ဒေါ်အောင်ဆန်းစုကြည် ဇဗ္ဗူသီရိမြို့နယ် လူထုဟောပြောပွဲ မိန့် ခွန်းကောက်နှုတ်ချက်

““ဒီမြို့နယ်မှာ အထူးသဖြင့် ၀န်ထမ်းတွေများတာကြောင့် ၀န်ထမ်းတွေနဲ့ပတ်သက်လို့ ကျွန်မပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်ဖို့၊ တိုးတက်ဖို့ဆိုရင် ၀န်ထမ်းတွေအဆင့်မြင့်ဖို့၊ သိက္ခာရှိဖို့လိုတယ်။ အဆင့်မြင့်မြင့် သိက္ခာရှိရှိနဲ့ အလုပ်လုပ်နိုင်ဖို့ဆိုတာဟာ အုပ်ချုပ်မှုစနစ်၊ ဥပဒေရေးရာစနစ်အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ၀န်ထမ်းတွေရဲ့ဘ၀ဟာ လုံခြုံမှုမရှိဘူး။ လုံခြုံမှုနှစ်မျိုးမရှိဘူး။ တစ်မျိုးက လစာဝင်ငွေအရ လုံခြုံမှုမရှိဘူး။ တစ်မျိုးက ဥပဒေအရ လုံခြုံမှုမရှိဘူး။ အထက်အရာရှိမကြိုက်ရင် အလုပ်ကအချိန်မရွေးပြုတ်သွားနိုင်တယ်။ ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့အတွက် ဥပဒေ စိုးမိုးရေးက တစ်စိတ်တစ်ပိုင်းပါဝင်တယ်။ အစိုးရဆိုတာ ပြည်သူကိုကာကွယ်ရမယ်။ ပြည်သူဘက်က ရပ်တည်ပေးရမယ်။ ပြည်သူကို လုံခြုံအောင်ထားရမယ်”” ဒေါ်အောင်ဆန်းစုကြည်က ဇဗ္ဗူသီရိမြို့နယ်လယ်ကွင်းပြင်တွင် ပြုလုပ်ခဲ့သော လူထုဟောပြောပွဲ၌ ပြောကြားခဲ့သည်။
ယနေ့ညနေတွင် ဇဗ္ဗူသီရိမြို့နယ်လယ်ကွင်းပြင် အတွင်း ဟောပြောနေသော ဒေါ်အောင် ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့်အတူ တွေ့ရစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
 7Day
ဒေါ်အောင်ဆန်းစုကြည် ဇဗ္ဗူသီရိမြို့နယ် လူထုဟောပြောပွဲ မိန့် ခွန်းကောက်နှုတ်ချက် ဒေါ်အောင်ဆန်းစုကြည် ဇဗ္ဗူသီရိမြို့နယ် လူထုဟောပြောပွဲ မိန့် ခွန်းကောက်နှုတ်ချက် Reviewed by သစ်ထူးလွင် on 06:08 Rating: 5

2 comments:

No said...

နေပြည်တော် လူထုများခင်ဗျား
ကိုယ်တိုင်းပြည်အနာဂါတ် ကောင်းစေဖို့
မှန်ကန်တဲ့ မဲတစ်ပြားပေးဖို့
လူကြီးမင်းရဲ့ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်
ပြည်သူကို ဓန နဲ့ မဆွယ်ပါဘူး
မေတ္တာ ရင်မှာထား ပြည်သူအတွက်မှန်ကန်တဲ့သစ္စာ ကိုင်ဆွဲပြီး
NLD ခွပ်ဒေါင်းတို့ ရွေးကောက်ပွဲ ၀င်ပါပြီ။
တိုင်းပြည်တိုးတက်ရေး ပြည်သူများထာဝရချမ်းသာရေးကို ဆောင်ရွက်ပါရစေ။
NLD ခွပ်ဒေါင်းကိုမဲပေးကြပါ။

ladyjune said...

NLD ခွပ်ဒေါင်းနဲ့ကြယ်ဖြူကို မဲပေးကြပါလို့ ထပ်ဆင့်တိုက်တွန်းချင်ပါတယ်.
အများထင်နေကြတာက..နေပြည်တော်မှာဆို ရှုံးမှာပဲဆိုပြီး ပြောနေကြတယ်။
မှန်ကန်တဲ့လွပ်လပ်တဲ့ ရွေးကောက်ပွဲဆိုရင် အခုလာတက်တဲ့ လူတွေအားလုံး မှန်မှန်ကန်ကန် မဲပေးမယ်ဆိုရင် နိုင်ကိုနိုင်ရပါမယ်။မှတ်ထားဖို့က သူများပြောတဲ့အတိုင်း လုပ်တာဟာ.လူမဟုတ်ဘူး..လူတစ်ယောက်မှာကိုယ်တိုင်ဆုံးဖြတ်ခွင့် လွပ်လပ်ခွင့် ကို အပြည့်အ၀ အသုံးချပြီး ပီပီပြင်ပြင်မဲပေးကြပါ.NLD တံဆိပ်ဟာ..ခွပ်ဒေါင်းနဲ့ကြယ်ဖြူပါ.အန်တီအမြဲပြောနေသလိုပဲ.."ငါ တစ်ယောက်မဲမထည့်တာနဲ့ ဘာမှဖြစ်မသွားဘူး" ဆိုပြီးမထင်ပါနဲ့.အဲဒီ ငါဘာလုပ်တယ်တယ် ဆိုတာ မိမိကိုယ်တိုင်တာလျှင်အသိဆုံးဖြစ်မှာပါ.သူများက ဒီလိုပဲဖြစ်ရမယ်ဆိုပြီး..တွက်ထားတာကို..ဒီလိုဖြစ်လာစရာအကြောင်းမရှိပါဘူး..သင်တို့ရဲ့အမှန်တကယ်ဆန္ဒကိုပြသကြပါ.

Powered by Blogger.