တရုတ်နိုင်ငံအနောက်တောင်ပိုင်းက ယူနယ်နယ်ထဲမှာ
ဒေသခံလယ်သမားတဦးကိုတရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်လာတဲ့ မြန်မာစစ်သား ၂
ဦးက သတ်ဖြတ်ခဲ့တဲ့ကိစ္စကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ် နိုင်ငံခြားရေးဌာနက
မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒီပြဿနာက ပြီး ခဲ့တဲ့ ဇန်နဝါရီ ၁၂
မှာ ဖြစ်ခဲ့ပေမဲ့ တရုတ်အာဏာပိုင်ဘက်က အခြေအနေတွေကို အသေအချာစုံစမ်းပြီးမှ
အခုလို အရေးယူဖို့ တောင်းဆိုလာတာဖြစ်ပြီး မြန်မာနိုင်ငံဘက်က
မတည်ငြိမ်မှုတွေဟာ ဒေသတွင်း နယ်စပ်တွေထိ လူ့အခွင့်ရေးချိုးဖောက်မှု
ရှိလာတာကို သတိပေး ဟန့်တားလာတာဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဒီအခြေအနေအပြည့်အစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက
တင်ပြပေးထားပါတယ်။
အခု အခင်းဖြစ်ခဲ့တဲ့ ယူနန်နယ်ဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတာဖြစ်ပြီး မြန်မာနိုင်ငံအရှေ့မြောက်ဘက်၊ ကချင်ပြည်နယ်နဲ့ ကပ်လျက်ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က မြန်မာနယ်စပ်ဘက်မှာ အခြေစိုက်တဲ့ အစိုးရစစ်တပ်က မြန်မာစစ်သား ၂ ဦးဟာ ယူနန်ဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ယူနန်နယ်ထဲက တရုတ်နိုင်ငံသား လယ်သမား အသက် ၅၃ နှစ်အရွယ်ရှိတဲ့ “ lahpai Zau Lawn “ ကို ပစ်သတ်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာနက မြန်မာအစိုးရကို ဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီသတင်းကို တရုတ်နိုင်ငံထုတ် သတင်းစာတွေမှာလည်း ဖော်ပြရေးသားကြပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ကချင် သတင်းဌာနက ဒီပြဿနာကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကို ကာယကံရှင် မိသားစုနဲ့ရော ဒေသခံတွေအပြင် သက်ဆိုင်ရာ တရုတ် အာဏာပိုင်တွေကို စုံစမ်းမေးမြန်းပြီးမှ ဖော်ပြရေးသားခဲ့တာဖြစ်တယ်လို့ ကချင် သတင်းဌာနရဲ့ အယ်ဒီတာ ကိုနော်ဒင်းက ရှင်းပြပါတယ်။
“ကျနော်တို့ သတင်းထောက်တွေ ယူနန်နယ်ထဲမှာရှိတယ်။ ပြီးရင် အဲဒီရွာသားတွေနဲ့ တိုက်ရိုက်စကားပြောခဲ့ပါတယ်။ နောက်ပြီး အသတ်ခံရတဲ့ Zau Lawn ရဲ့ မိသားစုတွေနဲ့လည်း ကျနော် စကားပြောဖြစ်ပါတယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးတဲ့သူတွေနဲ့လည်း ကျြနော် စကားပြောပါတယ်။ ဒီအချက်တွေအားလုံး၊ နောက်ပြီး ဓာတ်ပုံသက်သေတွေလည်း ကျနော်တို့ ရခဲ့တယ်။ ဒီသက်သေတွေအားလုံးကို အခြေခံပြီးတော့မှ သက်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ ဆက်သွယ်ပါတယ်။ ဒီကိစ္စကို အတည်ပြုနိုင်ဖို့အတွက်ပေါ့- အားလုံး ခိုင်လုံပြီဆိုမှ ဒီသတင်းကို ကျနော်ထုတ်ပြန်ခဲ့တယ်”
အဲဒီတရုတ်နယ်စပ်ဟာ မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လက်နက်ကိုင် တိုင်းရင်သားအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေနဲ့ ထိစပ်နေတဲ့ နေရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်ဘက်က ရိက္ခာ ရှာလိုတာမျိုးကအစ ဒီတရုတ်နယ်စပ်ထဲကို ဝင်လာတာမျိုးတွေ ရှိနေပြီး ဒီပြဿနာ မတိုင်ခင် တရုတ်နယ်စပ်ဒေသခံတွေ မြန်မာစစ်တပ်ရဲ့ တခြား လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကြုံနေရတာရှိတယ်လို့လည်း ပြောပါတယ်။ အခု တရုတ်နိုင်ငံသား Zau Lawnအသတ်ခံရတဲ့ ဖြစ်ရပ်နောက်ပိုင်းမှာတော့ ဒေသခံတွေရဲ့ ဖိအားပေးမှုနဲ့အတူ တရုတ်အာဏာပိုင်တွေက အသေအချာ စုံစမ်းစစ်ဆေးပြီးမှ အခုလို မြန်မာအစိုးရကို အရေးယူပေးဖို့တောင်းဆိုလာတာလို့လည်း ကိုနော်ဒင်းက ပြောပါတယ်။
“စောစောပိုင်းကတော့ ဒေသဆိုင်ရာ အရာရှိတွေနဲ့ပဲ ညှိပြီးမှ လျော်ကြေးပေးပြီး ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တယ်။ သို့သော်လည်းပဲ နယ်စပ်က တရုတ်ပြည်သူတွေအနေနဲ့ ဒါကို လက်မခံဘူး။ ဒီကိစ္စကို အစိုးရက ဖြေရှင်းပေးဖို့အတွက် သူတို့က ယူနန်အစိုးရကနေတဆင့်ပဲ တရုတ်ဗဟိုအစိုးရကို တောင်းဆိုတဲ့အပိုင်းတွေ ရှိခဲ့တယ်။ ပြီးခဲ့တဲ့ ဂျွန်နောက်ပိုင်းမှာ ကချင်ပြည်နယ်မှာလည်း အဲလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒေသခံ အပြစ်မဲ့ပြည်သူ အများအပြားကို သူတို့ သတ်ဖြတ်တယ်။ ပြီးတော့ ရွာကို မီးရှို့တယ်။ ဒီလိုမျိုး အမြဲတမ်းလုပ်နေကြတဲ့ တပ်မတော်ရဲ့လုပ်ရပ်ဟာ အခု နယ်စပ်မှာလည်း ဒီပြဿနာတွေက သက်သေဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။”
ကချင် သတင်းအယ်ဒီတာ ကိုနော်ဒင်းပြောပြခဲ့တာပါ၊ အခု မြန်မာအစိုးရ စစ်တပ်ဘက်က လူ့အခွင့်ရေးချိုးဖောက်မှုတွေကို တရုတ် အာဏာပိုင်တွေက သတိပေးဟန့်တားတာမျိုးကြောင့် အခုလို အရေးယူဖို့ တရုတ်ဘက်က တောင်းဆိုလာတာ ဖြစ်မယ်လို့လည်း ပြည်တွင်း သတင်းအယ်ဒီတာတဦးက သုံးသပ်ပါတယ်။
ပြည်တွင်းသတင်းအယ်ဒီတာတဦးရဲ့ သုံးသပ်ချက်ပါရှင်။ မြန်မာစစ်တပ်နဲ့ ကချင် လက်နက်ကိုင်အဖွဲ့တွေကြား ပြီးခဲ့တဲ့နှစ်၊ ဇွန်လလောက်က စလို့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်တပ်ဘက် ပစ်တဲ့ လက်နက်ကြီးတွေဟာ တရုတ်နယ်စပ်ထဲကို ကျတတ်တာမို့ အခုလိုပဲ တရုတ်အာဏာပိုင်ဘက်က သတိပေးရတာမျိုးလည်းရှိသလို ကချင်ဒေသခံတွေဟာလည်း တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ထဲကို ဝင်ပြေးခိုလှုံရတာလည်း ရှိနေတာပါ။
VOA

တရုတ်နိုင်ငံသားတဦးသတ်ဖြတ်ခံရမှု စုံစမ်းရန် တရုတ်ဖိအားပေး
Reviewed by သစ်ထူးလွင်
on
06:27
Rating:
12 comments:
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်မသွား
နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်မလိုက်တာ
မထူးဆန်တော့ပါဘူးလေ
တရုတ်နယ်စပ်က အရမ်းတင်းကျပ်ပါတယ်.ပြောသလို အလွယ်တကူဝင်သွားဖို့ မလွယ်ပါဘူး. စစ်တပ်ကို နာမည်ဖျက်ချင်ယုံနဲ့ ဒီလို သတင်းမျိုးကို မတင်သင့်ပါဘူး. ဒါဟာ အခန့်မသင့်ရင် တိုင်းပြည်အချင်းချင်း စစ်တောင်ဖြစ်နိုင်ပါတယ်။
တပ်မတော်သားကလည်း မဟုတ်ပဲနဲ့ ဘယ်သူက တင်မှာလဲ
Ko pwa ရေအဲဒီသတင်းကပြီးခဲ့တဲ့၂ရက်လောက်ကပဲ တရုတ်တီဗွီသတင်းဌာနက လွှင့်သွားတယ်ခင်ဗျ။ ကျနော့်အထင် cctv 13ကလို့ထင်တာပဲ။
ဦးနှောက်နည်းတဲ့ ကချင် သတင်းထောက် လို့ ပဲ ပြောချင်ပါတယ်။
To Ko pwa..
Your said that there is restricted in china boarder that is only at official gates. So many local people from both sides can cross to each other sides with many illegal points. Pls don't mislead people who don't have knowledge about myanmar - china boarder.
ရွှေမျိုးပေါက်ဖေါ်ကြီး ဘယ်နယ်ရှိစ မြန်မာပြည်တွင်းရေးကိစ္စ ကိုယ့်ဟာကိုယ် ဖြေရှင်းဆို ခုတော့ဘယ်လိုလဲ
အင်း သက်သေဓာတ်ပုံတွေလဲ ရခဲ့တယ်ဆိုတော့. အဖမ်းခံထားရတဲ့ မြန်မာစစ်သားတွေကိုများသတ်ခိုင်းပြီး ဓာတ်ပုံရိုက်ယူထားတာလား.. ကချင်က မြန်မာသတ် မြန်မာက ကချင်သတ်ဆိုတာတွေက မကောင်းပါဘူး. ကချင်တွေက ကိုယ်ပိုင် တိုင်းပြည်ထူထောင်နိုင်တယ်လို့ ယုံထားရင် ဆန္ဒခံယူပွဲလုပ်ပြိး Union of Kachin ပေးလိုက်တော့ဗျာ စိတ်ရှုပ်ခံမနေပါနဲ့ ဒါပေမယ့် အဲဒီ့ကချင် အစိုးရက သူနယ်မှာ နေမယ့် ရှမ်း၊ ဗမာ၊ လီဆူး စတဲ့ တိုင်းရင်းသားတွေရဲ့ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို တော့ အာမခံရမှာပါ
တရုပ်နဲ့ဗမာချစ်ကြည်ရေးကိုလံကြုတ်လုပ်ချင်သူတွေရေးထားတာပါ အလကားဟာတွေ
သတ်တဲ့သူကိုသာ သေသေချာချာစံစမ်းဖော်ထုတ်ပြီး
အရေးယူရမှာပါ။အသတ်ခံရတဲ့သူကဖြင့် သေတောင်
သေနေပြီ။မြန်မာပြည်မှာက စစ်သားဆို လူသတ်၊မုဒိမ်း
ကျင့်တောင် အရေးယူကြတာမဟုတ်တော့ ဒီကိစ္စဟာ
ရှေ့တန်းရောက်ရဲဘော်တွေအတွက်အထူးအဆန်းဖြစ်နေမှာပါ။
ဘာပဲဖြစ်ဖြစ်စစ်သားတွေ ၀ဠ်လည်တာလို့ပဲပြောရမယ်။
တရုတ်ကွန်မြူနစ်အစိုးရပာာ သု့နိုင်ငံသားမပာုတ်ရင်ကဗာသိအောင် မကြေညာနေ လောက်ဘူး၊ ကဗာကျော်ကာတွန်းတခုရှိတယ်။ရှေ့တန်းမှာ အကျအဆုံးများလာလို့စိုးရိမ်တဲ့ရှေ့တန်းအရာရှိကြီးက၊ နောက်တန်းဌာနချုပ်ကို အရေးပေါ်အကြောင်းကြားပါသတဲ့။ စစ်သားတွေကုန်တော့မယ်ပေါ့။ နောက်တန်းကစစ်ဗိုလ်ချုပ်ကြီးက ပြန်ပြောလိုက်တာက-ကိစွမရှိဘူး လူတွေအများကြီးရှိသေးတယ်တဲ့။
အခုကိစွကိုလည်း၊ ဒေသခံ တရုတ်ပြည်သူတွေက၊ မကျေနပ်လို့ သူတို့ တိုင်းပြည်အစိုးရကိုကျပ်ကျပ်တိုင်တော့ တရားဝင်မေးမြန်းရပြီပေါ့။ တရုတ်ဖက်မှာရှိနေတဲ့ တရုတ်နိုင်ငံသား ကချင်လူမျိုးအနွယ်ဝင်တွေပာာ မြန်မာပြည်ဖွားကချင် အရေအတွက်ထက်များတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့နောက် ဦးနု က ကချင်နယ် များများကိုတရုတ်အစိုးရကိုရောင်းစားလိုက်တာပါဘဲ။ -ဒါကတော့ တိုင်းသူပြည်သားများ မသိလိုက်ရတဲ့သမိုင်းကြောင်းပါ။တရုတ်နဲ့ကိုးကွယ်ရာ ဘာသာတူလို့အားကိုးလို့ နေမှာလို့ အကောင်းတွေးပေမဲ့၊ ဗမာခံရတာတွေကြီးဘဲဆိုတော့-စစ်အစိုးရ အသုံးမကျတာတွေ တကဗာလုံးသိနေရပြီ။ တရျတ်ကတော့ ဗမာတွေကိုဘယ်လိုပေါင်းရမယ်၊ ဘယ်လိုနိုင်ရမယ်ဆိုတာ လက်တွေ့ လုပ်နေတာကြာလှပြီကော။ လွတ်လပ်ရေးဖခင်
ဗိုလ်ချုပ် အောင်ဆန်း ကိုလုပ်ကြပြိးံခောတ်အဆက်ဆက်ဗမာအစိုးရရဲ့ တိုင်းပြည်ရောင်းစားပုံတွေအားလုံးပာာ ပုံစံတူတူပါဘဲ၊။ ငယ်ငယ်တုံးက အဖေ့ဆီကိုရောက်လာပြီး မဆလ အစိုးရ လက်ထက်က မှတ်ပုံတင်ရအောင် -ကူညိပေးဖို့လာ အကူအညီတောင်းတဲ့တရုတ်တွေအများကြီးဘဲ။ သာမန်အရပ်သားဘ၀နဲ့ဘာမှမလုပ်တတ်တဲ့အဖေက...သနားလွန်းလို့...တိုင်းရင်းသားနာမည်မည့်ပြီး၊ နေကြတော့ပော့လို့ မတတ်သာတဲ့အဆုံးအကြံပေးရတယ်ပာူ၏၊ -တရုတ်နဲ့ပေါင်းလို့ တိုင်းပြည်ဆင်းရဲလွန်းပြီ။-ဘယ်သူနဲ့မိတ်ဆွေဖွဲ့ရင်သာ
၅်ျကောင်းသည်ဆိုတာ-ပုဂံက tourits တွေနောက်တကောက်ကောက်လိုက်ပြီး- tourists ချောချော၊မချောချော-you are very beautiful လို့ အင်္ဂလိပ်လေသံပီပီသသထွက်တတ်နေပြီဖြစ်တဲ့-ချောကလက်နဲ့လက်ဆောင်လိုက်တောင်းတတ်တဲ့ ကလေးတွေတောင် သိနေကြပါပြီ၊ ပညာရှိကြပါတော့-ဦး သိန်းစိန်တိုံ့ရယ်၊ ဗမာပြည်သူတွေသနားစရာကောင်းလွန်းနေပါပြီ။
ဒါဘဲလေ တရုပ်။ သူတို့ လူမျိုးထိတာနဲ့ မနေဘူး။ ဗမာကတော့
ခံရပြီးရင်းခံရလေဘဲ။ ဒီသတင်းမှန်မမှန်ဆိုတာတော့ပေါ်လာပါ
လိမ့် မယ်။ ဒီတရုပ်တွေနဲ့ မပတ်သက်လေကောင်းလေဘဲ။
ဗမာပြည်အတွက် ဘာမှကောင်းကျိုးပေးမဲ့ နိုင်ငံမဟုတ်ဘူး။
Post a Comment