ဆန္ဒပြသူ တဦး​ စိတ်​ရောဂါကု​ဆေး​ရုံ ပို့​ခံရ

Photo courtesy of ဌေးအောင် ဓာတ်ပုံနှင့် ဗီဒီယို
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်(အလယ်)နှင့် သမီး မနှင်းထက်ထက်အောင် ဖြစ်ပါသည်။
ရန်ကုန်မြို့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ပြန်လွှတ်​ပေး​ဖို့​နဲ့​ ပြည်တွင်း​စစ် ရပ်ဖို့​ ဆန္ဒထုတ်​ဖော်သူတဦးကို ဗဟန်း​မြို့​နယ် ပြည်သူ့​ရဲတပ်ဖွဲ့​က ဖမ်း​ဆီး​စစ်​ဆေး​ပြီး​ စိတ်ကျန်း​မာ​ရေး​ ​ဆေး​ရုံကို ပို့​ဆောင်လိုက်ပါတယ်။
ဗဟန်း​မြို့​ နယ်က ကား​မှတ်တိုင်တခုမှာ သား​အဖနှစ်ဦး​ကို ရဲက မ​နေ့​က ဖမ်း​ဆီး​ စစ်​ဆေး​ပြီး​ ဖခင်ကို စိတ်​ရောဂါကု​ဆေး​ရုံကို ပို့​ဆောင်ခဲ့​တာလို့​ ဒီ​နေ့​ ပြန်လွတ်လာတဲ့​ သမီး​ မထက်ထက်​အောင်က ​ပြောပါတယ်။
“ဗဟန်း​ ရဲစခန်း​ကို ဖုန်း​ဆက်ပြီး​ ​မေး​ကြည့်​တော့​ ကျမ အ​ဖေ ဦး​အောင်မြင့်​က​ပေါ့​။ အဖမ်း​ခံထား​ရတာ၊​ အချုပ်ခံထား​ရတာ ၂၄ နာရီ ​ကျော်သွား​ ပါပြီ။ အဲဒီအတွက် ဘယ်​နေရာ ​ရောက်​နေတယ် ဆိုတာကို သိချင်တယ် ဆို​တော့​ စိတ်ကျန်း​မာ​ရေး​ ​ဆေး​ရုံမှာ ရှိတယ်လို့​ ​ပြောပါတယ်။ ​ပြောတာကလည်း​ ရိုင်း​ရိုင်း​စိုင်း​စိုင်း​ ပြန်​ပြောပါ တယ်။ နာမည်​မေး​တာကိုလည်း​ မ​ဖြေဘဲနဲ့​ ဖုန်း​ချသွား​ပါတယ်။”
ဧရာဝတီတိုင်း​ ဘိုက​လေး​ဇာတိ ဦး​အောင်မြင့်​ဟာ ဇန်နဝါရီ ၃ ရက်ကစလို့​ အပြာ​ရောင် ​ထောင်ဝတ်စုံကို ဝတ်ဆင် ဆန္ဒထုတ်​ဖော်​နေတာ ဖြစ်ပါတယ်။ မ​နေ့​က သမီး​နဲ့​အတူ ဗဟန်း​မြို့​နယ်မှာ ကား​စောင့်​နေတုန်း​ မြို့​နယ်ရဲစခန်း​ကို ​ခေါ်​ဆောင်ပါတယ်။ ကိုယ်​ရေး​အချက်အလက် ရယူပြီး​တဲ့​ အခါမှာ လွှတ်​တော်က စု​ပေါင်း​ရုံး​ကို ​ခေါ်​ဆောင်ပြီး​ ညလုံး​ပေါက် လူခွဲ စစ်တယ်လို့​ မထက်ထက်​အောင်က ​ပြောဆိုပါတယ်။
ဥပ​ဒေဘာသာနဲ့​ ​ကျောင်း​ပြီး​ပေမယ့်​ ဘွဲ့​လက်မှတ်ရမယ်မထင်နဲ့​ ဆိုတဲ့​ ခြိမ်း​ခြောက်မှု​တွေ၊​ ရုန့်​ရင်း​တဲ့​ စကား​လုံး​တွေနဲ့​ စစ်​ကြော​ရေး​မှာ ​ပြောဆိုခံခဲ့​ရတယ် လို့​ လည်း​ သူက ​ပြောပါတယ်။
ဗဟန်း​ ရဲတပ်ဖွဲ့​က သူတို့​သား​အဖကို ဖမ်း​ဆီး​မှုဟာ ​ခြေကျင်း​နဲ့​ ​ထောင်ဝတ်စုံပြာ ဝတ်ဆင်ထား​တဲ့​ ဦး​အောင်မြင့်​ရဲ့​ ဝတ်ဆင်မှုနဲ့​ သက်ဆိုင်ဖွယ် ရှိတယ်လို့​ မထက်ထက်​အောင်က​ပြောပါတယ်။
“ညီမအ​ဖေက ​ထောင်ဝတ်စုံ အပြာဝမ်း​ဆက်ကို ဝတ်ထား​ပါတယ်။ စပို့​ရှပ် အ​ရှေ့​မှာ ကျ​တော့​ အန်အယ်လ်ဒီကို ​ထောက်ခံကြစို့​ စာတမ်း​ရယ်၊​ အန်အယ်လ်ဒီ တံဆိပ်ရယ် တပ်ထား​ပါတယ်။ အင်္ကျီအ​နောက်မှာ ကျ​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ လွတ်​မြောက်​ရေး​နှင့်​ ပြည်တွင်း​စစ် လုံး​ဝ ရပ်စဲ​ရေး​ ဆိုပြီး​တော့​ စာတမ်း​ ၂ ခု ပါပြီး​တော့​ ​ခြေကျင်း​ကို တပ်ဆင်ထား​ပါတယ်။
သူ့​ရဲ့​ ရည်ရွယ်ချက်က​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ဘယ်လို ​နေရတယ်၊​ တ​နေရာနဲ့​ တ​နေရာ ​ပြောင်း​ရွှေ့​တဲ့​အခါမှာ ဒီလို သံ​ခြေကျင်း​တွေနဲ့​ ​နေရတယ်ဆိုတဲ့​ အဓိပ္ပာယ်ကို သူပြချင်တဲ့​အတွက် ဝတ်ဆင် ထား​တာပါ။ ဝတ်ဆင်ထား​တဲ့​ ရက်​ပေါင်း​က ၇၀ ရှိပါပြီ။ ကျမက ဝတ်ဆင်ထား​တာက ပင်နီအင်္ကျီနဲ့​ ​အောက်က ​ယောထမီ ဝတ်ဆင်ထား​ပါတယ်။”
ဒီမနက်မှာ​ တော့​ မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ရုံး​ကို ​ခေါ်​ဆောင်ပြီး​ အာမခံနဲ့​ လွှတ်​ပေး​ခဲ့​ပါတယ်။ ဖခင် ဦး​အောင်မြင့်​နဲ့​ ပတ်သက်လို့​ ၂၄ နာရီ ​ကျော်လို့​ ရဲစခန်း​ကို ​မေး​ရာမှာ စိတ်​ရောဂါကု ​ဆေး​ရုံကို ပို့​ဆောင် ထား​တယ်လို့​ ​ဖြေဆိုပါတယ်။
ဦး​အောင်မြင့် ​ဟာ နိုင်ငံ​တော်အကြည်ညိုပျက်​စေမှုနဲ့​ ၂ ကြိမ် ဖမ်း​ဆီး​ ​ထောင်ချခံရတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​ တဦး​ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
ဆန္ဒပြသူ တဦး​ စိတ်​ရောဂါကု​ဆေး​ရုံ ပို့​ခံရ ဆန္ဒပြသူ တဦး​ စိတ်​ရောဂါကု​ဆေး​ရုံ ပို့​ခံရ Reviewed by သစ်ထူးလွင် on 21:34 Rating: 5

8 comments:

yin said...

သူတို့ရူးဆိုတော့လဲရူးရပြန်တာပေါ့လေ

Bagan Min said...

ခင်ဗျားတို့ တစ်ခြားနိုင်ငံတိုးတက်ရာတိုးတက်ကြောင်းလုပ်စရာမရှိတော့ဘူးလား... တိုင်းပြည်တည်ဆောက်ရေးကို နည်းနည်းပါးပါးမကူညီကြတော့ဘူးလား..

ပြည်တွင်းစစ်ရပ်ဖို့  ဆန္ဒထုတ်ဖေါ်တာ..ထွင်လှချီလား... တကယ်ရပ်စေခြင်တာဆိုရင် အဲဒီသားအဖတွေ ပုဂံမင်းကိုပြောပါ၊၊

supergunner said...

ရဲ ဆိုတဲ့ကောင်တွေကိုတွေ့ ရင်..ဒီလိုကြည့်ပါ..
(ကြာကူလီကိုကြည့်သလိုကြည့်ပါ)ကျုပ်ကတော့ဒီလိုပဲကြည့်တယ်..
ဘယ်သောအခါမှ..လူရုပ်မပေါက်မဲ့ကောင်တွေ..

The Nature Myanmar said...

နိုင်ငံတော်သမ္မတကြီးနဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော် ဥက္ကဋ္ဌကြီးများခင်ဗျား...ဋ္ဌာနတွင်းသင်တန်းတွေနဲ့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ...ပြည်သူတွေကို ကူညီဖို့ စောင့်ရှောက်ဖို့ ...သင်ခိုင်းပေးပါအုံး...ပြည်သူတွေကို ရဲတွေက တရားခံကြည့် မကြည့်ဖို့...စစ်သားတွေက မဟောက်ဖို့...ဆရာဝန်တွေ၊ သူနာပြုတွေကလည်း...ပြည်သူတွေကို...နွေးနွေးထွေးထွေး ဆက်ဆံဖို့...အထူးသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တော်တော်ဟောက်တယ်ခင်ဗျာ...ကျနော်တို့ရွာတွေလာရင်တော့ ကယ်တင်ရှင်လိုလို ပုံစံနဲ့ ဂိုက်ပေးကြမ်းတယ်...စားဖို့ သောက်ဖို့ နေဖို့ အိပ်ဖို့ အားလုံး FOC ပဲ...သူတို့မြို့ရောက်ရင်ဖြင့် ဘယ်မှာတည်းလဲတောင် မမေးတတ်ဘူး...ဒီမိုကရေစီမှာ...ပြည်သူသာအမိ ပြည်သူသားအဖဆိုတာလည်း သင်ပေးပါအုံး...ရှင်းရှင်းပြောရရင် ပြည်သူကို သားကောင်လို့မြင်နေတာ တော်တော်ဆိုးတယ်...
ကျေးဇူးတင်ပါတယ်ခင်ဗျာ...

Anonymous said...

international style ko nar ma lell bu lar?

post morden san da pyu dar htin tell..

performance art style lay.

ye' ka sayar won ma hote phu.

say yone ba thu pote khaine tar lell?

Anonymous said...

ပုဂံမင်းတဲ့လား။
နင်တောင်ဆန္ဒဖေါ်ထုတ်ဖို့တောင်သွေးရဲလို့လား။
လူတိုင်းမှာခံစားချက်တွေရှိကြပါတယ်။
နိုင်လို့ရတိုင်းပြည်သူတွေကိုတသက်လုံးနိုင်နေမှာလား။
ဘာလဲအမြဲငုံခံနေရမှာတဲ့လား။
နင်တို့ပထွေးတွေပြောထားတယ်ဒီမိုကရေစီဆို
ဒါကြောင့်ဆန္ဒဖေါ်ထုတ်တာ
မင်းမဲ့စရိုက်ခဲနဲ့ပေါက်ဂျင်ကလိနဲ့ပစ်
လုပ်နေတာမဟုတ်။
အမှားကိုမသိအမှန်ဘာလဲမသိကြတဲ့
လူဆိုးလူမိုက်တွေလည်းဒုနဲ့ဒေးပါပဲလား။
အော်........မြန်မာပြည်အတွက်ရင်လေးပါဘိ

thinzaroo said...

ဘာလဲဟ သူ့ကိုသူ ပုဂံမင်းတဲ့ မင်းတော်တော်စွမ်းနေရင် သွေးကြောင်ရင်ဘေးရှောင်နေလိုက်ပါဟ။
ကိုယ်မလုပ်ရဲတဲ့အလုပ်ကို ကိုအောင်မြင့်တို့သားဖလုပ်ပြသွားတာမနာလိုဖြစ်နေလား
မင်းသတိမရှိလို့ ဒီလိုလိုက်ပြောနေတာလား ကလေးရယ်၊

doe said...

ိပုဂံမင်း ဆိုတာ အစိုးရလူလား။ လူတွေကိုငေါ့ တော့ တော့ပြော
နေပုံထောက်ထောက်တော့ ဒီပုတ်ထဲကဒီပဲ ဘဲဖြစ်မယ်ထင်ပါ
ိရဲ့ ။ ခင်ဗျားလူဆိုရင်လူလိုနားလည်တတ်အောင်၊ ကိုယ်ချင်းစာတတ်အောင် လုပ်စမ်းပါဗျာ

Powered by Blogger.