ယာဉ်တိုက်ခံရသည့်လူနာများကို ကူညီသူများ အမှုမပတ်နိုင်ဟု ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို က လွှတ်တော်မှာ ပြောဆိုကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်း စာမှာဖော်ပြထားပါတယ်။
12 comments:
မြန်မာပြည်မှာက ဖြစ်ပျက်ခဲ့ပြီးမှ ခံရပြီးမှ နောင်တရ ဥပဒေထွက်လာတယ်။
ကြိုတင်ပြီးတော့ အစစအရာရာအတွက် ပြင်ဆင်ထားသင့်တယ်။
ကြိုးနီစနစ်တုံးက ကျန်ခဲ့တဲ့ ဥပဒေတွေ ပြုမူမှုတွေကြောင့် ပြည်သူတွေအတွက်
အတားအဆီးတွေ ဖြစ်နေရတယ်။
မျက်နှာလွှဲခဲပစ် ဥပဒေက ရှိခဲ့တာကိုး။
ယာဉ်တိုက်မှုဖြစ်လာရင် အရင်ဆုံး အသက်ကယ်ဖို့ကို အရင်ဦးစားပေးသင့်တယ်။
ဘာကြောင့်၊ ဘာဖြစ်လို့၊ ဘယ်သူ့ကို၊ ဘယ်လိုစဖြစ်တယ်။ ဘာ၊ ညာတွေ ခဏထား။ အရင်ဆုံး ကယ်ဆယ်မှုကို ဦးစားပေးသင့်တယ်။ ။ ။
မြန်မာပြည်သူတွေ ဘေးအန္တရာယ်အစစ အရာရာ ကင်းပါစေ။ ။ ။
ဒီလိုလေးကြတော့လွတ်တော်ကကောင်းသွားပြန်ရောဗျာ(သူတို့အကျိုးစီပွားထိခိုက်တာမပါလို့ပါ)
သူတို့မထိခိုက်တဲ့ အရာတွေဆိုဖြေလျှော့ပေးပါတယ်...အရာမထင်တာလေးတွေပေါ့.. ဒါပေမယ် ဒီအရာမထင်တာလေးကကျေနပ်စရာတော်တော်ကောင်းပါတယ်..
အမှု အပတ် မခံရဘူး ငွေပဲ အတောင်းခံရတာ။ လဘက်ရည်လည်း တိုက်ရတယ်။ ဘီယာလည်း တိုက်ရတယ်။ ဗိုလ်ချုပ်ကီး ပြောတာက အမှု အလုပ်မခံရဘူး။ ဟုတ်တယ်။ ခြိမ်းခြောက်ခံရတယ်။ စခန်းကို ခေါ်ပြိးတော့ အပြင်မှာတုန်းတော့ ချိုချိုသာသာပဲ သူစခန်း သူ့ပိုင်နက် ရောက်သွားရင် စောက်ချိုး တွေက ပြောင်းသွားတယ်။ အဲ့တော့ အမှုနဲ့ မပတ်သက်ချင်လို့ မကူညီတာထက် ဒင်းတို့နဲ့မပတ်သက်ချင်လို့မကူညီတဲ့လူ များတယ်။အလကားကောင်တွေပါ ရေးရတာ အကုသိုလ်များတယ်။ အဆိုးမြင်သမားလို့ အထင်ခံရမယ်။ စောက်ရူးတွေ နိုင်ငံ့ စာမျက်နှာ အပေါ်ပိုင်းမှာ အများကြားကောင်းအောင် လျှောက်ပြောနေတာ။ အောက်မှာ ဘာမှ မပြောင်းဘူး။
ဒီအကြောင်း အရာနှင့် ပတ်သက်လို့....
အာက်ခြေ ရဲဝန်ထမ်းတွေ နဲ့ ဆေးရုံအရေးပေါ်ဌာန တွေ အထိ အသိပေးထား ဖို့လိုပါတယ်...
ကိုယ်တွေ့တွေ ရှိနေလို့ပါ....
လိုက်ကူညီ ပို့ဆောင်ပေးသူပါလို့
ဘေးက ပြောပေးတာတောင်....
ခင်းဗျား ခဏနေအုံး စစ်ချက်ယူလိုက်အုံးမယ် ဆိုပြီးဆွဲထား ပါတယ်...
ဆေးရုံမှာ ချပေးမယ့် ၀န်ထမ်း မရှိလို့ အနီးအနားက ဆိုက်ကားသမားတွေ ပိုက်ဆံပေးပြီး ချခိုင်းရပါတယ်....
ကောင်းတာကတော့...
အရေးပေါ် ဆေးရုံကားတွေကို မီးသတ်ကားတွေလို နေရာခွဲပြီး တာဝန်ပေးထားတာမျိုးလုပ်သင့်ပါတယ်....
ဖုန်းဆက်လိုက်တာနဲ့ ၁၅ မိနစ် အတွင်း အရောက်သွားနိုင်မယ့် စီမံမှုမျိုး ထားရှိသင့်ကြောင်း ပါ....
ခရီးသွား အများစု က ကူညီဖို့ရန် အခက်အခဲ ရှိတတ်ကြပါတယ်...
အထူးသဖြင့် ရန်ကုန်- နေပြည်တော် - မန္တလေးလမ်း ပဲပေါ့
ဒီတစ်ချက်ထဲအတွက်...တကယ်လေးစားတယ်။ ကောင်းတာလုပ်ရင်...ထောက်ခံပါတယ်....ပြည်ထဲရေးဝန်ကြီး...ပြည်သူ့အကျိုးဆက်လက်...သယ်ပိုးနိုင်ပါစေ။
ကူညီသူကိုတော့အမှု့မပတ်ဘူးလို့တော့ဆိုပါတယ် ယာဉ်တိုက်ခံရသူဆေးရုံ ရောက်သွားပြီးရင်တော့ ဆရာဝန်ကြီးရောင်းလှည့်နေလို့ ရဲမှု့ခင်းမို့ရဲစစ်ချက်ပြီးမှ ဆိုတာတွေနဲ့ပဲ
ဘယ်လောက်ကြာအောင်စောင့်ရလဲ ဒီလိုနဲ့ဘဲ မသေသင့်တဲ့သူတွေသေ ကြတာတော်တော်များခဲ့ပါပြီ
ဒါကိစ္စ လောက်နဲ့ တော့လွတ်တောအမတ် လုပ်မနေ နဲ့ 
ဒါသူများတွေလက်ဘက်ရည်ဆိုင် မှာဆွေးနွေးတဲ့ အဆင့်လောက်ပဲရှိတယ်
သက်သေဆို သေမလောက်ကြောက် ကိုယ့်စရိတ်ကိုစားသက်သေ ကူညီဖို့ဆိုတာဝေးပါတယ် ဘာကြောင့်လဲ ကူညီတာက စေတနာ ရဲကရစ်တာက ဝေဒနာလဲဖြစ် သက်သေလဲဖြစ်တော့ ကူညီမူ့ဆိုတာပျောက်တာပေါ့။ ။
တချို့ယာဉ်တိုက်မှုတွေမှာ မှားတဲ့သူရော အမှားခံရတဲ့သူပါဒဏ်ရာရကြတယ်။ ရဲတွေရောက်ပြီးရင် အမှုအရင်စစ်နေကြတာတွေ့ရတယ်။ ပြီးမှဆေးရုံပို့တယ်။ အဲဒီကိစ္စမျိုးကိုလည်းအမှန်ဖြစ်အောင် တည့်မတ်ပေးပါအုံး။
ကူညီပါတယ်ဆိုမှ ရဲကစစ်တာ ခံနေရအုံးမှာဘဲလေ ဘာဘဲပြောပြော အနည်းဆုံးသက်သေနေရာကတော့ လိုက်နေရအုံးမှာဘဲ မသင်္ကာလို့ တရာစွဲ ခံရပြီး မှာယွင်းစွာ ဆုံဖြတ်ခံရတယ်ဆိုတဲ့နောက် နောက်ကလိုက်ရမယ့် ပိုက်ဆံ ကထည့်မလောက်ပေါ့ အလကားပြန်လွတ်စရာမှ မရှိတာ ကိုရွှေရဲကိုပေးရတာနဲ့ နောက် တရားသူကြီး ၊ဥပဒေအကျိုးဆောင်(ဆွဲချ)တို့ကိုပေးရမှာတို့ မရှိဘူးဆိုရင် ယာဉ်တိုက်ခံရတဲ့သူမသေဘဲ ကိုယ်ဘဲ သေသွားမှာ ကိုယ်က သနားလို့ ကူညီလိုက်တာနဲ့ နောက်လိုက်ရှင်းဘို့သာ ပြင်ထားရမှဘဲ မရှင်းနိုင်ဘူးဆိုရင် ကူညီးဘို့ မဆုံးဖြတ်ပါနဲ့လို့ ပြောထားတာနဲ့ အတူတူဘဲဖြစ်နေတာ ဖြစ်နေတာတွေ့ရင် တော့ကူညီချင်ပါတယ် ဒါပေမဲ့ သူတို့ ကိုတော့ ကြောက်တယ် နော်...........
ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို က အဲဒီလိုတာပြောတာပါ. အောက်ကလူတွေကတော့..........
ဟိုတလောက cycle accident ဖြစ်တဲ့ လူတစ်ယောက်တွေ့လို့
ခရီးသွားတစ်ယောက်က ရဲစခန်းကို phone ဆက်ပေးခဲ့ပါတယ်
ရဲတွေလည်းလာပါတယ်.ဒါပေမယ့် cycle သာသိမ်းသွားတယ်
လူကိုတော့ဆေးရုံပို့မပေးခဲ့ကြဘူး။
ဒီတိုင်းပဲထားခဲ့ကြတယ်.ဒီဖြစ်ရပ်ကိုကြည့်ပါ
ပြည်ထဲရေးဝန်ကြီး က ဘယ်လိုဥပဒေပြဌာန်းသင့်လဲဆိုတာ....
Post a Comment