ခက်ခဲကြမ်းတမ်းတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်မြို့ ခရီးစဉ် ပထမနေ့  (ရုပ်/သံ)
Mar 24, 2012 10:41pm
၂၄ မတ်လ ၂၀၁၂။ ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ စည်းရုံးရေး ခရီးစဉ် သတင်းမြင်းကွင်း။
ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် စက်လှေဘေးကနေ လှေတစ်စီးနဲ့ တောက်လျှောက် လိုက်ပါသတင်းယူခဲ့ပြီး ကွန်နက်ရှင် အခက်အခဲကြားက တညလုံး သတင်းအရုပ်တွေ ရောက်အောင် ပေးပို့ခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ခွန်ခေါင်ရဲ့ ခရီးစဉ်သတင်းပေးပို့ချက်ကို မူရင်းစာသားအတိုင်း ပူးတွဲတင်ပြလိုက်ပါတယ်။
၂၄ရက် မနက်က အန်တီစုက ၉း၃၀ နာရီမှာ မြိတ်မြို့
လေဆိပ်ကိုရောက်ပါတယ်...ရောက်ရောက်ချင်း ဆိပ်ကမ်းဆင်းပြီး မြိတ်မြို့ကနေ
စက်လှေနဲ့ ၂နာရီခွဲ သွားရတဲ့ ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာကို
သွားပြီး စည်းရုံးရေးမိန့်ခွန်းပြောပါတယ်...အဲ့ဒီကနေ
သုံးနာရီကျော်ထပ်မောင်းရမယ့် ကံမှော်ကျေးရွာကို အန်တီစု ကသွားချင်ပေမယ့်လုံခြုံရေးအရရော၊ ရေတက်ရေကျ အရပါ အခြေအနေမပေးတာကြောင့် စခန်းသစ်ကနေ
မြိတ်မြို့ကို ပြန်လှည့်လာပါတယ်...အန်တီအတွက် ခရီးစဉ်ဟာ ခက်ခဲတယ်ဆိုတာအရုပ်ကို မြင်ရုံနဲ့ သိမှာပါ... ညနေ ၅နာရီခွဲမှာ ပန်းစင် ဆိုတဲ့ပင်လယ်တွင်းရွာ အနီးမှာ စက်လှေက သောင်တင်ပါတယ်... စုစုပေါင်း
သောင်တင်ချိန် ၃နာရီကြာမြင့်ခဲ့ပြီး ည၈နာရီခွဲ ခန့်ကျမှ
သောင်ကနေရုန်းလို့ရပြီး မြိတ်မြို့ကို ၉နာရီ ၂၀ မိနစ်ခန့် မှာ
ပြန်လည်ရောက်ရှိပါတယ်... ဒီနေ့မနက် ရှစ်နာရီမှာ ကျွန်းစုမြို့ကို
စက်လှေနဲ့ထွက်ခွာမှာ ဖြစ်ပြီး ညနေ သုံးနာရီ အဲမန်းဒလေး လေယာဉ်နဲ့
ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာမှာပါ ခင်ဗျာ
ဒီဗွီဘီ
11 comments:
Youth said...
အမေပင်ပမ်းလှပါပြီ ။
Myanmar said...
ကျက်သေ၇၇ှိလိုက်တဲ့ အမေ။ အာဇာနည်သွေးပီသတဲ့ အမေ။ မြန်မာပြည်၇ဲ့ နံပါတ်တစ် ဗိုလ်ချုပ်ကြီး၇ဲ့ သွေး ဖြစ်ပေမယ့် အာဏာ၇ှင်မဆန်တဲ့အမေ။ စိတ်ထားမြင့်မြတ်တဲ့ အမေ။ မျက်နှာမြင်၇ုံနဲ့ သန်းခြောက်ဆယ်၇ဲ့၇င်ကို ငြိမ်းချမ်းစေတဲ့ အမေ။ အနာမဲ့၍ အသက်၇ာကျော်၇ှည်ပါစေ....။ ။
Weik Zar said...
The Authorities(Local or National)should provide
assistance to the campaign trips of political parties because of the safety of the campaigners
and the public.
အင်း။ဒီအကျင့်ဆိုးတွေကို ပြင်ဖို့မစဉ်းစားကြသေးဘူးလား။
မျှော်ရဇ် said...
ဟာ......အမေစု ရာ ဒီလမ် ဒီခရီးကို အသက်ကယ်အင်္ကျီမပါပဲ ဒီအတိုင်သွားတယ်။ အိုး...ရိုးရိုး..... ပြည်သူတွေအတွက် သတ္တိရှိလိုက်တာ အမေရယ်။ အဲဒီနေရာတွေက လှိုင်းအရမ်းထတဲ့နေရာတွေလေ သာမာန်ယောက်ကျားတွေတောင် လှိုင်းမူးလို ကုန်းပါတ်ပေါ်မှာ လေဘက်ထောက်ပြီး ရေသောက်ရေအန်တဲ့ ဒေသတွေပါ အမေ...။ အမေ မျက်စီထဲမှာ လှိုင်းမူးခဲ့လို အခု အချိန်ထိ့ မြေကြီးတွေလှုပ်နေတာကို မြင်နေမှာပါ၊ အမေ မြန်မာပြည်သားတွေ အားလုံးသိ့ပါတယ် အမေ..။ ဒီလောက်အထိ့ အပင်ပန်းမခံပါနဲ အမေ...တောင်ပန်ပါတယ် အမေ...။
sean said...
NLD ကစီစဉ်သူတွေ ရှပ်ပြေးယဉ် မရ လည်း သက်ကယ်အင်္ကျိ သက်ကယ်ဖေါင်(Life jacket, life raft , life buoy) မတွေ့ဘူး ၊ မစီစဉ်ထားဘူးလား.. ပြောစရာမလိုတဲ့ကိစ္စပါ..
တပြည်လုံးက ရင်တမ မ နဲ့ ဆုတောင်းပြီး စောင့်မျှော်နေတယ်ဆိုတာ သိထားစေချင်တယ်..
ရတဲ့ အခြေအနေ ကို အကောင်းဆုံးဘယ်လို စီစဉ် စေချင်တယ်...
ရန်ကုန်သူ said...
ဟုတ်တယ် အန်တီစု ပင်ပန်းလှပါပြီ။ အန်တီ သွားသွားမသွားသွား လူထုက ထောက်ခံပြီးသားပါ။ ခရီးတွေ တော်တော် များနေပြီ ရေရှည်ကို ကြည့်ပါ အန်တီ။ ဒီ့ထက် အရေးကြီး စရာ တွေ အများကြီး လုပ်စရာရှိသေးတယ်။ မြန်မာ ပြည်သူလူထုမှာ အန်တီ အစား ထိုး လူစား အခု လောလောဆယ် မရှိ သေးပါဘူး။ လှေထဲ မှာ ဘာ အသက်ကယ် ပစည်းမှ လဲ မပါဘူး။
ဂေါက်သီး said...
အမေကြိုးစားခဲ့တာတွေ ဘယ်တော့မှ မမေ့ပါဘူး အမေရယ်...
သမိုင်းမှာလဲ မော်ကွန်းတင်လောက်ပါပေတယ်...
ရွှေဘိုသီလာ said...
အများအတွက်ဆိုတာ ဒီလိုပဲကွယ်တို့...ဒါဟာ သင်္ခန်းစာယူစရာပါ။ သာမာန် ကြိုးစားပြီး ပြည်သူတွေကို တိုးပွားစေချင်တဲ့ ဆန္ဒလေ။ ပါရမီဖြည့်တယ်လို့ ခေါ်ပါတယ်။ လောကုတ္တရာဘက်ကကြည့်မယ်ဆိုရင်ပေါ့။ ဗုဒ္ဓမြတ်စွာတောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း နတ်၊ လူ၊ ဗြဟ္မာအတွက် ပေးဆပ်ခဲ့လို့ တစ်နေ့ လိုရာပန်းတိုင်ကို လှမ်းကိုင်မိတာပေါ့။ ပြည်သူတွေအတွက် အေးငြိမ်းချမ်းသာတဲ့ အခွင့်အရေးကို ရစေချင်ရင်တော့ဖြင့် ပင်ပန်းတာ ပျောက်သွားလို့ အသက်ဆုံးဦးတောင် ဇွဲမာန်အပြည့်နဲ့ ချီတက်ဖြည့်ကျင့်မည်ဆိုပါက မိမိတို့လိုရာ ငြိမ်းအေးခြင်းအစစ် တွေ့ရှိကြပါလိမ့်မယ်....
Anonymous said...
ဘိတ်က အာဏာပိုင်တွေနဲ့ ကြံ့ဖွံ့တွေခင်ဗျားတို့ တော်တော်ရက်စက်တဲ့လူတွေပဲဗျာ.. ခင်ဗျားတို့နဲ့ သဘောထား မတိုက်ဆိုင်သူမှန်သမျှ ရန်သူလို သဘောထားနေတာဟာ လောကတစ်ခုလုံးကို ဖျက်စီးပစ်မယ့် အဖျက်သမားစိတ်ဓာတ်ပဲ။
ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ငါတို့ကျေးဇူးမဆပ်လိုက်ရတဲ့ ကျေးဇူးရှင်ဗိုလ်ချုပ်အောင်ဆန်းရဲ့မျိုးဆက် ပါလားဆိုတဲ့ စိတ်ကလေးမွေးမိရင်တောင် ဒီလောက်ထိ ရက်စက်ယုတ်မာမိကြမယ် မထင်ဘူး။ အစိုးရရဲ့ ၀ါဒဖြန့်မှိုင်းတွေမှာ မိနေတယ်ပဲထားဦး အခြေခံလူစိတ်လေး ရှိနေရင်တောင် ဒီလောက်ထိ ယုတ်မာမှာမဟုတ်ဘူး။ အခုဟာက ဗျာ.. ခင်ဗျားတို့ လွန်လွန်းတယ်။ လူစိတ်ပျောက်နေပြီ..
ဗမာတွေက တစ်လုပ်စားဖူး သူ့ကျေးဇူး ဆိုပြီး ကျေးဇူးသိတတ်ခြင်းကို ဂုဏ်ယူစွာပြောဆိုလေ့ရှိတယ်။ အခုတော့ ဒါတွေဟာ ယုံတမ်းစကားတွေလို ဖြစ်ကုန်ပါပြီ။
ဗမာပြည် အင်္ဂလိပ်လက်အောက်မှာ အနှစ်၁၂၀ကျော်နေခဲ့ရတယ်။ ဒီနှစ်ပေါင်း ၁၀၀ကျော်ကာလမှာ လွတ်လပ်ရေးရအောင် စွမ်းဆောင်နိုင်သူ တစ်ဦးတစ်ယောက်မှ မပေါ်ပေါက်ခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလိုလူတစ်ယောက်သာ မပေါ်ပေါက်ခဲ့ရင် နောက်နှစ်ဘယ်နှစ်ရာ ကျွန်သက်ရှည်နေမလဲမသိဘူး။ ကျုပ်တို့ လူမျိုးတွေ ကျေးဇူးရှင်စစ်စစ်ကြီးတွေကို ဆော်ကားနေသမျှ ဘယ်တော့မှ လူမွှေးလူတောင် မပြောင်ဘူး၊ သွားလေရာမှာ အနှိမ်ခံဘ၀နဲ့ပဲ ရှိနေဦးတော့မှာပဲ..။
myayeethway said...
အမေရယ် ဘာလို့ ဒီလောက်တောင် ဒုက္ခခံရတာလဲ။
အမေရယ်............။
freedom from fear said...
မြန်မာတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်။.......အမေစု။
အမေ တနိုင်ငံလုံး သွားခဲ့တာ အခက်အခဲတွေမှန်သမျှ ပြည်သူအားနဲ့ တွန်းလှန်ခဲ့တာပဲ။ မြိတ်ရောက်မှ ရေယာဉ်ငှားမရလို့တဲ့။ ဘိတ်သားတွေ ဘာလုပ်နေကြလဲ။
Powered by Blogger.