ဓါတ်ပုံ (D-Wave) လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေး အောင်ပင်လယ်ကွင်းမှာ သိန်းနဲ့ ချီတဲ့လူထုကို ဟောပြောသွားတဲ့ ဗွီဒီယို (ရုပ်/သံ)ဖြစ်ပါတယ်။ The Voice Weekly က တင်ဆက်ထားတာပါ။
10 comments:
ရွေးကောက်ပွဲက လုပ်စရာတောင်မလိုဘူး..တကယ်ကိုမလိုအပ်တာပါ. အချိန်ကုန်တယ် အလုပ်ရှုပ်တယ် မြန်မာနိုင်ငံရဲ့ပြည်သူလူထုကိုကြည့်ရင် အခုလောက်ဆိုသဘောပေါက်သင့်တယ်..မန္တလေးလူထုကတော့ တကယ်ကို အထူးရှယ်ပါဘဲဗျာ..အရမ်းလေးစားသွားပြီ..
အမေစု ရဲ့ အသံကနည်းနည်းလေး နွမ်းနယ်နေတဲ့ အသံဖြစ်နေ
တယ်ဗျာ။ ကျန်းမာရေးလည်း ဂရုစိုက်ပါအုံး အမေစုရေ။
ပြည်သူတွေအားလုံးက စိတ်ပူနေပါတယ်။
ဟုတ်ပါတယ် ---- ရွေးကောက်ပွဲလုပ်တာ အချိန်ကုန် လူပင်ပန်းပါတယ် --- အကြွေးတင်နေတဲ့ တိုင်းပြည်အတွက် ချွေတာပြီး ဒေါ်စု နဲ့ NLD ကို ၄၈ နေရာလုံး အနိုင်သာပေးလိုက်ပါတော့ ----- ဒေါ်စု လုံခြုံရေးအဖွဲ့ နဲ့ NLD အဖွဲ့ဝင်များ သောင်းသောင်းဖြဖြကြိုဆိုကြတဲ့ပြည်သူအပေါင်းကို အဝေးကနေ လေးစားစွာ အလေးပြုပါတယ် ----
ဒေါ်စု ဘေးရန်ကင်းပါစေ --- NLD အောင်ပါစေ ----
ဒေါ်စု သတင်းတွေ up to date တင်ပေးတဲ့ KO THtL ကိုလည်း ကျေးဇူးတင် လေးစားမိပါတယ် ========
ကျန်တာတွေကို သနားတယ်လို့ ပြောလို့ရတယ်...ဘယ်မြို့နဲ့မှ ယှဉ်လို့မရဘူး..မန်းသား မန်းသူတွေရဲ့ရင်ထဲမှာ အမေဆု ဆိုတာက ရိုက်သွင်းစရာကို မလိုဘူး..အလိုလိုကို လေးစားကြည်ညိုပြီးသား ဖြစ်နေတယ်...လာမယ့်ရွေးကောက်ပွဲက လုပ်စရာတောင်မလိုဘူး..အလုပ်ရှုပ်တာတောင်အဖတ်တင်တယ်...ဘယ်သူသာသလဲဆိုတာ အဖြေကထွက်ပြီးသားပါ..အေး ၀ိုင်းတော့မညစ်ကြနဲ့ မလိမ်ကြနဲ့ပေါ့ကွာ...
မန္တလေးနဲ့အလှမ်းဝေးပြီးရှိနေပေမယ့် ကိုယ်တိုင်ရှိနေသလိုပဲ ခံစားရပါတယ်..အမေစု..ကျန်းမာချမ်းသာပါစေ..ကျေးဇူး..ကိုသစ်ထူးလွင်
သမိုင်းမှာ မှတ်တိုင်သစ် တစ်ခု စိုက်ထူလိုက်တဲ့ နေ့တစ်နေ့ ပါ။
မန္တလေးမြို့သူမြို့သားများကို ကျေးဇူးအထူးတင်ပါတယ်။
နောင် ဒီ့ထက် ပိုမိုအားပေးထောက်ခံပေးပါ။
အမေစု ပြောသွားတဲ့ မိန့်ခွန်းထဲကလိုပဲ.. ကိုယ့်မှာရှိတဲ့ အင်အားကို မှန်မှန်ကန်ကန်နဲ့ အကြိုးရှိရှိ သုံးစွဲသွားကြပါစို့........
gawleee ပြောတာကို ထောက် ခံပါတယ်
အဖြေကရှင်းနေ တာကြာပါပြီ
ရှက်တတ်မယ်ဆိုရင် နေရာ က ဆင်းပေးတာ ကြာပေါ့
အရှက်မရှိ လို့ တွယ်ကက်နေတာ
အမေစု နာမည်လေးကြားရုံနဲ့ လူတွေ စုစုစည်းစည်းဖြစ်သွားလိုက်တာဗျာ မြန်မာမပြောနဲ့ ကမ္ဘာမှာတောင် အမေစုလိုစည်းရုံးရေးအားကောင်းသူရှိမယ်
လို့မထင်ပါဘူးဗျာ အမေလို့ အားရပါးရခေါ်ပြီး ဂုဏ်ယူမော်ဖူးကြည်နူးနေချင်ပါ
တယ်ဗျာ ကျနော်တို့ မြန်မာပြည်ကြီးအတွက် ကမ္ဘာမှာ အရမ်းကြီကိုမြတ်နိုးစရာ
ကောင်းတဲ့ အမေ ဖြစ်နေလို့ပါပဲ.......။
Post a Comment