ဧရာဝတီတိုင်း မြို့အနှံ့မှာ ၀န်ကြီးချုပ်မဲဆွယ် နေတာနဲ့ပတ်သက်ပြီး ပြည်သူ့အသံ

ဧရာဝတီတိုင်း ပုသိမ်မြို့နဲ့ နေရာဒေသအနှံ့မှာ ၀န်ကြီးချုပ် ဦးသိန်းအောင် မဲဆွယ်နေတာနဲ့ပတ်သက်လို့ ပြည်သူတွေပြောဆိုလာတာတွေကို မေးမြန်ထားတာပါ

ရုံးဝန်ထမ်းတစ်ဦး
"ကျွန်မတို့ဆရာပါ မြေစာရင်းတိုင်းဦးစီးလေ ဦးအောင်တင်မြင့်က။ ဟိုတစ်ခေါက်လို ကြိုတင်မဲမပေးရဘဲ လွတ်လွတ်လပ်လပ် ဘာအချုပ်အနှောင်မှမရှိပဲ မဲပေးရမယ်ဆိုရင် သူ့ကိုဘယ်တော့မှမပေးဘူး။ အန်တီစု ပါတီကိုယ်စားလှယ်ကိုပဲပေးမယ်။ ဘာလို့လဲဆိုတော့ အကြောင်းသိနေတာပဲ။ သူတို့က လူကြီးကိုဖားမယ် စားမယ်။ တစ်ကျပ်ဖိုးဖားပြိး ၁၀၀ဖိုးစားနေကြတာ။ ကိုယ့်တိုင်းကိုယ့်ဒေသအတွက် အမှန်တကယ်အလုပ် လုပ်နိုင်မယ်လို့ထင်တယ့် အန်တီစုပါတီကိုပဲ မဲပေးမှာပါ"

လုပ်ငန်းရှင်တစ်ဦး
"ရယ်ရတယ်ဗျ။ ၀န်ကြီးချုပ်ဆိုတဲ့သူက သူ့ကိုယ်သူတော်တော်အထင်ကြီးနေတာ

။ မဲဆွယ်တာတောင် ရာထူးမာန်တွေမချချင်ဘူး။ အဘ ဦးသိန်းအောင် ဆိုပဲ။ စဉ်းစားကြည့်ဗျာ။ ကျွန်တော်တို့က နိုင်ငံရေးအုပ်ချုပ်ရေးမလုပ်နိုင်လို့ လုပ်နိုင်တဲ့သူကိုမဲပေးပြီးရွေးတာ။ သူတို့ကို အဘတို့ အမတို့ခေါ်ဖို့ရွေးတာမဟုတ်ဘူး။ ကိုယ့်မလုပ်နိုင်တာလုပ်ဖို့ ခန့်ထားတာ။ ရှင်းရှင်းပြောရရင် ရွေးချယ်ပြီးခိုင်းထားတာဗျာ။
နိုင်ငံရေး အုပ်ချုပ်ရေးပိုင်းက အရာရှိတစ်ယောက်လိုသဘောထားပြီး လိုအပ်တဲ့ respect ပေးတာကလွဲပြီး အောက်ကျို့ခံပြီး အဘမခေါ်နိုင်ဘူးဗျာ။ အဘခေတ်ကုန်သွားပြီ။ ဒါကို ဒီလူကြီးသဘောမပေါက်သေးဘူး။ သူ့နားက သူ့ကိုညာစားနေတဲ့သူတွေ အဘ ခေါ်တိုင်း မာန်တက်နေတာ။ ကျွန်တော်တို့က ရှင်းရှင်းပဲ ကိုယ့်ဒေသ ကိုယ့်ပတ်ဝန်းကျင် လူမှုရေး စီးပွားရေး လုပ်နိုင်တဲ့သူကိုပဲရွေးမယ်။ အဲဒီထဲကမှ ကြံ့ဖွံ့ ကိုတော့ ဆောရီးပဲ သေတောင်မရွေးဘူး"

ရပ်ကွက်နေပြည်သူတစ်ဦး
"ကျွန်တော်တို့က အမေစု ပဲ။ ကျန်တာတွေဘာမှမသိဘူး။ အမေစုပဲ နိုင်ငံကိုကယ်တင်နိုင်မှာလေ ကျွန်တော်တို့လို ဆင်းရဲသားဘ၀ကို ကယ်တင်နိုင်တာ နားလည်ပေးပြီး တသားတည်းရှိတာ အမေစုပဲရှိတယ်။ 
အကြောင်းရှိတော့မှ မုန့်ခင်းလာကျွေးတာ။ ဒီမှာ တစ်သက်လုံးငတ်နေတာ။ သူတို့လိုတော့မှ လာပြီးကျွေးတာ။ ရပ်ကွက်ထဲအလှူလာလုပ်တာတောင် မရှိဆင်းရဲသားကို စေတနာရှိရှိကျွေးမွေးတဲ့ပုံစံမျ
ိုးနဲ့မဟုတ်ဘူးလေ။
ကျွေးတော့လည်းစားရတာတော့ဗျာ။ ဒါပေမယ့် မုန့်ဟင်းခါးတစ်ခွက် နဲ့ အမေစု နဲ့တော့ မလဲနိုင်ပါဘူး"

အရာရှိတစ်ဦး
"ကျွန်တော်တို့ကတော့ အစိုးရ၀န်ထမ်းဆိုတော့ လုပ်ရကိုင်ရမလွတ်လပ်ဘူးပေါ့ဗျာ။ စိတ်ထဲရှိတာနဲ့ မဲပေးတဲ့နေ့ကျရင် တစ်ထပ်တည်းတောင်ဖြစ်ပါ့မလားမသိ
ဘူး။ ပြောစရာမလိုပါဘူး။ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ
ကျွန်တော်တို့က အစိုးရအရာရှိဆိုပေမယ့် ဘာမှမသိမတတ် သူတို့ပြောတိုင်းယုံနေတဲ့သူတွေ
မှမဟုတ်တာ။ အခုဝန်ကြီးချုပ်ဆိုတာကလည်း နဂိုအစိုးရလက်ထပ်က တကယ့်ကို သဘောထားတင်းမာတဲ့သူ ဆိုးတဲ့သူပဲ
သူတို့ ၀န်ကြီးရာထူးယူစဉ်က ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်းဖြစ်တော့ ပြန်လည်ထူထောင်ရေးလုပ်တော့ ၀န်ကြီးတော်တော်များများ နာဂစ်ဒေသတွေကို အထူးစီမံချက်ကာလတစ်ခုမှာ အပိုင်စားရခဲ့ကြတာလေ
အမြဲတမ်း ဧရာဝတီတိုင်းကိုဝင်ထွက်နေတာ ဘယ်ဝန်ကြီး ဘယ်လောက်အဆင့်ရှိသလဲဆိုတာ အကုန်သိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမ တို့ စုကြည်မ တို့ခေါ်ခဲ့ကြတဲ့ ၀န်ကြီးတွေ အများကြီးပဲလေ။
သဘောထားတင်းမာတဲ့အုပ်စုဝန်ကြီးေ
တွပေါ့။ ဒီလိုပဲ နာဂစ်ဒဏ်ခံစားခဲ့ရတဲ့ဒေသတွေမှာ တကယ်အလုပ်မလုပ်ဘဲ စားချင်တိုင်းစား လုပ်ချင်တိုင်းလုပ်ခဲ့ကြတဲ့သူတွေအများကြီး ကျွန်တော်တို့ရှေ့တင်ဖြစ်ခဲ့တာ။ ပြောရရင်စိတ်နာပါတယ်ဗျာ။ ကျွန်တော်တို့လို အစိုးရအရာရှိတွေက ဘယ်သူဘယ်အဆင့်ရှိလဲ ဘယ်လိုစိတ်ဓာတ်ရှိလဲဆိုတာ အပြင်လူတွေထက်ပိုသိတော့ မဲပေးရတာအခက်သားဗျ"

humanrights.pathein မှ လိုက်လံမေးမြန်းထားတာပါ။
Myanmar News Now
ဧရာဝတီတိုင်း မြို့အနှံ့မှာ ၀န်ကြီးချုပ်မဲဆွယ် နေတာနဲ့ပတ်သက်ပြီး ပြည်သူ့အသံ ဧရာဝတီတိုင်း မြို့အနှံ့မှာ ၀န်ကြီးချုပ်မဲဆွယ် နေတာနဲ့ပတ်သက်ပြီး ပြည်သူ့အသံ Reviewed by သစ်ထူးလွင် on 08:17 Rating: 5

11 comments:

မိုးမခ said...

ဦးအောင်တင်မြင့်ဆိုတာ ဧရာဝတီတိုင်း မြေစာရင်းဦးစီးမှုးဘဲ။ ကြံ့ဖွံ့မှာ တွဲဖက်အတွင်းရေးမှုး လုပ်ခဲ့ပြီး ကြံ့ဖွံ့ကို ပါတီပြောင်းလိုက်တော့ ထွက်လိုက်တာ။ ဒီမိုကရေစီအရေးအခင်းတုန်းကတော့ တော်တော် လှုပ်ရှားခဲ့လို့ တိုင်းမှုး ဗခ မြင့်အောင်က အမျက်ရှခဲ့ဘူးတယ်။ နောက်ပိုင်းမှာတော့ ကြံ့ဖွံ့မှ ကြံ့ဖွံ့ပါဘဲ။
လုပ်ရည်ကိုင်ရည်ရော ကြံရည်ဖန်ရည်ကော ပြည့်စုံပါတယ်။ လူကြီးအကြိုက် အချို/အဖန် အကုန်လုပ်တတ်တယ်။ စိတ်ထားကတော့ ကြံ့ဖွံ့ပီသပါတယ်။ အားလုံး စဉ်းစားကြည့်ကြပေါ့။ ဒီမိုကရေဘက်တော်သားမှ ကြံ့ဖွံ့မှ မဟုတ်ပါဘူး လူကောင်း လူတော်တွေကို ရွေးချယ်ဘို့ ကိုယ်ရွေးချယ်မဲ့ ကိုယ်စားလှယ်က ပေးမဲ့ ကောင်းကျိုးဆိုးကျိုးကို ကိုယ့်ဒေသ က ခံစား/စံစားရမှာဘဲလေ။ မိမိရဲ့ မဲတစ်ပြားကို တန်ဖိုးထားခြင်းဟာ ကိုယ့်ဒေသကို ချစ်မြတ်နိုးရာ ရောက်ပါတယ်။ မြန်မာပြည်သူ/သားတွေအားလုံး အမိမြန်မာနိုင်ငံတော်ကို လွတ်လပ်စွာ ချစ်မြတ်နိုးနိုင်ကြပါစေ။

a said...

ပြောထားတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်၊ကျွန်တော်တို့တိုင်းပြည်မှာအကောင်းအဆိုးခွဲခြားနိုင်တဲ့လူတွေအများကြီးရှိမယ်လို့ယုံကြည်ပါတယ်။

lwannaymie said...

ဦးတင်အေးရေ...လက်ရှိရာထူးနဲ့လူကမဲဆွယ်လို့မရဘူးလေ။ ခင်ဗျားတို့ဥပဒေထဲမှာပါတယ်လေ။ မှန်မှန်ကန်ကန်လုပ်မယ်ဆို။ သမ္မတကြီးခင်ဗျား...ကိုယ့်အောက်ကမကောင်းတဲ့လူတွေကိုလဲနှိပ်ကွပ်ပါအုံး။

Unknown said...

Thank you for your effort Mr. Prime minister, due to your efforts, people who previously decided (under the influence of fear) to vote for USDP will become reluctant and will vote for NLD.Really appreciate. Hope all USDP candidates behave as they usually did so, so that people will feel disappointed with them.

AthayLay said...

humanrights.pathein ရေ
ကျေးဇူးတင်ပါတယ် ပြောချင်နေတာ။ အဲဒီဆိုင်းဘုတ်တွေတွေ့ကတည်းက ပြောချင်နေတာ အခုလို ပြောချင်နေတာတွေ ပြောပေးတဲ့အတွက်ကျေးဇူးပါ။ ၀န်ချီးထုပ် အူးသိန်းအောင် တော့ အခုလောက်ဆို ဒီသတင်းဖတ်ပြီး တော်တော်စိတ်ဆိုးနေလောက်ပြီ။

နောက်တစ်ခုကျန်သေးတယ်နော် သူ့သတင်း။ အဲဒါကတော့ သတင်းအခိုင်အလုံရထားတာ။ သူဝန်ကြီးဖြစ်တုန်းက သူရယ် စည်ပင်ဝန်ကြီးရယ် ပြန်ကြားရေး ဦးကျော်ဆန်းရယ်ကို တိုင်းအဆင့်အရာရှိတော်တော်များများ အသားကုန်အမြင်ကပ်ပါတယ်။ အဲဒီ ဦးသိန်းအောင်ဆိုတဲ့သူက နာဂစ်တုန်းက ဘိုကလေးဘက်မှာ ပြောတဲ့စကားတစ်ခွန်းပြောခဲ့ပါ။ '' မြစ်ထဲကအလောင်းတွေဆယ်စရာမလိုဘူး။ ငါးပူတင်းတွတ်လို့ကုန်လိမ့်မယ်တဲ့'' တော်တော်အဆင့်အတန်းမရှိ ဥာဏ်မရှိ အသည်းနှလုံးမရှိတဲ့သူပါ

marga said...

ဝန်ထမ်းတိုင်းအားလုံးနီးပါ ရဲ့ ရင်ထဲမှာအမှန်တကယ်လိုအပ်နေတာ ဒီမိုကရေစီပါပဲ ၂၀၁၀မှာ လွတ်လပ်စွာမဲထည့်ခွင့်၇ခဲ့၇င် သမ္မတနေရာမှာ လူပြောင်းသွားမှာ အသေအချာပါပဲ။ဝန်ထမ်းတိုင်း အမေစု ကိုချစ်ကြပါတယ်
နောက်လိုက်ခွေးတွေက လွဲရင်ပေါ့

Myanmar said...

ကြံ့ဖွတ်မကောင်းတဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေ၇ဆဲပါ။ ကြံ့ဖွတ်က ဒီယုန်မြင်လို့ ဒီခြုံထွင်တာကို မျက်ခုံးမွှေးတဆုံးစာဘဲကြည့်ပီး ဆုံးဖြတ်ကြ၇င်တော့ ကြံ့ဖွတ်၇ဲ့ အပြစ်မဟုတ်။ အ လွန်းလို့ ၀ယ်ပီးအတဲ့ ပြည်သူတွေ၇ဲ့ အပြစ်ဘဲ။ ကိုယ့်ထိုက်နဲ့ကိုယ် ခံကြပေေ၇ာ့။ ။

ဘုတလင်သားလေး said...

မြန်မာပြည်သူတွေဟာ အချိုနဲ့အချဉ်ကိုကောင်းကောင်းခွဲခြားတတ်နေပါပြီ အဲလိုခွဲခြားတတ်အောင်လဲ ဘ၀တွေနဲ့ရင်းပြီးခံစားခဲ့ရတာလဲ နှစ်ပေါင်းမနဲ့တော့ဘူးလေ...ပြည်သူတွေရဲ့ဘ၀တွေကိုတကယ်နားလည်ခံစားပြီးပြည်သူတွေနဲ့တသားတည်းဖြစ်တဲ့ ပြည်သူတွေကိုရင်ဝယ်သားကဲ့သို့ချစ်တဲ့ အမေစု ကိုပဲ မဲပေးကြပါစို့....

Show said...

အဘ တဲ့လား စောက်ရူး
ပြည်သူတွေကသူ့ကိုခေါ်စရာလား ကြည့်လုပ်အုံး
ဥပတိရုပ်ကိုကမကောင်းတာ
မှတ်ထား လူဆိုတာလူ့ကျင့်ဝတ်ရှိတယ် လူလိုနားလည်ရတယ်
အခွင့်အရေးရတိုင်းမယူရဘူး
လူတယောက်ကိုလေးစားတယ်ဆိုတာသူလုပ်ခဲ့တဲ့အလုပ်တွေကိုကြည့်တာ
လုပ်ယူလို့မရဘူး
အခုအစိုးရလူကြီးတွေထဲမှာလေးစားလောက်စရာဘယ်သူပါလဲ
ကျွန်တော်တို့လဲကိုယ့်နိုင်ငံခေါင်းဆောင်တွေကိုလေးစားချင်တာပေါ့ဗျာ
အရင်တုန်းကမကောင်းခဲ့ရင်ထားတော့ ခုကောင်းတာလုပ်ရင်ခုအားပေးမယ်ဗျာ ကဲ..ဘယ်လိုလဲ
အာဏာမရူးကြပါနဲ့တော့ တော်ကြပါတော့ဗျာ

အမေစုကို ချစ်တဲ့သား said...

ဟဲဟဲတော်တော်ရယ်ရတယ်နော် အဘ ဆိုတော့
အဘထ ရူဆေးကြော်ငြာထည့်စရာတောင်မလိုတော့ဘူးနော်
ကြော်ငြာ အငှားလုပ်နေတဲ့သူပေါ်လာပြီ အဘထ ရူဆေးတော့ စိးပွားပျက်တော့မယ် အဲဒိအဘဆိုတဲ့ အရာကို လူတိုင်းမုန်းနေတာ

unknown said...

who r u

Powered by Blogger.