ဦးအုန်းကြိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
မဟာအောင်မြေမြို့နယ်
- မွေးသက္ကရာဇ် ၂၉-၆-၁၉၄၄ ။ ပညာအရည်အချင်း ၀ိဇ္ဇာဘွဲ့။
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
- မဲဆန္ဒနယ် မဟာအောင်မြေမြို့နယ် ။
- အလုပ်အကိုင် အယ်ဒီတာသတင်းစာဆရာ၊
ဒေါက်တာမေ၀င်းမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
မရမ်းကုန်းမြို့နယ်
- မွေးသက္ကရာဇ် - ၈-၃-၁၉၅၀
- ပညာအရည်အချင်း -M.B.B.S (Ygn)
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
- မဲဆန္ဒနယ် - မရမ်းကုန်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၈၈ ဒီမိုကရေစီ တောင်းဆိုမှု လှုပ်ရှားမှုတွင် မသန်စွမ်း ဆေးရုံဝန်ထမ်းများကို ဦးဆောင်၍ ဒီမိုကရေစီရရှိရေး တောင်းဆိုခဲ့။ ၁၉၉၆ ခုနှစ် မေလတွင် တစ်ကြိမ်၊ စက်တင်ဘာလတွင် တစ်ကြိမ် ရဲမွန်တပ်မြို့၌ထိန်း သိမ်းခံခဲ့ရ။ ၁၉၉၇ ခုနှစ်တွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်၍ ပုဒ်မ ၅(ည)ဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရ၊ ၂၀၀၄ ခုနှစ်တွင် လွတ်ရက်စေသော်လည်း ပုဒ်မ ၁၀(က)ဖြင့် လေးနှစ်အကြာ ဆက်လက်ချုပ်နှောင်ခံရ။ ၂၀၀၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပြန်လည်ထမ်းဆောင်လျက်ရှိ။
ဦးစိမ်းမောင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လောင်းလုံမြို့နယ်
- မွေးသက္ကရာဇ် ၃၀-၃-၁၉၄၅
- ပညာအရည်အချင်း H.S.F တန်းမြင့်အောင်
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
- မဲဆန္ဒနယ် လောင်းလုံမြို့နယ်
ဦးခင်လှိုင် (တစ်သီးပုဂ္ဂလ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မရမ်းကုန်းမြို့နယ်
- အသက် ၄၆ နှစ်
- ပညာအရည်အချင်း ဥပဒေဘွဲ့
- စီးပွားရေး ဇောတိကကုမ္ပဏီလီမိတက်၊ ဇောတိက သင်္ကန်းထုတ်လုပ်ရေး၊ မြန်မာဘစ်ရှော့ဈေးဝယ်စင်တာ
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
- မဲဆန္ဒနယ် မရမ်းကုန်းမြို့နယ်
ဦးဖြိုးမင်းသိန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လှည်းကူးမြို့နယ်
- မွေးသက္ကရာဇ် - ၁၃-၄-၁၉၆၉
- ပညာအရည်အချင်း - ရူပဗေဒအထူးပြုဘာသာရပ်
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
- မဲဆန္ဒနယ် - လှည်းကူးမြို့နယ်
ဦးအောင်စိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လောင်းလုံမြို့နယ်
- အသက် (၅၂) နှစ်
- ပညာအရည်အချင်း T.H.S (Machine)
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
- မဲဆန္ဒနယ် လောင်းလုံမြို့နယ်
- အလုပ်အကိုင် ရွှေပန်းထိမ်
ဦးကောင်းမြင့်ထွဋ် (မြန်မာအမျိုးသားကွန်ဂရက်ပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မင်္ဂလာတောင်ညွှန့်မြို့နယ်
- မွေးသက္ကရာဇ် ၁၄-၄-၁၉၇၅
- ပညာအရည်အချင်း -
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
- မဲဆန္ဒနယ် မင်္ဂလာတောင်ညွှန့်မြို့နယ်
- အလုပ်အကိုင် တရားလွှတ်တော်ရှေ့နေ
ဒေါ်ဘောက်ဂျာ(ခ) လွမ်းညွယ်(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဖားကန့်မြို့နယ်
- မွေးသက္ကရာဇ် ၄-၁၂-၁၉၆၇
- ပညာအရည်အချင်း ၀ိဇ္ဇာဘွဲ့(သမိုင်း)
- ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ပြည်သူ့လွှတ်တော်
- မဲဆန္ဒနယ် ဖားကန့်မြို့နယ်
- အလုပ်အကိုင် ကုန်သည်
ယုဇနကုမ္ပဏီနှင့် ဖြစ်ပွားသော မြေယာကိစ္စများ၊ မြစ်ဆုံ ရေကာတာ အရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့။ နိုင်ငံရေး အတွေ့အကြုံ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီသို့ ၀င်ရောက်ခဲ့ပြီး ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့။
ဒေါက်တာဖြိုးကိုကိုတင့်ဆန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မြောင်းမြမြို့နယ်
- မွေးသက္ကရာဇ် ၂၆-၆-၁၉၇၉
- ပညာအရည်အချင်း A.G.T.I (Civil, Dip.CA)B.Sc (Chemiscry)
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
- မဲဆန္ဒနယ် မြောင်းမြမြို့နယ်
- အလုပ်အကိုင် ဥက္ကဋ္ဌ (A.C.E)ဆောက်လုပ်ရေးကုမ္ပဏီ
ဦးကြည်သန်း(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
သုံးခွမြို့နယ်
- မွေးသက္ကရာဇ် ၁၄-၁-၁၉၄၆
- ပညာအရည်အချင်း သိပ္ပံဘွဲ့(ရူပဗေဒ)
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
- မဲဆန္ဒနယ် သုံးခွမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့။
ဒေါ်ဖြူဖြူသင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မင်္ဂလာတောင်ညွန့်မြို့နယ်
- မွေးသက္ကရာဇ် - ၂၃-၁၂-၁၉၇၁
- ပညာအရည်အချင်း - သမိုင်းအထူးပြုဘာသာရပ်(ရန်ကုန်တက္ကသိုလ်(ပင်မ))
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
- မဲဆန္ဒနယ် - မင်္ဂလောင်တောင်ညွန့်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ- ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် NLD အောင်နိုင်ရေး ဆောင်ရွက်ခဲ့၊ ၂၀၀၀ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် လိုက်ပါပို့ဆောင်မှုကြောင့် အင်းစိန်အကျဉ်းထောင်တွင် လေးလနှင့် လေးရက် ထိန်းသိမ်းခံခဲ့ရ၊ ၂၀၀၇ ခုနှစ်တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှု၊ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့၊ ၂၀၁၀ ပြည့်နှစ်တွင် NLD ပါတီဗဟိုဦးစီး အဖွဲ့ဝင်ဖြစ်လာခဲ့။
ဒေါ်ခင်စုစုအောင်(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မအူပင်မြို့နယ်
- မွေးသက္ကရာဇ် - ၆-၁၁-၁၉၈၄
- ပညာအရည်အချင်း - LL.B
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
- မဲဆန္ဒနယ် - မအူပင်မြို့နယ်
- အလုပ်အကိုင် - ရှေ့နေ
EMG
ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း(၁)
Reviewed by သစ်ထူးလွင်
on
05:14
Rating:
4 comments:
ဖြိုးကိုကိုတင့်ဆန်းကဘယ်က ဒေါက်တာဘွဲ့ရခဲ့တာလဲ..သူဘွဲ့မှာ M.Sc , Ph.D တခုမှရထားတာမတွေ့ပါဘူး...နဲနဲစိစစ်သင့်ပါတယ်...အရူးဘုံးမြှောက်နေသလို ဖြစ်နေဦးမယ်...
အားလုံး ကို ကြည့်လိုက် တာ သူက ဘာသာ သူပညာ အရည်ချင်းရှိကြပါတယ်။ ကြက်ဖွတ် တွေကို ကြည့်လိုက်တာ ဘယ်က က ရတဲ့ ဒေါက်တာဘွဲ့နဲ့ တန်းမြင့်အောင်လဲ မသိဘူး။ စိတ်လေတယ်။
Dr. Phyo Ko Ko Tint San > How did he obtain Doctor of Philosophy? Is awarded body from Local or Overseas? What is research paper for Ph.D?
We need Educated not graduate. Our education system has produced many graduate. But become a little educated by self-taught.
Don't choose bogus graduate and so called graduate.
ဖြိုးကိုကိုတင့်ဆန်းက ကျက်သရေမရှိဆုံးပထမဆုရသွားပါတယ်။
Post a Comment