ကြိုတင်မဲ မသမာမှု မြို့နယ် ကော်မရှင်က အရေးယူဆောင်ရွက်မည်ဟု ဆို

ဓါတ်ပုံ (မြစ်မခ)
မတ်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ် YPI

ကြိုတင်မဲ ပေးခွင့်စတင်သည့် ယနေ့ နံနက်ပိုင်းက မြန်အောင်မြို့နယ် ပနဲကွဲ ကျေးရွာအုပ်စု လန်ဒါ ကျေးရွာမှ ကြိုတင်မဲယူစဉ် အသက် ၇၀ ၀န်းကျင်ရှိသည့် ဒေါ်သန်းညွန့်က ၎င်း အနေဖြင့် မဲလက်မှတ် အား မခြစ်နိုင်သဖြင့် မဲရုံဝန်ထမ်း ကျောင်းဆရာမ ဒေါ်ညိုညိုဝင်းအား ဒေါ်စုပါတီ ခွပ်ဒေါင်းကို ခြစ်ခိုင်းသော်လည်း ဒေါ်ညိုညိုဝင်းက ကြံခိုင်ရေးကို ခြစ်ပေးလိုက်ရာမှ ရွာသားများက မကျေနပ်ဖြစ်ကာ မြို့နယ် ကော်မရှင်သို့ တိုင်ကြားထားသည်ဟု သိရှိရသည်။

မြန်အောင်မြို့နယ် ကော်မရှင်က ဆက်လက်အရေးယူဆောင်ရွက်မည်ဟု ဆိုကြောင်း မြန်အောင်မြို့ခံတဦးက YPI သို့ပြောသည်။

မြန်အောင်မြို့နယ်၌ ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၃ အုပ်စုတွင် မဲပေးခွင့်ရှိသူ တသိန်းခွဲကျော်ရှိ၍ အန်အယ်လ်ဒီ၊ တစညနှင့် ကြံ့ခိုင်ရေးတို့မှ ကိုယ်စားလှယ်လောင်း ၃ ဦးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ။

 Yangon Press International
ကြိုတင်မဲ မသမာမှု မြို့နယ် ကော်မရှင်က အရေးယူဆောင်ရွက်မည်ဟု ဆို ကြိုတင်မဲ မသမာမှု မြို့နယ် ကော်မရှင်က အရေးယူဆောင်ရွက်မည်ဟု ဆို Reviewed by သစ်ထူးလွင် on 03:45 Rating: 5

7 comments:

ကိုကိုအောင် said...

လေးစားပါတယ်၊ဂုဏ်ယူပါတယ်“အမေညွန့် ”

tertee said...

အရေးယူမှာက ဘယ်တော.မှန်း မသိ
လက်ငင်းကတော. ကြံ့ဖွတ် က မဲတမဲ ရသွားပြီ

supergunner said...

ကျောင်းဆရာမ ကကြံဖွတ်ပါတီရဲ့ မယားငယ်လားမှမသိတာ..
ကြံဖွတ်ပါတီကကောင်မတွေ.အရင်အသင်းတကည်းက ဆရာမတွေဖြစ်
ဌာနကောင်းတွေမှာရာထူးတွေရနေတာ..အကုန်သိတယ်..
ကြံဖွတ်ကအတွင်းရေးမှူးဆိုသူတွေကလည်းနာဘူးတွေ
အကုန်သိပါ့
ကောင်းလင့်တေး...ကောင်းလင့်တေး..အမေလေးစားတယ်

မြန်မာ့မြေ said...

ခြင်္သေ့ အားကိုး ပုဆိန်ရိုး

Unknown said...

ဆရာမဒေါ်ညိုညိုဝင်းရေ...ပိုက်ဆံတောင်းသလောက်ပေးပါမယ်..။
ကျနော်ကိုလဲလာချစ်ပါအုံး.....။

kyawminmin said...

ကျောင်းဆရာမတဲ့ကွာ မိုက်ရိုင်းတဲ့ပုံများ အဖြူအစိမ်းဝတ်စုံနှင်တောင်မတန်ဘူး

Unknown said...

ဆရာမဒေါ်ညိုညိုဝင်းကြိုက်တဲ့ ငွေကိုသာပြောပါ ကျုပ်ပေးနိုင်တယ်ဗျာ ဒီနေ့ကစပြီး ကြံ့ဖွတ်တွေနဲ့အိပ်စရာမလိုတော့ဘူး ကျုပ်ကခင်ဗျားအတွက် တာဝန်ယူချင်လို့ပါ.....ညပိုင်းမှာ ခင်ဗျာတာဝန်သာကျေပွန်အောင် လုပ်ပေးပါ....

Powered by Blogger.