ကလေးငယ်နှစ်ဦးအားတွေ့ ပါက ကူညီအကြောင်းကြားပေးပါရန်

ပျောက်နေတဲ့ မနန္ဒလင်း နှင့် မောင်ဝေဖြိုး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁၂၃) ၀ါးကျောင်းလမ်း၊၀ါးကျောင်းရပ်ကွက် ၊ဘုရားကုန်း သံလျှင်မြို့ တွင်အိမ်ငှားနေထိုင်သော ကျွန်တော် ဦးရန်လင်း+ဒေါ်သန္တာမြင့် တို့၏ သမီးဖြစ်သူ မနန္ဒာလင်း (၁၅) နှစ် နှင့် သားဖြစ်သူမောင်ဝေဖြိုး (၁၀)နှစ် မောင်နှမနှစ်ယောက်တို့သည်  (၁၅.၃.၂၀၁၂) တွင် နေအိမ်မှ ဈေးရောင်းရန်ထွက်သွားကြပါသည်။

၎င်းတို့ မောင်နှမနှစ်ယောက်သည် ပါရမီ (၁၇၉) ယာဉ်လိုင်း ကားကို စီးရ်ျ ထော်လီကွေ့မှတ်တိုင်တွင် ဆင်းသွားသည်ဟု ယာဉ်မှူး၏ ပြောကြားချက်အရ သိရပါသည်။ 

၁၅.၃.၂၀၁၂ နေ့မှစရ်ျ ယနေ့ထိနေအိမ်သို့ပြည်လည်ရ်ျမရောက်လာသေးပါ။ သို့ဖြစ်ရ်ျ ၄င်းကလေးငယ် နှစ်ဦးဖြစ်ကြသော မနန္ဒလင်း နှင့် မောင်ဝေဖြိုးတို့အား တွေ့ရှိခဲ့ပါက ၄င်းတို့ဦးလေးဖြစ်သူ ဦးရဲမောင် + ဒေါ်နီနီဝင်းတို့၏ နေအိမ် (အမှတ် 17/B ၊ အုန်းတောလမ်း 7 ၊ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းနံပါတ် (၀၁-၄၅၀၀၀၁) သို့ဆက်သွယ်အကြောင်းကြားပေးကြပါရန် မိဘနှစ်ပါးနှင့် ဆွေမျိုးညီအစ်ကိုမောင်နှမများမှ အထူးရိုသေလေးစားစွာဖြင့်
အကူအညီတောင်း မေတ္တာရပ်ခံအပ်ပါသည်၊၊

 
  မိဘများ
   
ဦးရန်လင်း + ဒေါ်သန္တာမြင့် 
   ဖုန်း (၀၉၇၃၀၄၄၈၂၁)
ကလေးငယ်နှစ်ဦးအားတွေ့ ပါက ကူညီအကြောင်းကြားပေးပါရန် ကလေးငယ်နှစ်ဦးအားတွေ့ ပါက ကူညီအကြောင်းကြားပေးပါရန် Reviewed by သစ်ထူးလွင် on 14:42 Rating: 5

8 comments:

iitcm said...

Oh! it is so bad. and so long since March15, I wanna request that some people in MM who come MMN pls look around and share about that info to their parents. I would appreciate that. I pray for you, may you find you children as soon as possible. God bless you.

Thaw Gyi said...

ပြန်တွေ့ ပါစေဗျာ.
သက်ဆိုင်ရာပုလိပ်..အဲ..ရဲတပ်ဖွဲ ၀င်များကလည်းကိုယ်ချင်းစာနာစိတ်ဖြင့်
ကူညီကြပါနော်
အရပ်ကတို့ လည်းကူညီကြနော့်..

မြင့်ဦး said...

PLEASE SPREAD THE NEWS EVERY BODY , WE NEED YOUR HELP.

မြင့်ဦး said...

please spread the news as soon as possible thanks.

koko said...

အဲဒိအရွယ်လေးတွေကို အမြန်ရှာပေးကြပါ သနားပါတယ် လူလိမ်တွေနဲလူရောင်းစားတွေနဲတွေ့ယင်မလွယ်ဘူး စိတ်ပူပေးတယ် အမြန်တွေ့ပါစေလို့နော်

ငရဲမင်း said...

(ဈေးရောင်းရန်ထွက်သွားကြပါသည်။)မင်းတို့အစိုးရတွေစောက်သုံးမကြလို.ကလေးတွေငယ်ငယ်ရွယ်ရွယ်နဲ.ဈေးရောင်းထွက်နေရ အလုပ်တွေအရွယ်နဲ.မလိုက်အောင်လုပ်နေရတယ်

ko htoo said...

ကူညီနိုင်သူတွေ ကူညီကြပါဗျာ။ မိဘတွေနေရာက ကိုယ်ချင်းစာကြည့်ပြီး အင်မတန် စိတ်မကောင်းဖြစ်မိပါတယ်။ မသမာသူတွေနဲ့သာတွေ့ခဲ့ရင် လူမမည်ကလေးတွေဘဝ နစ်မွန်းသွားမှာပါ။ ကလေးသူငယ်တွေ ပျောက်တဲ့သတင်း မကြာခဏကြားနေရပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ကလေးသူငယ်တွေအပေါ် ဒုစရိုက်ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်စေလိုပါတယ်။

Toe Toe said...

သတင်းအားလုံးသိအောင်ပြောပေး၊ဖြန့်ပေးကြပါ။ကိုယ်ချင်းစာပါတယ်။၂ယောက်လုံးပျောက်သွားတာဆိုတော့စဉ်းစားစရာပါဘဲ။လုကုန်ကူးတဲ့သူ
တွေလက်ထဲပါမသွားပါစေနဲ့ဆုတောင်းပါတယ်။ပြန်တွေ့ပါစေဗျာ။

Powered by Blogger.