အင်းစိန်၌ အရွယ် မရောက်သေးသော မယားပါ သမီးကို အဓမ္မကျင့်မှုဖြင့် ပထွေး ဖြစ်သူအား အမှုဖွင့်ထား

(ရန်ကုန်၊ မတ် ၁ဝ )
အင်းစိန် မြို့နယ်၊ ကမ်းနား အနောက် ရပ်ကွက်၌ နေထိုင်သူ အသက် ၃၄ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးက ၄င်း၏ မယားဘက်မှ ပါလာသော အသက် ၁၄ နှစ် အရွယ် ရှိ မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှု တစ်ရပ် အင်းစိန်၌ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း က အင်းစိန်မြို့နယ်၊ ကမ်းနား အနောက်ရပ်ကွက်၊ ချမ်းမြေ့ သာယာလမ်းတွင် နေထိုင် သူ ဒေါ်…..သည် ဈေးရောင်း ရာ မှ နေအိမ်သို့ ပြန်လာစဉ် အသက် ၁၄ နှစ် အရွယ်ရှိ ၄င်း၏ သမီးဖြစ် သူ မ …. မှာ ငိုယိုလျက် ရှိနေသည်ကို တွေ့ရသည့် အတွက် အကျိုးအကြောင်း မေးမြန်းရာ မ…က ၄င်းသည် မိခင်ဖြစ်သူ ဈေးသွားရောင်းနေခိုက် နေအိမ် အတွင်း အိပ်ပျော်နေခဲ့ကြောင်း၊ ထိုသို့ အိပ်ပျော်နေစဉ် ပထွေးတော်သူ ထွန်းထွန်းနိုင်က ၄င်းအား သား မယား အဖြစ် အဓမ္မ တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ မိခင်ဖြစ်သူနှင့် ၄င်း၏ ပထွေး ဖြစ်သူတို့ အိမ်ထောင်ကျပြီး နောက်လွန်ခဲ့သော သုံးနှစ်ခန့် အချိန်မှစ၍ ၄င်း အား လေး ငါးကြိမ် ခန့် သားမယား အဖြစ် ပြုကျင့်ခဲ့ဖူးကြောင်း၊ ၄င်းမှ မိခင်ဖြစ်သူအား ပထွေးဖြစ်သူ၏ အဓမ္မပြုကျင့်မှုကို ပြောပြရန် ကြိုးစားခဲ့သော်လည်း ပထွေး ဖြစ်သူမှ ထိုကိစ္စ အား အခြား သူများသို့ ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည့် အတွက် ၄င်း မှာ မပြောရဲ ခဲ့ကြောင်း ယခုမှသာ အိမ်တွင် ပထွေး မရှိခိုက် မိခင်ဖြစ်သူ အား ပြောကြားခြင်း ဖြစ်ကြောင်း  သိရသည်။
ဆက်လက်၍ ဒေါ်….မှာ ၄င်း၏ ခင်ပွန်းဖြစ်သူအား မ..နှင့် ပတ်သက်သော ကိစ္စအား မတ်လ ၆ ရက်နေ့တွင် မေးမြန်းခဲ့ရာ ၄င်းက ဟုတ်မှန်ကြောင်း ပြောသည့် အတွက် သမီးဖြစ်သူအား သား မယားအဖြစ် ပြုကျင့်သူအား အရေး ယူပေးရန် အင်းစိန် ရဲစခန်းသို့ တိုင် ကြားခဲ့သည့် အတွက် အင်းစိန် ရဲစခန်းမှ ထွန်းထွန်းနိုင် အား (ပ) ၃၆၅/၁၂ ပုဒ်မ (၃၇၆) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် များအရ ယခု နှစ် မတ်လ ၈ ရက်နေ့ အထိ ရန် ကုန်တိုင်း ဒေသကြီး အတွင်း၌ အရွယ် မရောက်သေးသော မိန်း ကလေးငယ် များအား အဓမ္မပြုကျင့် ရန် ကြံစည်အားထုတ်မှု (၃) မှုနှင့် အဓမ္မ ပြုကျင့်မှု (၂) မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
သူရထွန်း  (ပေါ်ပြူလာဂျာနယ်)

အင်းစိန်၌ အရွယ် မရောက်သေးသော မယားပါ သမီးကို အဓမ္မကျင့်မှုဖြင့် ပထွေး ဖြစ်သူအား အမှုဖွင့်ထား အင်းစိန်၌ အရွယ် မရောက်သေးသော မယားပါ သမီးကို       အဓမ္မကျင့်မှုဖြင့် ပထွေး ဖြစ်သူအား အမှုဖွင့်ထား Reviewed by သစ်ထူးလွင် on 13:38 Rating: 5

14 comments:

မြတ်နိုး said...

ယုတ်မာလိုက်တာဗျာ
မကြားဝံ့မနာသာတွေ
ကလေးမလေးကိုသနားလိုက်တာဗျာ
ညီမလေးရေ.......
ဝဋ်ကြွေးရှိလို့ခံရတယ်လို့သာသတ်မှတ်လိုက်ပါကွယ်။
ဘာမှကြောက်စရာမလိုဘူးနော်။
စိတ်ဓါတ်ကျစရာလည်းမလိုဘူး
လောကကြီးမှာအောင်မြင်တဲ့လူတယောက်ဖြစ်ဖို့အတွက်အပျိုစစ်စရာမလိုဘူးနော်
အဓိကကတော့မဆုတ်မနစ်ကြိုးစားမှုပဲညီမရေ။
ဘဝကိုအရှုံးမပေးဘဲကြိုးစားပါ။
အရေးကြီးတာကတော့စိတ်ဓါတ်မကျမိစေဖို့ပဲနော်
လူဆိုတာစိတ်ဓါတ်ကျမိရင်လမ်းမှာသွားမယ်။

မီးငယ် said...

ဆိုးဝါးလိုက်တာ...လူမှဟုတ်ရဲ့လား...ခွေးဇာတ်ခင်းနေတာပါလား...

မြတ်နိုး said...

ဒီလိုလူမျိုးတွေကိုခွင့်မလွှတ်သင့်ပါဘူးခင်ဗျာ။
ကလေးမလေးခံစားရသလိုမျိုးအဲဒီ၃၄နှစ်ရှိတဲ့ပထွေးကိုလည်းပြန်ပြီးအဓမ္မကျင့်ပြီးအရေးယူသင့်တယ်
အဓမ္မအကျင့်ခံရတဲ့နာကျင်မှုဈေဒနာကိုပြန်ခံစားတတ်အောင်ပါ။

မြတ်နိုး said...

မဒိန်းကျင့်တဲ့ယောက်ျားတွေကိုထိရောက်တဲ့ပြစ်ဓဏ်ပေးပြီးနောင်ကြဉ်သွားအောင်၊မှတ်လောက်သားလောက် ဖြစ်အောင် ပြစ်ဒဏ်ချသင့်ပါတယ်။ ဒါမှ မဒိန်းမှုတွေ အပြီးပပျောက်သွားမှာ။
အမှုတွေထဲမှာတော့ မဒိန်းမှုတွေဆိုရင် မကြားရဲဘူးဗျာ
ရင်ထဲမကောင်းလွန်းလို့ပါ။

meerket said...

အဲဒါမျိုးတွေကို သေဒဏ်ပေးရမှာ နောက်လူတွေ မလုပ်ရဲအောင်

sulatt said...

ဟုတ်တယ် သေဒဏ်ကို လူအများမြင်သာတဲ့ နေရာမှာပေးသင့်တယ်လို့ ထင်တယ်

AyeeSett said...

သတ်ပစ် ...ဒါပဲပြောမယ် ..စိတ်ကြီးတယ်

tango said...

ဖြတ်.......

mightkhae said...

မိုက်ခဲလေး
မိုက်ရိုင်းလိုက်တာကွာ.........
ခွေးတရိစ္ဆာန်ကောင်

myochit.mm.2012@gmail.com said...

ယုတ်မာလိုက်တာကွာ... သေဒဏ်သာ ပေးပစ်လိုက်တော့ ရဲမင်းကြီး... ဒီလိုကောင်မျိုးတွေရှိနေရင် အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ် ကို ချီတက်မယ့် မြန်မာအမျိုးသမီးလူထုအတွက် ရင်လေးမိတယ်... ထိရောက်တဲ့ပြစ်ဒဏ်မျိုးနဲ့ နောက်လူများ ဒီလိုအဖြစ်မျိုး မဖြစ်ပွားစေဖို့ နမူနာပြ ချမှတ်လိုက်ပါ တရားသူကြီးမင်း..

လမင်း said...

နောင်ဘ၀ဆက်တိုင်းလူမဖြစ်ပါစေနဲ့ဗျာ

Thazin said...

ပြစ်ဒဏ်ကို သေဒဏ် လို့ မြန်မာ ဥပဒေ ကပြဌာန်းပါလား။ တစ်ယောက်လောက်ကို တစ်ကယ်သေဒဏ် ပေးကြည့်ပါလား။ ဒါမှ အရွယ်မရောက်သေးသူတွေ ကာကွယ်ရာရောက်မှာပေါ့ ။ ဒို့မြန်မာပြည် ဥပဒေ စိုးမိုးမှု ရချင်လိုက်တာ ။ ဒီ ကွန့်မန့်တွေကို ပြည်သူ့ အသံတွေ အဖြစ် ဆိုင်ရာ က အသိအမှတ် ပြု စေချင်လိုက်တာ ။

Thazin said...

လမင်းရေ ဒီလို လူမျိုးက နောင် ဘ၀ဆိုတာကို မစဉ်းစားဘူး ။မြန်မာပြည်မှာ က အားနေကြတယ်လေ ။ အလုပ်အကိုင် အခွင့်အလမ်းကလည်း နဲကြတာကို ။ ရသလောက်နဲ့ပဲ လူနေမှုဘ၀ နိမ့်လည်း နေ နေ ကြတာကိုး ။သူ့ကို သေဒဏ်ဆိုပြီး လည်ပင်းကို ဓါးနဲ့ ပိုင်းကြည့်ပါလား ။ ခုလောလောဆယ် ဒီလိုခံရမှ သေခါနီး ကြောက်သွားဦးမှ နောင်ဘ၀ ဒီလို မလုပ်ရဲတော့မှာ ။

Thazin said...

ရှက်လို့ ၊ ကြောက်လို့ ၊ ဘ၀တစ်လျှောက်လုံး အမဲစက်ပါမှာစိုးလို့ ကြိတ်ခံနေတဲ့ မိသားစုတွေ ၊ အမှုမပေါ်တဲ့ အဖြစ်တွေအများကြီးရှိသေးတယ်။ ဒီကောင်ကို သေဒဏ် (တကယ်သတ်တယ်)ပေးတယ်ဆိုတာသာ သတင်းစာထဲ အများသိအောင်ထည့်ကြည့် ။ ဒါမှ ဒီလိုအမှုမျိုး မဖြစ်ရဲတော့မှာ

Powered by Blogger.