ပခုက္ကူမြို့ပေါ်ရှိ စက်ရုံအလုပ်သမား နှစ်ထောင်ကျော် စက်ရုံအတွင်း မဲပေးနိုင်ရန် အစုလိုက်အပြုံလိုက် သန်းခေါင်စာရင်းပြောင်းရွှေ့

ပခုက္ကူမြို့ပေါ်ရှိ စက်ရုံအလုပ်သမား နှစ်ထောင်ကျော်မှာ စက်ရုံအတွင်း၌ မဲပေးနိုင်ရန်အတွက် အစုလိုက်အပြုံလိုက် သန်းခေါင်စာရင်း ပြောင်းရွှေ့မှုပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပခုက္ကူမြို့နယ်)နှင့် ဒေသခံပြည်သူများထံမှ သိရပါသည်။

အဆိုပါ အလုပ်သမားများမှာ ပခုက္ကူမြို့ပေါ် ရပ်ကွက်များတွင် နေထိုင်သူများဖြစ်ကြောင်းနှင့် ချောက်ကန်ကျေးရွာရှိ အထည်ချုပ်စက်ရုံနှင့် ရွှေတန့်တစ်ကျေးရွာရှိ ချည်မျင်နှင့် အထည်စက်ရုံများသို့ စက်ရုံမှူးများ၏ ညွှန်ကြားချက်အရ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းက ပြောင်း ရွှေ့ရခြင်းဖြစ်ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းထံမှ သိရသည်။

''ပခုက္ကူမှာ စက်ရုံနှစ်ရုံ ရှိတယ်။ အထည်ချုပ်က ချောက်ကန်ကျေးရွာမှာ ရှိတယ်။ ချည်မျင်က ရွှေတန့်တစ်မှာရှိတယ်။ စက်ရုံမှာရှိတဲ့ အလုပ်သမားတွေထဲက စက်ရုံအပြင်မှာနေတဲ့ အလုပ်သမားတွေကို ပုံစံ (၁၀)နဲ့ မဲ စာရင်းပြောင်းယူတယ်။ စက်ရုံထဲကို ပုံစံ ၁၀ ရောက်ပေမယ့် ဟိုမှာ နေစရာထိုင်စရာ မရှိဘူး။ မဲပေးဖို့ သီးသန့်အနေနဲ့ပုံစံ(၁၀)ပြောင်းတာ။ စက်ရုံထဲမှာလည်း မဲရုံရှိတဲ့အတွက် အဲဒီမှာပဲ မဲပေးခိုင်းတော့မှာပေါ့။ စက်ရုံ နှစ်ရုံပေါင်း အလုပ်သမား ၂၃၀၀ ကျော် လောက်ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ ရှိတယ်လို့ အလုပ် သမားတွေဆီကနေ ကျွန်တော်ကြားရပါတယ်''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပိုက်ကိုက ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဥပဒေအရ ပြောင်းရွှေ့သူများမှာ ရက်ပေါင်း ၁၈၀ မကျော်သေးသူများဖြစ်ခြင်းကြောင့် မဲပေးပိုင်ခွင့် မရှိကြောင်း ကန့်ကွက်စာ တင်သွင်းထားသည်ဟု သိရသည်။

''၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲတုန်းကတော့ စက်ရုံမှူးတွေရှေ့မှာ အမှန်ခြစ်ခြစ်ရတယ်။ အခုတော့ ဘယ်လို လာဦးမလဲမသိဘူး။ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိရင်တော့ ကိုယ်ကြိုက်တဲ့ပါတီကိုပဲ မဲပေးမှာပါ''ဟု အလုပ်သမားတစ်ဦးက ပြောပါသည်။ ပခုက္ကူမြို့နယ်တွင် မဲပေးခွင့်ရှိ သူဦးရေ တစ်သိန်း ကိုးသောင်းကျော်ရှိပြီး မဲရုံပေါင်း ၃၂၄ ရုံရှိကြောင်း သိရှိရပါသည်။
EMG
ပခုက္ကူမြို့ပေါ်ရှိ စက်ရုံအလုပ်သမား နှစ်ထောင်ကျော် စက်ရုံအတွင်း မဲပေးနိုင်ရန် အစုလိုက်အပြုံလိုက် သန်းခေါင်စာရင်းပြောင်းရွှေ့ ပခုက္ကူမြို့ပေါ်ရှိ စက်ရုံအလုပ်သမား နှစ်ထောင်ကျော် စက်ရုံအတွင်း မဲပေးနိုင်ရန် အစုလိုက်အပြုံလိုက် သန်းခေါင်စာရင်းပြောင်းရွှေ့ Reviewed by သစ်ထူးလွင် on 15:58 Rating: 5

5 comments:

junight said...

ဒီလိုလူမျိုးတွေရှိနေသမျှ တိုင်းပြည်ရဲ့အနာဂတ် အတွက်ရင်လေးမိတယ်၊
ရွေးကောက်ပွဲ ဥပဒေ ကို ဂရုမစိုက်ဘူးဆိုတဲ့လုပ်ရပ်လား၊ ဥပဒေအထက်မှာ
ဘယ်လိုရောက်နေပါလိမ့်၊အာဏာကို သိပ်ခါ နဲ့ လဲ တာအကျင့်ပါနေပြီ

အညာသားကြီး said...

မြန်မာပြည်သူပြည်သားတွေ သတ္တိရှိဖို့ လိုအပ်နေပါပြီ။ စက်ရုံမှူးရှေ့ မို့ ဘယ်လူကြိးရှေ့မို့ ကိုယ်ကြိုက်တဲ့ပါတီမပေးရဲဘူးဆိုတဲ့ အတွေးအခေါ်တွေရှိနေသမျှတော့ ငါတို့ကို ဒီဖွတ်တွေ ခေါင်းပုံဖြတ်အနိုင်ကျင့်တာ ခံနေကြရအုံးမှာပဲ။ အားလုံးက သတ္တိရှိရှိနဲ့ တော်လှန်ရဲရမဲ့ အချိန်ရောက်နေပါပြီ။ တကမ္ဘာ လုံးကလဲ စောင့်ကြည့်နေကြပါသည်။ စက်ရုံအတွင်းမှ ၃ ပုံ ၂ ပုံသာ ညီပါစေ ခင်ဇျားတို့တတွေရဲ့ တော်လှန်ရဲတဲ့ စိတ်ဓါတ်က ကမ္ဘာကျော်ရုံတင်မက ကျနော်တို့ ခင်ဗျားတို့ သားစဉ်မြေးဆက် အထိ ပါ ဒီထက်မက ကောင်းစားလာမယ်ဆိုတာ တွေ့ပါလိမ့်မယ်။ ပြီးတော့အခု ခင်ဗျားတို့ ကိုယ်တိုင် နိုင်ငံသားအခွင့်အရေးတွေ မရလို့ အကြောက်ကြီးကြောက်နေရတဲ့ ကောင်တွေ ကိုလည်း ခင်ဗျားတို့ ချေဖ၀ါးအောက် ပြားပြားမှောက် ပြန်ရောက်လာစေဖို့ဆိုတာ ခင်းများတို့ ကျနော်တို့ရဲ့ မဲပေးတဲ့ လက်တွေက အဓိကကျနေပါတယ်။ ဒီမိုကရေစီစနစ်မှာ အစိုးရဆိုတာ ပြည်သူ့ကျွန်ပါ။ခင်များတို့ ကျနော်တို့ တတွေ ဒီအာဏာရှူး အစိုးရ လူကြီးတွေကို ခင်းများတို့ ကျနော်တို့ အမိန့်ကို နာခံပြီး ပြည်သူရဲ့ ကျွန်တွေ ဖြစ်အောင် ဆုံးမဖို့ ဆိုတာ ဒီ မဲပေးတဲ့ အချိန်လေး မိနစ်ပိုင်းက အဆုံးအဖြတ်ပေးမှာပါ။ ကျနော်တို့တတွေ ဆက်လက်ပြီး ဒီလက်၁ ဆုပ်စာလူ ၁ စု ကို ရေမြေသနင်းပြည့်ရှင်မင်းများကဲ့သို့ ကြောက်နေကြအုံးမှာလား။ မိုးရေ တစက်စက်လေးတွေကို စုလိုက်ရင် တောင်နံရံကိုတောင် ပြိုလဲသွားစေနိုင်တဲ့ အင်အာြး့ပင်းထန်တဲ့လှိုင်းလုံးကြီးတွေ ဖြစ်လာတယ်ဆိုတာ မမေ့ကြပါနဲ့ဗျာ။

Anonymous said...

ပြည်သူတွေ ရဲရဲ ၀ံ့ဝံ့ နဲ သတ္တိရှိရှိ မဲပေးကြပါ . . ဘယ်သူမျက်နှာမှ ကြည့်နေစရာမလိုပါ ကိုယ့်အိမ်က သားသမီး တွေရဲ့ ဘ၀ မိသားစု ဘ၀ အနာဂတ်လှပဖို့  အရေး မဲတစ်ပြားအတွက် ပြတ်သားစွာ ဆုံးဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ် . . .

ko htoo said...

မဟုတ်တဲ့နေရာမှာကျ ဥာဏ်နီဥာဏ်နက်လဲထွက်ပါ့ အားကျိုးမာန်တက်လဲ ရှိပါ့ဗျာ။ ကောင်းတဲ့ဘက်မှာသာ အနှစ်နှစ်ဆယ်ကျော်လုံး အကြံထုတ်၊ ကျိုးစားခဲ့ရင် မဲတစ်ပြားရဖို့ ဒါလောက်မခက်ပါဘူးဗျာ။ အခု ခင်ဗျားတို့ဟာက မျက်နှာမှာ ပေနေတဲ့အိုးမဲကို လက်ခုနဲ့ကုန်းသုတ်သလို ဖြစ်နေပြီ။ နကိုအိုးမဲမပျောက်တဲ့အပြင် အသစ်အသစ်တွေသာထပ်ပေကုန်ရဲ့။ ခင်ဗျားတို့ မတရားတာတွေများလို့ လူထုကမထောက်ခံတာကို မတရားတဲ့လုပ်ရပ်နဲ့ ထပ်ပြီးဖာထေးနေတာကို ပြောချင်တာပါ။

luckyboy said...

မှန်တယ်ဗျာ

Powered by Blogger.