ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီ

မတ်လ ၆ ရက်၊ ၂၀၁၂၊ ည ၉နာရီခွဲ (YPI)

ဒေါ်အောင်ဆန်းစုကြည်၏ ကလောမြို့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်လိုက်သဖြင့် ဖမ်းချုပ်ခြင်းခံရသည့် တပ်မ ၅၅ မှ တပ်သား ကျော်ဇင်ဝင်းအား ယနေ့ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး ကိုယ်တိုင် လာရောက်၍ အချုပ်မှ လွှတ်ပေးလိုက်ကြောင်း ကလောမြို့ လုံခြုံရေး သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်လိုက်သဖြင့် ဖမ်းချုပ်ခြင်းခံရသည့် တပ်မ ၅၅ မှ တပ်သား ကျော်ဇင်ဝင်း
 
ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီ ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီ Reviewed by သစ်ထူးလွင် on 06:23 Rating: 5

38 comments:

KYAW ZIN said...

A good showy business by the Military!

Toe Gyi said...

လွှတ်ပေးတယ်လို့သာ ပြောတာ သိပ့်တော့ မယုံရဘူး ၊ စစ်တပ်က အခြားဆင့်ဆိုရင် တူတယ် တန်တယ်လို့ ထင်တာ မဟုတ်ဘူး အရာရှိတောင် DSA OTS OTT ခွဲသေးတာ စစ်တပ် မှာ အခြားအဆင့်ဆိုတာ နင်းပြားပါပဲ။

Anonymous said...

ူစစ်တိုင်းမှုး အား လေးစား ပါ ကြောင်း

khristimatic said...

တော်တယ်တိုင်းမှူး

nationalism said...

CONFIRN OR NOT ,
CAN I BELIEVE THESE NEWS
.

Ar Ga said...

ဘာပဲ ပြောပြော ဒီလို လုပ်ပေးတာ ကျေးဇူးတင်ပါတယ် တိုင်းမှူးကြီး၇ယ် ....

မျှော်ရဇ် said...

ဝမ်းသာတယ်ဗျာ။ တပ်နှင့်ပြည်သူ အမြဲးကြည်ဖြူ သွေးခွဲးလာသူဒို့ ရန်သူ။ တပ်မတော်သားတွေ ပြည်သူကို အမြဲး ချစ်ခင်နိင်ကြပါစေ။

genius said...

sulatt သို. ------- ဒီ သတင်း ၁၀၀% လို. မဆို လိုပါ ။ လူ.အဆင်.အတန်း ဆို တာ အများကသတ်မှတ်တာနော် ငါ.ညီမ ။ ဒီ သတင်းမှန်ရင် တောင်း ပန် ပစ် လိုက် ။

Anonymous said...

အကယ်၍ တပ်သားကျော်ဇင်ဝင်း မူးရစ်သေစာမသောက်စားဘူး၊ တာဝန်ချိန်အတွင်းမဟုတ်ဘူး ဆိုရင် ဖမ်းတဲ့ တပ်မှူးကိုကော ဘယ်လိုအရေးယူသင့်သလဲ။

Ko Tee said...

အရမ်းမင်္ဂလာရှိတဲ့သတင်းပါဗျာ အရှေ့တိုင်းပိုင်းစစ်တိုင်းမှူးကြီးကျမ်းမာ ပါစေ
ကျွန်တော်တို့က တပ်မတော်ကို ဟိုးအရင်ကလိုပြည်သူတွေချစ်တဲ့တပ်မတော်
ဖြစ်စေချင်လှပါပြီ မင်းသားကျော်ဟိန်းရဲ့ ပျဉ်းမငုတ်တို ရုပ်ရှင်ကားကိုကြည့်ပြီး မျက်ရည်ကျရတဲ့အချိန်တုန်းက တပ်မတော်မျိုးဖြစ်စေချင်ပါပြီ

Bryanbwa said...

Good news! Carry on ! So the future of Army become better!

မြင့်ဦး said...

kyaw zin win is my hero,all of our soldiers should be victory like him.

Numega said...

တပ်မတော်သည် ပြည်သူ့အတွက်သာ ဖြစ်ရာဖြစ်ကြောင်း ကောင်းမြတ်သော မင်္ဂလာပါ

တရားမျှတမှုကိုလိုလားသူ said...

ဝမ်းသာပါတယ်။

n/a said...

အရှေ့တောင်တိုင်းစစ်တိုင်းမှုးအားကြိုဆိုပါတယ်ခင်ဗျား။ကျေးဇူးလည်းတင်ပါတယ်။ကျနော်တို့ နိုင်ငံမှာ အရှေ့ တောင်တိုင်းစစ်တိုင်းမှုးလိုဥဏ်အမြော်အမြင်ကြီးမားတဲ့လူတွေအများကြီးလိုနေပါတယ်။အားလုံးကလည်းကြိုဆိုပါတယ်ခင်ဗျား။

Tri Asian Taste said...

ဒါဟာမင်္ဂလာသတင်းဘဲ။ ဒီလိုမျိုးစစ်တိုင်းမှူး တွေအများကြီးရှိသင့်တယ်။ အလေးပြုပါတယ် စစ်တိုင်းမှူး ခင်ဗျာ။

kiddykid said...

ယုံဘူး.............

Unknown said...

i cannt believe it..
plz make sure all..
thnx

tharzaw said...

မင်္ဂလာရှိသောသတင်းပါ။
တပ်ရင်းမှူးကိုတော့ အရေးယူသင့်တယ်လို့ ထင်မိပါတယ်။
ဒီလို နားမလည် မတတ်ကျွမ်းတဲ့သူတွေ အုပ်ချုပ်နေရင် လက်အောက်ငယ်သားတွေနာတယ်။
တပ်သားကိုယ်တိုင်ရော၊ တပ်သားကိုကိုယ်ချင်းစာတဲ့သူတွေရော
ကျေနပ်မှု ရှိမှာမဟုတ်ဘူး။ နာကျည်းမှုပဲရှိမယ်။
ဒါကောင်းတဲ့ အလားအလာမဟုတ်ဘူး။

James said...

ချီးကျူးပါတယ်

moeoo said...

Oh yar this very good news.Thank for state army military general.

007747 said...

‌လေးစားပါတယ်တိုင်းမှူးကြီး
အဖွဲ့အစည်းကိုလည်း အမြင်ကျယ်‌အောင် ဝိုင်းဝန်းစည်းရုံး‌ပေးပါအုန်း။ တပ်မေ တ်ာကိုမမုန်းချင်ပါဘူး။
အားလုံးဟာသူ့‌နေရာနဲ့သူဆိုရင် OK ပါဘဲ။

dingyi said...

တပ်သားလေး ကျော်ဇင်ဝင်းကို ဖမ်းချုပ်ရိုက်နှက်တဲ့ တပ်ရင်းမှုးကိုပဲ
ဝိုင်းတွယ်နေကြတယ် .... သူ့ဘက်လဲ နဲနဲစဉ်းစားကြဦး
ကဲမင်းတို့ အမေစုကို ကြိုချင်ကြို မကြိုချင်နေကွာ ဆိုပြီး လွှတ်ပေးလိုက်ရင်
တစ်တပ်လုံးက ထွက်ကြိုကြမှာ ..... အဲ့ဒီအခါ သူ့ထက်က ကောင်တွေက
ဒီတပ်ရင်းမှုးကို ဒီလိုပဲ တွယ်ကြမှာလေ .... ငါနဲ့လဲ ဘာမှတော့မတော်ပါဘူး
သဘောပြောကြည့်တာပါ ... ဒါပေမယ့် ဒီတပ်ရင်းမှုးဆိုတဲ့ကောင်ကလဲ
ငဖားကောင်နဲ့တော့ တူပါတယ် ...

san said...

တိုင်းမှူးကြီး သက်တော် ရာကျော်ရှည်ပါစေ....ရာထူးလဲ အမြန်ဆုံးတိုးတက် ပါစေ..(အရမ်းကျေးဇူး တင်ပါတယ်..ရင်ထဲတောင် ဖော်မပြတက်အောင် ပါပဲ..)

Doe Ko Gyi said...

They might kill him as usual.

Anonymous said...

အေ၇ှ့က လွှတ်ပြီး နောက်ကျောကို ဓါးနဲ့ထိုးလိမ့်မယ် ။ နောက်ပိုင်းလူတွေမေ့သွားမှ ဘ၀ပျက်အောင် လုပ်နိုင်တယ်

ko htoo said...

မင်္ဂလာသတင်းပါဗျာ။ ကြိုဆိုပါတယ်။

villager said...

Although how to try, I can`t believe that news, I don`t know, why?

သားငယ်လေး said...

အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး ကိုလည်း ကျေးဇူးတင်ပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ဖော်ပြလိုက်တာပါ။ သတင်းတင်ပေးတဲ့ သစ်ထူးလွင်ကိုလည်း ကျေးဇူးတင်သင့်သလို တပ်သားကျော်ဇင်ဝင်း အတွက် စိုးရိမ်ပူပန်စွာ comment ၀ိုင်းရေးပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်ယောက်အားနဲ့ မစွမ်းသာရင် စုပေါင်းအားနဲ့ အောင်မြင်ခဲ့ တဲ့ သာဓကတွေ များနေပါပြီ။ မြစ်ဆုံကို နမူနာယူလို့ နောက်နိုင်ငံရေးမပါတဲ့ တိုင်းပြည်တိုးတက်ရေးအတွက် IT နည်းပညာကို ကောင်းကောင်းအသုံးပြုကြရအောင်။ တပ်သားကျော်ဇင်ဝင်း ပြည်သူတွေနဲ့ အတူတကွ အမြဲလက်တွဲနိုင်ပါစေ။

Lin Myat said...

ဒါဟာ မီဒီယာဆိုတာ ပြည်သူတွေ ရဲ့ လက်နက်ကောင်းတစ်ခုဆိုတာ မီးမောင်းထိုးပြနေသလိုပဲ ပြည်သူတွေ ဒီလက်နက်ကို ကောင်းတဲ့ဘက်မှာ အသုံးချတတ်ဖို့လိုတယ် တိုင်းပြည်အကျိုးအတွက် အသုံးချတတ်ဖို့လိုတယ် ဆိုတာ မြစ်ဆုံ ကိစ္စ နဲ့ သူရဲကောင်းလေး ကျော်ဇင်ဝင်းတို့ ကသက်သေပြခဲ့ ပါပြီဗျာ

lin lin said...

GOOD NEWS

မင်းမောင် said...

သတင်းတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်မျာ......

Min Ko Aung said...

တိုင်းမှုးကြီးကိုတော့ လေးစားသွားပြီ။
နောက်ထပ်ဒီလိုစစ်တိုင်းမှုးတွေများများပေါ်လာစေချင်တယ်ဗျာ..
တပ်မတော်နဲ့ပြည်သူပူးပေါင်းမီတဲ့တစ်နေ့ တိုင်းပြည်ကောင်းစား
လာမှာအမှန်ပဲဗျ..

myanmar girl said...

ကိုယ်နဲ့ သွားတဲ့လမ်းချင်း မတူတာနဲ့  အင်အားရှိတဲ့သူက အင်အားမဲ့တဲ့သူကို
အနိုင်ကျင့်တဲ့ အကျင့်ဆိုးကြီးကို မြန်မြန်ပျောက်သွားစေချင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် တိုင်းမှူးကို ကျေးဇူးတင်ရမယ်(တကယ်လွှတ်ပေးတယ်ဆိုရင်
ပေါ့)။နောက်ပိုင်း ဒီလို သတင်းမျိုးကို မဖတ်ရ၊မကြားရရင် ကောင်းမှာပါ။

La Minn said...

အမှန်အတိုင်းသိရအောင် တပ်သားကျော်ဇင်ဝင်းကိုတစ်ဦးဦးက ဗျူးပေးပါလား။

chitsanmaung2012.mm said...

naingtoo ရေ... စာလဲ သေချာဖတ်ပါအုံးဗျာ.. တစ်ဖက်သားကို ပြောချင်လွန်းအားကြီးတာကြောင့် အရှေ့တောင်တိုင်း တိုင်းမှူးနဲ့ အရှေ့ပိုင်းတိုင်းတိုင်းမှူး မှားရေးရတယ်လို့...

chit said...

အချုပ်ကလွှတ်ပြီးထောင်ထည့်ပို့နေမှာ ဒုက္ခရောက်မယ်

kokolay said...

တပ်သားကျော်ဇင်ဝင်းမဟုတ်ပါ။ကျော်ဇင်မိုးဖြစ်ပါတယ်။တ/၄၄၇၉၄၆ သည် ယနေ့အထိအမတ(၃၅၅)အချုပ်ထဲမှမလျွှတ်သေးပါ။အမတ(၃၅၅)မှတပ်သားတစ်ယောက်၏ပြောပြချက်အရသိရှိရပါသည်။ဒီကိစ္စကိုသေသေချာချာစုံစမ်း စေလိုပါသည်ခင်ဗျာ။

Powered by Blogger.