ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း ဟင်္သာတမြို့ ရုံးကြီးရပ်ကွက်မှာရှိတဲ့  မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်း အတွင်း ဒီနေ့ မနက် ၉ နာရီ မိနစ် ၅၀ မှာ ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ကွန်ကရစ်လမ်း
ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကြားက  ကွန်ကရစ် လမ်းမှာ ပေါက်ကွဲတာ ဖြစ်ပြီး လမ်းအနည်းငယ် ပျက်စီးသွားခဲ့ပေမယ့် ထိခိုက် ဒဏ်ရသူ မရှိဘူးလို့ ဟင်္သာတမြို့ခံ တဦးက ခုလို ပြောပါတယ်။
“ပေါက်တဲ့အသံကို ကျနော်တို့ တမိုင် ပတ်လည်လောက်ကနေ ကြားတော့ မေးကြည့်တဲ့အခါ မရက ရုံးထဲမှာ ဗုံးပေါက်တယ်ဆိုပြီး သိလိုက်တာ။ တုန်လှုပ်မှု တော့ မရှိပါဘူး။ မြန်အောင်မှာတုန်းကလည်း ကြံ့ခိုင်ရေးရုံးမှာ ဗုံး နှစ်ခါ ပေါက်တုန်း ကလည်း ဘာမှ ထိခိုက်မှု မရှိဘူးလေ။ အခုလည်း ဒီမှာ လူတွေ အထိအခိုက်တော့ မရှိဘူး။”
ဟင်္သာတမြို့ ဆက်သွယ်ရေး ရုံးဝင်းအတွင်းက ဆက်သွယ်ရေး တာဝါတိုင် အောက်မှာလည်း  မပေါက်ကွဲသေးတဲ့ ဗုံး ၁လုံး ထပ်မံ တွေ့ရှိတဲ့အတွက် အဲသည် နေရာ တ၀ိုက်မှာ တာဝန်ရှိ သူတွေက ရှာဖွေ ရှင်းလင်းနေတယ်လို့ မြို့ခံ တယောက် က ပြောပါတယ်။
“တာဝါတိုင်အောက်မှာ ဗုံး တလုံး ထပ်တွေ့လို့ အဲဒီ့နားက လူတွေအိမ်ပြင်ကို ထွက်ပေးပြီး ခြံဝင်းတွေထဲကို မြို့မှာရှိတဲ့ တပ်ရင်း ၁၈ ကလူတွေနဲ့ မိုင်းရှာတဲ့ အဖွဲ့နဲ့ ရှာနေတယ်။ နောက်ထပ်တော့ ဘာမှ ထူးခြားမှု မဖြစ်သေးဘူး။”
ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အကြောင်းကို ဟင်္သာတမြို့ အမှတ် ၁ ရဲစခန်းက    အတည်ပြု ပြောဆိုပေမယ့် အသေးစိတ်ကို မသိရသေးဘူးလို့ ဖြေဆိုပါတယ်။ အမှတ် ၂ ရဲစခန်းကို ဆက်သွယ်တဲ့အခါ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ 
ဒီဗွီဘီ
ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ Reviewed by သစ်ထူးလွင် on 16:32 Rating: 5

10 comments:

မျှော်ရဇ် said...

ဟား.....ဟ......ဟ.ဟား.....ဗိုလ်ပြုပ်တွေ အကြံ ယုတ်နေပြီး၊ အမေစုအဖွဲ့တွေ လှန့် အောင် လုပ်ပြနေပြီ၊ ဒီလိုပါပဲ လုပ်လာတာ အနှစ် ၆၀ မကရှိနေပါပြီ။ ပြည်တွင်မှာ အမေစုကြောင့် စည်တယ်၊ ပြည်ပမှာ ဆန်ရှင်ကို ပိတ်တာ ဖွင့်ဖို့ ပြင်တယ်။ ဘယ်ရမလည် လူယုတ်မာ အကြံတွေနဲ။ နိင်ငံတကာက ခေါင်းဆောင်တွေက စစ်နွာတွေရဲညဏ်လောက်တော့ အပြော့ပေါ့။ အမေစုသာ တရာဝင် အဆိုးရခေါင်ဆောင် မဖြစ်သ၍ စစ်ဗိုလ်ပြုပ်တွေခိုးထားတဲ့ နိင်ငံတကာရောက်နေတဲငွေတွေ ပြန်ရလာမည်လို မထင်ပါနဲ။ ရလာရင်လည်း သန့်  ရှင်တဲ့ အစိုးရကိုပဲ အပ်မှာပါ။ ပြီးရင် နိင်ငံတကာက ချေးထားတဲ့ အကြွေးတွေ ဒီငွေတွေနဲချေရင် ပိုတောင်ပိုသေပါတယ်။ ပြည်သူတွေအားလုံး ဒီကိစ္စကို မြက်ချေမမြတ်ကြဖို့  တိုက်တွန်းချင်ပါတယ်။ အမေစု ကို ၀ိုင်းရန်ပါ။

zawgi thu youn mal said...

လုပ်မနေပါနဲ့ ရိုးနေပါပြီ။ ဆင်လုံးတွေ ။

ရာရာ said...

အုပ်ချုပ်ရေးမှူး။ ။ ဟေ့ကောင် တပည့်ကြီး သေသေခြာခြာလုပ်ပါကွ...တော်ကြာထ ပေါက်နေဥိးမယ်..။
တပည့်ကျော် ။ ။ မပူပါနဲ့ဆရာ..ကျွန်တော့မှာ နောက်တစ်လုံးအပိုပါ ပါတယ်ဗျ..။

" ဗုန်း "

dingyi said...

နိုင်ငံကို စစ်အာဏာနဲ့ ပြန်ယူချင်လို့နည်းမျိုးစုံနဲ့ အကောက်ကြံနေပြီ
ပြည်သူများ သတ္တိရှိရှိ ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်အောင်
ရှေ့သို့သာ ချီတက်နိုင်ကြပါစေ

dingyi said...

နိုင်ငံကို စစ်အာဏာနဲ့ ပြန်ယူချင်လို့နည်းမျိုးစုံနဲ့ အကောက်ကြံနေပြီ
ပြည်သူများ သတ္တိရှိရှိ ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်အောင်
ရှေ့သို့သာ ချီတက်နိုင်ကြပါစေ

dingyi said...

နိုင်ငံကို စစ်အာဏာနဲ့ ပြန်ယူချင်လို့နည်းမျိုးစုံနဲ့ အကောက်ကြံနေပြီ
ပြည်သူများ သတ္တိရှိရှိ ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်အောင်
ရှေ့သို့သာ ချီတက်နိုင်ကြပါစေ

datha said...

ကိုသစ်ရေ...
ဖော်ကောင်ဘညွန့်လိုလူမျိုးတွေ တစ်သိန်းလောက်
ပေါ်လာမှာပါ...........
အခု အရူးမီးဝိုင်းသလို ဖြစ်နေပြီ
အချင်းချင်း ပြန်ကိုက်တော့မှာ စောင့်ကြည့်နေလိုက်ပါ
ပျားတုပ်တယ်ဆိုတာ ဒါကိုပြောတာလေ

dingyi said...

နိုင်ငံကို စစ်အာဏာနဲ့ ပြန်ယူချင်လို့နည်းမျိုးစုံနဲ့ အကောက်ကြံနေပြီ
ပြည်သူများ သတ္တိရှိရှိ ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်အောင်
ရှေ့သို့သာ ချီတက်နိုင်ကြပါစေ

nayhtet7@gmail.com said...

ဖြစ်တာတောင်နည်းသေး။

မျိုးစင်ဆွေဆက် said...

CCTV တပ်ထားလို့ ကတော့လားကွာ....အခုထိတော့ မလှိမ့်တပါတ်တွေ လုပ်ထားအုံးပေါ့...ပြည်သူ့ လက်ထဲ မှာတော့ ရေပုံး(ဗုံး) ပဲရှိတယ် ...တိုင်းရင်းသား လက်နက်ကိုင်တွေက လဲ သူဟာနဲ့  သူတောင်လိမ့်ပတ်မလည်ဘူး.......ဒါမျိုးတွေရိုး...နေပြီ ..ပြည်သူတွေအကုန်လုံးက လဲ သဘောပေါက်နေပြီ....ကြုံတွေလာတဲ့နှစ်ပေါင်းကမှ မနဲတော့တာ.... ဖွတ်ဦးနှောက်လေးတွေနဲ့  ...မှတ်ထား ပြည်သူက ပြည်သူကို ဘယ်တော့မှ ဒီလိုအလုပ်မျိုးမလုပ်ဘူး.... အရင်က ကျောင်းသားတွေကို ရိုက်စစ်သလို အုပ်ချုပ်ရေးမှုးနဲ့  အပေါင်းအပါတွေ ကိုရိုက်စစ်လိုက် ပေါ်ပြီ..... ပြောကြည့်တာပါဗျာ ..အဲလိုဘယ်စစ်ပါ့မလဲ....ကိုယ်တိုင်ခိုင်းထားကြတာကို....ဟုတ်တယ်မဟုတ်လား...

Powered by Blogger.