အသစ်ချိတ်ဆက်မည့် ရေအောက်ဖိုင်ဘာ ဆက်ကြောင်း SE-ME-WE-5 အတွက် ကန်ဒေါ်လာ
သန်း ၄ဝအထိ သုံးစွဲရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ
အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။
အဆိုပါ ဆက်ကြောင်းအား တပ်ဆင်ရန် အချိန်သုံးနှစ်ခန့် ကြာမည်ဟု ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် သတ်မှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံများပြည့်၍ သတ်မှတ် အချိန်ထက် စောပြီး ချိတ်ဆက်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။
”ဒီဆက်ကြောင်း လုပ်ဖို့ အရင်းအနှီး အများကြီး ကုန်ကျမှာပါ။ ဒီအတွက် ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံကြီးတွေနဲ့ ဆွေးနွေးတာ အဆင်ပြေတဲ့အတွက် အမြန်ဆုံး ချိတ်ဆက်တော့မှာပါ။ မြန်မာနိုင်ငံအနေနဲ့ SE-ME-WE-5ဆက်ကြောင်း သွယ်တန်းဖို့ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြု ခံရပါတယ်။ ဒါကြောင့် ကန်ဒေါ်လာ ၄ဝ လောက်အထိ သုံးစွဲသွားဖို့ စီစဉ်ထားပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
၎င်းဆက်ကြောင်းအား မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းနိုင်ငံများအနက် တရုတ်နိုင်ငံမှ အဓိကဦးဆောင်၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
”ဆက်ကြောင်း အကောင် အထည်ဖော်ဖို့ တရုတ်နိုင်ငံကပဲ သက်ဆိုင်ရာနိုင်ငံတွေကို ညှိနှိုင်း ဆောင်ရွက်ပေးတာပါ။ ငွေပေး သွင်းတဲ့ အခါမှာလည်း တရုတ် နိုင်ငံကိုပဲ အဓိက ပေးသွင်းရမှာ ပါ။ ဆက်ကြောင်းချိတ်ဆက် ဖြစ် ရင်တော့ ငွေကို အရစ်ကျပေး သွင်းသွားဖို့ ဆောင်ရွက်ထားပါတယ်” ဟု ၄င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အင်တာနက်သုံးနိုင်ရန် ဖိုင်ဘာဆက်ကြောင်း SE-ME-WE-3တစ်ခုသာ ချိတ်ဆက်ထားပြီး ၄င်းဆက်ကြောင်း ပြတ်တောက်သွားပါက အင်တာနက် ဆက်လက်သုံးစွဲရန် အရန်ဆက်ကြောင်းများ ရှိသော်လည်း လုံလောက်သော မြန်နှုန်းမရရှိသည့်အတွက် SE-ME-WE-3 ဆက်ကြောင်းကဲ့သို့ မြန်နှုန်း အလုံအလောက် ပေးနိုင်သည့် SE-ME-WE-4 နှင့် SE-ME-WE-5ဆက် ကြောင်းများအား ထပ်မံ ချိတ်ဆက်နေခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်များ အရသိရသည်။
ယင်းသို့ ဖိုင်ဘာ ဆက်ကြောင်းများ ထပ်မံချိတ်ဆက်ရာ၌ SE-ME-WE-4 ဆက်ကြောင်းမှာ စတင်ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်၍ ၄င်းဆက်ကြောင်းမှာ SE-ME-WE-5ထက်ဦးစွာ ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။
အောင်ဇော် (ပေါ်ပြူလာဂျာနယ်)

အင်တာနက် မြန်နှုန်းအတွက် ကန်ဒေါ်လာ သန်း ၄ဝ သုံးမည်
Reviewed by သစ်ထူးလွင်
on
17:02
Rating:
16 comments:
ဟုတ်မှလဲလုပ်ပါမောင်ကာဠုရယ်၊ Internet ပဲမြန်လာမလား၊ MPT က လူတွေပဲပိုပြီးချမ်းသာလာမလား၊ ပြောပေါင်းများတော့လဲရိုးနေပြီ။ ၀န်ကြီး၊ဒုဝန်ကြီး၊ ကနေ အောက် MD/DG/GM/CE/Director တွေက
Commission ဘယ်လောက်ယူကြမှာလဲ၊ဒု-သမတ(၁)အတွက်လဲ မမေ့ကြနဲ့နော်။တရုပ်နဲ့လုပ်မှာဆိုတော့၊တရားအားထုတ်ကြဦးမည်။
လွင့်ထွက်သွားမည့်အရှိန်အဟုန်ဖြင့် ရောက်ရှိလာတော့မည့် မြန်နှုံးမြင့်အင်တာနက်ဆက်သွယ်ရေးကြီး မြန်မာ့ဆက်သွယ်ရေးနှင့် တရုတ်ကြီးတို့ ပူးပေါင်း၍ လာပါတော့မည်။...မကြာမှီ..လာမည်...
....မျှော်...............
နိုင်ငံတော်သစ်အတွက် အကျိုးရှိစေမယ့် အလုပ်တစ်ခုလို့ မြင်ပါတယ်... ဒါပေမယ့် လူတစ်ဦး. တစ်ယောက်အတွက်တော့ မဖြစ်ပါစေနဲ့လို့ မေတ္တာ ရပ်ခံပါရစေ... အထက်က ချပေးရင်တော့ တစ်ချပ်အပြည့်ပဲ... အောက်ခြေ ရောက်လာတော့ ကိုက်ဖဲ့လေးတွေပဲ ဖြစ်နေ မှာကိုတော့ စိုးရိမ်တယ်ဗျ... ငါ့အတ္တကို မကိုင်ဆွဲပဲ တိုင်းပြည်အတွက် အလုပ် လုပ်ပေးနိုင်ပါစေလို့ ပြောချင်ပါတယ်..
တယုတ်နဲ့ လုပ်မယ်ဆိုကတည်းက ဘာတွေ ယုတ်ကန်းကြဦးမလဲ မသိဘူး။ ဒီ ခွေးတယုတ်တွေကို မကင်းနိုင်ကြဘူး။
မြန်မာပြည် ကလူကြီးတွေ သူတို့မျက်စိထဲမှာ ကမ္ဘာပေါ်မှာ တရုတ်ဘဲတတ်တယ်ထင်နေကြတယ်။ကြည့်လုပ်ကြပါအုံး
ဆက်သွယ်ရေး ကပြောရင်တော့ ပင်လယ်ထဲမှာ ရေ ရှိ တယ်ဆိုရင်တောင် ပြေးကြည့်ပြီးမှ ယုံမယ် မသဲအူလို့ ပြောချင်တယ်...
ဆက်သွယ်ရေး ကို မယုံ ရဲတော့လို့ပါ
သန်း ၄၀ သုံးမယ်...ဘယ်သူ သုံးမှာလဲ..ဆက်သွယ်ရေး ၀ံကြီးလား...၀ံကြီးတွေအားလုံးခွဲသုံးမှာလား....
အခုလည်းအင်တာနက်ကကောင်းပါတယ်။မကောင်းတာကလူတွေပါ။ထစ်ခနှဲစိုပြိတ်လုပ်နေတာကို။ အင်တာနက်လည်းဖွင်.ပေးဖို.အချိန်တန်နေပါပြီ။တိုင်းပြည်ငွေတွေကိုမဖြုနးပါနှဲလားဗျာ။လုပ်နှိင်တဲ.လူတွေကိုပေးလုပ်သင်.နေပါပြီ။ရတနာပုံတို. red link mptတို တောလောက်ရောပေါ.စားထားတာလည်း
ma htin ma htin!!
အင်တာနက်မြန်နှုန်းတက်လာမှာကနည်းနည်း၊မသေခြာဘူး၊.....သေခြာတာကတော့အဲဒီလုပ်ငန်းတာဝန်ယူရတဲ့လူချီးများနဲ့သူ့သားသမီးတွေကတော့စင်ကာပူ(သို့) ဥရောပမှာမြန်နှုန်းမြှင့်ပြီး အိမ်ဝယ်ကြမှာအသိအကျဘဲ။
ကောင်းပါတယ် အင်တာနက်သုံးရတာ နိုင်ငံတကာမှာလိုဘဲ
ွGoogle street ကိုပိုမိုပြီးကောင်းမွန်သွားမယ်လို့ မျှော်လင့်ပါတယ်
မြန်လေ ကောင်းလေပေါ့ လောလောသုံးရတာ အရင်ကထက်ပိုပြီးနှေးနေတယ်
ဒီစီမံကိန်းက တယုတ်နဲ့လုပ်မှာတဲ့ တယုတ်တွေကို ငွေသွင်းမှာဆိုတော့ မြစ်ဆုံကြီးလို ကြားပွဲစားက ဘယ်နှစ်ရာခိုင်နှုန်းရမလဲ မသိဘူးနော် ဘယ်သူကကြားပွဲစားလဲ ခုလဲ အင်တာနက်လိုင်းကမြန်ပါတယ် ပြည်သူတွေကို အပြည့်အ၀လိုင်းမဖွင့်ပေးတာပါ အင်တာနက်သုံး တဲ့သူမရှိတဲ့ ဆက်သွယ်ရေးသင်တန်းကျောင်းတို့ သမတရုံးတို့ ဒုသမတရုံးတို့မှာဆို လိုင်းကဒေါင်းလုပ် 1G တောင်ပေးထားတယ် ပြည်သူတွေကျတော့ လိုင်းကိုနှေးအောင်လုပ်ပေးထားတယ် လိုင်းကိုမချဲ့ပေးဘူးလေ. . . . လူအချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေ. . . .

ဂယ်လားဟင်?
ပြည်သူ တွေ ကို ဟိုဟာလေး အယောင်ပြလိုက် ဒီဟာလေး အယောင်လိုက် နဲ့ လုပ်နေတာ ကြာပါပြီ ၊ နောက်ဆုံးတော့လဲ ဒီအတိုင်းဒီအတိုင်းပါဘဲ ၊ စီမံ ဆောင်ရွက် ပါတယ်ဆိုတဲ့ သူတွေ ဘဲ ထူးခြား သွားတာ ပြည်သူတွေ ကတော့ ဘာမှ ထူးခြားမှု မခံစားရတာ ကြာခဲ့ပါပြီ ။
တရုတ်ကအင်တာနက်နဲ.ပတ်သက်ရင် ခောတ်အမီဆုံးပါ (လိုင်းတွေဖြတ်တာ ၊ ဆက်တာ စောင်.ကြည်တာ)- control -လုပ်တာ ။---တရုတ်နည်းပညာကတော.စိတ်မချရပါ ။
Post a Comment