ဒေါ်အောင်ဆန်းစုကြည် နှင့် ဖျာပုံမြို့ နယ် NLD ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေ |
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌကြီးရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့
ရွေးကောက်ပွဲ ဖြစ်စေရပါမယ်ဆိုတဲ့ စကားကို သံသယဖြစ်စရာလေးတွေတော့
စတင်တွေ့ရှိနေရပါပြီဗျာ။
(၁) ဖေဖော်ဝါရီလ (၂၉) ရက်နေ့ကစပြီး မဲပေးနိုင်မယ့်လူဦးရေစာရင်းတွေ ကို
ကြေငြာရ မှာဖြစ်ပေမယ့် ဖျာပုံမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ (၁၅) ရွာ
(လောလောဆယ်သိရှိရသလောက်) မှာ ယခုအချိန်အထိ မဲပေးနိုင်မယ့်လူဦးရေစာရင်းတွေကို ကြေငြာထားခြင်းမရှိသေးပါဘူး။
(၂) မဲစာရင်းကြေငြာထားပြီးတဲ့ ကျေးရွာနှစ်ရွာမှာတော့
လူဦးရေစာရင်းအတိအကျကို သိရှိရဖို့ ကျေးရွာ NLD အဖွဲ့ဝင်တွေက
သွားရောက်ကူးယူတဲ့အခါမှာ ကူးယူခွင့်မပြုနိုင်ပါဘူးလို့ တားမြစ်ခံခဲ့ပါတယ်။
(မဲစာရင်းကို ကူးယူတာဟာ ဘယ်လိုဥပဒေပုဒ်မနဲ့ ညှိစွန်းနေတယ်ဆိုတာ
နားမလည်နိုင် လောက်အောင်ပါပဲ)
(၃) အဲ ... ဆိုးတာကတော့ မဲစာရင်းကပ်ထားပြီး ကူးယူခွင့်ရတဲ့ကျေးရွာတွေမှာတော့  NLD ပါတီဝင်တွေထဲက အတော်များများရဲ့ နာမည်တွေကို ချန်လှပ်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ အဲဒီ ချန်လှပ်ခံခဲ့ရသူတွေအားလုံးဟာလည်း ရွေးကောက်ပွဲဥပဒေနဲ့ ညှိစွန်းခြင်း အလျင်းမရှိတဲ့သူတွေပဲ ဖြစ်နေပါတယ်။
(၄) အဆိုးတကာ့ အဆိုးဆုံးကတော့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့စာရင်းထဲမှာ သေဆုံးပြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးအသင်းဝင်/ ပါတီဝင်တွေရဲ့ နာမည်တွေကို တွေ့ရှိနေရတာပဲဖြစ်ပါတယ်ဗျား ... .... ...။
မဲပေးနိုင်ခွင့်ရှိတဲ့လူစာရင်းေ တွကို
အချိန်နဲ့ တစ်ပြေးညီ မထုတ်ပြန်တာ၊ မဲပေးနိုင်ခွင့် နဲ့
ပြည့်စုံတဲ့လူတွေကို မဲစာရင်းကနေ ချန်လှပ်ထားခဲ့တာ၊ သေဆုံးပြီးသူတွေကို
မဲပေးနိုင်ခွင့် စာရင်းထဲထည့်ထားတာတွေဟာ ....
ဘယ်လိုရည်ရွယ်ချက်ကြောင့်ဆိုတာ အထူးအထွေ ရှင်းပြနေစရာလိုမယ် မထင်တော့ပါဘူး။
ဒီစာရင်းတွေကို မတ်လ (၆) ရက်နေ့ ညနေ (၄) နာရီမှာမှ
အမှန်အတိုင်းဖြစ်အောင် မပြုပြင်နိုင်ရင်တော့ .... .... .... လက်ရှိ
အမှားအတိုင်းကိုပဲ အတည်ယူရတော့မလိုဖြစ်နေပါ တယ်။
ဖျာပုံမြို့နယ် NLD အဖွဲ့ချုပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ
မဲရုံကော်မရှင် ကို တင်ပြဖို့ ကြိုးစားနေပြီလို့ သိရပါတယ် ... ။
အဲ ... အခုလောလောဆယ်မှာတော့ ကျွန်တော်အနေနဲ့ ရွေးကောက်ပွဲ
ကော်မရှင် ဥက္ကဌကြီးရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ
ဖြစ်စေရပါမယ်ဆိုတဲ့ စကားကို ပဲ (အမှတ်မရှိ) နောက်တစ်ခါ ထပ်ပြီး
ကြားချင်နေမိပါတော့တယ်ဗျာ ... ... .... ။
မင်းခေါင် (ဖျာပုံ)
ဖျာပုံမြို့နယ်အထူးသတင်း
Reviewed by သစ်ထူးလွင်
on
16:45
Rating: 5
13 comments:
ဟုတ်တယ်ဗျို့..မသမာမှုတွေ..ရှိနေတယ်...ပထမအကြိမ် ဖျာပုံမြို့ (၅)ရပ်ကွက်မှာ မဲတွေအခြေအနေမကောင်း လို့ဆိုပြီး..ဘယ်ကဘယ်လို ရောက်လာတဲ့ကြိုတင်မဲတွေမှန်းလဲမသိဘဲနဲ့ လုပ်ကွက်ဖြစ်သွားဘူးပါတယ်...။ ဖျာပုံမြို့ကိုလည်းဂရုစိုက်ပေးပါ..။ မဲစာရင်းရိုက်တာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ပိုက်ဆံ မပေးဘဲ..။ ရိုက်ခိုင်းနေပါတယ်..။ ပထမအကြိမ်ရွေးကောက်ပွဲမှာ နိုင်ငံတော်မှပေးသောကုန်ကျစရိတ်များ ကိုလည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံရောက်ရှိခြင်းမရှိကြောင်းနှင့် ဘယ်လိုဘယ်ပုံကုန်သွားကြောင်းလည်းမထုတ်ပြန်ကြောင်းသိရှိရပါတယ်..။ အထက်ကချပေးတဲ့..ရွေးကောက်ပွဲကုန်ကျစရိတ်ငွေများ အဘုံးခံထားရတယ်ဆိုတာ..ကိုအားလုံးကိုသိစေချင်ပါတယ်..။
ကျွန်တော်တို့ပုသိမ်မြို့မှာလည်းမဲစာရင်းမပါလို့(ပုံစံ၃)တွေပြန်လိုက်လျှောက်နေရပါတယ်။စက်ရုံဝန်ထမ်းတွေဗျာ..လက်ရှိအလုပ်လုပ်တဲ့နေရာမှာသန်းခေါင်စာ ရင်းမရှိလို့စာရင်းပါမလာဘူး...ကိုသစ်ရေ..သက်ဆိုင်ရာလူကြီးတွေသိအောင်လုပ်ပေးပါ။
ဘယ်လိုလဲကိုတင်အေး၊
ပထမအကြိမ်တုန်းကတော့
ပြီးတာတွေလဲ ပြီးပါစေတော့ဆို။နိုင်ငံရေးပါတီတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေနဲ့အညီသာ ဆောင်ရွက်ပါ။ အဲဒါဆိုရင် ပါတီတွေဘက်ကနေ ရပ်တည်မယ်၊ အဲဒီလို ရပ်တည်လို့ ကော်မရှင်ဥက္ကဋ္ဌ ရာထူးစွန့်လွှတ်ရရင်တောင် စွန့်လွှတ်လိုက်မယ်။ တပ်မတော်သားဘဝက လာတာ၊ ဘာမှ ကြောက်စရာ မရှိဘူးဆို။
အေးဗျာ၊ဘောင်းဘီချွှတ်တွေ ဘောင်ဘီဝတ်တွေရဲ့
ကတိစကား ဆိုတာကိုလည်း အကုန်လုံးက သိနေပြီဆိုတော့။
ဟော ... ကြည့်ကြပါဦးဗျို့ ... လိမ်ခြင်းစတင်နေပါပြီ။ လိမ်နည်းအမျိုးမျိုးသုံးပါတော့မယ်။ ကြည့်မနေကြပါနဲ့ဗျာ။
ဝိုင်းဝန်းကူညီကြပါဦး။
တစ်ကမ္ဘာလုံးကတော့ကြည့်နေကြတယ်နော်။ လူထုက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုကြိုနေကြတယ်ဆိုတာ ကမ္ဘာသိနော်။
နိုင်ရင်တောင်မှ ဘယ်လိုကြောင့်ဆိုတာ စဉ်းစားစရာတောင်မလိုဘူးနော်။
ကြံ့ဖွတ်တွေ ဗရုတ်သုတ်ခမလုပ်ကြနဲ့။
(လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုမျှော်လင့်တယ်)
တတိုင်းပြည်လုံးအတွက် လွန်စွာအရေးကြီးသည့်အချိန်ဖြစ်ပါသည် မဲစာရင်းများကိုကူးယူခွင့်ကိုကော်မရှင်ကပေးထားပါသည် မကူးယူရဘူးဟုပြော
သည့်သူအားနေ့ရက်အချိန် ဓါတ်ပုံ ဗွီဒိုယိုမှတ်တမ်းထားရှိပါ မတရားလုပ်သည်ကိုပါးစပ်နှင့်မပြောပဲ အထောက်အထားများဖြင့် သက်သေခိုင်လုံအောင်လုပ်ပါ သေချာတာကတော့ မတရားလုပ်မည့်သူတွေများ
နေပါသည် ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ သန့်ရှင်းသည့် ပြိုင်ပွဲဖြစ်ဖို့အတွက် အရေြး့ကီးပါသည်
ဦးေ၇ွှမန်း ဥက္ကဌကြီး ကူညီပါအုံး။ ၇ှင်ကြီးများ ကိုးမိနေသလားတော့မပြောတတ်ဘူး ဒီလိုပြောမိတာ။ ။
အနည်းနဲ့အများကတော့ လိမ်အုံးမှာပါ ဒီပုတ်ထဲက ဒီပဲပဲလေ.....တစ်ဖြတ်တည်းပါ...ရှေ့လူက မင်းသားခေါင်းဆောင်းပြပြီး နောက်ပိုင်းကတော့ ဘီလူးဆိုင်းတီးနေကြအုံးမှာပဲ...သူတို့ရဲ့ မကောင်းတဲ့ဗီဇတွေကပြင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲပါလိမ့်မယ်....ဘာဖြစ်လို့လဲဆိုတော့ ယောကျ`်ားကိုယ်နဲ့မိန်းမစိတ်တွေကိုးဗျ........မိန်းမတွေထဲကတောင်မှ သာမန်မိန်းမ မဟုတ်ဘူးခင်ဗျ ခပ်ယုတ်ယုတ် ခပ်ညံ့ညံ့ အောက်တန်းစားမိန်းမစိတ်တွေနဲ့တူနေတာ...အလကား သောက်ရှက်မရှိလိုက်တာ......သူတို့လူတစ်စုမျိုစို့နေကြလို့ တို့တိုင်းပြည်ကြီးအကြွေးတွေနဲ့အရှက်ရစရာဖြစ်နေတာ.....ရှက်တတ်ရင်လဲသေဖို့တောင်ကောင်းနေပါပြီ...မသာတွေ....
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က တရားမျှတမယ်ပြောပြီး ဘယ်သူတွေက တရားမမျှတအောင်လုပ်သလဲ ဆိုတာ စုံစမ်းသင့်ပါတယ်။ အောက်ပိုင်းက မပြောင်းလဲ သေးတာတွေက ဘယ်သူ့ကြောင့်ဖြစ်နေတာလဲဆိုတာ သိဖို့လိုပါတယ်။ လူ နံမည်နဲ့ တကွ သက်ဆိုင်ရာကို တိတိကျကျတိုင်နိုင်မယ်ဆိုရင်ကောင်းမယ်ထင်ပါတယ်။အရေးမယူဘူးဆိုရင်တော့ ရွေးကောက်ပွဲကော်မရှင်ပါ မသမာမှုထဲမှာ ပါဝင်နေတယ်လို့ ယူဆရပါလိမ့်မယ်။ ဦးသိန်းစိန်ကိုယ်တိုင် က ကောင်းကောင်းမွန်မွန် လုပ်ကိုင်နေတဲ့ အချိန် ကျန်သောသူတွေက မကောင်းလုပ်နေရင် ဘယ်သူ့ခေါင်းပေါ်ဘဲ ဖြစ်မယ်ဆိုတာ စဉ်းစားသင့်ပါတယ်။ အစိုးရ ဆိုတာ ပြည်သူ အားကိုးရာ မဖြစ်ရင် အလကားပါ။ ကိုယ့်မိသားစု ချမ်းသာဖို့ ကိုယ့် ဆွေမျိုးတွေ ကောင်းစားဖို့ သက်သက်ဆိုရင်တော့ အစိုးရလုပ်မနေကြပါနဲ့ အငြိမ်းစားယူပြီး စီးပွားရေးသမားလုပ်ကြပါလားဗျာ။ လမ်းဘေး စိတ်ဓါတ်တွေ အာဏာပိုင်အဖွဲ့ အစည်းထဲမှာ အမြစ်တွယ်နေတယ်လို့ဘဲ ယူဆမိတယ်ဗျာ။ ဒီမိုကရေစီ အရေးအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံး ပြင်းပြင်းထန်ထန် ရှုံ့ချ သင့်ပါတယ်။
တစ်နိုင်ငံလုံး သတိ၊ ရွေးကောက်ပွဲ တကယ် နီးကပ်လာချိန်မှာ ဒါမျိုးတွေကို သတိနဲ့ စောင့်ကြည့်ကြပါ။ ကိုယ့်နံမယ် မပါရင် ဘာလုပ်ရမယ်။ သေတဲ့သူ တွေနံမယ် ပါနေရင် ဘာလုပ်ရမယ်ဆိုတာကို ကိုသစ်ထူးလွင် အနေနဲ့ လူထုကို အသိပေးပါ။ မြန်မာနိုင်မှာ ရှိတဲ့ မီဒီယာတိုင်းက ဒါကို နံပတ် တစ် ဦးစားပေး လုပ်ကြပါ။ တစ်ခါလိမ်ပြီး အာဏာ ရထားတဲ့ သူတွေဟာ နောက်ထပ် တစ်ခါ ထပ်လိမ်ဖို့ သိပ်စဉ်းစားမှာ မဟုတ်ဘူး၊ လူထုက နောက်ကြောင်း မပြောတော့ဘူး ပြောနေလို့ ကမ်းတက်လာတာ။ ဒီလူတွေ တရားတဲ့ နည်းနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာလား၊ လိမ်ပြီး ရခဲ့တာလာ။ ကဘာ ကသိတယ်။ တစ်ခေါက် လိမ်ခံရတာ လိမ်တဲ့လူ တော်လို့ ။နောက်တစ် ခါ လိမ်ခံရရင် အလိမ်ခံရတဲ့သူ ညံ့လို့။ နည်းလမ်းရှာကြပါ။
တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်ဖို့မျှော်လင့်ပါတယ်
အခုဟာက သေသွားလို့ငရဲရောက်နေတဲ့ကြံ့ဖွတ် တွေရဲ့နာမည်ပါနေတယ်ဆိုတော
ဒါဟာအောက်လမ်းနည်းနဲ့ မသာတွေကိုအသက်ပြန်သွင်းနေတာဘဲ
ဘာတွေဘယ်လိုဘဲလုပ်လုပ်ကျွန်တော်တို့ဖျာပုံမှာ NLD အဖွဲ့ပဲအနိုင်ရစေရမယ့်
အမေစုပဲနိုင်မှာပါသူတို့ဘယ်လိုပဲခိုးစေခိုးစေ...
ကလိမ်ကကျစ်ကြံ့ဖွတ်ကောင်တွေ ၁ ရက်နေရောက်ရင်ပြန်လာပြီးကိုမဲပေးဦးမှာ...အခုရောက်နေတဲ့နေရာကနေ...
ကျွန်တော်ကတော့ English လိုမရေးတက်လို့ဗျို့..ရေးတက်တဲ့ ညီအကိုမောင်နှမတွေရှိရင်...English လိုလေးရေးပြီးဘာသာပြန်ပေးပါဗျာ.. ဒါမှ နိုင်ငံတကာကသိမှာ..အခုထက်ထိ...ခိုး..ဆိုး..လိမ်..ညာ..နေတုန်းဆိုတာ...
ဖျာပုံ ကြံ.ခိုင်ရေးက ကလီကမာကောင်တွေ ထမီဝတ်ပြီး ညသနပ်ခါးလိမ်းအိပ် မင်းတို.အဖေက တရားမျှတစေရမယ်လို.ဒီလောက်အော်နေတာ မင်းတို.မကြားဘူးလား။
နိုင်ငံတကာကလည်း တရားမျှတမှု.ရှိမှ ရပုံငွေထုတ်ပေးမှာ။ အကောင်ကြီးတွေမျိုဆို.ထားကြလို.ရသုံးမှန်းခြေငွေစာရင်းလည်း minus ပြနေပြီ။ပြောလည်းသိမဲ.ကောင်တွေမဟုတ်ဘူး။နွားပလာတာကျွေးသလိုနေမှာ။
ဖျာပုံမြို့နယ်အတွက် NLD ကိုယ်စားလှယ်လောင်း၏အမည်မှာ ဦးသိမ်းဆွေ
ဖြစ်ပါတယ် ။ ဦးသိမ်းဆွေ၏ဖခင် အမည်ကသာ ဦးမင်းဆွေဖြစ်ပါတယ်။
Post a Comment