နှစ်သိန်းတန်ဖုန်း ရန်ကုန်၊ မန္တလေးတွင် ကနဦး အသုံးမပြုနိုင်

ရန်ကုန်၊ မတ် ၆
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် မတ်လလယ်တွင် စတင် ရောင်းချမည့် အင်တာနက်လိုင်း ပူးတွဲပါသည့် GSM ဖုန်းများကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့တွင် ဧပြီလကုန်အထိ အသုံးပြုနိုင်မည် မဟုတ်ကြောင်း ယင်းဖုန်းများ ရောင်းချမည့် E-lite Tech မှ အထွေထွေ မန်နေဂျာ ဦးမင်းဆက်ပိုင်က The Voice Weekly သို့ ပြောကြားသည်။
GSM ဖုန်းများကို အဆိုပါ မြို့ကြီး နှစ်မြို့မှ လွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဖုန်းအရောင်းဆိုင် များတွင် ကျပ်နှစ်သိန်းဖြင့်ပင် ရောင်းချသွားမည် ဖြစ်ကြောင်း၊ GSM ဖုန်း ဈေးနှုန်းထက် CDMA 800 Mhz ဖုန်းများ ကျပ်ငါးသောင်း ဈေးပိုရခြင်းမှာ အင်တာနက်လိုင်း ပိုမိုကောင်းမွန် သောကြောင့် ဖြစ်ကြောင်း E-lite မှ အရောင်း တာဝန်ခံ ဦးသက်နိုင်ဝင်းက ရှင်းပြသည်။
ယင်းဖုန်းများကို ရန်ကုန်နှင့် မန္တလေး မြို့တော်များတွင် ဧပြီလ ကုန်ပိုင်းမှ စ၍ ရောင်းချသွားမည် ဖြစ်ကြောင်း ဦမင်းဆက်ပိုင်က ပြောဆိုပြီး အတည်မပြု နိုင်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ကြေညာချက်ဟု ယူဆရသော ထုတ်ပြန်ချက် တစ်ရပ်တွင်မူ မေလဆန်းတွင် စတင် ရောင်းချမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
" စိတ်ကို ပျက်သွားတာပဲ၊ တစ်ခါတည်း အဆင်သင့် ဖြစ်မှပဲ (တစ်နိုင်ငံလုံးကို) ရောင်းသင့် တာပေါ့ " ဟု တန်ဖိုးနည်း ဖုန်းများ ပေါ်လာမည် ဟူသော သတင်းကြောင့် ဝယ်ယူရန် စောင့်ဆိုင်းနေသည့် မရမ်းကုန်း မြို့နယ် ၄ ရပ်ကွက်တွင် နေထိုင်သည့် ကိုကျော်သက်ဦးက ဆိုသည်။
စီမံကိန်းမှာ တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်ခြင်း ဖြစ်သဖြင့် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများကို ချန်ထားမည် မဟုတ်ဘဲ ထည့်သွင်း စဉ်းစားထားကြောင်း၊ သို့သော် ယခု ထွက်ပေါ်နေသည့် သတင်းအတွက် တစ်စုံတစ်ရာ မှတ်ချက်ပေးမည် မဟုတ်ဘဲ ၎င်းတို့ဌာနနှင့် ပတ်သက်သည့် သတင်းများကို နိုင်ငံပိုင် သတင်းစာများ၊ ရုပ်သံ မီဒီယာများတွင် တရားဝင် ကြေညာသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများက အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ယင်းမှာ ရန်ကုန်နှင့် မန္တလေး မြို့များတွင် တာဝါတိုင် စိုက်ထူခြင်းများ မပြီးသေး သောကြောင့် ဖြစ်နိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိ ရသည်။
အခြား မိုဘိုင်းလ်ဖုန်းများ ဖြစ်သည့် CDMA 800MHz ဖုန်းများကို ကျပ်နှစ်သိန်းခွဲ၊ CDMA 450MHz ဖုန်းများကို ကျပ် နှစ်သိန်းဖြင့် ယခင် ရောင်းချနေသည့် ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးရှိ ဆိုင်များတွင် မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ဈေးလျှော့ ရောင်းချသွားမည် ဖြစ်ကြောင်း E-lite မှ တာဝန်ရှိသူများက ရှင်းပြသည်။
" မြို့ကြီးမှာ နေတဲ့သူတွေက CDMA ပဲ ဝယ်ကိုင်ရမလို ဖြစ်နေတာပေါ့၊ ရွေးချယ်ခွင့် မရှိတာ ဘယ်ကောင်းမလဲ " ဟု ရန်ကုန်မြို့နေ အသက် ၂၄ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တစ်ဦးက ဆိုသည်။
ယင်းဖုန်းများ ရောင်းချတော့မည့် သတင်းကြောင့် မိုဘိုင်းလ်ဖုန်းဆိုင်များမှာ ကျပ်နှစ်သောင်းကျော် တန်ဖိုးရှိ တန်ဖိုးနည်း ဟန်းဆက်များ ရောင်းချရန် စီစဉ်နေကြသည်။
ယခု စတင် ရောင်းချမည့် အစီအစဉ်မှာ GSM မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်း၏ ပထမနှစ် ဖြစ်သော လေးသန်း စီမံကိန်း အတွက် ဖြစ်သည်။
 The Voice Weekly
နှစ်သိန်းတန်ဖုန်း ရန်ကုန်၊ မန္တလေးတွင် ကနဦး အသုံးမပြုနိုင် နှစ်သိန်းတန်ဖုန်း ရန်ကုန်၊ မန္တလေးတွင် ကနဦး အသုံးမပြုနိုင် Reviewed by သစ်ထူးလွင် on 05:58 Rating: 5

36 comments:

လေချိုသွေး said...

မ၀ယ်ဘူးကွာ...မ၀ယ်ဘူးကွာ...ဘယ်ကဖုန်းလာလာ
မ၀ယ်ဘူးကွာ...ဟင်း...

kyaungsayar said...

ပြည်သူတွေဆီက ရတဲ့နည်းနဲ့ ဂုတ်သွေးစုပ်၊ ကောက်ကျစ်တဲ့နည်းမျိုးစုံနဲ့
မလှိမ့်တပတ်လုပ်ပြီး ရသလောက်စစ်ထုတ်ယူနေကြတာ အားမရသေးဘူးလား
တိုင်းပြည်လဲ မွဲငတ်ပြီး စုတ်ပြတ်နေပြီ ဌာနနဲ့ပုဂ္ဂလိက တွေပေါင်းပြီး ရိုက်နေတုန်းပဲလား........

သုခ said...

india Co.တစ်ခု က မြန်မာပိုင်Co.တစ်ခု နဲ့ ပူးပေါင်းပြီး 3000-ကျပ်
နဲ့ရောင်းရန်ကြိုးစား နေပါသည်။

Anonymous said...

vote "NO" to buy...

NT said...

ကိုင်မနေတော့ဘူးကွာ ... ၁၀၀၀ လောက်နဲ့ရမှပဲကိုင်မယ် ..မာနခပ်ကြီးကြီးပဲ.....ပြေးပီ ဒက် ကလောက် ...ဒက်ကလောက်

NT said...

မကိုင်ဘူးကွာ ၁၀၀၀ လောက်နဲ့ရတဲ့အခါမှပဲကိုင်မယ်ကွာ........ဟင်းးးးးးးးးးးဟင်းးးးးးးးးးးးးးးးးးးး

NT said...

ကိုင်ဘူးးးးးးးးးးးးးးးးးးးးးးး

Unknown said...

say NO to that,,,SIM,,card...
damn it!

tharzaw said...

ဝယ်ဘူး။

kk said...

မ၀ယ်ဘူးကွာ ဒီထက်လျော့မှာဝယ်ဖို့စဉ်းစားမယ်..

chitraaung said...

မ၀ယ်ဘူးကွာ...မ၀ယ်ဘူးကွာ...

sai wan na said...

မ၀ယ်ဘူးကွာ...

unknown said...

မကိုင်ရေးချမကိုင်။တို့ကတော့၅၀၀၀တန်ဖုန်းပေါ်မပဲကိုင်မယ်ဟေ့.........
ဒါတောင်၁၀၀၀ကနည်းမလားလို့လျော့ပေးထားတာ

Anonymous said...

နှစ်သိန်းတန်ဖုန်း ရန်ကုန်၊ မန္တလေးတွင် ကနဦး အသုံးမပြုနိုင်

ဘာကြောင်တာလဲ..ငပေါဆက်သွယ်ရေးရဲ့..
သုံးမရမှတော့.ဘာလို့ဝယ်မှာတုံန်း.

ဖိုးတောက် said...

ဘ၀ဆက်တိုင်း ချမ်းသာကြပါစေဗျာ...

gwantaylay said...

ဒါ ဆက်သွယ်ရေးရဲ့ လှည့်ကွက်ပဲဆိုတာ အသိသာကြီးပါ..တကယ်ဆို လူထုများတဲ့ မြို့ကြီးတွေကို အရင်ချထားပေးသင့်တယ် တိုင်ထောင်လို့မပြီးသေးဘူးဆိုတဲ့ စကားကတော့တကယ့်ကိုမဖြစ်နိုင်တဲ့စကား ..တကယ်ဆိုမြို့ကြီးတွေကို အဓိကထား ပြီး ထောင်သင့်တာလေ..နယ်ကိုအရင်ချပေးတာက လှည့်ကွက်ပဲ..တချို့ရွာတွေဆိုဘယ်နားလည်မလဲ 2သိန်းချိုတယ်ဟ ဆိုပြီးဝယ်မယ့်သူပေါတာကို..အဲဒါကို ဆက်သွယ်ရေး ရသလောက်ဝိုက်မယ်လေ..မ၀ယ်ကြတော့ဘ.ူးဆိုမှ မြို့ဘက်လှည့်တော့မှာပေါ့..မင်းတို့အကြံဒါအကုန်ပဲလားကွာ..အိန္ဒိယ ကုမ္ပဏီက 3000ကျပ်လောက်နဲ့ ဆင်းကဒ် ရောင်းဖို့တောင်ညိုနေပြီ မင်းတို့လုပ်ရပ်တွေရပ်တန်းကရ့ပ်လိုက်ပါတော့ကွာ..။

Myanmar said...

မြန်မာအစိုး၇တွေ ပြည်သူကို အ၇ူးလုပ်လာတာ ကြာပါပြီ။ ၇ပ်တန်းက ၇ပ်ကြပါတော့။ ပြည်သူတွေကနေ အစိုး၇ဖြစ်သွားလိုက် ပြည်သူကို ပြန်နှိပ်စက်လိုက်။ တော်ကြပါတော့ဗျာ။ ။

Anonymous said...

၅၀၀၀ တန်ပဲ

Anonymous said...

ခုတမျိုးတော်ကြာတမျိုးနဲ့ဗျာ။ ခင်းဗျားတို့ဆက်သွယ်ရေး တွေလူတွေကို လူလို့ ထင့်ကြရဲ့လား...

မိစံ said...

အခုတစ်မျိုး..တော်တော်ကြာတစ်မျိုးနဲ့
ဘယ်သူ့သွားယုံရမှန်းတောင်မသိတော့ပါဘူး။

zawzaw said...

ဒီကောင်တွေကဖုန်းရောင်းစားနေတာ။

ဖိုးထူး(ဖျာပုံ) said...

မင်းတို့ဖုန်းတွေ ရောင်းမနေပါနဲ့တော့ကွာ
ဘယ်သူကမှ ၀ယ်ကိုင်မှာမဟုတ်ဖူး ငပေါတွေရဲ့
မြန်မာပြည်ကြီး မတိုးတက်သေးတာ မင်းတို့လို့ပြည့်သူတွေဆီကဘဲ
ဂုတ်သွေးစုတ်ဖို့ချောင်းနေတဲ့ ကောင်တွေကြောင့်...
ဘာမှမဟုတ်တဲ့ တိုင်းတပါးသားက မင်းတို့ ပထွေးတွေဆိုရင်တော့
မပြောလိုက်ချင်ဘူး အကုန်လုပ်ပေးမယ်ကောင်တွေ...

zawzaw said...

ဆက်သွယ်ရေးကအကောင်းတွေကဖုန်းရောင်းစားတာပါကွာ။တကယ်ဆိုရင်စင်ကတ်ရောင်းပါလား။ကိုယ်ကြိုက်တဲ့ဖုန်းဝယ်မှာပေါ့။

zawzaw said...

မကိုင်ဘူးကွား။

Wai*Linn*Aung said...

Ngar to si mhar 50 Baht pal shi dal .. m wal bu kwar

sky light said...

မသုံးမဖြစ်တဲ့သူတွေလောက်ပဲဝယ်ကြပါ..ကျန်တဲ့သူတွေကမ၀ယ်ဘူးကွာ..မရောင်းရရင် ကြာကြာမခံနိုင်ပါဘူး...

brave heart said...

ပြောမနေပါနဲ့ ဆက်သွယ်ရေးက အဆင့်အတန်းကို မရှိလို့

seazinyaw said...

ဝယ်ကိုင်တဲ့သူ အမျိုးသား သစ်စာဖေါက်။ လက်တစုပ်စာ အလိုတော်ရိတွေရဲ့ ဂုတ်သွေးစုတ် တာမခံနဲ့ ၊ အမျိုးသာရေး အမြင်နဲ့ ဆန့်ကျင်ကြ

sawkofan said...

ဘာ သုံးထောင်တန်ဖုန်းပေါ်မယ် ဟုတ်လား ငါးထောင်တန် မဟုတ်တော့ဘူးပေါ့ ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မှတ်ချက်၊ ၊ရှုးသွားချင်းဖြစ်ပါသည်

Vicky said...

NO!!!!!!!!!! I don't buy it!!!!!!

Anonymous said...

၁၅ သိန်းတန် gsm,450mhz,cdma,wcdma, စသည်ဖြင့် အရေအတွက်
သိန်းချီ ရောင်းထားတဲ့ငွေတွေ ၊ ဖုန်းခေါ်ခတစ်မိနစ် ၅၀ ကျပ်နှုန်းနဲ့ ကောက်ခံ
ထားတဲ့ငွေတွေ အားလုံးကိုတွက်ကြည့်လိုက်ရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀၀ကျော်ရှိပါတယ်။ အခုတန်ဖိုးနည်း ဆင်းမ်ကတ် ရောင်းချဖို့ အခြေခံအဆောက်အအုံ တွေ တည်ဆောက်ရအုံး
မယ်ဆိုတော့ အရင်ရရှိထားတဲ့ဒေါ်လာသန်းသုံးထောင်ကျော်ကို တံတားတွေ လမ်းတွေဆောက်လိုက်တာ လား ။ နိုင်ငံတော်စီမံကိန်းတွေ
လုပ်လို့ ဒါမှမဟုတ် လူကြီတွေအိတ်ကပ်ထဲ ထည့်ဖို့ တယ်လီဖုန်းငှားရမ်း
သုံးစွဲသူတွေက ကျခံခိုင်းနေပါသလား ။ အစိုးရမှ တန်ဖိုးနည်းဆင်းမ်ကတ်
ရောင်းချပေးဖို့ မလုပ်နိုင်ဘူးဆိုရင်လည်း အဆိုပြုလာတဲ့ ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေကို ခွင့်ပြုလိုက်ပါတော့လား။ စားထားတာတွေ များနေလို့ ဗိုက်ဝနေရင် ဆက်
မစားရဘူး။ ပြန်အန်ထွက်ရင် စားထားတာတွေသာမက ၀မ်းတွင်းကလီစာ
တွေပါလာပြီး သေဘေးကြုံရတတ်တယ်ဆိုတာ --- သတိပေးလိုက်ပါရ
စေ။

genius said...

ဝန်ထမ်းတွေ လာဘ်စားမှုကင်းစင်ရမယ်ဆိုပေမယ့် နိုင်ငံတော်ထိပ်ပိုင်းလူကြီး
တွေက လာဘ်ငွေမြင်ရင် မနေနိုင်ကြဘူး ။ အမှန်ဆို တန်ဖိုးကြီးဆင်းမ်ကတ်
ငွေကြေးအရှုပ်တော်ပုံတွေကိုထုတ်ဖေါ်သင်.တယ်။ နှစ်သိန်းတန်ဆင်းမ်ကတ်ကိုလည်း တစ်ဝက်ဈေး
နဲ့ရောင်းချဖို့ ညွှန်ကြားသင့်တယ် ။ ခုတော. အလိုက်သိပေးနေရတယ် ။ low cost sim co.တွေကိုလည်း အမြန်ချပေးသင်.တယ်

micromyo said...

လူညီရင်အက္ခရာအီကိုကျွဲဟုဖတ်ရသည်။လူညီပါစေ။

N2N said...

ဈေးနူန်းအရမ်းသက်သာသော CDMA ဖုန်းများ မြို့ကြီးများတွင် လျင်မြန်စွာတပ်ဆင်ရောင်းချရန် ရှိသည့်အတွက်၎င်း ချိတ်ဆက်မူများမပြီးပြတ် သေးသောကြောင့်၎င်း GSM/WCDMA ၂ သိန်းဖုန်းများကို မချပေးသေးဘဲ MPT မှ CDMA ဖုန်းများကုန်အောင် ရောင်ချချင် (နောက်ဆုံးသတင်း)

myochit.mm.2012@gmail.com said...

မကြာမီ လာမည် မျှော်........ ပြည်သူတို့.........

naingoo said...

မလေး၇ှားမှာတော SIM cadတစ်ကဒ် RM 8.80 ဘဲ၇ှိတယ်
အထဲမှာ TOP UP RM 4.00 ၇ှိတယ်
ှSIM CAD တန်ဖိုးက RM 4.80 ဆိုတော့
RM 1= 262 ကျပ်...
SIM CAD 1257.60ကျပ်နဲမည်သူမဆိုသုံးနိင်တာပေါ့ဗျာဒါကိုခင်ဗျားတို
ကောင်းကောင်သိပါတယ်၇ူးချင်ယောင်မဆောင်နေပါနဲ

Powered by Blogger.