လက်နက်ဆိုရင်အပ်တောင်မကိုင်စေချင်တော့ဘူး
by 7Day News Journal on Friday, March 9, 2012 at 5:44am ·
ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင်နှင့်တွေ့ဆုံခြင်း
ကချင်ပြည်နယ်အတွင်း မြန်မာ အစိုးရနှင့်ကချင် လွတ်မြောက်ရေး တပ်မတော်တို့အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ အချိန်ကာလ အားဖြင့်၉လရှိခဲ့ပြီဖြစ်သည်။ အစိုးရအနေနှင့် လည်း ကေအိုင်အိုမှတာဝန်ရှိ သူများနှင့် နှစ်ကြိမ်တိုင်
ငြိမ်းချမ်း ရေးအတွက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးထိုသို့တွေ့ဆုံဆွေးနွေး နိုင်ရန်ကြားမှာအကျိုးဆောင်ကူညီ ပေးသည်မှာကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ ဖွဲ့စည်းထားခဲ့ သော ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဖြစ်သည်။
ထို ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့ ( Peace Talk Creation Group ) မှ အဖွဲ့ဝင်တစ်ဦး လည်းဖြစ်သူ Jade Land ကုမ္ပဏီ ၏အကြီးအကဲလည်းဖြစ်သူဦးယွပ် ဇော်ခေါင်နှင့်ဖေဖ၀ါရီ၂၅ရက်တွင် မြစ်ကြီးနားမြို့ရှိသူ၏နေအိမ်တွင်
ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေးကိစ္စများ၊ ကချင်ပြည် နယ်တွင်းမှ အခြေအနေများကို တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
(နောက်ဆုံးသိရသောသတင်းအရ အစိုးရနှင့်ကေအိုင်အို တာဝန်ရှိသူများသည် တရုတ်နိုင်ငံ၊ရွှေလီမြို့တွင် မတ်လ ၈ရက်နေ့မှစတင်ကာ ၃ရက်ကြာငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးနေကြပြီဖြစ်သည်။)
- ပထမဆုံးအနေနဲ့ အစိုးရနဲ့ ကေအိုင်အိုကြား တွေ့ဆုံဆွေးနွေးရေးတွေမှာ ဦးယွပ်ဇော်ခေါင်တို့ ငြိမ်းချမ်းရေး ဆွေး နွေးရေးအကျိုးဆောင်အဖွဲ့အနေနဲ့ဘယ်လိုမျိုးပါဝင်ကူညီ နေလဲဆိုတာသိချင်ပါတယ်။
ခေတ်အဆက်ဆက်က အကျိုးဆောင်လုပ်ငန်းလုပ်ခဲ့တဲ့ ကျွန် တော်တို့အစ်ကိုတွေ၊ဆရာတွေအမိအဖ တွေအများကြီးရှိခဲ့တယ်။၁၉၆၁ ခုနှစ်မှာ ကေအိုင်အိုစတင်တည် ထောင်ခဲ့တယ်။
ကေအိုင်အိုကို စတင်တည်ထောင်ခဲ့တဲ့နောက် ပိုင်းမှာ ၁၉၆၃ မှာတစ်ကြိမ်၊ အခု လိုငြိမ်းချမ်းရေးဆွေး နွေးပွဲ တွေလုပ်ခဲ့တယ်။ ၁၉၇၁-၇၂ မှာ တစ်ကြိမ်။ နောက်ပြီး ၁၉၈၁ မှာတစ်ကြိမ်။
အဲဒီအချိန်မှာ ငြိမ်း ချမ်းရေးရရှိဖို့ သဘောတူညီ ချက်တွေအားလုံးဖြစ်ဖို့နည်းနည်း လေးလိုတဲ့အချိန်မှာ (အရင်တုန်း ကလုပ်ခဲ့တဲ့လူတွေ အပြောပေါ့လေ) အစိုးရကစိတ်မရှည်လို့ပျက်ခဲ့တာ။
၁၉၉၄ ဖေဖော်ဝါရီ ၂၄ မှာ တစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီအကြိမ်ကျတော့ သူတို့က အပစ်အခတ်ရပ်စဲပြီးတော့ ၁၇ နှစ်တိုင်တိုင်ကြာအောင်ငြိမ်းချမ်း ရေး အသွင်ဆောင်ပြီးတော့
တစ် ယောက်နဲ့တစ်ယောက်၊တစ်ဦးနဲ့ တစ်ဦးအစိုးရနဲ့ကေအိုင်အေ အတူတူလက်တွဲပြီးတော့ ဒေသဖွံ့ဖြိုး ရေးတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ အခုဒီမိုကရေစီအစိုးရသစ် ရွေး ကောက်ပွဲလုပ်ခါနီးအချိန်မှာ
နယ် ခြားစောင့်တပ်ကိစ္စမှာနည်းနည်းသဘောထားကွဲလွဲမှုရှိတယ်။တစ် ယောက်နဲ့တစ်ယောက်ညှိနှိုင်းမှုမှာ ပေါ့ဆမှုဖြစ်တယ်လို့မြင်တာ ပေါ့လေ။ အဲဒီအချိန်မှာ ကျွန် တော်တို့ကငြိမ်းချမ်းရေးမှာမပါဝင်သေးဘူး။
အခုဒီဘက်ပိုင်းမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲကဖြစ်နေပြီ။ ၂၀၁၁ ဇွန် ၉ ရက်နောက်ပိုင်းမှာစ ဖြစ်တယ်။နေ့စဉ်နဲ့အမျှစစ်ပြေး ဒုက္ခသည်တွေ၊ဖမ်းဆီးအရေးယူသတ်ဖြတ်မှုတွေ၊ အိုးပစ်အိမ်ပစ်စွန့်ခွာမှုတွေ၊အမျိုးသမီးတွေကိုအဓမ္မပြုကျင့်တာ၊
ရွာမီးရှို့တာတွေ တိရစ္ဆာန်တွေကို သတ်ဖြတ်မှုတွေ၊ ကျောင်းနေ အရွယ်ကလေးတွေ ပညာရေးတွေလည်းကျောင်းတက် လို့မရတဲ့အခါ သက်ကြီး ရွယ်အိုတွေဒုက္ခတွေနဲ့ ကမ်းမမြင်လမ်းမမြင် နေ့စဉ်နဲ့အမျှ စစ်ပြေးဒုက္ခသည်
တွေများသထက်များလာ တော့ ကျွန်တော် တို့လည်းပြည် နယ်သူ ပြည်နယ်သားဖြစ်ပြီးတော့ နေ့စဉ် ကြားလည်းကြားနေရတယ်။သိလည်းသိနေရတယ် မြင်လည်းမြင် နေရတဲ့အရာကို ဘယ်သူမှကြား ၀င်မဆောင်ရွက်ရင်တော့
မရတဲ့ အခြေအနေဖြစ်သွားတော့ကျွန် တော်နဲ့ ဦးလမိုင်ဂွမ်ဂျာ၊ ဦးပရာစွန်းအောင်၊ ဦးအင်ရှန်းဆန် အောင်တို့လေးဦး နိုင်ငံတော်အစိုး ရနဲ့ ကေအိုင်အိုကြားထဲမှာ ညှိနှိုင်းမှုဆောင်ရွက်မှုရှိတယ် ဆိုရင် ကြားကနေ ဆောင်ရွက် ပေးဖို့ရည်ရွယ်ခဲ့တာ။
၂၀၁၁ နိုဝင် ဘာ ၅ ရက်က PCG (ငြိမ်းချမ်း ရေးဆွေးနွေးရေး အကျိုးဆောင် အဖွဲ့)စတင်ခဲ့တာ။
- PCG အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာကြားထဲက ကူ ညီဆောင်ရွက်ပေးနေတာက ဘယ်လောက်ထိ ခရီးရောက် သွားပြီလဲ။
ကျွန်တော်တို့ နိုဝင်ဘာလ လဆန်းပိုင်းလောက်ကနေစပြီး ကေအိုင်အို ဗဟိုလူကြီးတွေ ရော နိုင်ငံတော်ဘက်က အခုဖွဲ့ စည်းထားတဲ့ ဦးအောင်သောင်းတို့ ဦးသိန်းဇော်တို့အဖွဲ့နဲ့ နှစ်ဦးနှစ် ဖက်ကိုဖုန်းနဲ့အရင်ညှိနှိုင်းတယ်။
ကေအိုင်အိုဘက်ကိုပဲစသွား ပြောရင်လက်နက်ကိုင်အဖွဲ့အစည်း နဲ့ဆက်သွယ်မှုဖြစ်နေတယ်လေ။နောက်ပြီး ဒီဖက်နဲ့ပဲပြောမယ် ဆိုရင်လည်းဟိုဖက်ကအစိုးရလူဖြစ် နေတယ်ဆိုပြီး ယုံကြည်မှုတည်ဆောက်ရခက်မှာပေါ့ ။
ဒါနဲ့ နှစ် ဖက်လုံးကို ဖုန်းနဲ့အရင်ဆက် သွယ်ခဲ့တယ်။ ဆက်သွယ်ခဲ့တဲ့ အချိန်မှာဘယ်လိုကဏ္ဍနဲ့ဆောင် ရွက်ပေးမလဲဆိုပြီးမေးတယ်။ ကျွန် တော်တို့ကပါတီအဖွဲ့ဝင်တွေလည်း မဟုတ်ဘူး။နိုင်ငံတော်အစိုးရရဲ့ဝန်
ထမ်းအနေနဲ့ပါဝင်ပတ်သက်ခြင်း မရှိဘူး။ ပြည်သူတစ်ဦးအနေနဲ့ ပြည်သူ့ကိုယ်စား ပြည်သူတစ် ယောက်အနေနဲ့ပဲ လူ့ကိုယ်ခန္ဓာ ဆိုတာနာတတ်တယ်၊ ကျင်တတ် တယ်၊၀မ်းနည်းတတ်တယ်၊ရယ်တတ် တယ်၊ ငိုတတ်တယ်။
ဒီအရာတွေ က ကျွန်တော်တို့အနေနဲ့ကိုယ်ချင်း စာပြီးလုပ်ဆောင်ပေးတယ်ဆိုပြီး စတင်ဆွေးနွေးခဲ့တာ။ နိုဝင်ဘာ ၅ မှာ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်က ထင်ကျန်းမြို့မှာ ကေအိုင်အိုနဲ့သွား တွေ့ပြီးဆွေးနွေးခဲ့တယ်။
ကေအိုင် အို ဒုဥက္ကဋ္ဌအဖွဲ့နဲ့ဆွေးနွေးတယ်။ ဒုဥက္ကဋ္ဌနဲ့ဆွေးနွေးပြီးတော့ဦးအောင် သောင်းတို့ ဦးသိန်းဇော်တို့နဲ့ ဒု ဥက္ကဋ္ဌကို အချိတ်အဆက်လုပ် ပေးတယ်။ အဲဒီအချိန်မှာ နှစ်ဦး နှစ်ဖက်စပီးဖုန်းပြောဖြစ်တာ ပထမဆုံးပါ။
၇ ရက်မှာ မြစ်ကြီး နားကိုပြန်လာတယ်။ ကျွန်တော် တို့က ၅ ရက်ကသွားတယ် ၆ ရက်မှာတပ်မ ၁၈ က ထိုးစစ်ဆင် တယ် တိုက်ပွဲဖြစ်နေပြီပေါ့။ ဖြစ်တဲ့ အခါ ၇ ရက်ပြန်လာတဲ့အချိန်မှာ သေနတ်သံတွေ၊ ဗုံးသံတွေလည်း ကြားရတယ်။
ကျွန်တော်တို့ရှေ့ မှာပဲ အိမ်တွေကိုမီးရှို့တာမြင်ရတယ်။ကျွန်တော်တို့လည်း အသက် နဲ့ရင်းပြီးသွားရတာပေါ့။ကန်ပိုက် တီးလမ်းကြောင်းက နေကားနဲ့သွားခဲ့ ရတာ။ဒီကိုရောက်တဲ့အချိန်မှာ ဦးအောင်သောင်းတို့အဖွဲ့နဲ့ဆွေး နွေးတယ်။
နေ့စဉ်နဲ့အမျှဒီလို တော့ဖြစ်နေပြီ စစ်မက်ဖြစ်ပွားမှုကြောင့်ဖြစ်ခဲ့တဲ့ မတော်မတရားမှုတွေလည်း အများကြီးရှိခဲ့ပြီ အနိဋ္ဌာရုံတွေဒီလောက်အထိဖြစ်ခဲ့ပြီ ဆိုတော့ မလွဲမသွေဆွေးနွေးရ မယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လည်းဆွေးနွေးဖို့တာဝန်ရှိတယ်လို့
ယူဆတယ်။ ကေအိုင်အိုဘက် ကလည်း ဆွေးနွေးဖို့တာဝန်ရှိ တယ်။ ကျွန်တော်တို့အဲလိုနဲ့ပဲစာအပြန်အ လှန်ပြန်ပို့ပြီးတော့ ဒီလိုနဲ့ ၂၀၁၁ နိုဝင်ဘာ ၁၉ မှာ တရုတ် နိုင်ငံ၊ရွှေလီမြို့မှာ နှစ်ဦးနှစ်ဖက် စတင် ပြီးတော့မျက်နှာချင်းဆိုင်ပြီး
စားပွဲဝိုင်းပေါ်ရောက်အောင် လုပ် ပေးခဲ့တာပေါ့။ တစ်ဦးနဲ့တစ်ဦး ဆွေးနွေးမှုအပေါ်မှာစစ်မက်ဖြစ် ပွားခြင်းနဲ့ လက်နက်မျိုးစုံနဲ့ တိုက် ခိုက်ခြင်းဟာ ဘယ်တော့မှတည် ငြိမ်မှုမရနိုင်ဘူး၊ ငြိမ်းချမ်းမှုမရနိုင်ဘူး
ဒါကြောင့်နိုင်ငံရေးအရ နိုင်ငံရေးသမိုင်းကြောင်း အရ ဆွေးနွေးဖို့ကိုနှစ်ဖက်စလုံးကိုတိုက် တွန်းခဲ့တယ်။ ၂၀၁၂ ဇန်န၀ါရီ ၁၈၊ ၁၉မှာဒုတိယအကြိမ်ဆွေးနွေးဖြစ် ခဲ့တယ်။ ဒုတိယအကြိမ် ဆွေးနွေးမှုမှာလည်း
နှစ်ဦးနှစ်ဖက်ဆွေး နွေးမှုတွေက နိုင်ငံရေးအရဆွေး နွေးမှုတွေ ပွင့်လင်းမြင်သာမှုရှိလာပြီလို့ မျှော်လင့်လို့ရပါတယ်။ အဲဒီအချိန်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတော့ ပထမအကြိမ်ဆွေးနွေး ပြီးနောက်ပိုင်းမှာ အစိုးရကို စာနဲ့
ဓာတ်ပုံအထောက်အထားနဲ့ပြည် သူ လူထုဒီလိုဖြစ်နေတယ်ဆိုတာတင်ပြခဲ့တယ်။ သမ္မတက ဒီဇင် ဘာ ၁ ရက်မှာ မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အားလုံးကထိုးစစ် မဆင်ဖို့ ရောက်တဲ့နေရာမှာ အား လုံးရပ်နားဖို့ထုတ်ပြန်တယ်။
ထုတ်ပြန်ပြီး နောက်မှာမှ နှစ်ဖက်လုံး စစ်ရှိန်ဖြစ်ပြီး တစ်ရက်မှာ တိုက် ပွဲပေါင်း၂၀၊၃၀၊၄၀ လောက်ဖြစ် နေတဲ့အခါကျတော့ ပိုဆိုးသွား တယ်။ ဒုက္ခသည်တွေပိုများလာတဲ့အခါကျတော့ စိတ်မကောင်း စရာချည်းပဲဖြစ်သွားတယ်။
အစိုးရနဲ့ ကေအိုင်အို နှစ်ဦး နှစ်ဖက်လုံးက စစ်ရှိန်ကိုလျှော့ပြီး စစ်ရေးကိုရှောင်ရှားပြီး နိုင်ငံရေးအရဖြေရှင်းဖို့အတွက် သဘောတူထားတာက နည်းနည်းအကျပ် တွေ့သွားတယ်။ နေ့စဉ်နဲ့အမျှ လည်း ကေအိုင်အေကတပ်ရင်း တပ်ဖွဲ့တွေ
ရှိတဲ့နေရာမှာဒီစခန်း တွေဆက်ရှိနေသေးတယ်ဆိုတော့ ယုံကြည်မှုတည်ဆောက်ရာမှာ သူ တို့လည်းအခက်တွေ့သလို ကျွန် တော်တို့လည်းအခက်တွေ့ပါတယ်။ဒီဟာကသမ္မတကြီးက နိုင်ငံတော် အစိုးရကအမိန့်ထုတ်ပြန်ထားတာ
ကို ဒီလိုလုပ်တယ်ဆိုတဲ့ အပိုင်းမှာ အစိုးရကတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရဲ့လက်အောက်ခံအစိုး ရလားမဟုတ်ရင် အစိုးရရဲ့လက် အောက်ခံ ကာကွယ်ရေးဝန်ကြီး ဌာနလားဆိုတဲ့မေးခွန်းတွေပေါ်လာ တယ်။ဆွေးနွေးရေး
ကိစ္စက ပြည်သူ လူထုရဲ့နေ့စဉ်နှင့်အမျှ အသက်ပေါင်း မြောက်မြားစွာ၊ ဥယျာဉ်ပေါင်း မြောက်မြားစွာဒီလို ဒုက္ခအပေါင်း နဲ့ဖြစ်နေတာကို ဆက်ပြီးတော့ဆွေးနွေးရမယ်ဆိုပြီး ကျွန်တော်တို့လည်းတော်တော်ကြိုး စားခဲ့ပါတယ်။
- တတိယအကြိမ်ဆွေး နွေးပွဲမှာ ဘယ်လောက်အထိဆွေးနွေးနိုင် မယ်လို့ မျှော်လင့်ထားလဲ။
အဲဒါကတော့ ဘယ်လောက် ထိဆွေးနွေးမယ်ဆိုတဲ့အပိုင်းကတော့ ကာယကံရှင်နှစ်ဦးနှစ်ဖက်အပေါ် မှာမူတည်တယ်။ ဒီမှာလည်း အ ခက်အခဲတစ်ခုက ကေအိုင်အို က ပင်လုံကတိက၀တ်နဲ့ ပင်လုံစာချုပ် ကို အခြေခံမယ်။
ပင်လုံကဲ့သို့သော အစည်းအဝေးမျိုးကို ပြန်ခေါ် မယ်ဆိုတဲ့အပိုင်းတွေမှာနည်းနည်း လေးတော့ ကွဲလွဲမှုရှိတယ်။ ကွဲလွဲ မှုရှိတဲ့အခါ ကေအိုင်အိုနဲ့ ကျွန် တော်တို့နဲ့ ဌာနချုပ်မှာ အစည်း အဝေးလုပ်တယ်။ သူတို့နေ့စဉ် အစည်းဝေးမှာ
ကျွန်တော်တို့ကို တစ်ပတ် ၃ ခါခေါ်တယ်။ ဒါ နှစ်ဦးနှစ်ဖက်ကိုပြောတာပေါ့လေ။အခုဖြစ်နေတာ နှစ်ပေါင်း ၅၀ ကျော်ပြီ၊ ကရင်ဆိုလည်း နှစ် ၆၀ ကျော်ပြီဆိုတော့ ကျွန်တော်တို့ စိုးရကို နိုင်ငံရေးအရအဖြေရှာဖို့ တိုက်တွန်းထားတယ်။
ကေအိုင်အို ဗဟိုကော်မတီကိုလည်း နိုင်ငံရေး အရအဖြေရှာဖို့ တိုက်တွန်းဖြစ် တယ်။ကေအိုင်အိုဘက်ကပြော တာကတော့ ပင်လုံကတိက၀တ်နဲ့ ပင်လုံစာချုပ်ဆိုတာမပါရင် ပြည် ထောင်စုဆိုတာဖြစ်မလာဘူး။ပြည်
ထောင်စုဆိုတာအရင်းခံတာပင်လုံ ကတိက၀တ်နဲ့ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စုဖြစ်လာတယ်။ပင်လုံ စာချုပ်ကိုအခြေမခံရင်ခြေထောက် မပါခေါင်းမပါ လက်မပါတဲ့နိုင်ငံ လိုဖြစ်သွားမယ်။ ကေအိုင်အိုတင် မဟုတ်ဘူး
ပြည်ထောင်စုထဲက လက်နက်ကိုင်အဖွဲ့အစည်းတွေအား လုံးတိုင်းရင်းသားအားလုံးပါဝင်ပြီး တော့ တိုင်းရင်းသားအရေးကို မလွဲမသွေဆွေးနွေးရမယ်ဆိုပြီး တော့သူတို့ကတော့ ဆွေးနွေးတာ ပေါ့လေ။သူတို့က ညီလာခံလိုချင်
တယ်။ ကျွန်တော်တို့ကလည်း ဒီ ကိစ္စက ကေအိုင်အိုဘက်က နိုင်ငံ ရေးအရ ဆွေးနွေးတယ်လို့မြင် တယ်လေ။ ဒါကြောင့်လည်း ဆွေး နွေးတဲ့အချိန်မှာ ကေအိုင်အိုဘက် ကလည်း ကျွန်တော်တို့ကိုစကား မမှာနဲ့အစိုးရကလည်း စကားမမှာ နဲ့။
ကျွန်တော်တို့က တွေ့ဆုံပေး တယ် ပွင့်ပွင့်လင်းလင်းပြောကြပါ။နှစ်ပေါင်း ၅၀ ကျော် ၆၀ ဆိုတဲ့ ဒီခရီးကစားပွဲပေါ်မှာပဲပြီးရမယ်။ပြည်သူအတွက်ဖွံ့ဖြိုး တိုးတက် ချင်တယ်ဆိုရင်ကာယကံရှင် နှစ်ဖက်လုံးကသဘောတူညီမှုရှိတယ်ဆိုရင
် ဒါကတစ်ရက်နဲ့ လည်းပြီးတယ်။ နှစ်ရက်နဲ့လည်း ပြီးတယ်။ တစ်လတည်းနဲ့လည်းပြီး တယ်။ ဘာမှ ရှည်ရှည်ဝေးဝေး တော့စဉ်းစားစရာမလိုဘူးလို့ ကျွန် တော်တို့ကလည်းမြင်တာပေါ့။ နိုင်ငံတော်ဆိုတာအင်မတန်မှ ကြီး ကျယ်ပါတယ်။
တစ်နိုင်ငံလုံးကို အုပ်ချုပ်တဲ့ အမိအဖဖြစ်ပါတယ်။ ကေအိုင်အိုဆိုတာသေးသေးလေး ပါ။ ကချင်ပြည်နယ်ဆိုတာ ထိပ် ဖျားမှာပဲရှိပါတယ်။ အမိနေရာမှာ ထားပြီးဆွေးနွေးပါလို့တိုက်တွန်း ထားတာပေါ့။
ဦးအောင်သောင်း တို့ဦးသိန်း ဇော်တို့ကိုလည်းအမြဲ ပြောတယ်သမ္မတကြီးကို ပြောပေး ပါ။ အခုမဆွေးနွေးလည်း နောင် တစ်ချိန် မှာဆွေးနွေးရမယ်။ ဒီနေ့ဒီလိုအချိန်မှာ ဆွေးနွေးရင် သမိုင်းဝင်လည်းဖြစ်တယ်။
နိုင်ငံ တကာအစိုးရတွေ၊ နိုင်ငံတကာက လိုချင်တဲ့ဒီမိုကရေစီ အစိုးရလည်း ဖြစ်သွားပြီဆိုတော့ ဒီအကြောင်း အရာက ခေတ်ရေစီးကြောင်း အရရောသမိုင်းကြောင်းအရဆွေး နွေးရမယ့်အချိန်ဖြစ်တယ်။
- ဒီတစ်ခေါက်ဖြစ်တဲ့ တိုက်ပွဲ တွေမှာ အရင့်အရင်ဖြစ်ခဲ့တာ တွေနဲ့ ဘာများကွာခြားတာတွေ ရှိပါလဲ။
ဒီတစ်ခေါက်စစ်ရေး ပဋိပက္ခမှာ ထူးခြားချက်တစ်ခုရှိ တယ်။ အင်မတန်မှကိုထူးခြား ပါတယ်။
အရင်နှစ်ပေါင်း ၅၀ အတွင်းမှာ တပ်မတော်နဲ့ကေအိုင် အေတိုက်ပွဲဖြစ်တယ် ဆိုတာ ပဲရှိတယ်။ စစ်ပြေးဒုက္ခသည် ဆိုတာမရှိခဲ့ဖူးဘူး။ ဒီတစ်ခေါက် ရှိလာတယ်။ နှိပ်စက်ညှင်းပန်းမှုတွေခံရတယ်။
ရပ်ရွာတွေကိုစွန့်ခွာ ခဲ့ရတယ်။ မီးရှို့ဖျက်ဆီးခံရတယ်။ တိရစာန်တွေကိုသတ်စားတယ်။ အမျိုးသမီးတွေကိုလည်း အဓမ္မ ပြုတယ်။ ပညာရေးတွေလည်း နှောင့်နှေးခဲ့ရတယ်။
အခုကြောက် စရာအကောင်းဆုံးအသံကဘာထွက် လာလဲဆိုတော့ဒီစစ်ပွဲဟာမျိုးတုန်း စစ်ဆင်ရေး၊ လူမျိုးတုန်းသတ်ဖြတ် ရေးဆိုပြီး အသံထွက်လာတယ်။ ထွက်လာတဲ့အခါ နိုင်ငံတစ်နိုင်ငံ မှာအတူနေပြီး ပြည်ထောင်စု
တစ်ခုမှာကြောက်စရာအကောင်းဆုံး အသံဖြစ်ပါတယ်ဆိုပြီး သမ္မတ ကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ပြည် ထောင်စုလွှတ်တော်နာယကတို့ ဆီကိုစာတွေပို့တယ်။ ဒီအသံတွေ ဟာပြည်သူလူထုဆီကလည်းထွက် လာတယ်။
ကေအိုင်အေဘက်က လည်းထွက်လာတယ်။
- ဒေါ်အောင်ဆန်းစုကြည်ကသူ့ရဲ့ ခရီးစဉ်မှာပြည်တွင်းငြိမ်းချမ်းရေး ကိစ္စကို အလေးပေးပြောသွား ပါတယ်။ သူမကိုရော ငြိမ်းချမ်း ရေးကိစ္စတွေမှာဘယ်လိုမျိုးပါဝင် ဆောင်ရွက်နိုင်မယ်လို့မျှော်လင့် ထားသလဲ။
ဒီတစ်ခါ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးက အင်မတန်အထောက်အကူဖြစ်ပါ တယ်။ ဘာပဲဖြစ်ဖြစ်မြောက်မြားစွာသောပြည်သူလူထုကို ဒီလိုပွင့်ပွင့် လင်းလင်းမြင်သာမှုရှိအောင်ပြော
ကြားတဲ့အခါဒါကို ပဲလိုချင်တာ ပါ။ တစ်ကမ္ဘာလုံးကလည်းဒါပဲ လိုချင်တာ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပြောတယ် ဆိုတာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး အနေနဲ့ရောနိုင်ငံရဲ့ဖွံ့ဖြိုးမှုအနေနဲ့ ရောသူ့ရဲ့ နှလုံးသားထဲကပြောတ
ဲ့ စကားလို့ ကျွန်တော်ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ်ဒါကလည်း နိုင်ငံရဲ့ထူးခြားတဲ့ ခေါင်းဆောင် တစ်ဦးပဲ။ ဒါကိုကြည့်ခြင်းအား ဖြင့် အခုနိုင်ငံတော်အစိုးရက လား။ နိုင်ငံရေးအဖွဲ့အစည်းအားလုံးကိုဖိတ်ခေါ်ပြီးအခွင့်အလမ်းပေး
တယ်ဆိုတာဒါလည်းမျှော်လင့်ချက် တစ်ခုပဲ။ လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ အစိုးရက ငြိမ်းချမ်း ရေးဆွေးနွေးတယ်ဆိုတာလည်း ပွင့်လင်းမြင်သာမှုတစ်ခုပဲ။ ဒါ ပေမဲ့ငြိမ်းချမ်းရေးတစ်ခုတည်း တည်ဆောက်လို့မရဘူးနိုင်ငံရေးကို
လည်းတည်ဆောက်ရမယ်။ ငြိမ်း ချမ်းရေးဆိုတာကအခုလို တိုက်လိုက်ပြန်ဖျက် လိုက်ဆိုတော့ အုတ်မြစ်အခြေခံမရှိတဲ့ နိုင်ငံ ရေးက နောင်တစ်ချိန်မှာလည်း ပြန်ဖြစ်မှာပဲ။ ပြန်ဖြစ်ရင် ပြည် သူတွေပဲနစ်နာမယ်။ ခေတ် အဆက်ဆက် လက်နက်ကိုင်ပြီး
တော်လှန်ခဲ့ကြတာ အစိုးရတွေ လည်း အဖြေရှာပြီး ရှင်းခဲ့ကြ တယ်။ မဖြေရှင်းရင်ကျွန်တော်တို့ ဘယ်လိုမှဖွံ့ဖြိုးနိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံမှာ လက်နက် ပေါင်းသိန်းချီရှိပြီးလူမျိုးတိုင်းလိုလို လက်နက်ကိုင်တယ်ဆိုတော့အစိုးရ
အနေနဲ့ ဒါကိုမလွှဲမရှောင်သာ အဖြေရှာဖို့လိုပြီလို့ ကျွန်တော် ယူဆတယ်။ အမြန်ဆုံးအဖြေရှာ နိုင်တာနဲ့အမျှစက္ကန့်တိုင်း မိနစ် တိုင်းမှာ လူ့အသက်တွေကို ကယ် တင်ဖို့အတွက်၊သေမင်းရဲ့နှုတ်ခမ်း ပေါ်ရောက်နေတဲ့ ပြည်သူလူထု ကိုကယ်တင်ဖို့
အမြန်အဖြေရှာ စေချင်တယ်။
- ဒီတွေ့ဆုံဆွေးနွေးမှုတွေဒီထက် ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်ဖို့ နှစ်ဖက်လုံးအနေနဲ့ ဘာ တွေကို ဦးစားပေးလုပ်ဆောင် သွားဖို့လိုတယ်လို့ ထင်ပါလဲ။
အဲဒါ ခုနကပြောသလို နိုင်ငံ ရေးသမိုင်းကြောင်းအရ ဆွေးနွေး မယ်ဆိုရင် ဘာမှအခက်အခဲမ ရှိဘူး။ ကျွန်တော်တို့အနေနဲ့က တော့ပြည်သူလူထုသာမက ရှေ့တန်း ရောက်နေတဲ့တပ်မတော်သားတွေ
နဲ့ကချင်စစ်သားတွေက ပထမဆုံး အနိဋ္ဌာရုံတွေ့ကြုံရသူတွေပါ။ ဒီ တပ်မတော်သား၊စစ်သားတွေရဲ့ အမိအဘတွေ မိသားစုဝင်တွေ ဟာပူဆွေးသောကရောက်ရတယ်။ ကျည်ဆန်မျိုးစုံနဲ့ ပစ်နေခတ် နေတော့
သေတဲ့သူလည်းရှိတာ ပေါ့။ခြေပြတ်လက်ပြတ် ဒုက္ခိတ တွေလည်းဖြစ်တယ်။ ဒါဟာ အနာဂတ်နိုင်ငံတော် အတွက် ၀န်လေးစရာဖြစ်နေပါတယ်။ ကချင်စစ်သားတွေကိုထိန်းချုပ်ဖို့ ကေအိုင်အိုဗဟိုဌာနမှာတာဝန်ရှိ သလို၊
မြန်မာ့တပ်မတော်ကို ထိန်း ချုပ်ဖို့လည်း နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်လို့ပြောချင်ပါတယ်။ ဒီလိုမဖြစ်အောင် နှစ်ဦးနှစ်ဖက် လုံးမှာတာဝန်ရှိပါတယ်။ ရှေ့တန်း ရောက်ရဲဘော်တွေကို အနိဋ္ဌာရုံ တွေ၊ အသက်အန္တရာယ်တွေနဲ့ ရင်မဆိုင်စေချင်တော့ပါဘူး။
- ဦးယွပ်ဇော်ခေါင်က ကိုယ်တိုင် လည်းစီးပွားရေးလုပ်ငန်းရှင်ဖြစ် တော့ ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် ပြည်နယ်ရဲ့ စီးပွားရေးအရ ဘာတွေဆုံးရှုံးနစ်နာ သွားတယ်လို့ပြောချင် ပါလဲ။
စီးပွားရေးဆိုတာမှာကျွန် တော်တို့ကတော့ ဘယ်မှာပဲလုပ် လုပ်ရတယ်။နယ်မှာမကောင်းရင် ရန်ကုန်၊ မန္တလေးမှာသွားလုပ် လို့ရတယ်။
ကျွန်တော်တို့အနေနဲ့ ဘယ်နိုင်ငံမှာဖြစ်ဖြစ်စီးပွားရှာလို့ ရတယ်။ ဒါပေမဲ့စီးပွားရေးဆိုတဲ့ စကားလုံးထက်ပြည်သူလူထုရဲ့ ဥယျာဉ်ခြံမြေတွေဆုံးရှုံးတာက နိုင်ငံတော်ရဲ့ အခြေခံပဲလေ။
ပြည်သူလူထုနေ့စဉ်လုပ်ကိုင်စား သောက်နေတဲ့ ဥယျာဉ်ခြံတွေ ပျက်စီးတော့သူတို့အခုဒုက္ခရောက် နေကြတယ်။ ကျွန်တော်စိုးရိမ် ပူပန်မိတာတစ်ခုရှိတယ်။နောက် လဆိုရင်မိုးရောက်တော့မယ်။
မိုးရောက်ရင်တော်တော်လေး ဒုက္ခရောက်မှာ။ အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေက စစ်ပြေးဒုက္ခသည် တွေစားစရာမရှိဘူး။ နေစရာအိမ် မရှိဘူး။အင်မတန်ဒုက္ခရောက် ပါတယ်။ အားလုံးမျက်ရည်နဲ့ မျက်ခွက်ပါဘဲ။
ကျွန်တော်တို့ လည်းသူတို့ကိုတွေ့ရင်စကားတောင် မပြောနိုင်အောင်ဆို့နင့်တယ်။နေ့စဉ်မြင်တွေ့နေရတော့ စိတ်မ ချမ်းသာဘူး။ ဒါကြောင့်အမြန်ဆုံး ဆွေးနွေးသင့်တယ်လို့ပဲကျွန်တော် ပြောချင်ပါတယ်။
ဆွေးနွေးမှု အပြင် လက်တွေ့အကောင်အ ထည်ဖော်ဖို့လည်းလိုပါတယ်။
- တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို သွားပြီးတွေ့ဆုံဆွေးနွေးမှုတွေလုပ် ရတဲ့အခါမှာ အစိုးရနဲ့ကေအိုင် အိုကြား ကြားဝင်ညှိနှိုင်းပေး တဲ့အခါ စိုးရိမ်ပူပန်မှုတွေရှိ လား။
စိုးရိမ်တာပေါ့။ အသက်က တစ်ချောင်းပဲရှိတာလေ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်းဒီလိုမစွန့်စား လို့မရဘူး။နိုင်ငံတော်ဘက်ကရော ကေအိုင်အေ၊ကေအိုင်အိုဘက် ကရော
ကျွန်တော်တို့ကိုလက်ညှိုး ထိုးတာရှိတယ်။ မယုံဘူးပေါ့ ကျွန် တော်တို့လုပ်တာလည်းကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုတည်ဆောက်ဖို့တောင် အင်မတန်ခက်တယ်။ ဒါကြောင့်
ကျွန်တော်တို့ အစိုးရကိုပြော တယ်။ပင်ပန်းတယ်ဆိုပြီးကျွန်တော် တို့ကို လက်ဆောင်ပေးဖို့ မလုပ်ပါ နဲ့။ ပြတ်ပြတ်သားသားပြော ထားတယ်။ ဒီလိုလုပ်တယ်ဆိုတဲ့ ငွေရေးကြေးရေးလည်း
ကေအိုင် အိုဘက်ကယူရင်လည်း အစိုးရ ဘက်က ယုံကြည်မှာမဟုတ်ဘူး။ အစိုးရဘက်ကယူရင်လည်း ကေ အိုင်အိုဘက်က အယုံကြည်ရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ့် ငွေနဲ့ကိုယ်သွားရတာ
အခု နှစ်ခါ ပဲရှိသေးတယ် သိန်းတစ်ထောင် ကျော်ကုန်သွားပြီ။
- နောက်ဆုံးမေးခွန်းအနေနဲ့မေးချင် တာကဒီလိုငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အကျိုးဆောင်ရာမှာ အဖွဲ့ရဲ့ နောက်ဆုံးပန်းတိုင် မျှော်လင့်ချက်ကဘာများဖြစ်မလဲ။
ခြုံပြောရရင် ကျွန်တော်တို့ ပြည်ထောင်စုမြန်မာတစ်ဝန်းလုံး အတွက်၊ ပြည်သူတစ်ရပ်လုံး အ တွက် တည်ငြိမ်အေးချမ်းတဲ့ဒီမိုက ရေစီနိုင်ငံဖြစ်ဖို့ပဲ။ လက်နက်ဆို ရင်အပ်တောင်မကိုင်စေချင်တော့ ဘူး။
ပြည်နယ်သူပြည်နယ်သား၊ နိုင်ငံသူနိုင်ငံသားအားလုံးကို ကာ ကွယ်စောင့်ရှောက်ဖို့အတွက်အနိဋ္ဌာ ရုံဘေးကနေ လွတ်မြောက်ရင် ကျွန်တော်တို့ကတော့ကျေနပ်ပြီ။ ငွေက ဘယ်လောက်ကုန်ကုန်ပြန် ရှာလို့ရပါတယ်။
တည်ငြိမ်အေး ချမ်းမှုဆိုတာ ရှာနေတာ နှစ်ပေါင်း ၅၀၊ ၆၀ ရှိပြီ။ ဒီနေ့အထိ မ တည်မငြိမ်ဖြစ်ခဲ့တာတွေကို ကျွန် တော်တို့သားစဉ်မြေးဆက်အထိ ဖြစ်မနေစေချင်တော့ဘူး။အနိဋ္ဌာ ရုံကအင်မတန်ဆိုးရွားပါတယ်။
ဒါကြောင့်အနိဋ္ဌာရုံတွေကို ပြည် ထောင်စုတစ်ခုလုံး၊ နိုင်ငံသူနိုင်ငံ သားတွေသားစဉ်မြေးဆက်တစ် လျှောက်လုံးမတွေ့ပါစေနဲ့ မကြုံ ပါရစေနဲ့၊အေးချမ်းတဲ့နိုင်ငံဖြစ်ပါစေ လို့ဆုတောင်းပါတယ်။ဒါ ကျွန် တော့်ရဲ့နှလုံးသားကဖြစ်စေချင်တဲ့ ဆန္ဒပါ။
- ကျေးဇူးတင်ပါတယ်။
(အေးမြကျော်၊ အိဖြူလွင်)
ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးလမိုင်ဂွန်ဂျာ(ဘယ်) နှင့်အတူတွေ့ရသည့် ဦးယွပ်ဇော်ခေါင် (ညာ)
by 7Day News Journal

Reviewed by သစ်ထူးလွင်
on
06:05
Rating:
7 comments:
ရေနံချောင်း ကစစ်သားလေး တယောက်ကို KIA ကဖမ်းမိတော. KIA အရာရှိ က ရေနံချောင်းက ကောင် ဒီကို ဘာလာလုပ်တာလည်း လို.မေးတယ်။ ဒါဟာ ပြည်ထောင်စုပြို ကွဲစေမဲ့ အစွန်းရောက် စကားဘဲဖြစ်တယ်။ သန်းရွှေကြောင်.ဒီစစ်ဖြစ် ရတာ မှန်ပေမဲ့ ဒီ စိတ်ဓါတ်မျိုးရှိနေ လို.တော. အလုပ်မဖြစ်ပါဘူး။ ငြိမ်းခြမ်းရေး လိုလားတာမှန်ပေ မဲ့ ပြည်ထောင်စု မပြိုကွဲရေး အတွက် တိုက်သင့်ရင် တိုက်ရမှပါဘဲ။ မြစ်ဆုံ မှာ ရေကာတာ လုပ်တာ တော. လုံးဝလက်မခံပါဘူး။ ဒီလို လုပ်ခဲ့တဲ့ အတွက် လည်း တာဝန်ရှိသူတွေကို လူသား တရပ် လုံးကို အနတရယ်ပြုမှူ.နဲ့ စွဲ ချက်တင်သင့်တယ်
@ seazinyaw
Do you have any basic knowledge about Kachin. Kachin Army was long before Burmese Army (Aung San’s BDA) . Kachin Army save Union of Burma during U Nu's Yangon government just because of Kachin thought that we are in the Union. Do you know that who build Union of Burma? Not your father generals and Aung San. It was built by the ethnic groups ( Kachin, Shan, Chin) coming together to join with the Burmese by the Panglong agreement which granted equality and federalism.
Do you know about 1947 constitution, the first constitution of Burma; it says that ethnic States can be seceded from Union after 10 years of Independence. But ethnic people never did that. Ethnic people just ask the equal right s and dignity by genius federalism.
I think you have very little knowledge about politics. Federalism doesn’t mean secession, it mean the states have some autonomy authority by themselves apart from the central government. Federalism is practiced in many countries now a day in most of the European countries (Germany, French, Russia, UK, U.S etc..Ethnic people have their own rights since the past thousands of years ago long before the Burmese Kings. Please find some little knowledge about Kachin, Kachin were never under the Burmese King, they have their own territories and ruled by themselves until the British colonization. Kachin never had relationship with Burmese; they even didn’t know each other.
I know that you ( Burmese) do not want to lost Kachin state because of its rich natural resources and beautiful land as well as all Burmese generals and leaders; even Aung San Su Kyi think the same like you. But you should consider that Burmese have to make Kachin to enjoy in Union of Burma. If the Burmese government keep bullying , killing , rape, burning on Kachin and ethnic, then they will find the way out. It’s not their fault it’s their rights. You have no right to say that you have to protect the union,
အမေစု လွတ်တော်ထဲ မြန်မြန်ရောက်ပါစေ။
ငြိမ်းချမ်းရေးအတွက်ကြားဝင်စေ့စပ်ပေးသူ
အားလုံး ကျေးဇူးတင်ပါသည်။
ဦးယွပ်ဇော်ခေါင် ပြောသွားတာ မှန်တယ်ဗျာ။ ကိုယ့်လူကိုယ်ထိန်းရမယ်။ အမိနိုင်ငံတော် အစိုးရအနေနဲ့လည်း ပြသနာကို မိခင်လိုဖြေရှင်းရမယ်။ ကစားကွက်တစ်ခုလိုမျိုး တိုက်လိုက်၊ ငြိမ်းလိုက် တိုက်လိုက်ဆိုရင် ဘယ်တော့မှ ငြိမ်ချမ်းရေးရမှာ မဟုတ်ပါဘူး။ Seazinyaw ပြောသလို ပြည်ထောင်စုမပြိုကွဲရေးအတွက် တိုက်သင့်ရင် တိုက်ရမှာပဲဆိုတာ .. မှန်သင့်သလောက် မှန်ပေမယ့် .. အဲဒီတိုက်မယ်ဆိုတာကြီးပဲ စဉ်းစားလို့မရဘူး တပ်တပ်ချင်း တိုက်တာ ဘာမှမဖြစ်ဘူး ကြားထဲက ပြည်သူတွေနာတယ် .. ကချင်ပြည်နယ်က ပြည်သူလဲ ဒို့ပြည်သူပဲ ဗမာပြည်က ပြည်သူလည်း ဒို့ပြည်သူပဲ။ နှစ်ဖက်မျှပြီး စဉ်းစားသင့်တယ်။ ကိုယ့်ဖက်ပဲ ကိုယ်ကြည့်ရင်တော့ ဘယ်တော့မှ အဖြေရှာတွေ့မှာ မဟုတ်ပါဘူး။ တပြည်လုံး တနိုင်ငံလုံး ငြိမ်းချမ်းရေးလည်း ဘယ်တော့မှမရဘူး ... ။ နေရာကွက်ပြီးတော့ ငြိမ်းချင်ငြိမ်းကြမယ်ပေါ့။
ဦးယွပ်ဇော်ခေါင်ကတောင် ဒေါ်အောင်ဆန်းစုကြည်ကိုယုံတယ်၊
လေးစားမှုရှိတယ် ဆိုရင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်သာ
ဒို့တိုင်းပြည်ကို အုပ်ချုပ်မယ်ဆိုရင် တစ်နိုင်ငံလုံးငြိမ်းချမ်းမှာပဲလို့
ကျုပ်တော့ယုံတယ်။
ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းငြိမ်းချမ်းချမ်း ဥမကွဲ သိုက်မပျက်
ပန်းတိုင်ဆီအရောက် ချီတက်သွားနိုင်လိုပါကြောင်း။
Thank, Seng, saying the truth.
PINLING treaty 1947 originated the Burma country Independence.
PINLONG 1947 co-signed by Bogyoke Aung San, Kachin leaders, Chin and Shan Leaders.
Meaning, No PINLONG, No Burma country Independence.
Meaning, Burma country Independence is soley the equally collective efforts of Bamar, Kachin, Chin and Shan.
Mostly, the bamar / Burmese population didnot and do not know the rue histry of Burma country Independence from Birtish.
Because all ages of ruling burmese government did not and do not teach about the true history of how the Burma country had gained independence from Brithish.
That's all. Thanks
We all should think for the whole country peace and get democracy.
Post a Comment