ဒေါ်စု မြိတ်ခရီး အခက်အခဲကြုံ

ဓါတ်ပုံ  (Super facebook)
ဒီကနေ့ တနင်္သာရီတိုင်း မြိတ်မြို့ကို ရွေးကောက်ပွဲစည်းရုံးရေး အဖြစ်သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ အခက်အခဲတွေ ကြုံနေရပါတယ်။ မြိတ်ကျွန်းစုတွေဆီကို သွားဖို့ စီစဉ်ထားပေမဲ့ အမြန်ရေယာဉ် ငှားမရတဲ့အတွက် စီစဉ်ထားတဲ့ ခရီးစဉ်တွေကို ဒီကနေ့ မသွားနိုင်ခဲ့ဘူးလို့ NLD က ပြောပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ကိုရောက်နေတဲ့ နောက်ဆုံး အခြေအနေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာရီတိုင်း မြိတ်မြို့နယ်တွေထဲက ကျွန်းစုတွေဆီ ခရီးသွားနေတာမို့ ဒီခရီးရဲ့အခြေအနေတွေ သိဖို့  တညနေလုံး တယ်လီဖုန်းဆက်သွယ်နေပေမဲ့ ဖုန်းခေါ်မရဖြစ်နေတာပါ။ ဒါပေမဲ့ အခု နောက်ဆုံးအသံမလွှင့်ခင် မိနစ်ပိုင်းအတွင်း တယ်လီဖုန်းရတဲ့အခါမှာတော့ အခု သူတို့သွားနေတဲ့ မြိတ်ခရီးစဉ်မှာ အဆင်မပြေ ဖြစ်နေတာတွေ ရှိနေတယ်ဆိုတာ သိရတာပါ။ အဓိကကတော့ ကျွန်းစုတွေဆီကို သွားဖို့  တစ်နာရီကို အနည်းဆုံး ၂၅ မိုင်လောက်မောင်းနိုင်တဲ့ အမြန်ရေယာဉ်ကို ငှားပေမဲ့ ငှားမရတာကြောင့် ရတဲ့ ယာဉ်နဲ့ သွားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ခရီးမပေါက်နိုင်ဘဲ စခန်းသစ်ဆိုတဲ့ ရွာတစ်ခုမှာပဲ ဒေါ်အောင်ဆန်းစုကြည်က လူထုကို စကားပြောတာ လုပ်နိုင်ခဲ့ပြီး ကျန်တဲ့နေရာတွေကို ဆက်သွားဖို့ အဆင်မပြေတော့လို့ အခု မြိတ်မြို့ကို လှည့်ပြန်လာနေရတယ်လို့ ဒီခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။
“ကျနော်တို့ စီစဉ်ထားတာ မဖြစ်ပါဘူး။ ကျနော်တို့က အစောကြီးကတည်းက တွက်ပါတယ်။ သွားရမယ့်ခရီးနဲ့ ပြန်ရမယ့်ခရီးနဲ့ ဟိုမှာ စကားပြောမယ့်အချိန်နဲ့။ အဲဒီတော့ ကျနော်တို့ သွားလို့ရနိုင်မယ့်ရေယာဉ်ကို ရှာပါတယ်။ တွေ့ပါတယ်။ ငှားမယ့်သူကလည်း ငှားမယ်ပြောလိုက်၊ မငှားဘူးပြောလိုက်နဲ့ နောက်ဆုံးကျတော့ တေ့ပြီးတော့မှ ကျနော်တို့ကို ကပ်ဖြုတ်ပါတယ်။ အဲဒီတော့ ရှိတာနဲ့ စခန်းတစ်ခုကို သွားပါတယ်၊ စခန်းသစ်ဆိုတာ။ ဒါတောင်မှ ကန်ပေါ် ဆိုတာ နောက်ထပ် မိုင် ၃၀ လောက်သွားရမယ့် လမ်းတစ်ခုကို ကျနော်တို့ ဖြတ်ပြီးတော့ ပြန်လှည့်လာတာပါ။ အခုထက်ထိ ကျနော်တို့ မြိတ်ကို ပြန်မရောက်သေးပါဘူး။”
ဒါ့အပြင် ရေယာဉ် သောင်တင်တာတွေလည်း ကြုံခဲ့ရတယ်လို့ ပြောပါတယ်။ အခု ည ၉ နာရီနီးပါးထိ မြိတ်မြို့ကို ပြန်မရောက်သေးပေမဲ့ နောက်တစ်နာရီနီးပါးအကြာ မြိတ်မြို့ထဲကို ပြန်ရောက်ဖို့ရှိတယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။ အခု တနင်္သာရီတိုင်းကို ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး သွားဖို့ စ စီစဉ်ကတည်းက မြိတ်မြို့မှာ အမြန်ရေယာဉ် ငှားမရတဲ့ ပြဿနာရှိနေတာပါ။ ရေယာဉ်ပိုင်ရှင်တွေကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် NLD ပါတီကို ရေယာဉ်မငှားရဲကြတာ ဖြစ်တယ်လို့လည်း NLD ပါတီက ပြောပါတယ်။
VOA
ဒေါ်စု မြိတ်ခရီး အခက်အခဲကြုံ ဒေါ်စု မြိတ်ခရီး အခက်အခဲကြုံ Reviewed by သစ်ထူးလွင် on 06:48 Rating: 5

16 comments:

tkm said...

ဒါဖွတ်ကောင်တွေ.လက်ချက်ပဲနေမှာပါ..
စိတ်ဓါတ်တွေက....အောက်တန်းကျလှချည်လား

Anonymous said...

ခွင့်လွှတ်လိုက်ပါ . . . သူတို့ အတွက် နောက်ဆုံး ကောက်ရိုး တစ်မျှင် မို့ ရသလောက်တော့ (အနှောက်အယှက် မျိုးစုံနဲ့ ) ဆွဲထားနေရအုံးမှာပဲ . . ရုပ်နာမ်ကို ဆွဲထားလို့ ရပေမဲ့  စိတ်ကိုတော့ ဆွဲထားလို့ မရပါဘူး . . အဖြေက ပြတ်ပြတ်သားသား ထွက်လာမှာပါ . . . ပြည်သူတွေ ရဲဝံ့စွာနဲ့ ဆုံးဖြတ်နိုင်ကြပါစေလို့  . . .အနာဂတ် အရေးမျှော်တွေးစွာနဲ့  သတိပေးပါရစေ . . .

Ma Ma Wai said...

Ah May, please take rest for your physical energy. We are very sure that you areb very strong mentally. We trust you.

Tony said...

စိတ်ဓာတ်တွေက ကောင်းကိုမကောင်းကြပါဘူး..နည်းမျိုးစုံနဲ့ကိုနှောက်ယှက်နေကြတာပဲ..April ၁ ရက်နေ့ကြရင်လဲ ဘာတွေကလိန်ကကျစ်လုပ်ကြအုံးမလဲ မသိနိုင်သေးဘူး..အားလုံးသော ခွပ်ဒေါင်းညီ၊ အကို၊ မောင်နှမ များ သတိဝီရိယ ရှိကြပါ ခင်ဗျား..

ပုဂံစစ်သည် said...

ဒီကောင်တွေဝဋ်လည်မှာ မကြောက်ဘူးလားမသိပါဘူး၊ နေရာတကာလိုက်ပြီး ပိတ်ဆို့နေတာ၊ သူတို့တွေသေခြင်းတရားနဲ့ တွေ့မှမရှုမလှဖြစ်သွားမယ်။

Unknown said...

လူလောကကြီးကတော့ မတရားဘူးကွာ.....အားလုံးစိတ်ဓာတ်တွေပြောင်းလဲရင်ကောင်းတယ်ကွာ..

Anonymous said...

နိုင်ငံတော်သမတကြီးကပြောတယ်လေ
စစ်မှန်တဲ့ေ၇ွးကောက်ပွဲဖြစ်၇ပါစေမယ်တဲ့၊ခုလိုဖြစ်နေတာ
တွေကိုကြည့်ချင်အားဖြင့် သမတဦးသိန်းစိန်မှာအာဏာ
မ၇ှိတာသေချာတယ်

The Nature Myanmar said...

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သမီးလည်းဖြစ် ဒီမိုကရေစီရဲ့ မိခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြိတ်ကိုလာတာ အမြန်ယာဉ်ငှားလို့ မရဘူးတဲ့...
ဘယ်သူ့ကိုကြောက်နေတာလဲ...တစ်နိုင်ငံလုံး သိအောင် နာမည်ပြောပါ...
ကြောက်တတ်ရင် နှစ်ခါပြန် သေလိုက်တော့...
သူ့အဖေရဲ့အဘိုး မင်းကြီးဗိုလ်မင်းရောင်...သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း...ပြီးတော့ သူမကိုယ်တိုင်...တိုင်းပြည်ကို နိုင်ငံတကါအလည်မှာ မျက်နှာမငယ်ရအောင် လုပ်နေတာ...ခင်ဗျားတို့ အမြန်ယာဉ်လေးတောင် မကူညီနိုင်ဘူး...
သမိုင်းမရိုင်းချင်ရင်တော့...ခွပ်ဒေါင်းစိတ်ဓာတ်မွေးကြပါ...

The Nature Myanmar said...

ငါတို့ဆီမှာတော့ အုတ်နံရံတောင် လူအားနဲ့ တွန်းဖြိုတာနော်...
သိတယ်မဟုတ်လား...အမျိုး၊ ဘာသာ၊ သာသနာကို ချစ်တာ...
ကိုယ့်သွေးကို နီသေးသလားလည်း ဖောက်စစ်ကြည့်ကြအုံး...

a said...

Tin Tin....ပြောတာမှန်တယ်၊အာဏာကလက်ရှိအစိုးရမှာမရှိပါဖူး၊သန်းရွှေမှာပဲရှိနေသေးတာပါ။

အမြင်သစ် said...

အင်း ခောတ်ပျက်ကာလမှာ ကြံ့ဖွံ့ အစိုးရနဲ့ပေါင်းပီး ကြီးပွားချမ်း
သာလာကြတဲ့ သူဌေးကြီးတွေ၊သူဌေးလေးတွေ၊သူဌေးပေါက်စတွေကတော့
တိုင်းပြည်အပြောင်းအလဲဖြစ်မှာကိုကြောက်နေကြတယ်ထင်ပါရဲ့တတိုင်းပြည်လုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် ဒီလိုလူမျိုးတွေအများသားဗျ။ဒီလူတွေအမြင်မှန်ရလာမှဖြစ်မယ် ရှေ့အနာဂါတ်ကိုယ့်မျိုးဆက်တွေရဲ့အကျိုးကို ကြည့်ကြပါ။ လက်ရှိ ကိုယ်ကြီးပွားချမ်းသာနေတဲ့ ဘ၀လေးကိုဘဲ မကြည့်ကြပါနဲ့။ လောဘ လေးနည်းနည်းလျှော့လိုက်ရင် အမြင်
မှန်လေးတွေတဖြည်းဖြည်းရလာပါလိမ့်မယ်။

Unknown said...

ဘိတ်သူဘိတ်သားတွေရဲ့ စိတ်ဓါတ်ကို တစ်နိုင်ငံလုံးကသိပါတယ်။ ဘိတ်သူဘိတ်သားတွေရဲ့ ဖေါ်ရွေမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ တာဝန်သိတတ်မှုတွေကိုဘိတ်ရောက်ဖူးတဲ့ဧည့်သည်တိုင်းသိကြမှာပါ။ ကျူပ်တို့ရဲ့ ဘိတ်ကိုဘိတ်သူဘိတ်သားရဲ့ ရင်ထဲကလာတဲ့ရိုးသားဖြူစင်စိတ်ဓါတ်အရင်းခံတွေနဲ့ တန်ဆာဆင်ထားတာပါ။ ဘယ် သူတောင်းစားတွေက pressure ပေးနေမှန်းမှ မသိတာ။ အမေရယ်..ဘိတ်ရောက်ခိုက် အဆင်မပြေတာလေးတွေခွင့်လွတ်ပါလို့ အပြစ်မရှိတဲ့ ဘိတ်သူဘိတ်သားအားလုံးရဲ့ ကိုယ်စား ရိုသေရို့ကျိုး လေးစားစွာဖြင့် မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်အမေရယ်...

soecyclone said...

လောကကြီးကမတရားဘူး...ပြောပြချင်တယ်...ဘယ်နေရာကိုသွားသွား
နှောက်ယှက်နေကြတယ်...သို့ပေမယ်လည်း...အမေစုကတော့ပြုံးပျော်နေ
ဆဲ...နှောက်ယှက်တဲ့လူများ...အဝေစိကိုGO...မကြာခင်မှာရောက်ရှိလာ
မယ့်...ဒီမိုကရေစီဗျို့...
ပုံ>သီဟသူရတင်အောင်သိန်းစိန်

Moon said...

ဟုတ်ပါတယ်.. ကျွန်မတို့ မြိတ်သူအနေနဲ့ ဒေါ်စု ကိုပြောမပြတတ်လောက်အောင်ကိုဝမ်းနည်းပါတယ်...ခုချိန်ထိလည်းကြီးနိုင်ငယ်ချင်း ဖိနှိပ်ချုပ်ချယ်တာတွေက ရှိတုန်းပါပဲ.. ပြီးတော့သူတို့ ကပြောပါတယ်ဒေါ်စုကိုအမြန်ယာဉ်ငှားရင် တစ်နှစ်လုပ်ခွင့်ပိတ်မယ်လို့ လည်းသိရပါတယ်..ဒီထက်တွေလည်းအများကြီးရှိပါသေးတယ်...သူတို့ ရဲ့ ညစ်ပတ်မှုကတော့ ပြောမပြေနိုင်လောက်အောင်ကိုပဲများလွန်းလှပါတယ်...

tertee said...

ဒီလောက်ညစ်ပတ်တဲ. ကြံ့ဖွတ် တွေက...
တိုင်းပြည်ကို..ကယ်တင်နိုင်မတဲ.လား...
တိုးတက်အောင်လုပ်နီုင်မတဲ.လား....
ဥပဒေ စိုးမိုးမှု ကိုအလေးထားမတဲ.လား....
ညစ်ပတ်နည်းအစုံစုံ နဲ. ကဘာ. အလည် ရှက်စရာကြီးဖြစ်မနေဘူးလား...
မြန်မာဆိုတာ ကို ကဘာက ဘယ်လိုထင်ကုန်ကြမလဲ...
အဲဒီလိုကောင်တေိကို တို.က မဲပေး၇မှာလား

Unknown said...

ကြံဖွတ်ပါဆိုမှ နိုင်ငံက ဖွတ်တက်သွားမှာပေါ့။ လက်ရှိအမြင်ကိုပဲ့ သုံးသပ်ကြည့်ကြလေ။ ဟိုပိတ်ဒီပိတ်နဲ့ ငါတို့ အမေစုကို ဘိတ်မြို့ခံ ပြည်သူတွေက ဘယ်လောက်အားပေးကြလဲ။ မြင်တဲ့အတိုင်းပဲ့လေ။ ဒီအထဲမှာ နားမလည်တဲ့ ခလေးသူငယ်တွေကြောင့် အမြင်မှားမိရင်လည်း တောင်းပန်ပါတယ်။ ကိုယ်ကျိုးမကြည့် အစစအရာရာကူညီတဲ့သူတွေ၊ခရီးစဉ်တလျှောက်၊ ကြိုဆိုတဲ့သူတွေ၊ ကျွေးမွေးဧည့်ခံတဲ့သူတွေ၊ ကိုယ်ကျိုးမကြည့်ပဲ့ လှေငှားပေးတဲ့သူတွေ၊ မြေကွက်ငှားပေးတဲ့သူတွေ၊ အမေစုကိုကူညီသူတွေအားလုံး၊ အမေစုကိုအမြန်ယဉ်မငှားပေးတဲ့သူတွေ၊ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ စီးပွားတိုးတက်ပါစေ ကြောင်း သားသားတို့ ဘိတ်သူဘိတ်သားတွေ ဆုတောင်းမေတ္တာပို့ပေးပါတယ်။ရေလိုအေးလို့၊ ပန်းလိုချမ်းမြေပါစေ။။။။။။

Powered by Blogger.