ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊
ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာ ချောင်းအတွင်း
လိုင်စင်မဲ့အမည်မပါ ပဲ့ထောင်စက်လှေနဲ့
သယ်ဆောင်လာသော ကျွဲထီး (၈) ကောင်၊ ကျွဲမ (၅)
ကောင် ကို တရားမ၀င်သယ်ဆောင်လာသူ လေးယောက်
နဲ့အတူ ကျုံကူကျေးရွာအုပ်ချုပ်ရေးမှူး နှင့်
(၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က
(၈.၃.၂၀၁၂) ကြာသပတေးနေ့၊ ညနေ (၆း ၀၅)
နာရီခန့်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ဖမ်းဆီးရမိကြောင်းကို
ကျုံကူကျေးရွာအုပ်ချုပ်ရေးမှူး ကနေပြီးတော့ (၆
း ၄၈) နာရီခန့်မှာ ဖျာပုံမြို့နယ် ရဲစခန်းကို
အကြောင်းကြားခဲ့ပါတယ်။ ရဲစခန်းသို့
အကြောင်းကြားနေစဉ်မှာပဲ
ကိုးအိမ်တန်းကျေးရွာနေ ဦးသန်းဝင်းနဲ့ တူဖြစ်သူ
မောင်ကျော်တို့ နှစ်ဦး ရောက်ရှိလာပြီး၊
ဒီကိစ္စအပေါ် တာဝန်ရှိသူတွေအဖြစ် ဖြေရှင်းဖို့
ပြောဆိုခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ
ပဲ့ထောင်စက်လှေနဲ့အတူ ကျွဲတွေကို
တရားမ၀င်သယ်ဆောင်လာသူ (၄) ဦးဟာ
ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာ ချောင်းအတွင်း
လိုင်စင်မဲ့အမည်မပါ ပဲ့ထောင်စက်လှေနဲ့
သယ်ဆောင်လာသော ကျွဲထီး (၈) ကောင်၊ ကျွဲမ (၅)
ကောင် ကို တရားမ၀င်သယ်ဆောင်လာသူ လေးယောက်
နဲ့အတူ ကျုံကူကျေးရွာအုပ်ချုပ်ရေးမှူး နှင့်
(၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က
(၈.၃.၂၀၁၂) ကြာသပတေးနေ့၊ ညနေ (၆း ၀၅)
နာရီခန့်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ဖမ်းဆီးရမိကြောင်းကို
ကျုံကူကျေးရွာအုပ်ချုပ်ရေးမှူး
း ၄၈) နာရီခန့်မှာ ဖျာပုံမြို့နယ် ရဲစခန်းကို
အကြောင်းကြားခဲ့ပါတယ်။ ရဲစခန်းသို့
အကြောင်းကြားနေစဉ်မှာပဲ
ကိုးအိမ်တန်းကျေးရွာနေ ဦးသန်းဝင်းနဲ့ တူဖြစ်သူ
မောင်ကျော်တို့ နှစ်ဦး ရောက်ရှိလာပြီး၊
ဒီကိစ္စအပေါ် တာဝန်ရှိသူတွေအဖြစ် ဖြေရှင်းဖို့
ပြောဆိုခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ
ပဲ့ထောင်စက်လှေနဲ့အတူ ကျွဲတွေကို
တရားမ၀င်သယ်ဆောင်လာသူ (၄) ဦးဟာ
ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအတွက် တာဝန်ရှိသူတွေဖြစ်တဲ့
ကိုးအိမ်တန်းကျေးရွာနေ ဦးသန်းဝင်းနဲ့ တူဖြစ်သူ
မောင်ကျော်တို့ နှစ်ဦးကို
ကျုံကူကျေးရွာအုပ်ချုပ်ရေးမှူး
ထိန်းသိမ်းထားခဲ့ပြီး ရဲစခန်းမှ
တာဝန်ရှိသူများအလာကို
စောင့်ဆိုင်းနေခဲ့ကြပါတယ်။
အဲဒီလိုစောင့်ဆိုင်းနေစဉ်မှာပဲ ဦးသန်းဝင်းကနေ
ကျွန်တော့်ဆရာဆီ ခဏသွားပါရစေလို့
ခွင့်တောင်းပြီး ထွက်သွားကာ (၁၅)
မိနစ်ခန့်အကြာမှာ ဦးသန်းဝင်း နဲ့ အတူ
စသုံးလုံးမှ ကိုမြတ်မင်းအောင် တို့ အတူ
ပြန်လည်ရောက်ရှိလာကြတယ်လို့ သိရပါတယ် ။ ( Why
.... ? Sayar ... ? )
(၇း ၀၅) မိနစ်ခန့်မှာတော့ ဒုရဲအုပ်တစ်ဦးနဲ့
နယ်ထိန်းများရောက်ရှိလာပြီး တရားခံများကို
မေးမြန်းခြင်း၊ သက်သေခံပစ္စည်းများ စစ်ဆေး
မှတ်တမ်းတင်ခြင်း တို့ပြုလုပ်ကာ တရားခံများကို
ဖျာပုံမြို့နယ်ရဲစခန်းကို
ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
တကယ်တော့ ဒီဖြစ်ရပ်တွေဟာ အခုမှ
စတင်ဖြစ်ပျက်ခဲ့တာမဟုတ်ပါဘူး။ အရင်
တပ်မတော်အစိုးရလက်ထက်ကတည်းက
မကြာခဏဖြစ်ပျက်နေခဲ့တာပါ။ ဒီ ကျွဲနွားတွေကို
တစ်ဖက်နိုင်ငံတွေဆီကို
တရားမ၀င်လမ်းကြောင်းတွေကနေ ခိုးထုတ်နေခဲ့ကြတာ
အတော်ကြာခဲ့ပါပြီ။ တာဝန်သိ ကျေးရွာသူ
ကျေးရွာသားတွေက မကြာခဏဆိုသလို တရားခံတွေကို
ဖမ်းဆီးပေးခဲ့ပေမယ့် အကြောင်းအမျိုးမျိုးတွေနဲ့
ဘယ်သောအခါကမှ တရားခံတွေကို
ထိထိရောက်ရောက်အရေးမယူခဲ့ကြပါဘူ
အခုလက်ရှိအချိန်ကာလမှာတော့
ကျွန်တော်တို့နိုင်ငံမှာ
ပြည်သူတွေကရွေးကောက်တင်မြှောက်
ဒီမိုကရေစီအစိုးရက
အုပ်ချုပ်နေတဲ့အချိန်ဖြစ်နေပြါ
ဒီလိုအချိန်မှာတော့ ဒီဖြစ်ရပ်မျိုးတွေ
ဆက်မဖြစ်သင့်တော့ဘူးလို့ ရိုးရိုးသားသားပဲ
ထင်မြင်မိပါတယ်။
တကယ်တော့ ကျွန်တော်တို့ရဲ့ ဖျာပုံမြို့နယ်ဟာ
ကျွဲသတ်နွားသတ်ကင်းစင်တဲ့ မြို့နယ်တစ်ခုပါ။
ကျွန်တော်တို့ရဲ့
ဖျာပုံမြို့နယ်အတွင်းမှာရှိကြတဲ
စေတနာရှင်ပြည်သူများကနေ ပြီး
တတ်အားသရွေ့ပါဝင်လှူဒါန်းငွေတွေ
ဇီဝိတဒါနအသင်းတစ်ခုကို ထူထောင်ပြီး
စည်ပင်သာယာမှ အမဲသတ်လိုင်စင်ကို ၀ယ်ယူကာ
ကျွဲနွားများအတွက် ဘေးမဲ့ဇီဝိတဒါန
ပြုထားခဲ့ကြတာပါ။ ဒါကြောင့်မို့လည်း အခုလို
အမှုကိစ္စမျိုးဖြစ်ပျက်လာတဲ့အခါမှ
စေတနာရှင်မြို့သူမြို့သားများအေ
ဝမ်းနည်းစိတ်ပျက်ဖြစ်ကြရပါတယ်။
အခုလိုအဖြစ်အပျက်မျိုးတွေသာ ရှေ့လျှောက်
ဖြစ်ပေါ်နေဦးမယ်ဆိုရင် ... ကျွန်တော်တို့
မြို့သူမြို့သားတွေရဲ့ စေတနာ နဲ့
စုပေါင်းကုန်ကျခံထားကြရတဲ့ ငွေကြေးတွေဟာ
သဲထဲရေသွန်သလို အချည်းနှီးအကျိုးမဲ့
ဖြစ်ကြရပါလိမ့်မယ်။
ဒါကြောင့်လည်း တာဝန်ရှိသူများအနေနဲ့
အခုကိစ္စအပေါ်မှာ တရားဥပဒေအရ ထိရောက်မှန်ကန်စွာ
ဆောင်ရွက်ပေးကြဖို့
တင်ပြတောင်းဆိုလိုက်ရပါတယ်ခင်ဗျ
မင်းခေါင်
(ဖျာပုံ)
အရက်မူး မမူးတော့ မသိ ၊ ကျွဲခိုးတော့ ပေါ်ပြီ
Reviewed by သစ်ထူးလွင်
on
14:33
Rating:
5 comments:
ဒီကိစ္စကို ထိရောက်စွာ အရေးယူသင့်ပါတယ်။ဖျာပုံမြို့သူု မြို့သားတွေဟာ သားကြီးငါးကြီးသိပ်မစားကြဘူး။ဘာသာရေးအရမ်းလုပ်တဲ့အေး ချမ်းတဲ့မြို့လေးပါ။ဒီလောဘသားတွေ လူတွင်မက တိရိတ္ဆန်တွေတောင် ဒုက္ခပေးတယ်။အမှုဖြစ်ရင်လည်း ငွေများငွေနိုင်နေကြတယ်။ဥပဒေမဲ့လုပ်တာတွေများတယ်။
ဖျာပုံမြို့မှာ ဇိဝတိဒါန ဆောင်ရွက်ထားတာ တစ်နှစ်တည်းကို သိန်း(250)ဆွဲဝယ်ပြီး ပြုထားရတာပါ...။အရမ်းကိုကြိုးပမ်းထားရတာပါခင်ဗျာ..။ အဲဒီလိုဆောင်ရွက်ထားတဲ့ကြားကအခုလိုပေါ်ပေါက်တာ ၀မ်းနည်းဖို့ ကောင်းပါတယ်..။ ဖျာပုံမှ စစစ လုံးတွေ ရဲတွေဟာ အရမ်းကို တာဝန်ရှိပါတယ်...။ဒီသတင်းအမှန်ဆိုတာကိုလည်းထောက်ခံပါတယ်..။ ၀ိုင်းဝန်းပြီး ဖျာပုံမှာ တရားဥပဒေစိုးမိုးရေးကို ရရှိအောင် တိုက်တွန်းပေးကြပါလို့..ဖျာပုံသူ/သားများအနေနဲ့တောင်းဆို လိုက်ပါရစေ...။ ဟိုးယခင်ကတည်းက..နိုင်ငံခြားကိုအဲဒီကနေခိုးထုတ် နေတာပါ..။ ကွင်းဆက်ဖော်ထုတ်ရင်..ပေါ်ပါတယ်ခင်ဗျာ..ဖေါ်ထုတ်ပေးတဲ့ရွာသူရွာသားများကိုလည်းကျေးဇူးအထူးတင်ပါတယ်...။
ဘာ!!!!!!
သူ့ ဆရာကကျွဲေxွးသင်းတဲ့ဆရာလား ကွ....ဟင်...
စုတ်ပြတ်ပါ့......
ဖျာပုံဒေသခံတွေရဲ့ ကုသိုလ်ကောင်းမှုကို လှိုက်လှဲစွာ လေးစားမိပါတယ်ဗျာ.. သာဓု..လည်း အကြိမ်ကြိမ် ခေါ်မိပါတယ်။ မသမာသူတွေရဲ့ လုပ်ရပ်တချို့ကြောင့် ခင်ဗျားတို့ရဲ့ ကောင်းမှုလုပ်ငန်းလေးကိုတော့ အရှိန်မလျှော့လိုက်ပါနဲ့ဗျာ.. မေတ္တာတရား ကြီးမားတဲ့လူတွေဆိုတာ အရာရာထက် မြင့်မြတ်ပါတယ်ဗျာ။ အေးချမ်းအသက်ရှည်တဲ့ ဘ၀တွေပဲ ကြုံတွေ့ရမှာပါ။
ဖျာပုံသားတစ်ယောက်အနေနဲ တောင်းဆိုပါတယ် ဗျာ
ဂလို လူမျိုးတွေ ကို ၀ိုင်းဝန်းဖော်ထုတ် အရေးယူပေးကြပါလို စသုံးလုံးဆိုတာ စားပြီးရင်းစားထပ်စားလို ဆိုတာလား ဟင်
Post a Comment