
ko thit thank u so much for your good news
မြန်မာ့မြေ said...
မေစု ပြန်ရောက်ပြီလား ၀မ်းသာပါတယ်
သတင်းတင်ပေးတဲ့ ကိုသစ် ကို ကျေးဇူးတင်ပါတယ်
Moe Moe said...
ကိုသစ်ထူးလွင် သတင်းအတွက်ကျေးဇူးတင်ပါတယ်..
Anonymous said...
ကိုလင်းမြတ်ပြောတာမှန်ပါတယ်ခင်ဗျား... အမေဒေါ်စုကျန်းမာရေးကို
ဂရုစိုက်ဖို့ အထူးအရေးကြီးပါတယ်ခင်ဗျား...
ကျော်ထိုက် said...
ခုမှ ပဲ စိတ်ချမ်းသာတော့တယ် ကို သစ်ရေ အမေစု ပြန်ရောက်တဲ့သတင်း အတွက်....ကျေးဇူး...ပါပဲ ခင်ဗျာ....
shwebochokyi said...
ပြန်ရောက်ပြီဆိုလို့ ဝမ်းသာပါတယ်....အမေ့ ခရီးအတွက်စိုးရိမ်နေပါတယ်
အမေသက်ရှည်ကျန်းမာပါစေ
sean said...
ညက တချိန်လုံး စောင့်နေတာ အမေစု ပြန်ရောက်လာလို့ စိတ်အေးသွားပြီ..
အခက်အခဲတွေကို ကျော်လွား ဘို့ စိတ်အချရဆုံး နည်းလမ်းရှိမှ သွားပါဗျာ..
အမေစု ရေ ..အရေး အကြီးဆုံးဖြစ်တဲ့ အမေစု ရဲ့ ဘိုးဘွား တို့ ရဲ့ ဇာတိ မကွေး ခရီးစဉ် ကျန်သေးတယ်လေ.. အမေစု ကျန်းမာ အားရှိဘို့ လိုသေးတယ်..
ကျွန်းစုတွေဆီကို ရေဒီယို ကဘဲ အထူးအစီအစဉ် နဲ့ နှုတ်ဆက်လိုက်ပါဗျာ..
NLD လူငယ်တွေကိုဘဲ လွှတ်ပြီး အမေစုကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ စာရွက်တွေဝေ ခိုင်းလိုက် ရင် ကောင်းမလား.......
Unknown said...
ွအမေကျန်းမာရေးကောင်းမှ နောက်လုပ်ငန်းစဉ်တွေဆက်လက် ဆောင်ရွက်နိုင်မှာပါ။ ဘိတ်ရောက်တုန်းလေး အမောဖြေပါဦးလားအမေရယ်....။ အမေ့ကိုကူညီပေးသော ဘိတ်သူဘိတ်သားများ စီးပွားတိုးတက်ပါစေ.....။
Myo Min Aung said...
Dear Aunty Suu,
Plese try to take care your health.
You should be strong for our peoples until we got real Democracy.We all love you always and we always wish for your health and your safety. Pls be careful wherever you go Aunty. May God Bless You and Our Peoples Always.
Powered by Blogger.