ဂီတသမားများ မဲဆွယ်ခြင်း၊ ဦးအောင်သိန်းလင်းနဲ့ ပြောင်းဖူး

အခုတလော ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ ထူးခြားတဲ့ ပုံလေးတပုံကို တွေ့နေရပါတယ်။ အဲ့ဒါကတော့ ကြံ့ဖွံ့ ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့  ဦးအောင်သိန်းလင်းရဲ့ ဓာတ်ပုံပါ။
ဖေ့စ်ဘုတ်မှာ စိတ်ဝင်စားဖွယ် တွေ့နေရတဲ့ ဦးအောင်သိန်းလင်းရဲ့ မဲဆွယ်စည်းရုံးပုံ
ပုံထဲမှာ ဦးအောင်သိန်းလင်းရဲ့ နောက်က လိုက်ပါလာသူ တယောက်ဟာ ပြောင်းဖူး တဖူး လေထဲ ကိုင်မြောက်ပြီး  ချီတက်လာသလိုပါပဲ။ သူ့ပြောင်းဖူးမှာလည်း “မ” လို့ ရေးထားပါတယ်။ ဒီဓာတ်ပုံကို ရုတ်တရက် မြင်လိုက်ရတော့   ကြံဖွံ့ပါတီက ပြောင်းဖူးပြုတ် ရောင်းနေပြီလား၊ ပါတီရဲ့ မဲဆွယ်စည်ရုံးရေး ဗေဒင်ယတြာ အစီအမံသစ်များလား ဆိုတဲ့ သို့လော သို့လော မေးခွန်းတွေ ပေါ်ပေါက်လာတော့တာပေါ့လေ။
မစပ်စုတို့ တိုင်းပြည်ကြီးကလည်း ယခင်စစ်အစိုးရမင်းများက ယတြာ အစီအမံ အခါတော်ပေးများနဲ့ အုပ်ချုပ် မင်းလုပ်ခဲ့ကြတယ်လို့ အများက သိထားကြတာပါ။ ဦးအောင်သိန်းလင်း ဆိုတာကလည်း ဒီစစ်အစိုးရရဲ့ မျိုးဆက် ဆိုတော့လည်း ဒီအတိုင်းပဲ လာလေမလားလို့ ထင်ကြပုံပေါ်ပါတယ်။
ရန်ကုန်မြို့ ယာယီ တာမွေဈေး ပြောင်းရွှေ့ရတော့မယ် ဆိုတဲ့ အခြေအနေမှာ ဈေးသူဈေးသားတွေက ပြောင်းဖူးတွေကို “မ” ဆိုတဲ့ စာလုံး ရေးသားပြီး ဈေးထဲမှာ ချိတ်ဆွဲ ဆန္ဒဖော်ထုတ်ထားကြတာပါ။
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ဒါမျိုး လုပ်ခဲ့ရင်တော့ ပြောင်းဖူးချိတ်တာ ဘယ်သူတွေပါဆိုပြီး ကြံ့ဖွံ့အသင်းဝင်များက မှတ်တမ်း တင်ပါလိမ့်မယ်။ အခုတော့ ပြောင်းဖူးပွဲကို ကြံ့ဖွံ့ရဲ့ မဲဆွယ်စည်းရုံးပွဲဖြစ်အောင် လုပ်လိုက်ပါတယ်။ ပွဲလုပ်ပြီ ဆိုတော့လည်း ပွဲနဲ့ တူအောင် ပြောင်းဖူးကိုင် ချီတက်ရပြီပေါ့လေ။
ဈေးသူဈေးသားတွေအလိုကျ ဒီနေရာကနေ မပြောင်းရလေအောင် ကြံ့ဖွံ့ ပါတီက တာဝန်ယူဖြေရှင်းပေးမယ်လို့ အာမခံနေပုံပါပဲ။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက လမ်းတခြမ်းခင်းသူအဖြစ် ဝေဖန်ခံရပြီး အခု ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြောင်းဖူးက သူ့အမှတ်တံဆိပ် ဖြစ်သွားပါတယ်။
ဒီလိုနဲ့ ကြံ့ခိုင်ရေးပါတီ အမတ်လောင်းတွေရဲ့ မဲဆွယ် ခရီးစဉ်တွေကတော့ ဟိုးလေးတကျော် ကျော်ဖြစ်နေပါတော့တယ်။
ဟိုတလောက ကြံ့ခိုင်ရေး ပါတီ အတွင်းရေးမှူးကြီး  ဦးအောင်သောင်း ကျောက်ပန်းတောင်းမြို့ လက်ပန်ပျားရွာမှာ စည်းရုံးရေးဆင်းတော့ “ခင်ဗျားတို့ NLD ကို မဲပေးရင် ကျွန်တော်တို့ အဖွဲ့ကို မကြိုက်လို့ပေါ့။ ဒါဆို မဲစာရွက်ပေါ်မှာ NLD ကို အမှန်ခြစ်ပြီး ကျွန်တော်တို့ ပြည်ခိုင်ဖြိုးကို ကြက်ခြေခတ်ခဲ့ပါ” ဆိုပြီး ပြောခဲ့တယ်လို့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။  ဒါဟာ  NLD မဲကို ပယ်မဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်လေခြင်းဆိုပြီး ဝေဖန်ခံလိုက်ရပါတော့တယ်။
ဒါ့ထက် မကြာသေးခင်ကပဲ ဦးအောင်သောင်းရဲ့ မန္တလေးတိုင်း စည်းရုံးရေးခရီးစဉ်တခုမှာလည်း နွားထိုးကြီး၊ တောင်သာ အနီးတ၀ိုက် သွားရောက်ရာမှာ စည်းရုံးရေးယာဉ်တန်း ကားတစီးက ဦးကံစိန်ဆိုသူကို တိုက်မိလို့ ပွဲချင်းပြီးသေဆုံးသွားတယ် တဲ့။ ဒီအမှုကို ကြံ့ဖွံ့ပါတီက ဘယ်လိုဖြေရှင်းပေးလိုက်သလဲ မကြားရတော့ပါဘူး။
ဟိုတုန်းကတော့ NLD အဖွဲ့ဝင်မောင်းတဲ့ကား မတော်တဆမှုဖြစ်ရင် အာဏာပိုင်တို့က ဒဏ်ရာ နည်းနည်း ရသွားသူကို ဆေးရုံဆင်းခွင့်မပြု၊ အမှုကြီးအောင်လုပ်ပြီး ဒရိုင်ဘာကို ထောင်ထဲပို့တော့တာပါပဲ။ ဒီအမှုမှာတော့ ဒရိုင်ဘာက ကြံ့ဖွံ့ ဆိုတော့လည်း လက်ဖျားနဲ့ မထိရဲဘူး ထင်ပါရဲ့။ ကဲ … ကြံ့ဖွံ့ပါတီရဲ့ စည်းရုံးရေးခရီးစဉ်များကတော့  ဒီလို သတင်းထူးတွေနဲ့အတူ ထင်ရှားကျော်ကြားနေတာပါ။
နောက်ထပ်  ထူးခြားတဲ့ မဲဆွယ်စည်းရုံးနည်းများ ထပ်မံပေါ်ပေါက်လာဦးမလားလို့ စိတ်ဝင်စားသူများနဲ့အတူ မစပ်စုလည်း စောင့်စားရင်း ကြံ့ဖွံ့ပါတီကြီးလည်း ပြည်သူ့ အကျိုး သယ်ပိုးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..။
ရုပ်ရှင်၊ ဂီတသမားများ မဲဆွယ်ပြီ
စိတ်ဓာတ်ခွန်အား ဖြစ်ထွန်းစေမယ့် တေးသီချင်းများ ပါဝင်တဲ့ NLD ပါတီရဲ့ “လွတ်လပ်မြင့်မား တေးသံများ” တေးစီးရီးဟာ စတင် ဖြန့်ချိပြီး ငါးရက်အတွင်း ပြိုက်ခနဲ ကုန်လုနီးပါး ရောင်းလိုက်ရပါတယ် တဲ့။
“စစချင်း တသောင်း ထုတ်တာ အခု ကုန်တော့မယ်။ နောက်ထပ် ငါးထောင် ထပ်ထုတ်ဖို့ လုပ်နေပါတယ်။ တော်တော် ရောင်းရတယ်လို့ ပြောလို့ရပါတယ်။  တချို့ဆို တပတ်အတွင်းမပြောနဲ့ တလအတွင်းတောင် ဒီလောက် ရောင်းရချင်မှ ရောင်းရတာပါ” လို့ Metal Zone Studio မှ ဦးဇော်ဝင်းက ဧရာဝတီကို ပြောပါတယ်။
၁၆ ရက်နေ့မှာ စ ဖြန့်တဲ့  ဒီတေးစီးရီးမှာ တေးသီချင်း ၁၆ ပုဒ် ပါဝင်ပြီး ထင်ရှားတဲ့ တေးသံရှင် အများအပြား ပါဝင်သီဆိုထားကြတာပါ။
ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ်နေတဲ့ NLD အတွက် ဂီတသမားများ ၀ိုင်းဝန်း လုပ်ဆောင်ပေးထားကြတဲ့ ဒီတေးသီချင်းခွေတွေကို ရွှေဂုံတိုင် NLD ရုံးချုပ်၊  ရန်ကုန်မြို့ တေးထုတ်လုပ်ရေး ဆိုင်တွေမှာလည်း ၀ယ်ယူနိုင်ပါတယ်။
“City Mart မှာ ၀ယ်မလို့သွားမေးတော့ ပစ္စည်းပြတ်နေတယ်လို့ ပြောတယ်။ ဒါတောင် ရပ်ကွက်အလိုက် NLD အဖွဲ့ရုံးတွေမှာ မဖြန့်လို့။ အဲ့ဒီနေရာတွေမှာပါ ၀ယ်လို့ ရမယ် ဆိုရင် ဒီထက် ပိုရောင်းရမယ် ထင်တယ်” လို့ ရန်ကုန်မြို့ခံတဦးက ဆိုပါတယ်။
စီးရီး ဖြစ်မြောက်ရေးကို  NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆိုတော် အနုပညာရှင်တွေ ၂၀၁၁ နိုဝင်ဘာ ၂၅ ရက်နေ့မှာ တွေ့ဆုံပြီးတဲ့နောက် စတင်လုပ်ဆောင်ခဲ့တာပါ။
“ဒီအခွေလေးကိုတော့ ခိုးကူး အားမပေးဘဲ အစစ်အမှန်လေး အားပေးစေချင်ပါတယ်။ ဈေးနှုန်းလည်း ဘယ်လောက်မှ မရှိပါဘူး။ စာအုပ်ပါ အပြီး တခွေကို တထောင်နှုန်းနဲ့ ရောင်းနေတာပါ။ ဒီအခွေလေးကို ခိုးကူး မလုပ်ဖို့ ခိုးကူး(လုပ်ကိုင်ကြသူ)တွေကိုလည်း မေတ္တာရပ်ခံပါတယ်” လို့ ဦးဇော်ဝင်းက ပြောပါတယ်။
လာမယ့် ၂၆ ရက်နေ့မှာလည်း Metal Zone, Plus 3 စတဲ့ တေးဂီတ၀ိုင်းတွေနဲ့အတူ နာမည်ကျော် အဆိုတော်တွေဟာ NLD ပါတီ စည်းရုံးရေး ခရီးစဉ်တွေအဖြစ် မေမြို့၊ စစ်ကိုင်း၊ ပုလဲ စတဲ့ မြို့တွေမှာ လိုက်ပါ ဖျော်ဖြေကြမယ်လို့ ဆိုပါတယ်။
NLD အတွက် စည်းရုံးပေးမယ့်သူတွေထဲမှာ မာရဇ္ဇ၊ ဆောင်းဦးလှိုင်၊ လင်းလင်း၊ ဖြိုးကြီး၊ ဂျီလတ်၊ အောင်အောင်၊ စိုးထက်၊ ထွန်းအိန္ဒြာဗို၊ သျှီ၊ ကဗျာဘွဲ့မှူး၊ ချစ်သုဝေ၊ ရှင်ဖုန်း၊ ခင်ဘုဏ်း၊ သံသာဝင်း စတဲ့ နာမည်ကျော်တွေ ပါပါတယ်။
လူမင်း၊ ဝေဠုကျော်၊ ရဲတိုက်၊ ဒါရိုက်တာ ၀ိုင်း စတဲ့ ရုပ်ရှင်ဗီဒီယိုလောကမှာ ထင်ရှားသူများလည်း NLD အတွက် စည်းရုံးရေးထွက်တဲ့ ဒီခရီးစဉ်မှာ လိုက်ပါ အားဖြည့်ကြမယ်လို့ ဆိုပါတယ်။
ရုပ်ရှင်၊ ဂီတသမားတွေ NLD အတွက် အခမဲ့ စည်းရုံး လုပ်ကိုင်ပေးနေကြပေမယ့် ကြံ့ခိုင်ရေးပါတီကြီးရဲ့ မဲဆွယ်ပွဲတွေအတွက် ဘာကြောင့် မကူညီကြပါလိမ့်လို့ မစပ်စု တွေးနေမိပါတယ်။

မစပ်စု (ဧရာဝတီ)
ဂီတသမားများ မဲဆွယ်ခြင်း၊ ဦးအောင်သိန်းလင်းနဲ့ ပြောင်းဖူး ဂီတသမားများ မဲဆွယ်ခြင်း၊ ဦးအောင်သိန်းလင်းနဲ့ ပြောင်းဖူး Reviewed by သစ်ထူးလွင် on 18:51 Rating: 5

44 comments:

Fighting Peacock said...

MA SUT SU,

You are thinking of why nobody helps USDA except themselves....
I ALSO DON'T KNOW......HA...HA...HA...

Anonymous said...

Hello Ko Lay Phyu and IC,...

where are you,...

we want you to stand with us.....
Do not think this is fancy thing...
Bono from U2 done this before...
we love IC , we need you now...
Do something right here ,..right now..

Thank u ko zaw win, metal zone,...

ko htoo said...

ကောင်းဗျာ.... ဒီလောက် အသိဥာဏ်နဲတဲ့သူတွေ အနှစ်နှစ်ဆယ်ကျော် အုပ်စိုးခံရတဲ့တိုင်းပြည်.... ဒါလောက်မွဲတာ ကံကောင်း။ ပြာပါကျသွားသင့်တာ..

phyo1980 said...

ဟဟဟဟ...ရီရတယ်မပြောင်းဖူး...မ!ပြောင်းဖူး...ဖျာခင်းပြီးတော့လှိမ့်ပြီးရီတာ ၃နာရီကြာတယ်...ခွိခွိ။

ူ့freedomlover said...

သောက်ပေါ ပုံကွာ ဒီကောင်တွေ လူကမွေတာမှမဟုတ်တာ

robin said...

Yeah..where is IC. Where they hiding?

minaungnaing said...

we are can see from the face U AUNG THEIN LIN .bluffing face WHO want to believe him.

tertee said...

ကျနော် တော. ကြံ့ဖွံ့ ကိုမဲပေးမယ်..ဗျ..
(၁) ...၉၀ တုန်းက NLD နိုင်တော. ...လွှတ်တော် လဲခေါ်မပေး ..အစိုးရဖွဲ. နိုင်ဖို.အခွင်.လဲမပေးခဲ.ရုံမက..NLD ကိုလဲ အမျိုးမျိုးညစ်ပတ်ပြီး ..နှောင်.ယှက် ဖြိုခွဲခံရတယ်...ဥပဒေ မဲ. ဖမ်းဆီး တာ အထင်အရှားဘဲ
(၂)၀န်ထမ်းတွေ ပါတီနိုင်ငံရေး ကင်းရမယ် လဲဆိုသေး ..ကြံ့ဖွံ့ ကျတော. လူမှုရေးအဖွဲ.ဆိုပြီး ၀န်ထမ်းတွေကိုအတငိးင်ခိုင်း ..
နောက်တော. လဲ ပါတီ ဖြစ်ပြန်ရော
(၃)ဒီပဲယင်း..လူသတ်ပွဲကတော. တော်တော်လေးကိုအကျည်းတန် တဲ. ..ကြံ့ဖွတ်ရဲ. ဥပဒေမဲ. လူသတ်မှု ရာဇ၀တ်မှု
(၄)၂၀၁၀ တုန်းကလဲ ရိုးရိုးသားသား မဲမဆွယ်နိုင်..လမ်းတခြမ်းဘဲခင်းပြီး ပြည်သူဆီကမဲ ဓားပြ တိုက်..မဲ ခိုးခြင်တိုင်းခိုး..မဟုတ်တာတွေ အကုန်လုပ်...
(၅)အခုလဲ သူများမဲ ဆွယ်ပွဲကို..ဖျက်လိုဖျက်ဆီး နည်းမျိုးစုံနဲ.ညစ်...ဟိုကွင်းမပေးဒီကွင်းမပေး...အမျိုးမျိုးနှောင်.ယှက် နဲ.
ကျနော် ကြံ့ဖွတ်ကို မဲပေးချင်လို. ကောင်းကွက်လေးတွေ လိုက်ကြည်.တာ.....
တော်ပီဗျာ...သူခိုး..ဂျပိုး ကလိမ်ကကျစ်..လူသတ်သမား ပါတီ ဘဲ ဗျ....သူများမကောင်းကြောင်းဘဲပြောတတ်တယ်...ကိုယ်.ကောင်းကြောင်းပြောဖို.ရာတောင်..သမိုင်းမှမရှိတာ...
စားထားဝါးထားလိုက်ကြတာလဲ အလွန်အကျွှံ ပါဘဲ..တော်ဘီဗျာ..မဲမပေးတော.ဘူးဗျို.
ကိုယ်ကျိုးစွန်.အနစ်နာခံ လွတ်လပ်ရေးအရယူပေးခဲ.တဲ. တို.ဗိုလ်ချုပ်အောင်ဆန်းတော.ဘာမှ ခံစားမသွားရရှာတော. ကာ...
သူ.သမီးကိုတော.ထောက်ခံရမှာဘဲဟေ. ...

NLD ဘဲ မဲ ပေးတော.မယ်
NLD ဘဲ မဲ ပေး ကြ မယ်....

mahar said...

အနုပညာရှင်တွေ ကြံ့ဖွံအတွက်မဟုတ်ဘဲ NLD အတွက်လုပ်ဆောင်ပေးနေတာဂုဏ်ယူပါတယ် ဗျာ
NLDအောင်မြင်ပါစေလို့ ဆုတောင်းပါတယ်

တဘိ said...

မ ကိုပြောင်းပြီးဖူးရမယ် မ ကိုပြောင်းပြီး အားကိုးရမယ် မကိုပြောင်းပြီး ခေါင်းဆောင်တင်ရမယ်ဆိုတဲ့သဘောလား အများကြီးပဲ တွေးစရာတွေ ဟီးးးးးးးးးးး

ကိုကိုကြီး said...

ကျွန်တော်...ဘလော့တစ်ခုမှာဖတ်လိုက်ရတယ်ဗျို့... ပြောင်းဖူး ဆိုတာ အပြုတ်ခံရတဲ့အမျိုးဆိုဘဲ... ဟားးးးးးးးးးးး... တကယ်လည်းပြုတ်မှာပါ... ပြောင်းဖူး ဆိုတာ... ပြုတ်စားရတဲ့အမျိုးဗျို့

အမှန်တရား said...

မ ပြောင်းဖူးနော်။ ကိုပဲ ပြောငိးနော်။ ဘိုငိဘိုငိ။

ကိုကိုကြီး said...

““ဒေါင်းမတွန် မှ မိုးလင်းမယ်””
တစ်ပင်တိုင် ခ၀ါချပါလို့
နာလှတဲ့ အသည်းတွေ
တိုးလို့သာ “ကြွေ”
အသည်းတွေ မြေမှာချကြွေတော့
သာသနာမောင်း ရှေ့ကဆော်
ဒေါင်းတွေက အော်
ဒေါင်းအော်တော့ မနေသာ
သူလာပါလိမ့်
ဂူအောင်းတဲ့ ခင်ကြီးပျော်ရယ်
သမီးတော် လွှတ်လိုက်ပါလေး
ချိန်းကာခြောက်ကာ ခြင်္သေမင်းက
တိုးလို့သာ ပျောက်ကွယ်
ဤ ဇမ္ဗူတစ်ခွင်ဝယ်
ဇာနည် ဒေါင်းမ သူတွန်လျှင်
ဤ ဇမ္ဗူတစ်ခွင်
လင်းလိမ့်မယ်လေး.....။
အယူတော်မင်္ဂလာဦးနိုး
(ဘိုးတော်ဦးဝိုင်းခေတ်)
လက်ဆင့်ကမ်းစာဆောင်မှ ရရှိတာကိုကူးယူဖော်ပြပေးမိခြင်းဖြစ်ပါသည်။။

gwantaylay said...

ကြံ့ဖွတ် အခြေနေမကောင်းလို့ ပြောင်းဖူးပြုတ်ရောင်းပါတော့မယ်..လာမယ့်ရွေးကောက်ပွဲမှာ ပြောင်းဖူးပြုတ်ရောင်းပြီး..ရတဲ့ပိုက်ဆံတွေကို.ပြည်သူတွေအတွက် အကြိုးရှိရှိအသုံးချနိုင်ပါစေဗျာ..ပြောင်းဖူးကို ..မ..ရေးထားတော့....မပြောင်းဖူးပေါ့..ဒါပေမယ့် အင်္ဂလိပ်လိုဘာသာပြန်ရင် ..can't move..လို့ ကျွန်တော်ဘာသာပြန်ချင်တယ်ဗျာ..သူတို့မလှုပ်နိုင်တော့ဘူး..မရွေ့နိုင်တော့ဘူးပေါ့ဗျာ..ဒီတော့ အကြံကုန်တော့ ကြံ့ဖွတ်ဆားချက်..ပြောင်းဖူးပြုတ်ရောင်းပြီပေါ့..ကဲ..သူငယ်ချင်းတို့ရေ..ဟောဒီက ပြောင်းဖူးပြုတ်ပူပူလေး..၀ယ်ကြပါအုံး..။

kyawkyawoo said...

You are right.

phyu said...

Hello, IC please wake up, its time to wake up.

rgds/nang myint

hla min said...

အန်တီလင်း ကလေ ပြောင်းဖူး ဆိုရင် တုတ်တုတ် အဆံ ကြီးကြီး ကို အမြဲဆောင်ထားတယ်........
အဆင်လဲပြေတယ်၊ ပြောင်းလဲ မ ပြောင်း ရဘူ: .................

ေ၇ာသမမွှေ said...

ဘာတွေလျှောက်လုပ်ပြန်ပြီလဲ လမ်းတခြမ်းခင်းအောင်သိန်းလင်း၇ယ် ကျပ်မပြည့်တဲ့ကောင်တွေ အချွန်နဲ့မတိုင်း အ၇ူးထချီးပန်းေ လျှာက်လုပ်မနေနဲ့ ရွာသာကြီး မှာခိုးစ၇ာမ၇ှိဘူး

မောင်မျိုးချစ် said...

အောင်သိန်းလင်းဆိုတဲ့ကောင် ရုပ်ကိုက မြောက်ရုပ်နဲ့
ဦးနှောက်ဖောက်ပီး ဟင်းလျာလုပ်တဲ့တရုပ်စားသောက်ဆိုင် ပို့ဖြို့ကောင်းတယ်

စေလိုရာ said...

ဟောဒီကကြံ့ဖွံ့ပြောင်းဖူးယူကြအုံးမလားတစ်ဖူးမှငါးကျပ်ထဲနော်အရှုးအောင်သိန်းလင်းကိုယ်တိုင်ရောင်းပေးနေတယ်နော်အထူးလျှော့ဈေးနော်လာထားတန်မှတန်ငါလည်းသွားဝယ်အုံးမှအိမ်ကျမှမီးဖုတ်ပြီးဆီနဲ့ဆားနဲ့သုတ်စားလိုက်အုံးမယ်အောင်သိန်းလင်းကိုအကောင်းဆုံးအကြံပေးချင်တယ်ပြောင်းဖူးကိုဖုတ်ပြီးတော့သမီးတွေကိုရောင်းခိုင်းပါလားအောင်သိန်းလင်းနှင့်သမီးများအဖုတ်အမျိုးမျိုးရောင်းဝယ်ရေးဆိုပြီးတော့လေမကောင်းဘူးလား

မောင်မောင် Comment said...

ကြောင် တောင်တောင် နဲ့ စောက်ပေါကြီး အောင်သိန်းလင်း ပါကွာ။

Anonymous said...

We can see IC, Emperor if they interested in people's feeling of Democracy desire that is even not for politician.
SELFISH and narrow minded Myanmar Rocker Lay Phyu IC, Zaw Win Htut Emperor, also Hip Hop Rapper, they are only standing for money. If they are real artist or musician, they have to understand meaning of their audience's heart beat.

komyo said...

မိအောင် ရေမပြောင်းချင်ရင်တော့ ရေဝေးမှာ နေရာတကွက်အလကားပေးမယ်
အဲဒီမှာ နင်တို့ တဖွဲ့ လုံးထာဝရစံမြန်းကြပေါ့ ဘယ်တော့ မှအပြောင်းမခိုင်းပါဘူး
လူရုပ်ကိုက မှုန်ကုတ်ကုတ်နဲ့ ဆင်ကြံကြံနေတာ ကျတ်သရေမင်္ဂလာကိုမရှိဘူး
နင်ကုန်သွားတဲ့ စိပွါးတွေကိုနှစ်မျှော်မနေပါနဲ့  အဲဒါပြည်သူတွေပိုက်ဆံတွေပါ
ဘ၀ကူးကောင်းအောင်ဒီဘ၀ဒီမျှနဲ့ ရပ်တန်းကရပ်ရင်တော့ 
အမျှ အမျှ အမျှ လို့ သန်း၅၀ကျော်ပြည်သူကမေတ္တာပို့မှာပါ။

komyo said...

ပြောင်းဖူးကိုင်ထားတဲ့ ကောင် လွန်ခဲ့ တဲ့ (၁၇ နှစ်)လောက်ကနဲကမင်းကိုငါ
တွေ့ ဖူးခဲ့ တာအရင်ကရောင်တောင်တောင်ကြောင်တောင်တောင်.......
အခုပိုပြီးတော့ တိုးတတ်လာပြီနော်ရူးကြောင်ကြောင်နဲ့ ရှူးတိုက်တိုင်းကိုက်တဲ့ 
ကြံခွေးကြီးတောင်ဖြစ်နေပါရောလားကွယ်အေးပေါ့ လေလုပ်သက်ကကြာလာပြီ
ဆိုတော့ လိမ်စားညာစားတင်မကတော့ ဘူး ဓါတ်ဆင်ဓါတ်ရိုက်နဲ့ ရိုက်စားတွေ
လည်းတတ်နေပြီနော် တသက်လုံးမပြောင်းရအောင်အဲဒီပြောင်းဖူးကို မင်းဖင်ထဲ
ထည့် ထားလိုက်ပါလား ကြံခွေးအိုကြီးရဲ့ ။

စယာဂျီး said...

အခု...လေလံတင်မယ့် ပစ္စည်းကတော့ မြင်ရတဲ့ အတိုင်း ကျွန်တော်တို့ အဘ ခြင်သေကြီးများ(စာလုံးပေါင်းမမှားပါ)၊
အစဉ်အဆက်ကိုက်လာခဲ့ကြတဲ့ ပြောင်းဖူးခြောက်ပဲဖြစ်ပါတယ်။
ခြင်္သေ့ ဆိုတာမြက်မစားပါဘူး။ကျွန်တော်တို.ခြင်သေတွေက
မြက်ခြောက်ဝါးချင်ကြပါတယ်။ဒါကြောင့် ရှေးထုံးလဲမပျက်ရအောင်
အဘများရဲ့ လမ်းညွှန်ချက်နဲ့ ကိုက်လာခဲ့ ရတဲ့ ပြောင်းခြောက်
ဖြစ်ပါတယ်။အခုငွေလိုလို့ လေလံတင်ရခြင်းပဲဖြစ်ပါတယ်။

ကဲ ဈေးစပေးနိုင်ကြပါပြီခင်ဗျားးးးးးးးးး

ဧနဒီ said...

ကောင်းလိုက်တဲ့ COMMENT လေးတွေဗျာ။ တကယ်သဘောကျပါတယ်။ (မ)ပြောင်းဖူး ဆိုတာကိုတန်းသဘောပေါက်သူရှိသလို၊ "မ" ကိုပြောင်းပြီး "ဖူး"ရမယ် ဆိုပြီး တန်ပြန်ချေပနိုင်တဲ့သူလဲပေါ်လာတယ်။

ဖိုးတောက် said...

စိတ်ပျက်လိုက်တာ ကိုသစ်ထူးရေ...
အစိုးရလုပ်နည်း ပညာထဲမှာ ဒါလိုလဲ ပါလား.. ထူးပေ့ သစ်ထူးရေ....

bophyu said...

ပြောင်းဖူးဆိုတာပြုတ်တဲ့ ထဲ ပါသလို..ဖုတ်တဲ့ ထဲပါ..ပါသွားရင်..ကြံ့ဖွတ်ကနေ..ကြံ့ဖုတ်..ဖြစ်တော့ မယ်နဲ့ တူပါ့ ..

Thant Zin said...

မပြောင်းဖူးဆိုတော့ အရင်ကျင့်စရိုက်တိုင်းပဲ ဆက်လုပ်မယ်လို့ဆိုလိုတာလားမသိဘူး

amtkhunlay said...

အပြစ်မမြင်ပါဘူး။
မပြောင်းချင်တာပဲ သိတယ်နော်။
ဘယ်လိုပဲဖြစ်ဖြစ် မပြောင်းချင်ပါဘူး လို့ အများပြည်သူကို မေတ္တာရပ်ခံနေတာပါ။
ပြောင်းဖူးကို အထီးအမ ခွဲခြားလို့ရတာ ခုမှပဲ သိတော့တယ်။
ဘာကြောင့်များ ဆရာတွေ မသင်လိုက်ပါလိမ့်။

ladyjune said...

'မ'ကိုပြောင်းပြီးဖူးရမယ်ဆိုတဲ့သူရယ်..
'ပြောင်းဖူး'ဆိုတာ' ပြုတ်မှ'စားလို့ရတယ် ဆိုတာ comment လေးတွေကို သိပ်သဘောကျပါတယ်.idea သိပ်ကောင်းတာပဲ.

thant said...

နောက်ကပြောင်းဖူးကိုင်ထားတဲ့ကောင် ပြောင်းပြန်ကြီးကိုင်ထားတာနဲ့တူတယ်
အမှန်က A ဖြစ်လိမ့်မယ်..A ဆိုတော့ Aung လေ...အခုတော့ အောင်ကနေ .မ.ဖြစ်သွားတယ်
မကော A ကော နှစ်ခုပေါင်းလိုက်မယ်...မAungသိန်းလင်း...

sekomyo said...

ဟား ဟား ဟား ခွီး ခွီး ခွီး ...
အလား အူတွေတောင်နာတယ်။
ရှာကြံပြီးမှကို ရူးတတ်ပါပေ့ အော်တိန်းလင်(အောင်သိန်းလင်း)ရယ်။
ကျွတ် ကျွတ် ကျွတ်။

Anonymous said...

နောက်က ပြောင်းဖူးကိုင်ထားတာ လှည်းကျိုးထမ်း မင်းသိန်းလေ
ပညာအရည်အချင်းက နည်းတော့ ခိုင်းတာလုပ်ရတာပါပဲ။
၈၈ ကာလ တုန်းက အရင်တုန်းက ရုပ်ရှင်မင်းသားဟောင်း သက်ရှည် ရဲ့ သားမတ်ပေါ့ ။ အရေးအခင်းမှ ဖမ်းဆီးတာတွေများလွန်းတော့ ကြံ့ဖွတ်ထဲရောက်လာတာ အနေအစားချောင်တော့လည်း လင်မယားနှစ်ယောက်စလုံးကြံ့ဖွတ်မှ တာမွေမှာ မင်းမူနေတာ။
သူမိန့် မ လဲ့လဲ့ဝင်းဆွေ ဆိုင်ရင် အရင် ဦး-----၇ဲ့အငယ်လေးပေါ့(နံမည်ကြီးပါပဲ စီစီဝမ် တာပန် တိုက်ပွဲကို ဦးဆောင်ခဲ့သူ)
လှည်ကျိုးထမ်းမင်းသိမ်းရေ ပြောင်းဖူးကို အိမ်ယူသွားပြီး လင်မယားနှစ်ယောက် တိုင်ပင်ပြီး လုပ်ချင်တာလေး လုပ်ကြပါ။

Zaw Moe said...

ုအော် သနားပါတယ်နောက်ဆုံးမတော့သူ့ကိုသူ ဒီပြောင်းဖူးနဲ့ဘဲ အဆုံးသတ်တော့မယ်တဲ့

အောင်ရဲမိုး said...

မှတ်ချက်လေးတွေ ပေးထားတဲ့ သူတွေ ကိုကျေးဇူးတင် ပါတယ်
အရမ်း ကိုရီ ရလို့ လေ...သူတို့ အစား ကိုတောင်ရှက်တယ်
တိုင်းပြည် အတွက် အားကိုး ရမဲ့ သူတွေ စဉ်းစားကြည့် ပေါ့

ttggbago said...

နိုင်ငံကို ခေါင်းဆောင်မယ့် လူကြီးတစ်ယောက်ကကိုယ့်ကိုကိုယ်တောင် မယုံဘဲ ဗေဒင်လိုလို၊ ယတြာလိုလို၊ ရူးသလိုလို၊ကြောင်သလိုလို၊ပြည်သူက သူ့ကို ဘယ်လိုယုံကြည်မှုမျိုးနဲ့နိုင်ငံ့အာဏာကိုပေးရမှာလဲ?

genius said...

လမ်း တ၀က်ခင်း အောင်းသိန်းလင်း----

ဂွကြီး said...

တဘိ၊ ကိုကိုကြီး၊ အမှန်တရား တို့ရဲ့ comment တွေကိသဘောကျပါတယ်.. အင်မတန်ကောင်းတဲ့ အတွေးလေးတွေပါ အဲ့လိုဖြစ်ပါစေလို့လဲ ဆုတောင်းပါတယ်..
IC,Emperor & Rapper သူတို့တွေငြိမ်နေတာ သိပ်သိသာလွန်းတယ်။

အမေ့သား said...

comments တွေအားလုံးကောင်းတယ် ..သိတ်ပီးရီရတယ်ဗျို့....
အမှန်က အောင်သိန်းလင်း ပြောင်းဖူးလည်ပင်းဆွဲလာရင်ပိုတောင်ကောင်းဦးမှာ.....
IC & Emperor တော့ ဥ နေကျတယ်..ဘာကြံနေလဲ ခဏတော့စောင့်ကြည့်ရဦးမယ်...
လူတွေပြောနေကျပီနော်... လုပ်ပြလိုက်တော့ ကိုလေးဖြူနဲ့ ကိုညီထွဋ် ရေ.. ရဲတိုက်လောက်တောင်အဖြစ်မရှိဘူး ....

elino said...

ပြောင်းဖူးတွေ...မ..ပြောင်းဖူးတွေလုပ်မနေနဲ့ ....အကြာင်းမထူးတော့ဘူး....တပေါင်း၊တန်ခူးမှာ...ငရဲပေါင်းကူးဖို့ ....မြောင်းတူးပေတော့...အောင်သိန်းလီး(တရုတ်အသံထွက်)ရေ....

iitcm said...

OMG!I already know what will result for election, you know why, all the above comments are not support to USDA,that is PROVE!!! but support for NLD, we too. so.. we should be united and shout them out, we want Democracy and freedom from Militry regim. It's time to change Myanmar. Good luck you all, God bless Myanmar. Have a nice day.

095343387 said...

ကိုကိုရေ ကွယ်ရာမှာခြေမများနဲ့နော် ကိုကိုရေ ပြောင်းဘူး

AG said...

ပြောင်းဘူးက အပြုတ်ကြီးမို့ ပြုတ်မှာ။

Powered by Blogger.