နာယကကြီး ဦးတင်ဦး ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး ၊ သဘာပတိအဖွဲ့ဝင် ဦးလှဖေ ၊ ဝါးခယ်မမြို့နယ်ဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်စန်း နဲ့ အဖွဲ့ဟာ ၊ ဒေါ်အောင်ဆန်းစုကြည် မသွားရောက်နိုင်သော ဧရာဝတီတိုင်း မြို့နယ်များသို့ စည်းရုံးရေး ခရီးစဉ် ထွက်ခဲ့ပါတယ် ။ ၂၃-၂-၁၂ နေ့ နံနက် ၆ နာရီမှာ ရန်ကုန်မှ စတင်ထွက်ခွာပြီး ဧရာဝတီတိုင်း ရွှေလောင်းမြို့သို့ နံနက် ၁၀း၀၀နာရီမှာ ရောက်ရှိပါတယ် ၊ ရွှေလောင်းမြို့ ရွှေလောင်းမြစ်ဘေး သဲသောင်ပြင်မှာ ၁ နာရီခန့် ဟောပြောခဲ့ပါတယ် ၊ ပရိတ်သတ် ၆၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

ရွှေလောင်းမှ နံနက် ၁၁း၃၀ နာရီမှာ ဆက်လက်ထွက်ခွာခဲ့ပြီး ဝါးခယ်မြို့သို့ ၁၂း၃၀အချိန်မှာ ရောက်ရှိပါတယ် ။ ဝါးခယ်မမြို့ ဝါးခယ်မ တံတား အဆင်း ဆောက်လုပ်ဆဲ GSM တာဝါတိုင်ဘေး သဲကွင်း
နေပူကျဲကျဲ တွင် ၁း ၁၅ နာရီခန့်ဟောပြော စည်းရုံးခဲ့ပြီး ၊ ပရိတ်သတ် ၂၀၀၀ နီးပါး တက်ရောက်ခဲ့ပါတယ် ။ ညနေ ၃း၀၀ နာရီမှာ ၀ါးခယ်မမှဆက်လက်ထွက်ခွာခဲ့ရာ ကျွန်းကုန်းမြို့သို့ညနေ ၄း၀၀ နာရီမှာ ရောက်ရှိပြီး ကျွန်းကုန်းမြို့၊ မြို့လယ် ရပ်ကွက်မှာ အဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးခန်းဖွင့်လှစ် ပေးပြီး ၁ နာရီခန့် စည်းရုံး ဟောပြောကာ ညနေ ၅း၀၀ နာရီမှာ ထွက်ခွာ ခဲ့ပါတယ် ။

ညနေ ၆း၁၅ မှာ အိမ်မဲမြို့သို့ ရောက်ရှိကာ ၊ အိမ်မဲ - ဒါးက လမ်းမပေါ်ရှိ မဏ္ဍပ်မှာ လူထု ပရိသတ် ၂၀၀ ခန့်အား စည်းရုံးဟောပြောပြီး ဆက်လက်ထွက်ခွာ ခဲ့ရာ ရေကြည်မြို့သို့ ည ၈း၀၀ နာရီမှာ ရောက်ရှိပြီး ညအိပ် ရပ်နားပါတယ် ။

သတင်း-ဓါတ်ပုံ ။ ။ ဘားမားဗီဂျေ
နာယကကြီး ဦးတင်ဦး ဟောပြောပွဲကိုလာရောက်တဲ့ ဒေသခံတဦး

နာယကကြီး ဦးတင်ဦး ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် နာယကကြီး ဦးတင်ဦး ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် Reviewed by သစ်ထူးလွင် on 23:09 Rating: 5

7 comments:

Anonymous said...

မိုက်တယ်ဟေ့..
ဒါမှဖေ့သား...
:D

moeoo said...

Burmese democracy cowboy.

အမြင်သစ် said...

Country NLD supporter style. (GREAT)

60P said...

အင်း။။။အန်တီစုသွားတာနဲ့ ကွာပကွာ..၆၀၀ပဲလာတယ်ဆိုတော့..ပြည်သူတွေကအန်တီကိုပဲထောက်ခံနေတယ်ဆိုတာကိုသိသာစေတယ်..NLDမှာအန်တီကလွှဲရင်ပြည်သူတွေယုံကြည်ရတဲ့ခေါင်းဆောင်ကောင်းတွေမရှိတာတွေမီးမောင်းထိုးပြနေသလိုပဲ....

I love NLD said...

တစ်နိုင်ငံလုံးဘယ်သွားသွား ဘယ်သူတွေတားတား ဘယ်သူတွေခြိမ်းခြောက်စေ အမေချစ်တဲ့ အမေ့ကို လေးစား ကြည်ညို ချစ်ခင် မြတ်နိုးကြတဲ့ ပြည်သူ ပြည်သားတွေ အမေ့ကို တစ်ခဲနက် ကြိုဆို ထောက်ခံအားပေးနေကြမှာအသေအချာပါ
မဲအတွက် စိတ်ချရပါတယ်...ဒါပေမဲ့ April တစ်ရက်နေ့မှာ ပြည်သူလူထုနဲ့
အမေ့ကို ပြီးတော့ နိုင်ငံတစ်ကာကို April fool လုပ်မှာ သိပ်ကြောက်နေတယ် အမေ... ရန်ကုန်လိပ်စာ အနေနဲ့ ဒီနှစ် အမေ့တို့ကိုမဲပေးခွင့်မရှိပါဘူး...ဒါပေမဲ့ အဲဒီရက်မှာ မြန်မာပြည်အပြင်ဘက်ကနေ အမေတို့နဲ့ မြန်မာပြည်ကြီးကို.. ဆုတောင်းပေးနေမယ်အမေ...
take care အမေ..

စေလိုရာ said...

လေးစားတယ်ဗျာတကယ်ပါပဲ

ေ၇ာသမမွှေ said...

ဗိုလ် NLD (အောင်ဒင်) ပြန်လာပြီ ဖွတ် တွေကောင်း၂ သတိထားကြ

Powered by Blogger.