ဒေါ်စု အားလာရောက်အားပေးသည့် ရဲဘော်ကျော်ဇင်ဝင်း အရေးယူခံထားရကြောင်း ဒေသခံများအတည်ပြုပြောကြား

ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်အားပေးနေသည့် ရဲဘော်ကျော်ဇင်ဝင်း
ရှမ်းပြည်နယ် ကလောမြို့အောင်နိုင်ရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်လူထုတွေ့ဆုံပွဲပြုလုပ်သည့်နေ့က စကားပြောစင်မြင့်၏ လက်ယာဖက်တွင် စစ်ယူနီဖေါင်းနှင့်ရဲဘော်လေးတစ်ယောက်လာရောက်နားထောင်နေသည်ကိုတွေ့ခဲ့ရသည်။

ထိုရဲဘော်ကလေးက ဒေါ်အောင်ဆန်းစုကြည်အားလာရောက်နှုတ်ဆက်ခဲ့သည်ကို ရိုက်ကူးထားခဲ့သည့်ဓါတ်ပုံများသည် အင်တာနက် ဖေ့(စ)ဘွတ်စာမျက်နှာများတွင်ပြန့်နှံ့နေခဲ့ပြီး ထိုရဲဘော်လေးဖမ်းဆီးခံထားရသည်ဟူသည့်သတင်းများပြန့်နှံ့နေခဲ့သည်။

ရှမ်းပြည်နယ်ရှိ ခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းများအရ ဒေသခံတစ်ယောက်က YPI သို့ဆက်သွယ်ပြောကြားရာတွင် ထိုနေ့တွင်လာရောက်နားထောင်ခဲ့သော ရဲဘော်လေးသည် ကလောမြို့မှတပ်မ၅၅လက်အောက်ခံတပ်သားကျော်ဇင်ဝင်းဖြစ်ပြီး အရက်သေစာသောက်စားမှု၊ တပ်စည်းကမ်းဖေါက်ဖျက်မှုစသည့်စွဲချက်တို့ဖြင့်တပ်ချုပ်ရုံးခန်းသို့ဆင့်ခေါ်ထားခံရသည်ဟုသိရှိရပါသည်။
ဒေါ်စု အားလာရောက်အားပေးသည့် ရဲဘော်ကျော်ဇင်ဝင်း အရေးယူခံထားရကြောင်း ဒေသခံများအတည်ပြုပြောကြား ဒေါ်စု အားလာရောက်အားပေးသည့် ရဲဘော်ကျော်ဇင်ဝင်း အရေးယူခံထားရကြောင်း ဒေသခံများအတည်ပြုပြောကြား Reviewed by သစ်ထူးလွင် on 03:07 Rating: 5

17 comments:

ဂေါက်သီး said...

အော်..
အတ္တတွေ ကြီးလိုက်ကြတာ
သူတပါးရဲ့ စိတ်လွတ်လပ်ခွင့်ကို အတင်းအဓမ္မ ချုပ်နှောင်နေတာ ရပ်သင့်ပါပီ

Anonymous said...

စစ်သားလည်းလူမို့ ၄င်း၏လူ့အခွင့်အရေးကို လေးစားသင့်ပါတယ်။

ရာထူးအဆင့်အဆင့်သည် ကျွန်မဟုတ်၊ကျေးမဟုတ် စစ်တပ်အတွင်း ဖန်တီးထားသော သခင်ကျွန်စနစ် အာဏာရှင်အကျင့်ဆိုးစနစ်ကို တော်လှန်ပြောင်းလဲသင့်ပါပြီ။

Shwe Zin said...

Will be shot 3 days later from reliable sources

tharzaw said...

နိုင်ငံတကာရဲ့ တပ်မတော်တွေဟာ ဘယ်လိုစနစ်ကျင့်သုံးကြတယ်ဆိုတာ သမ္မတကြီးနှင့်တကွ
ဗိုလ်ချုပ်ကြီးတွေသိကြလိမ့်မယ်၊ မြင်ကြလိမ့်မယ်ဆိုတာ
ယုံကြည်ပါတယ်။ ဒီလိုယုံကြည်မိတဲ့အလျောက် အောက်ခြေမှာ
ဘာတွေဖြစ်နေတယ်၊ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကို မျက်ကွယ်မပြုဘဲ ရှာဖွေဖော်ထုတ်ပြီး သန့်စင်တဲ့
တပ်မတော်တစ်ရပ်ကို ဖွဲ့စည်းတည်ဆောက်သင့်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းတည်ထောင်ခဲ့တဲ့ပြည်သူ့
တပ်မတော်ကြီးကို ဖြစ်ကတတ်ဆန်းတပ်မတော်မဖြစ်အောင်
တပ်မတော်သာအမိ၊ တပ်မတော်သာအဖ မဖြစ်အောင်
(ပြည်သူသာအမိ၊ ပြည်သူသာအဖဖြစ်အောင်)လုပ်သင့်ပါပြီ။

ကိုငလင်း said...

NLD ပါတီသည် နိုင်တော်ကိုပုန်ကန်ခြာနားနေသော မတရားအသင်းမဟုတ်ပါ။
ရဲဘော်ကျော်ဇင်ဝင်း၏ လုပ်ရပ်သည်လည်း နိုင်ငံတ်ာကိုပုန်ခြင်းမဟုတ်ပါ။
လူတစ်ဦးချင်းစီ၏ကိုယ်ပိုင်အခွင့်အရေးကို မျက်ကွယ်ပြုပြီးအပြစ်ပေးအရေးယူသော သဘောထားသေးသိမ်သည့် လုပ်ရပ်သည်သာ တပ်မတော်၏သိက္ခာကိုညှိုးနွမ်းစေပါသည်။ ၄င်းလုပ်ရပ်အားတပ်မတော်၏အမိအဖဖြစ်သောပြည်သူ၏ ကိုယ်စား ကျွန်ုပ်တို့မှပြင်းထန်စွာကန့်ကွတ်ရှုံ့ချပါသည်။

Anonymous said...

ကျွှန်တော် တို့ ဟာနိုင်ငံရေးကို ရေရေရာရာ မသိခဲ့ရပါဘူး အခုလို သိခွင့်ကြုံလာတော့ ပိုပြီးစိတ်ဝင်စားတာပေါ့ အရင်က အာဏာရှင်တွေဟာ
သတင်းကို အမှောင်ချပြီတော့ လုပ်နေတာဆိုတော့ ပြည်သူတွေက ဘယ်လို
လုပ်ပြီချစ်တော့မှာလဲ ကိုယ်နေတဲ့ နိုင်ငံမှာ ဘာတွေလုပ်နေလဲ ဘာတွေဖြစ်
နေလဲ စိတ်ဝင်စားတာပဲဗျာ ဒါကိုအပြစ်လို့ ပြောလို့ မရပါဘူး အခု ရဲဘော်
ကျော်ဇင်ဝင်းဟာလဲ သူ့ ရဲ့ ဒုက္ခတွေကို သူသိလို့ နေမှာပေါ့ အဲ့ဒီထဲမှာနေ ရင်ဘာသိရလဲ ဘာပြောရလဲ ဘာလုပ်ရလဲဆိုတာ အားလုံးသိတယ်လေ ကျွှန်တော်ပြောခြင်တာက တော့လူငယ်တိုင်း နိုင်ငံရေးကို လုပ်သင့်တယ်လို့  ကိုတတ်နိုင်တဲ့ဘက်ကနေလုပ်သွားမယ်ဆို
ရင် အကောင်းဆုံးပါပဲ

san said...

တကယ့်တော့ အဲ့ဒါ..အမြင်ကတ်ပုဒ်မ တွေပါ...တကယ်တန်းတော့...စစ်တပ် ဆိုတာ..အာဏာရှိမှ နေလို့ ကောင်း သလိုဖြစ်နေပီ...

junight said...

မကြာခင်က လစ်ဗျား၊အီဂျစ် မှာ ဒီလိုပုံစံမျိုးဟာ အတိုက်အခံဘက်ပြောင်း
တဲ့ပုံစံလို့သိနေကြတယ်၊ ဒီ က အခြေအနေနဲ့မတူဘူး၊ဒါပေမဲ့ စိုးရိမ် လို့
နောက် လူတွေမလုပ်ရဲအောင် ဆုံးမလိုက်တာပါ
အားလုံးပျော်ရွှင်နေတဲ့ မြန်မာပြည်ကြီးကိုမြင်ချင်လှပါပြီ

Anonymous said...

Media (so many journals ) should press about it.

ktd said...

ယုံကြည်တယ်၊ လေးစားတယ်၊ အားကိုးတယ်ဆိုတာ ရင်ထဲကခံစားချက်ပါ၊
စစ်သား၊ ရဲသား၊ ဘယ်သူဘယ်ဝါ၊ ဘယ်ဘာသာမို့၊ ဘယ်လူတန်းစားမို့၊ အလွှာတွေ ခြားနေလို့၊ ဂုဏ်တွေ၊ ပကာသနတွေ၊ အ၀တ်အစားတွေ၊ ယူနီဖောင်းတွေ၊ ဘာတွေနဲ့မှ ခြားနားနေစရာ မလိုဘူးထင်တယ်၊ ပြည်သူဘဲလေ၊ ဘာဘဲဝတ်ထား၊ ၀တ်ထား၊ အ၀တ်အစား၊ ယူနီဖောင်း၊ ဒါတွေက ပညတ်ချက်တွေပါ။ အပေါ်ယံအလွှာတွေပါ။ အနှစ်က ရင်ထဲမှာ၊ ဦးနှောက်ထဲမှာ။ ။ ။

reality2007 said...

ချစ်တာတောင် ချစ်လို့မရတော့ဘူးလား အမေစုကိုချစ်တာ တိုင်ပြည်သစ္စာဖေါက်တာမဟုတ်ဘူးဗျ။

ကိုအောင်

ရာရာ said...

ကျွန်တော်စိတ်ထဲမှာတော့ ဒီအဖွဲ့အစည်းကြီးဟာ အော့နှလုံးနာရွံရှာနေမှာပါ။ ဘယ်လိုမှ လက်ခံနားလည်လို့ရတော့မှာမဟုတ်ပါဘူး။..တကယ့်စည်းအပြင်ကလူတွေလိုပဲစိတ်ထဲမှာစွဲနေပါပြီ။ ကမ်းကုန်အောင်ရက်စက်ရုတ်မာခဲ့ကြတာပဲလေ။

မြတ်စန္ဒာ said...

ကို San ရေ စစ်တပ်ဆိုတာ အာဏာရှိမှ နေလို့ကောင်းတယ်ဆိုတာမှားပါတယ်။
`` အဖေ ဗိုလ်ချုပ်၊ မိန်းမ မိုးကုတ် ´´ မှနေလို့ကောင်းတာဗျ။ ကိုယ့်အဖေ ဗိုလ်ချုပ်မှမဟုတ်လို့ကတော့ သွားပေတော့ နယ်စွန်နယ်ဖျား၊ ရှေ့တန်း။ အဲဒါမှမဟုတ်ရင် မိန်းမက ချမ်းသာရင် လိုက်ပေးကမ်း ``ဂါရဝေါစ၊ နိဝါတောစ´´ ဆိုတဲ့အတိုင်း လုပ်နိုင်ရင်တော့ မြို့ကြီးများမှာ အေးဆေးစွာ နေနိုင်ပါတယ်။ တပ်သားအဆင့်မှ ဗိုလ်မှူးအဆင့် အထိကို ဆိုလိုပါတယ်။ တပ်က ကိစ္စများကို အိတ်စိုက်ဆောင်ရွက်နိုင်လို့ကတော့ တော်လိုက်တယ့်ကောင်လေး လို့ ပြောပြီး ၊ မစိုက်နိုင်သူများကတော့ စောက်သုံးကို မကျဘူးဆိုပီး နေ့စဉ် အဆူအဆဲခံ ဖို့သာပြင်ထားပေတော့ဗျား။ ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်များ ဖုန်းလေးခါးချိတ်၊ ကား၊ ဆိုင်ကယ်လေးတ၀ီဝီနဲ့ သွားနိုင်နေရင်တော့ သေချာတာက သူ့မိဘ၊ သို့မဟုတ် မိန်းမ က ချမ်းသာသူများပါတယ်။ ဂွင်ခိုင်လို့ သုံးနိုင်သူက လက်တစ်ဆုပ်စာတောင် မရှိပါဘူး။ အများပြည်သူများ အမြင်ရှင်းစေရန် လက်အောက်နှင့် အထက်ကို ခွဲခြားနားလည်စေရန် ရေးခြင်းဖြစ်ပါတယ်။ တပ်မတော်တွင်းမှ တပ်သားမှ ဗိုလ်ကြီးအဆင့်အထိဟာ ထားရာနေ၊ စေရာသွား၊ ပေးတာယူ၊ ကျွေးတာစား၊ ပြန်မပြောနဲ့ ဆိုတဲ့ ဘောင်အောက်မှာ ရှင်သန်နေရသူများပါ။ (မှတ်ချက်။ လူကြီးသားများမပါ။) ဒါကြောင့် စစ်သားဆိုရင်မုန်းနေကြသူများ စစ်သားတိုင်းကို မမုန်းကြစေလိုလို့ပါ။ ဒီ တပ်သားလေးကျော်ဇင်ဝင်းဟာ တော့ ဒီအထဲမှ ရဲဝံ့စွာ မိမိဆန္ဒကို ဖော်ထုတ်ရဲသူမို့ ဂုဏ်ယူမိပါတယ်။ ကျန် တပ်မတော်သားများလည်း ရုန်းထွက်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်။

myolay793 said...

စစ်သားလည်းလူပါပဲ
ချစ်လို့ရပါတယ်၊ စည်းကမ်းလည်းစည်းကမ်းပဲ၊ ဒါပေမယ့် ဒါပေမယ့်ပေါ့ဗျာ၊ အင်း အဲဒီနေရာမှာသာ အကောင်တစ်ကောင်ဆိုရင် မဖြစ်နိုင်ပါဘူးလေနော် သိရဲ့သားနဲ့ ချစ်သောသူများ၊ မုန်းသောသူများ အားလုံးမေတ္တာထားပေးကြပါ ... ကျေးဇူးပဲ ပြောခွင့်ဆိုခွင့်လေးပေးတာ...

tko said...

လာအားပေးလို့ဖမ်းတယ်ဆိုရင်...လက်ဆွဲနှုတ်ဆက်တဲ့အရာရှိတွေထောင်ချရမှာ....

M said...

ဟေ့ စစ်ယုတ်မာချုပ်တွေ.... ဒါလား ဒီမိုကရေစီစနစ်..
နိုင်ငံတကာက လေ့လာစောင့်ကြည့်တဲ့သူတွေရှေ့တော့ တစ်မျိုး၊ နောက်ကွယ်မှာတော့ တစ်မျိုး။ ကြည့်ကြပါဦးနိုင်ငံတကာလူကြီးများ..

honey said...

အောက်တန်းကျနေတုန်းပဲ။
ဒီမိုကရေစီဆို။တပ်သားတွေခင်ဗျာသနားပါတယ်။
သူတို့ကစစ်ခေါင်းဆောင်တွေရဲ့ဓါးစာခံဘ၀တွေပါ။
နုံ့ချာတဲ့သူတို့ဘ၀ကိုသူတို့သိသော်လည်း
ပြည်သူတွေသာသာပေါ့...လက်နက်ကြောက်လို့ငြိမ်နေကြတာပါ။
သူတို့တပ်ထဲမှာလည်းကြီးနိုင်ငယ်ညှင်းနဲ့
ခေါက်ရိုးကျိုးနေတဲ့အစဉ်လာကိုတိုက်ဖျက်ပြောင်းလဲပေးနိုင်မှာ
တဦးတည်းသောမီးအိမ်ရှင်အမေစုရယ်သာလို့
ရှ၇ုားရောက်စစ်ဗိုလ်တဦးရဲ့ရင်ဖွင့်စကားပါ။
ဘာကြောင့်တပ်ထဲဝင်သလဲမေးကြည့်တော့
သူတို့ကနယ်မှာနေတာဆင်းရဲတယ်။
သူတို့မိဘတွေသိထားတာအာဏာရှိရင်မြန်မာပြည်မှာကြောက်စရာမလိုဘူး။
သူဌေးဖြစ်လည်းမြန်တယ်တဲ့။ဒီအတွက်၁၀တန်းအောင်တော့D.S.Aကို
မိဘတွေက၀င်ခိုင်းလိုက်တာတဲ့...တကယ်တမ်းအတွင်းစည်းထဲမှာ
သူဌေးဖြစ်ဖို့ကမိုက်ရူးရဲဆန်ရဲသူ
ပါးရီုက်နားရိုက်မှားမှားမှန်မှန်ငုံ့ခံနိုင်သူတွေ
နောက်ကငွေထုတ်နဲ့လိုက်နိုင်သူတွေ
ကော်ကပ်တက်သူတွေလောက်သာနေရာရကြတာ
ဒါတွေသိလာလို့လည်းတပ်ထဲကနေထွက်ခွင့်မရှိဘူးတဲ့။
ရတဲ့လစာကိုလည်းအထက်အရာရှိကြီးကိုဖါးယားလို့
ကုန်တယ်။ငတ်တလှည့်ပြတ်တလှည့်နဲ့တဲ့
တပ်မတော်သားတွေလည်းသူတို့ခံစားချက်နဲ့သူတို့ရှိကြပါတယ်။
၃ပွင့်လောက်ထိတောင်အကြွေးတပူပူနဲ့
တချို့အရာရှိလေးတွေလည်းအကျင့်ပျက်နေကြပြီ.။
သူဌေးသမီးတွေဖန်..ချူစား..ငယ်ငယ်ကလေးတည်းကရွာကရည်းစား
ကိုတောင်ပစ်ပြီးပိုက်ဆံရှိတဲ့လင်ရှိမယားတွေနဲ့ယူကြတာတွေလည်း
အပြင်မှာဖြစ်ပျက်နေတယ်။တိတ်တိတ်ပုန်းတွေ
အစုံပါပဲ..အကျင့်ပျက်ရတာလုံလောက်တဲ့လစာမရှိကြလို့ပဲ..

Powered by Blogger.