ဆရာစံဇာဏီဘိုနှင့် တွေ့ဆုံခြင်း

'စစ်အခြေစိုက်စခန်း ဖြစ်လာဖို့မြင်တယ်'


နက္ခတ္တဗေဒပညာရှင် ဆရာ စံဇာဏီဘို (ဓါတ်ပုံ-Google Images)
ဆရာစံဇာဏီဘိုနှင့် တွေ့ဆုံခြင်း

ဇာဏီထွဏ်း 
  • မကြာမီ ရောက်ရှိလာတော့မည့် မြန်မာ့နှစ်သစ်ကူးကာလမှ စတင်ကာ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်များကို ဆရာစံဇာဏီဘိုနှင့် တွေ့ဆုံမေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။

မြန်မာလို ၁၃၇၄ ခုနှစ်၊ ၀ါထပ်တဲ့နှစ်၊ မြန်မာနိုင်ငံမှာ အပြောင်းလဲတွေ အများကြီးရှိတယ်၊ အပြောင်းအလဲတွေ အများကြီးဖြစ်မယ်၊ နောက် ဒီလိုဖြစ်လာမယ့် အပြောင်းအလဲတွေက လူတွေ ထင်မှတ်ထားတာ၊ တွက်ဆထားတဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူး၊ ပုံမှန် နဲ့မတူတဲ့ အပြောင်းအလဲလေးတွေ ဖြစ်မယ်၊ အခြေခံအားဖြင့် ကျွန်တော်တို့ အယူအဆအရ ၀ါထပ်နှစ်လည်းဖြစ်တယ်၊ လာမယ့် ကဆုန်လပြည့် ကစပြီး၊ နယုလပြည့်အတွင်းမှာ တစ်ကြိမ် (မေ ၅ မှ ဇွန်လ ၁၈ ရက်) ၊ ဒုတိယ၀ါဆိုလပြည့်နေ့ကနေ တော်သလင်းလပြည့်နေ့မှာ (ဇူလိုင်လ ၁၉ရက်မှစက်တင်ဘာလ ၁ ရက် ) တစ်ကြိမ် အဲဒီကာလလေး တွေမှာ ထူးခြားတဲ့ ဂြိုလ်အနေအထားလေးတွေရှိတယ်။ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ ရှုထောင့်မှာ မတ်လ ၂၀မှာနိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လမ်းကြောင်းတွေ အပြောင်းအလဲတွေရှိတယ်၊ ဇွန်လ ၆ ရက်နေ့မှာလည်း နိုင်ငံတကာ အဆင့်ဆက်သွယ်မှု အပြောင်းလဲတွေရှိတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်ကစပြီး အောက်တို ဘာ ၅ ရက်အတွင်းမှာလည်း ထူးခြားတဲ့ အပြောင်း အလဲတွေ ဆက်တိုက်ရှိလာမယ်။ နောက်ပြီး အဓိက ပြသနာတစ်ခုက နိုင်ငံရေးနဲ့ပတ်သတ်တဲ့ ကဏ္ဍမှာ တည်ငြိမ်မှုအနေအထားနဲ့ ပြည်တွင်းငြိမ်းချမ်းမှု အနေအထားမှာတော့ ယုံကြည်ချက်ရှိတယ်။ ၂ အချက် က စီးပွားရေးက တိုးတက်တာ မမြင်ဘူး။ မှန်းသလောက် မဖြစ်လာဘူး၊ ထင်ထင်ရှားရှား တိုးတက်တာမရှိဘူး။ တန့်နေတယ်။ အချို့နေရာတွေမှာ ယုတ်လျှော့နေတယ်။  ယေဘုယျအားဖြင့် ပြည်ပရင်းနှီးမြုပ်နှံမှုကို မျှော်လင့်ကြ တဲ့အခါ ပြည်ပရင်းနှီးမြုပ်နှံမှုနဲ့ နည်းပညာရှုထောင့်ရဲ့ ရုတ်ချည်းဖွံ့ဖြိုးမှုကတော့  ဇွန်လ ၂၅ ကစပြီး သြဂုတ် ၂၃ ၀န်းကျင်မှာတော့ အနည်းငယ် အပြောင်းအလဲရှိတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင်တော့ နည်းတာ ပေါ့လေ။
ပြည်ပကို ရောက်ရှိနေတဲ့သူတွေရဲ့ အနေအထား ကတော့ ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံဖို့ မြင်တယ်။ ပြည်ပမှာ အမြဲနေထိုင်ခွင့်ရှိသူတွေရဲ့ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြုပ်နှံတာ မြင်တယ်၊ နိုင်ငံတကာအဆင့် ကုမ်္ပဏီ တွေရဲ့ ရင်းနှီးမြုပ်နှံမှု ရှုထောင့်ကတော့ အားနည်းတယ်။  ဒေသတွင်း အခြားနိုင်ငံနဲ့ ဆက်စပ်မှုမှာတော့ အနောက် နိုင်ငံတွေရဲ့ စစ်အခြေစိုက်စခန်း ဖြစ်လာဖို့မြင်တယ်။ လေတပ်အခြေစိုက်စခန်း၊ ရေတပ် အခြေစိုက်စခန်း တို့အတွက် မြန်မာနိုင်ငံမှာနေရာပေးခြင်း၊ ငှားရမ်းခြင်းတို့ မြင်တယ်။  စစ်ရေးအခြေစိုက်ဒေသတစ်ခုအဖြစ် မြန်မာ ပါဝင်ဖို့မြင်တယ်။
စစ်အခြေစိုက်စခန်း ဖြစ်လာဖို့မြင်တယ်။ လေတပ်အခြေစိုက်စခန်း၊ ရေတပ် အခြေစိုက်စခန်း တို့အတွက် မြန်မာနိုင်ငံမှာနေရာပေးခြင်း၊ ငှားရမ်းခြင်းတို့ မြင်တယ်။  စစ်ရေးအခြေစိုက်ဒေသတစ်ခုအဖြစ် မြန်မာ ပါဝင်ဖို့မြင်တယ်။
နိုင်ငံတကာဆက်ဆံရေးမှာ ကမ်္ဘာ့အရှေ့ပိုင်းဖြစ်တဲ့ ကိုရီယား၊ ဂျပန်၊ တရုတ်တို့နဲ့ စီးပွားကုန်သွယ်မှု အားကောင်းတယ်၊ အရှေ့အလယ်ပိုင်းအားနည်းတယ်၊ ဥရောပ အနည်းငယ်တက်မယ်၊ အရှေ့တောင်အာရှရဲ့ ဆက်သွယ်မှု လမ်းကြောင်းတော့ ပုံမှန်ထက် အားနည်းတယ်၊ အမေရိက အနည်းငယ်တက်မယ်။ ၁၃၇၄ ခုနှစ်မှာ အရှေ့တိုင်းပြည်နဲ့ ပတ်သတ်ပြီး ဆက်သွယ်မှု အားကောင်းမယ်။
ပညာရေး ပြုပြင်ပြောင်းလဲမှု အကြီးစားတွေတော့ မမြင်ဘူး၊ ဒါပေမယ့် စတင်ခြင်း အချို့မြင်တယ်၊ ကျန်းမာရေးကဏ္ဍမှာတော့ အဖွဲ့အစည်းဆိုင်ရာမှာ အားကောင်းမယ်၊ နိုင်ငံတကာ အဖွဲ့အစည်းကတော့ ပုံမှန်အဆင့်ပဲရှိမယ်၊ အမျိုးသားစီမံကိန်းဆိုင်ရာတွေ
မှာတော့ ဖွံ့ဖြိုးဖို့မြင်တယ်၊ အခွန်များလာမယ့် အနေအထားရှိတယ်။
စာပေလွပ်လပ်ခွင့် လုံးဝမမြင်ဘူး
စာပေလွပ်လပ်ခွင့် လုံးဝမမြင်ဘူး၊  တစ်စုံတရာ အတိုင်းအတာထိမမြင်ဘူး၊ ဒါပေမယ့်  ပုဂ်္ဂလိက နေ့စဉ် သတင်းစာဖြစ်ပေါ်လာဖို့တော့ ဇွန် ၆ လမှာမြင်တယ်၊   ထွက်မယ့် သဘောလောက်တော့ ရှိတယ်၊ လွပ်လပ်ခွင့် ဘယ်လောက်ပေးမလဲ မသိဘူး၊ လာမယ့် ဇွန်ဝန်းကျင်မှာ တစ်စောင်ကနေ သုံးစောင် ရနိုင်တယ်၊စီးပွားရေး ဆိုင်ရာမှာတော့ သိပ်မရှိဘူး၊
သဘာဝ ဘေးကတော့ တော်တော်လေး သတိထားသင့်တယ်။ မီး မီးက တောက်လျှောက် သတိထားရမယ်၊ မိုးတွင်း ပင်လျှင် သတိထားရမယ်။ ရေနဲ့ ပတ်သတ်တာ။ ရေကမရှိလို့ ရေငတ်တာရော၊ ရေကြီး ရေလျှံဖြစ်မယ်၊ နောက် မေလကုန်သြဂုတ်၊ အောက်တိုဘာမှာ
ငလျင်ဒဏ်မြင် တယ်၊

  • သဘာဝ ဘေးကတော့ တော်တော်လေး သတိထားသင့်တယ်။ မီး မီးက တောက်လျှောက် သတိထားရမယ်၊ မိုးတွင်း ပင်လျှင် သတိထားရမယ်။
  •  ရေနဲ့ပတ်သတ်တာ။ ရေကမရှိလို့ ရေငတ်တာရော၊ ရေကြီး  ရေလျှံဖြစ်မယ်၊ နောက် မေလကုန်သြဂုတ်၊ အောက်တိုဘာမှာ ငလျင် ဒဏ်မြင် တယ်၊
နောင်နှစ် ၂၀၁၃ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလည်း သတိထားရမယ်။နိုင်ငံတော်ရဲ့အုပ်ချုပ်မှု ယန်္တယား အကြီးစားပြောင်း လဲမှု မမြင်သေးဘူး၊ ရင်းနှီးမြုပ်နှံမှုတွေရဲ့ သဘာဝမှာ ဖိတ်ခေါ်မှုရှိပေမယ့် အကြီးစားရင်းနှီးမြုပ်နှံတာမျိုး
မမြင်ဘူး။ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေ ပူးပေါင်းလုပ်တာမြင်တယ်၊ ပြည်ပလုပ်ငန်းရှင်တွေ အပြည့်အ၀ လုပ်တာတော့ မမြင်ဘူး။
အဲဒီနှစ်မှာ ထူးခြားတာက မြန်မာနိုင်ငံအောက် ပိုင်းတွေမှာ အရမ်းဖွံ့ဖြိုးမယ်။ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်
တွေပေါ့။ ရန်ကုန်နဲ့အရှေ့တောင်ပိုင်းမှာ ဖွံ့ဖြိုးမှုနဲ့ အဆင် ပြေမှုတွေ မြင်တယ်။ စီမံကိန်းနဲ့ ပတ်သတ်ပြီး အတင်းအကြပ်လုပ်လိမ့်မယ်။ လုပ်တဲ့အခါမှာ နိုင်ငံ တကာ အဆင့်မ၀င်တာက ဒေသခံပြဿနာကြောင့်လို့ ဗေဒင်အရ မြင်နိုင်တယ်၊။   

The Express Times

ဆရာစံဇာဏီဘိုနှင့် တွေ့ဆုံခြင်း ဆရာစံဇာဏီဘိုနှင့် တွေ့ဆုံခြင်း Reviewed by သစ်ထူးလွင် on 05:51 Rating: 5

15 comments:

pyaponthu said...

ဗမာပြည် ကို မြန်မာ ပြည်လို့ပြောင်းကတည်း က မြန်မာ ပြည် စောင့်ထိုးဖြစ်သွားတာ သတိထားသင့်တယ်။နာမည် ဟာ အရေးကြီးတယ်။ အက္ခရာ စီရင်တောင် မြန်မာ ပြည်ဟာ အောက်မှာ ။ဒီကိစ္စ ပညာရှိ လူကြီးများ စဉ်စားသင့်တယ်။

koko said...

အဲဒီလူ လျှောက်ရမ်းနေတာ။ ဘာမှဗေဒင်ပညာနဲ့မဟုတ်ဘူး။ သူပြောသလောက်တော့ သတင်းလောကနဲ့အဆက်မပြတ်သူတိုင်းပြောတတ်တယ်။

သက်မောင် said...

တော်ပါတော့ ကိုစံဇာနီဗိုရယ်...
ဗေဒင်ကြည့်တာမဟုတ်ပဲ
မြန်မာ့နိုင်ငံရေး နိုင်ငံရေး/စီးပွားရေးသမားက ဝေဖန်တွက်ဆနေသလိုပဲ...

melodysky said...

ဘာတွေပြောနေတာလဲ မနက်ဖြန်ခင်ဗျားဘာဖြစ်မလဲ ပြောစမ်း မမှန်လည်ဖြတ်မယ်.......

myochit said...

အရူးချီးပမ်း လျှောက်ပြောနေတာ နည်းနည်းမှ မယုံနိုင်ပေါင်၊ ဒါတွေကို လက်ခံခဲ့လို့ နှစ်၄၀ အာဏာရှင်အောက် ၀ါးလျားမှောက်ခဲ့ရတာ။ တိုးတက်အောင် လုပ်ရင် တိုးတက်မယ်၊ ဆုတ်ယုတ်အောင် လုပ်ရင် ဆုတ်ယုတ်မယ်။ ဓာတ်ရိုက်ဓာတ်ဆင် အထက်လမ်း အောက်လမ်းတွေ မသုံးပါနဲ့တော့။ ဘာမှ ဘာမှ မဟုတ်ပါဘူး။

nyinyi said...

ဟုတ်ပါ့ အဲလောက်ကတော့ တို့လဲသတင်းတွေဖတ်နေတာပြောလို့ရတာဘဲ အာဖျံကွီးပါဘဲ...

Anonymous said...

မှန်လိုက်တဲ့ comment တွေ ဘာမှ အနှစ်သာ၇မ၇ှိဘူး ဟောနေတာတွေက

yangonthu said...

Don't believe him at all.
Pls don't post that kind of news at this valuable site.
Time is change, we should not believe " Bay Din ".

တမာတောမြေ said...

သူပဲ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ်ဆို...၂၀၁၃ ဖေဖေါ်ဝါရီ အကြောင်းပြောပြန်ပြီ... အညိုးညိုးပဲ...။

ဝင်းသထုံ said...

ဘာဗေဒင်လဲ တော်စမ်းပါဗျာ...အဲ့ဒီဗေဒင်လက္ခဏာဆိုတာချဲထီလိုပဲ ဟုတ်နိုးဟုတ်နိုးနဲ့...တကယ်ဖြစ်မလာနိုင်တဲ့အရာကို မျော်လင့်နေသလိုပဲ...

aung aung said...

မင်းတို့က ဆရာဗို လောက်တက်လို့လား ...???

Anonymous said...

ဆရာဘိုလောက်မတတ်ပေမဲ့ သူ့လောက်တော့ ရွှီးတတ်တယ်

Anonymous said...

ဟုတ်ပမလား မောင်ဘို ....

Anonymous said...

(စံဇာနီ) ကုလားကို သမားမှတ်ကိုးကွယ်ရင်ဖြင့်
ပြည်မြန်မာ သုံးစေမယ့်အကြောင်း
မမှန်ရင် ဘယ်လိုတာဝန်ယူမလဲ။ တို့လူမျိုးများ မေ့တတ်ရန်ကော။

Anonymous said...

ကိုယ့်ထိုက်နဲ့ ကိုယ့်ကံဘဲရှိပါစေ...............

Powered by Blogger.