၂ သိန်းတန် ဖုန်း ၀န်ထမ်းတွေကို အကြပ်ကိုင်ရောင်းချနေ

မတ်လ ၂၃ ရက်နေ့ ၂၀၁၂

အခုနေပြည်တော်မှာ ကျပ် ၂ သိန်းတန်ဖုန်းတွေချပေးနေပါပြီ။ ဦးစီးဌာနတွေအနေနဲ့ ဝန်ထမ်းအရေအတွက်ရှိသလောက် အဲဒီ၂ သိန်းတန်ဖုံးကို ဝယ်ယူရမယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ မြန်မာ့ဆက်သွယ်ရေးကအတင်းအကြပ်
လုပ်နေပါတယ်။

ဥပမာ ဝန်ထမ်း ၁၀၀ ရှိတဲ့ဌာနက ဝန်ထမ်းတွေဆီကငွေကောက်ပြီး ဖုန်းဖိုး
သွားသွင်းတဲ့အခါ လူ ၈၀ လောက်ပဲဖုန်းယူတယ်ဆိုရင် မရဘူး လူ ၁၀၀ စာ
စလုံးယူရမယ်။ ခင်ဗျားတို့ဌာနက လူစာရင်းကို သမ္မတရုံးကိုပို့ထားတယ်။
 လူ ၁၀၀ စာမပြည့်ရင် မရဘူးအရေးယူခံရမယ်စသည်ဖြင့်ပြောပါတယ်။

 အဲဒါကြောင့်ဦးစီးဌာနတွေအနေနဲ့ မိမိတို့ဌာနရန်ပုံငွေထဲကငွေစိုက်ပြီး ဆက်သွယ်ရေးကဖုန်းကိုဝယ်ပေးထား၊ နောက်တော့မှ ဝန်ထမ်းတွေဆီက
 လပေးနဲ့ တစ်လ (၂၀၀၀၀) နှုံးလောက်နဲ့၊ ငွေပြန်ဖြတ်လုပ်နေရပါတယ်။

 တစ်လ ၄ သောင်း ၅ သောင်းလောက်သာရတဲ့ အောက်ချေဝန်ထမ်းတွေအတွက်
တယ်လီဖုန်းတစ်လုံး ၂ သိန်းဆိုတာများနေပါတယ်။ ပြီးတော့ ဖုန်းလက်ရှိ၊ ရှိနေတဲ့
အရာရှိတွေကလည်း ဖုန်းမယူချင်ကြပါဘူး။  အားလုံးက ၅၀၀၀ တန်ဖုံးကိုပဲမျှော်
လင့်နေပါတယ်။

အခုဟာ က မြန်မာ့ဆက်သွယ်ရေးဟာ တော်တော်အောက်တန်းကျတဲ့အလုပ်ကိုလုပ်တာပါ။ တယ်လီဖုန်းတွေ သိန်း ၄၀ ၊ ၅၀ လောက်အမြတ်နဲ့ရောင်းရတုန်းက ဝန်ထမ်းအငယ်တွေကို လှည့်တောင်မကြည့်ပါဘူး၊ အခု ၂ သိန်းတန်ဖုန်းတွေ ရောင်းမရတော့ ဝန်ထမ်းတွေကို အတင်းယူခိုင်းပါတယ်။ ကုမ္မဏီနဲ့ပေါင်းပြီးလုပ်တယ်ဆိုတာထင်ရှားပါတယ်။

မခံမရပ်နိုင်လွန်းလို့ရေးလိုက်တာပါ အများသိအောင်ကြေငြာပေးပါပါ။ အဲဒီတော့မှ သူတို့မတရားလုပ်နေတာတွေရပ်ပါလိမ့်မယ်။ မဟုတ်ရင် နည်းမျိုးစုံနဲ့
ဝန်ထမ်းတွေဆီကပိုက်ဆံကိုညစ်ပတ်ယူနေဦးမှာ။

စာဖတ်သူဖတ်လို့ကောင်းအောင်ကြိုက်သလိုစာကို ပြင်ဆင်ပြီးတင်ပေးပါ။ ကျွန်တော်က မခံမရပ်နိုင်လွန်းလို့စာရေးလိုက်တာပါ။ လူဖတ်လို့ကောင်အောင်စာမရေးတတ်ပါဘူး။

နေပြည်တော်မှဝန်ထမ်းတဦး

Myanmar News Now မှ ပေးစာကို မူရင်းအတိုင်းဖော်ပြပေးလိုက်ပါတယ်။
၂ သိန်းတန် ဖုန်း ၀န်ထမ်းတွေကို အကြပ်ကိုင်ရောင်းချနေ ၂ သိန်းတန် ဖုန်း ၀န်ထမ်းတွေကို အကြပ်ကိုင်ရောင်းချနေ Reviewed by သစ်ထူးလွင် on 07:38 Rating: 5

62 comments:

MMT said...

ကဲ...
ဝယ်ထား ၀ယ်ထား ဒါကုန်ရင် ဖျာပုံပြန်မယ်။

U Thar said...

စစ်အစိုး၇နဲ့စီးပွါးေ၇းသမားတွေနဲ့ကတော့
ကိုက်လဲကိုက်ပါတယ် ဒီအစိုး၇လက်ထပ်ကြတော့မှဘဲ
မယူလို့လဲမ၇ အတင်းအဓမကြီးပါလား၊ အေးဒမြတိုက်
နေတလို ၇ွာထဲသူပုန်ဝင်နေတလိုခံစား၇တယ်။

Tri Asian Taste said...

အော် မြန်မာ့ဆက်သွယ်ရေးဟာ တော်တော်အောက်တန်းကျတဲ့အလုပ်ကိုလုပ် တာပါတဲ့။ အခုမှသိလားလိုဆိုပြီးတော့ အပြစ်မတင်ရက်ပါဘူး။
ဒီလိုဗျ သူနိုင်ငံတွေမှာ အလကားပေနေတယ်။ ရင်နာစရာကောင်းတာက ကိုယ့် လူမျိုးအချင်းချင်းနိုပ်ကွတ်နေတာပါဘဲ။ တော်ကြာနေ ပြည်ပအားကို ဘာရိုးဆိုလား ပြောနေပါဦးမယ်ဗျာ၊ ခင်ဗျားတို့က ဒုက္ခနဲ့ ကျင့်သားရနေပါပြီး ဘာဘဲပြောပြော ၀ယ်ပေးရဦးမှာပေါ့။ စိတ်တော့မကောင်းပါဘူး၊ မတတ်နိုင်ဘူး ၀ယ်ဆိုလဲ ၀ယ်ရဦးမှာပေါ့။ ကိုယ်ချင်မစာလို့မဟုတ်ပါဘူး။ မလှန်ရဲရင် ခံမြဲခံပေါ့။

ေ၇ာသမမွှေ said...

မသေချာတော့လဲ သေချာတဲနည်း နဲ့အကြပ်ကိုင်၇တာပါ ခိုး စားဖို့ အချိန်လဲမရှိတော့ဘူးလေ လက်ရှိနေ၇ာလဲ မမြဲတော့ဘူး ဒါကြောင့် ဒီလိုလုပ်မိတာပါ

sean said...

ကမ္ဘာဈေး အကြီးဆုံး ကြိုတင် ငွေ ဖြည့် ဆင်းကဒ်ဟာ ၂ဝဝဝဝဝိ ထက်များစရာအကြောင်းတော့ မရှိတော့ပါ..
ပရိုမိုးရှင်း အနေနဲ့ မီနီဆလွန်းတစီးနဲ့ တွဲရောင်းသင့်ပါတယ်..

Mplus said...

အင်း...မျှော်သာမျှော်ရတယ်ဗျာ၂သိန်းတန်ကုန်မှ ၅၀၀၀တန်ကိုအစိုးရကလက်ခံမယ်ထင်တယ်...

ရာရာ said...

မစို့မပို့ လစာလေး တိုးပေးပြီးရင် တစ်နည်းနည်းနဲ့ ညှင်းဆဲတော့တာ ထုံးစံပါပဲခင်ဗျား...။ မထူးဆန်းတော့ပါ...။

ပြောချင်တာပြော said...

ဒါကို လွှတ်တော်ကိုရအောင်တင်ပြကြည့်ပါလား ဘာများထူးလာမလဲလို့

HtetNWin said...

ဒီနှစ်ဘတ်ဂျက်မှာ လစာတိုးမပေးနိုင်လို့  ၀န်ထမ်းတွေကို ဆက်သွယ်ရေးကဖုန်းတွေပေးလိုက်သလိုပါဘဲ။ဝန်ထမ်းက ၂သန်းလောက်ရှိတာ(၃.၃%)တစ်ယောက်၂သိန်းဆိုရင် ကျပ်ငွေ ၄၀၀ ဘီလီယံ(သိန်းပေါင်း ၄သန်း)။

tayokegyi00@gmail.com said...

အစကတော့
ပြည်သူ့ တပ်မတော်
ပြီးတော့
ပြည်သူ့ သတ်မတော်
နောက်တော့
ဝန်ထမ်းတွေ သတ်မတော်
နောက်ဆုံးကျ
အချင်းချင်း သတ်မတော်
ညစ်စရာမရှိတော့ရင် ကိုယ့်ဟာကို ပြန်ညစ်မယ့် သတ်မတော်

SN said...

ဆက်သွယ်ရေး ၀ံကြီးဆိုတဲ့ ငသိန်းထွန်းတို့ ရိုက်ချက်ကတော့ ပြင်းပါ့ကွာ....ဦးသိန်းစိန်းဆီကို ၀န်ထမ်းအင်အားစာရင်း ပို့ထားတာဆိုတော့ ဒီအပင်းတွေ မြိုဆို့ထားတာ ဦးသိန်းစိန်ပါ အတူတူပေါ့... ဘာတဲ့ ပြည်သူအကျိုးစီးပွားဒို့အလေးထား ဟုတ်လားဟ ကြံဖွတ်ဆောင်ပုဒ်က...မသေခင် ပုပ်မယ့်ကောင်တွေ...

thidalwin said...

သတိထားပြီးရေးကြပါ ၀န်ထမ်းတွေဖြစ်ပြီး လူတွေက ၀န်ထမ်းတွေဆို အကောင်းမြင့်ကြတာမဟုတ်ဘူး

MasterMyanmar said...

ဒီ သတင်းလေးကို ပိုပီး ခိုင်မာအောင် လုပ်ပီးမှ တင်လျှင် ပိုကောင်းသွားမှာပါ။ ခုလို မယူမနေရ လုပ်ခံရတဲ့ ဌာနတွေက ဘယ်ဌာနတွေလည်း။ နေပြည်တော်တင် (ရုံးချုပ်အဆင့်) ပဲလား၊ နယ်တွေရော ပါလား ဆိုတာလေးတွေပါ တင်ပြနိုင်လျှင် ပိုပြည့်စုံပီး ပိုတိကျသွားမှာပါ။
နေပြည်တော်မှာ တာဝန်ကျနေတဲ့ စီမံကိန်းက သူငယ်ချင်းကို ကျုပ်လှမ်းမေးကြည့်တော့ သူတို့ဌာနတော့ ဘာမှ ပြောသံ မကြားသေးပါဘူးတဲ့.

90+10=100 said...

ကျွန်တော်လဲ ဝန်ထမ်း တယောက်ပါ ၊ ဒီ စာကိုဖတ်မိလို့ သူငယ်ချင်း ၁၀ ယောက်(ဌာန မတူ)
ကို လိုက်ပြီး ဖုန်းဆက်မေးကြည့်ပါတယ် ၊ ဘယ်ဌာနမှာ မှ အတင်းအကြပ် ဝယ်ခိုင်းတာမျိုး
မရရှိကြောင်း စိစစ် တွေ့ရှိရပါတယ် ဗျာ ၊ ကောလ ဟာလ ဖြစ်ပါလိမ့်မယ်

Wathone Cho said...

အာ အကြပ်မကိုင်ပါဘူးဟ ၀ယ်ချင်မှဝယ်ပါ ...
ဘယ်သူပြောလဲ အကြပ်ကိုင်ရောင်းတယ် လို့..
ခက်ပါ့ လူတွေလဲ..
ငါကိုယ်တိုင်ဝန်ထမ်းမို့ပြောတာ..

lawkathitsar said...

ကျွန်တော်လဲ ဝန်ထမ်း တယောက်ပါ ၊ ဒီ စာကိုဖတ်မိလို့ သူငယ်ချင်း ၁၀ ယောက်(ဌာန မတူ)ကို လိုက်ပြီး ဖုန်းဆက်မေးကြည့်ပါတယ် ၊ ဘယ်ဌာနမှာ မှ အတင်းအကြပ် ဝယ်ခိုင်းတာမျိုး မရရှိကြောင်း စိစစ် တွေ့ရှိရပါတယ် ဗျာ ၊ ကောလ ဟာလ ဖြစ်ပါလိမ့်မယ်

aung naing said...

စစ်ဗိုလ်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေပေါင်းပြီးပြည်သူကိုခေါင်းပုံဖြတ်၊လည်ပင်းညစ်နေတာတွေရပ်ကြပါတောလားဗျာ၊ဒါမှမဟုတ်ရင်တော့ပြည်သူတွေငတ်ရငိးတော့အသေမခံဘူး၊တောလှန်ရင်းအသေခံသွားကြမယ်။အဲဒိအခါမှပြည်သူတွေကိုအဆိုးမဆိုပါနဲ့။

မြန်မာပြည်သား said...

အော်...မြန်မာ့ဆက်သွယ်ရေး....မြန်မာ့ဆက်သွယ်ရေး
နိုင်ငံခြားကုပ္မဏီတွေနှင့်ပေါင်း...ပြည်သူတွေကိုဖုန်းတွေဈေးကြီးကြီးနှင့်ရောင်း
သူတို့လူကြီးတွေကအထက်ကနေမြိုစို့....စားလို့မ၀သေးတော့...5000 တန်ဖုန်းကို permit မပေး...အော်...မြန်မာ့ဆက်သွယ်ရေး....မြန်မာ့ဆက်သွယ်ရေး
ရောင်းချင်လိုက်တဲ့ 200000 တန်ဖုန်း....ကြပ်လိုက်တဲ့ဖုန်းလိုင်း...

ယုယ said...

အလွန့်အလွန် မှန်ကန်ကြောင်းပါဗျား...

Ko Htet said...

အော်---ကိုသိန်းတို့ကတော့---လွတ်လွတ်ကျွတ်ကျွတ် နိုင်ငံခြားကို ရှောင်၊ "ငါမရှိတုန်း မင်းတို့လုပ်ချင်တာလုပ်၊ ပြန်လာရင် မသိသလိုနေပေးမယ်၊ Commission သာမမေ့နဲ့ " လို့မှာသွားလို့နေမယ်။။

အရူး said...

ဆင်ဆင်ခြင်ခြင်ပြောပါ
ငါလဲ ၀န်ထမ်းပဲ
မင်းပြောတာဟုတ်မဟုတ်မင်းပဲသိမယ်

မိုက်ကယ် said...

စိတ်ပျက်ဖို့ကောင်းလောက်အောင် စိတ်ကုန်တယ်။ ဘယ်လိုပြောရမယ်မှန်းကို မသိတော့ဘူး။

lawkathitsar said...

ကျွန်တော်လဲ ဝန်ထမ်း တယောက်ပါ ၊ ဒီ စာကိုဖတ်မိလို့ သူငယ်ချင်း ၁၀ ယောက်(ဌာန မတူ)ကို လိုက်ပြီး ဖုန်းဆက်မေးကြည့်ပါတယ် ၊ ဘယ်ဌာနမှာ မှ အတင်းအကြပ် ဝယ်ခိုင်းတာမျိုး
မရရှိကြောင်း စိစစ် တွေ့ရှိရပါတယ် ဗျာ ၊ ကောလ ဟာလ ဖြစ်ပါလိမ့်မယ်

Myanmar-lover said...

လုံးဝမဖြစ်နိုင်ပါဘူး ဆိုင်တွေမှာ ရောင်း မလောက်ဖြစ်နေတာ ကို မသိလို့ ဝေဖန်တာ ဖြစ်မှ ရမ်းပြော ရမ်းယုံ တွေများ ရင် လူအဖွဲ့အစည်းအတွက်ရင်လေး စရာဘဲ

ကိုကိုကြီး said...

မြန်မာ့ဆက်သွယ်ရေးဟာ...တော်တော်အောက်တန်းကျပါတယ်ခင်ဗျာ..။ ဘာဖြစ်လို့လဲဆိုတော့...မသိခြင်ထောင်..ခြင်ထောင်နေပါတယ်..။ 5000 နဲ့ ဖုန်းပြောဆက်သွယ်မှုတွေ လုပ်လို့ရတယ်ဆိုတာ မသိခင်တုန်းကတော့.. ထားပါဗျာ..။ ဒီလောက်..လယ်ပြင်မှာဆင်သွားတာထက်တောင် ထင်ရှား နေတာကို ပြည်သူတွေဆီက..ပိုက်ဆံကို မတရားလိုချင်တယ်ဆိုတာ ထင်ရှားနေပါတယ်...။ အမှန်ကိုထင်ရှားနေတယ် ဗျာ...။ ဂုဏ်သိက္ခာမရှိတဲ့...ဆက်သွယ်ရေး ဆိုတာ..ကျိန်းသေသွားပါပြီ...။ တစ်ခုတော့ထွက်ပေါက်ပေးလိုက်မယ်...ဘယ်အတွက်ကြောင့်၊ ဘယ်လို လုပ်ရတာပါဆိုတဲ့...ထုချေလွှာလေး..မြန်မာ့ဆက်သွယ်ရေးက အရာရှိတွေ အရှက်ရှိသေးရင်ရေးတင်ကြပါ....။

KyawTun said...

ကျွန်တော်က ဆက်သွယ်ရေးက ၀န်ထမ်းမဟုတ်ပေမဲ့ နေပြည်တော်က ၀န်ထမ်းတစ်ဦးပါ... ဖုန်းတွေချပေးမယ်ပြောတော့ ကျွန်တော်တို့အထက်လူကြီးက ဖုန်းတွေယူမဲ့သူတွေစာရင်းပေးလို့ပြောပါတယ်။ ဖုန်းယူမယ့်သူတွေစာရင်းပေးကြပါတယ်။ မယူမနေရမဟုတ်သလို၊ အထက်ပိုင်းမှအောာက်ပိုင်းမှလည်းမဟုတ်ပါဘူး။ ကိုယ်သဘောနဲ့ကိုယ်ယူကြတာပါ။ အဲ ပိုက်ဆံသွားသွင်းရတော့မယ် ဆိုရော ဖုန်းတွေအချောင်ရမလားဆိုပြီး နာမည်ပေးထားတဲ့သူတွေက မယူတော့ဘူးတဲ့ ဖြစ်ကုန်တယ်။သူတို့က အစိုးရက ဖုန်းအလကားချပေးမလား၊ တော်ကြာ နာမည်စာရင်းမပေးထားရင် မရလိုက်ပဲနေဦးမယ်၊ အဲလိုအတွေးမျိုးတွေနဲ့။ အဲတော့ ဆက်သွယ်ရေးမှာ ယူမဲ့သူစာရင်းတွေပို့ပြီးနေပြီ။ ကျွန်တော်တို့ဌာနကတော့ နောက်ယူမဲ့သူတွေ အစားထိုးလို့ အဆင်ပြေသွားတယ်။ လူစားမရှိတဲ့ဝန်ကြီးဌာနတွေကတော့ အထက်ကပြောသလို နာမည်စာရင်းပေးပြီးမယူတော့အတင်းယူခိုင်းတာဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနတောင် လူလေး၎ ၅ ယောက်လိုတာ တော်တော်အလုပ်ရှုပ်သွားတယ်။ ဒီနေ့တော့ ဖုန်းကပ်တွေအကုန်ရလာလို့ ဝေပေးလိုက်ပါပြီ။ ကျွန်တော်ကတော့ ၅၀၀၀ တန်ဖုန်းကိုပဲ စောင့်ရင်း .....

Anonymous said...

ဒီသတင်းမှားနေပါတယ်။ ကျွန်တော်လဲ နေပြည်တော်က အငယ်တန်း စာရေး (ဝန်ထမ်း)တစ်ဦးပါပဲ။ ကျွန်တော်တို့ဌာနမှာတော့ မဝယ်မနေရ ဆိုတာမျိုး မကြားရပါဖူး။ တစ်ချို့လဲ စာရင်းပေးပြီး အပြင်က Laser မှာ ၆၀၀၀၀ နဲ့ အရစ်ကျဝယ်တာပိုကောင်းတယ် ဆိုပြီး ပြောင်းသွားကျတာပါပဲ ။ ကျွန်တော့ လစာနဲ့ ကိုယ့်ဘာသာကို မလောက်လို့ မဝယ်ပါဘူး ။ မဝယ်မနေရတော့ မကြားပါဘူးဗျာ။ ဒီသတင်းမှားကြီးကို ဖတ်ပြီး အလကား စိတ်တိုနေကြရ ဦးမယ်.....

worker said...

မဟုတ်ပါ။ ၀ယ်ချင်ဝယ် မ၀ယ်ချင်နေလို့ရပါတယ်။ ညီမတို့ ဌာနကတော့
မ၀ယ်လဲရတယ် ။ အပြင်မှာ ၀ယ်ကြပါတယ်။

ဝန်ထမ်း said...

အကြပ်ကိုင်တာတော့မရှိပါဘူး ယူရင်ပေးမယ်လို့အကြောင်းကြားတာပါ ဆက်သွယ်ရေးကိုတစ်ခုပြောချင်တယ် ၁၅ သိန်းခေတ်တုန်းက ၀န်ထမ်းတွေကို ဒီလိုပေးဖူးလား သွားလျှောက်ရင်တောင် မတူသလိုမတန်သလိုနဲ့ တောက်ရင်နာတယ် ဆက်သွယ်ရေးဌာနလည်းဖျက်ပစ်သင့်တယ်..တောက်.......

ဝန်ထမ်း said...

ဟိတ်ကောင်တွေကြည့်ပြောကွာ စစ်ဗိုလ်တိုင်းမချမ်းသာဘူး ...

Kingdavid said...

ဘာ.ကြောင်.ပါလဲဗျာ ပြည်သူရဲ.အသံကိုပြည်သူ.ကိုယ်စားလှယ်တွေအပြည်.အ၀ဘဲနားမထောင်တာလား ပြည်ထောင်စုအစိုးရအဖွဲ.ကရော်မလုပ်ပေးချင်တာလား ဘာကြောင်.လဲ ဘာတွေကဆီးတားနေလို.လဲခေတ်နဲ.မလျော်ညီတဲ. ဥပဒေကြောင်.လားအာဆီယံဒေသတွင်းကိုဘဲအရင်နှိုင်းယှဉ်ကြည်.လိုက်ရင်မြန်မာနိုင်ငံရဲ.ဆက်သွယ်ရေးစနစ် က........။ကျွန်တော်တို.လက်ရှိအစိုးရအသစ်(အာဏာရပါတီ)ကိုယုံ
ကြည်ချင်ပါတယ် မှတ်မှတ်ရရ(မြစ်ဆုံ ၊ ၀န်ထမ်းလစာ )တတ်နိုင်တဲ.အပိုင်းကနေအစိုးရအဖွဲ.ကခွင်.ပြုနေတယ် အခု ၅၀၀၀ တန် ဖုန်းကရော် ခွင်.မပြုနိုင်လို. ၂ သိန်း (.မတရားတဲ.ဈေနှုန်း) နဲ.ဌားရမ်းသုံးစွဲခွင်.ပြုတယ် ၂၀၁၂ ခုနှစ်အတွက်ဈေးက မပြောင်းလဲတော.ဘူးဆိုပြီးသတင်းတခုမှာဖတ်ထားရတယ် ၊ဆက်သွယ်ရေးစနစ်ကောင်းလွန်းရင် information တွေမြန်မှာဆိုးလို.လား ဒီလောက်ဆိုပြည်သူတွေအပေါ်လူလည်လုပ်တာတော်လောက်ပါပြီဗျာ .....တခါတလေ ရင်နာလွန်းလို.....စိတ်ဓာတ်တွေ ကျ တဲ.လူငယ်တွေ ကိုယ်.ကိုကိုယ်အဆုံးစီရင်တဲ.သူတွေရှိနေပြီဆိုတာ မမေ.လျောဘဲ လူငယ်တွေအတွက်ဘယ်လိုတွေဆောင်ရွက်ပေးနိုင်မှာလဲလို.သေဆုံးသွား
တဲ.လူငယ်လေးကိုခံစားမိရင်း ရေးလိုက်မိပါသည်

Anonymous said...

သတင်းမှားပါ မ၀ယ်မနေရ မဟုတ်ပါ လိုချင်ရင်စာရင်းပေးဆိုတာလောက်ပါပဲ တစ်ခုခုတော့ဆက်သွယ်မှုရှိမယ်ထင်ပါတယ် ဌာနတိုင်းကစာရင်းတောင်းတယ်ဆိုတော့လေ အရစ်ကျရောင်းပေးမှာလားမေးတော့လဲ မဟုတ်ပြန်ဘူး ဌာနတိုင်းကစာရင်းကောက်ခိုင်းတယ် ဆိုတော့ စဉ်းစားမိတာပါ တို့ရုံးမှာလဲစာရင်းကောက်တယ်

Myanmar said...

ပြောသွားတာများ ကြည့်ကြအုံးကွာ။ သမ္မဆီ ၀န်ထမ်းစာ၇င်းပို့ထားတယ် မ၀ယ်၇င် အေ၇းယူမယ်တဲ့။ ဒီသမ္မတက အ တာလား။ သမ္မတ၇ဲ့ ၀န်ထမ်းတွေက လည်လွန်းတာလား။ ။

naymin100 said...

မယူမနေရဆိုတာတော့ မရှိပါဘူး...
ဒါပေမဲ့ အစောပိုင်းတုန်းကတော့ ၀န်ကြီးဌာနတွေက ၀န်ထမ်းတွေကို အကြွေးရောင်းပေးပြီး လစာထဲကဘဲ အရစ်ကျပြန်ဖြတ်မလိုလိုနဲ့..
အင်း..နောက်ဆုံးတော့လဲ ဒီဘူတာဘဲဆိုက်တာပါဘဲ..
အစိုးရ၀န်ထမ်းများကို ပေးတဲ့ ထောက်ပံ့ကြေး သုံးသောင်းဆိုတာကလဲ
ရေဖိုးပေးလိုက်ရ၊ မီတာခတိုးကောက်တာ ဆောင်လိုက်ရ၊ အခုလဲ..
လာပြန်ပါပြီ ၀င်ငွေခွန်တဲ့..
အော်.. ကုလားခပ်တဲ့ရေလဲ.. ကုလားဖင်ဆေးတာနဲ့ ကုန်ပါပြီ
ပြောတော့လဲ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့တဲ့..
ကြာရင်တော့ ၀န်ထမ်းတွေလဲ ခွက်ဆွဲပြီး တောင်းစားရုံဘဲရှိတော့မှာဘဲ..
အဲဒီအခါကျရင်လဲ တောင်စားခွန်ဆိုပြီး အခွန်ဆောင်ချင်ဆောင်နေရအုံးမှာ

တနသ်ာရီသတင်း said...

မိုးထက်(မြိတ်)
ကိုသစ်ထူးလွင်ရေ ကျနော် comment လေးလည်းတင်ပေးပါဦးဗျ
ကျနော်ကအမှန်တရားကိုပဲစိတ်ဝင်စားတယ်ဗျ
ဝန်ထမ်းတွေကိုဖုန်းအကြပ်ကိုင်ဝယ်ခိုင်းတာလုံးဝမဟုတ်ပါဘူးကျနော်သူငယ်ချင်းဝန်ထမ်းတစ်ယောက်ကိုမေးလိုက်တော ပိုက်ဆံမရိုလိုမ၀ယ်တာ အကြပ်ကိုင် ၀ယ်ခိုင်းလိုရတာမျိုးလားတဲ့ သူပြောတာမှန်တယ် ဒါကတော
အသိ ရှိတဲ့လူတိုင်း စဉ်းစားလိုရတာပဲဗျ....

တနသ်ာရီသတင်း said...

မုန်းရန်ခက်(သို့)မိုးထက်
အပေါ်က naymin100 ခင်ဗျာ ဒီမိုကရေစီ ဆိုတာတယ်ကယ်နားမလည်သေး
ဘူးဆိုတာယုံသွားပြီဗျ ဒီမိုကရေစီဆိုတာ ငွေခွန်သွင်းရတာပဲမှတ်ထားလိုက်
ဘာမှန်းမသိပဲ လျှောက်ပြောမနေနဲ့....
ဒီငွေ(၃၀၀၀၀)မရတုန်းကဘာနဲ့ပေးနေတာလဲ..

aung zin moe said...

သတင်းဆိုတာ သေချာရင် သတင်း
မသေချာရင် အတင်းပြောတာပဲဗျ လူအများသိအောင်ပြောပြချင်တယ်ဆိုလည်း
သတင်းမှန်မမှန်အရင်စုံစမ်း သေချာမှ ပြောစေချင်တယ် ဒီလူတစ်ယောက်က မကောင်းတာတွေပဲလုပ်တယ်လို့ သတ်မှတ်ပြီး သူလုပ်သမျှအကောင်းမမြင်တာ အတ္တဆန်ရာရောက်တယ်ဗျ...
ကျွန်တော်နေပြည်တော်က ၀န်ထမ်းတစ်ယောက်ပါ
ကုမဏီတွေက စပြီး အရစ်ကျစနစ်နဲ့မရောင်းခင် ၀န်ကြီးဌာနတွေက ၀န်ထမ်းတွေကို ဦးစားပေးတဲ့အနေနဲ့ ချပေးတာပါ .. ကျွန်တော်တို့ဌာနခွဲလေးမှာ အလုံးရေ 38 လုံးပဲချပေးတာပါ ယူချင်သူတွေက 54 ယောက်လောက်တောင်ရှိနေလို့ မဲနှိုက်ပြီးတောင် ၀ယ်ယူကြပါတယ်... နောက်မှ ဆိုင်တွေမှာ အရစ်ကျစနစ်နဲ့ ၀ယ်လို့ရတာသိပြီး မ၀ယ်ချင်သူတွေပေါ်လာတာပါ.. ပြောချင်တာကတော့ဗျာ အခုတင်ထားတဲ့ သတင်းက မမှန်ကန်ဘူးလို့ပြောချင်တာပါ... အရာရာကို ချင့်ချိန်ပြီးယုံကြည်ကြစေချင်တယ်......

မြန်မာပြည်သား said...

ကိုသစ်ရေ..သတင်းမှန်မမှန်တော့ကျွန်တော်တကယ်မသိတာပါ.
ကျွန်တော်သိတာက...
မြန်မာ့ဆက်သွယ်ရေးကနိုင်ငံခြားကုပ္မဏီတွေနှင့်ပေါင်း...ပြည်သူတွေကို
ဖုန်းတွေဈေးကြီးကြီးနှင့်ရောင်း
သူတို့လူကြီးတွေကအထက်ကနေမြိုစို့....စားလို့မ၀သေးတော့...5000 တန်ဖုန်းကို permit မပေး...အော်...မြန်မာ့ဆက်သွယ်ရေး....မြန်မာ့ဆက်သွယ်ရေး
ရောင်းချင်လိုက်တဲ့ 200000 တန်ဖုန်း....ကြပ်လိုက်တဲ့ဖုန်းလိုင်း...

naing oo aung said...

It is one of the robbing way to people among the various ways.Actually robbers.

Theodo said...

မ၀ယ်မနေရတော့မပြောပါဝူးဗျာ။ကျွန်တော်လည်းဝန်ထမ်းမို.လို.ပါ။
ယူမလားမေးတယ် ရှိပီးသားမို.ငြင်းလိုက်တယ်။ဘာမှမဖြစ်ဖူး။

Myanmar said...

စားလို့ မ၀ကြသေးဘူးလားဗျာ အခုဟာက လွန်နေပိနော် တကယ်ဆို အလကားပေးရမဲံ့ ဆင်းကတ် promotionလုပ် ငွေဖြည်ကတ်ကို ပိုက်ဆံနဲ့ရောင်း

သူများနိုင်ငံများ သိတာလေးနည်းနည်းပြောဦးမယ် ဆင်းကတ်တစ်ခု မြန်မာငွေ ၂၀၀၀ ထောင် နိုင်ငံခြားသား ပတ်စ်ပို့စ် ယူခဲ့ ပီတယ် ၁၅ မီနစ်အတွင်းလိုင်းပွင်တယ်။ ဆင်းကတ်ထဲ့မှာ ၁၀၀၀ ဖိုးလောက်က ငွေပါပီးသား တစ်မီနစ် ၁၀ကျော် အဲလောက်များလုပ်ပေးမယ်ဆို၇င် ။
နောက်နိုင်ငံတစ်ခုက မြန်မာငွေ ၃၂၀၀ ဗျာ ဘယ်လောက်ကွာလဲ လုပ်ကြပါဦး အရပ်ကတို့ရေ....။

Anonymous said...

မတရားမလုပ်ကြပါနဲ့
အောက်ခြေက ၀န်ထမ်းတွေရဲ့ မျက်နှာကိုလဲ ပြန်ကြည့်ကြပါအုံး

Anonymous said...

၂၀၀၀၀၀ တော့များတာပေါ့။ ၅၀၀၀ နဲ့ ရောင်းပေးသင့်တယ်။ ၀န်ထမ်းတွေသနားတယ်။ အဲဒီ ဖုန်ကြွေး မပြီးသေးသမျှ အဆာငတ်ခံကြပေါ့။ဝန်ထမ်းတွေ သေ ရော..........

-crat said...

သတင်းအမှားကြီးပါ။ ကျွန်တော့ရဲ့အသိ ကျောင်းဆရာမတစ်ယောက်ကလည်းပဲ အတင်းအကြပ်ရောင်းတယ်ဆိုတာ မဟုတ်ပါဘူးတဲ့..ဘာကြောင့်များ အမှားကိုအမှန်လုပ်ပီး တိုက်ခိုက်ချင်နေရတာလဲ

papa said...

မဟုတ်သေးဘူးနဲ့တူတယ်။တစ်ခုခုတော့လွဲနေပြီး။

Anonymous said...

ဖုန်းကပ်တော့ရမရမသိသေးဘူး စာရင်းပေးမိလို့ ပိုက်ဆံကတော့ သောကြာနေ့က200000အပြည့်ပေးလုက်ရပြီ အပြင်မှာလည်း (လူကြီးမင်းမှာ) 200000ပဲဒါပေမဲ့ကပ်ချက်ချင်းရတယ်လေ
ဌာနမှာတော့ဖုန်းကပ်ကဘယ်ဆီနေမှန်းမသိသေးဘူး ပိုက်ဆံပေးလိုက်ရပြီ

kyaw zun said...

Ho Ho

ှဆရာရဲ၏စာမျက်နှာများ said...

အေးဗျာ...နေရာတကာလည်ပင်းညှစ်နေတော့တာပဲ။ ဝန်ထမ်းတွေလည်း ဝဋ်ရှိသရွေ့တော့ခံပေဦးတော့ပေါ့။ မကြာခင်မှာတော့ပြောင်းလဲလာကောင်း ပါရဲ့ဗျာ။

sean said...

ဟုတ်ပါတယ် စစ်ဗိုလ်တိုင်းမချမ်းသာကြပါဘူး.. ဒါပေမဲ့ ခပ်ကြီးကြီး စစ်ဗိုလ် ဇနီး သားမယားတွေ ကုမ္ပဏီ နဲ့ အတူချမ်းသာကြပါတယ် ၉၀ % အထက်ပေါ့

heinlay said...

ငါတို့ ဌာနမှာ ဘယ်သူ့ကိုမှ အတင်းအကြပ်မရောင်းပါဘူး
ဝယ်ချင်တဲ့သူ ၀ယ်ပါ မ၀ယ်ချင်လဲ မ၀ယ်လို့ရပါတယ်

naypitaw thar said...

အစ်ကို ..
ကျွန်တော်တို့ ဌာန မှာတော့ မယူမနေရလို့ မပြောပါဘူး။ ဖုန်းယူတဲ့ အရေအတွက်က များနေလို့ မဲ စနစ်နဲ့  လုပ်နေရတယ်....။ စာရင်ပေးပြီး အကြောင်းအမျိုး2 ကြောင့် မယူဖြစ်ရင်လည်း စာရင်းပြန်ဖြတ်လို့ ရပါတယ်။ ဒီနေ့ သတင်းအသစ် အနေနဲ့  ဖုန်းမရသေးသောသူနှင့်ဖုန်းရထားပြီးသားသူတွေတောင် နောက်တစ်လုံးယူချင်ရင် ယူလို့ရပါတယ်လို့ ပြောပါတယ်။

minhtet said...

ကျုပ်ကတော့ "တန်ဖိုးနဲ" SIM ကတ်တစ်ကတ်ကို ၂ သိန်းနဲ့ရောင်းတယ်ဆိုတာ တော်တော် တရားလွန်တယ်တယ်လို့မှတ်ချက်ချတယ်..ကျုပ်အခုရောက်နေတဲ့ INDIA မှာ ဆက်သွယ်ရေးကုမ္မဏီ ၁၆ ခုရှိတယ် (Airtel,Aircel,Vodafone,IDEA,Reliance,Docomo,....)စတဲ့ ကုမ္မဏီတွေက SIM card တစ်ကတ်ကို ၅၀ ရူပီး(၈၀၀ ကျပ်)အများဆုံးရောင်းတယ် ဆက်သွယ်ခက တမိနစ်ကို ၀.၈ ရူပီး(၁၃ ကျပ်) Foreign ကတော့အများသတ်မှတ်ချက်အတိုင်းဘဲ မြန်မာပြည်က ဆက်သ်ွရေး က လူကြီးတွေ ပြည်သူ့အတွက်ဆိုတာ အသံကောင်းဟစ်နေတယ်လို့ ထင်ပါတယ်ဗျာ...

naypitaw thar said...

အစ်ကိုရေ ...တစ်ခုခုတော့ မှာနေတာသေချာတယ်...။ ကျွန်တော်တို့ ဌာနမှာတော့  အဲ့ လို့ မဟုတ်ဘူး။

Too Too said...

ငါးထောင်တန်ဆိုရင်တော့အခုယူမှာပါ။ စာရင်းတောင်းစရာမလိုပါဘူး။ ဒါပေမဲ့ 5000 တန်ကိုတော့ သမတကြီးကိုယ်တိုင်မသိချင်ယောင်ဆောင်နေတယ်။

Shwe Myat said...

အတင်းကျပ်ဝယ်ခိုင်းခိုင်း မ၀ယ်ခိုင်းခိုင်း ပြည်သူကတော့ မရှိတော့မရှိသုံးသုံးနေရတယ် မချစ်သော်လည်းအောင့်ကာနမ်းပေါ့ နိုင်ငံတကာဗဟုသုတရှိသူတွေအမြင်ရှိကြသူတွေကတော့ ကျယ်ကျယ်လောင်လောင်ကန်.ကွက်ကြတာပေါ့ သို.ပေမယ့်လည်းလေ မြန်မာတွေက သည်းခံတတ်ကြပါတယ် သူတို.ပြုသမျှခံနေရတာလည်းကြာပြီဆိုတော့ ဇွဲကောင်းကောင်းနဲ.မျှော်ကြတာပေါ့ ဒါပေမယ်လည်း ရွှေပြည်တော်မျှော်တိုင်းဝေး.... မြေဈေးကြီး ကားဈေးကြီး ဖုန်းဈေးကြီး ကျွန်ဖြစ်မှန်းမသိဖြစ်နေရတယ်ကွာ.. တောက်...

yankinthar said...

ကျေးဇူးအထူးတင်ပါသည်။

ပုသိမ်သားလေး lionsun said...

ုစားပြီနာမလည်။ လုပ်ရပ်ပါဗျာ ....

ko pwa said...

ငါ့ဆိုင်မှာတော့ လိုချင်တဲ့လူများလို့ ရှိသမျှကတ် အကုန်ပြောင် နောက်လူတောင်မှ တင်ခိုင်းထားရတယ်

အိုးဝေ said...

နှစ်သိန်းဖုန်းလည်းစရောင်းရော
ရွှေ၈ုံတိုင်ဆက်သွယ်ရေးက ၀န်းတံခါးကိုလည်းလာကြည်.ပါအုံး
မသမာငွေတွေနဲ.ပြင်ထားတာ

dawei boy said...

ထားဝယ်မြို့ တွင် ကျပ်နှစ်သိန်းတန် ဖုန်းကဒ် အသုံးပြုသူ၏ပြောကြားချက်
ထားဝယ်မြို့ တွင် နှစ်သိန်းတန် ဖုန်းကဒ် အသုံးပြု လိုတော့ ရနေပါပြီ။ ဒါပေမဲ့ ဝယ်ယူရမည့်နေရာ က ထားဝယ်ဆက်သွယ်ရေးရုံးထဲမှာ ပဲ့ ဖြစ်နေပါတယ်။ဆက်သွယ်ရေးရုံးမှာ မ၀ယ်ချင်လို အပြင်ဆိုင်မှာ မေးကြည့် တော့  ထားဝယ်ကဒ်ကမရပါ အခြား တိုင်းက ဖုန်းကဒ်အမည်ပေါက် တွေပဲ့ ရတယ် လိုပြောပါတယ်။ အခြားတိုင်း တွေမှာ က အပြင်ဆိုင် တွင် ကိုယ်ကြိုက်သလို ၀ယ်လိုရနေပြီး တနေ့ ကို ကဒ် ၅၀ လောက် ရောင်းနေရတယ်လို အပြင် Mobile ဆိုင်တွေက ပြော ပါတယ် ဖုန်း နံပါတ် က ၀၉ -၄၀xxxxxxx နှင့် ၀၉-၄၀၅၂xxxxx ဖြစ်ပါ သည် ထားဝယ်မြို့ မှာ က ဘာကြောင့်မရတာလဲ။ ကျွန်တော် က ထားဝယ်ကဒ် အမည်ပေါက် မျော်နေတာ မရပါ။ဆက်သွယ်ရေးရုံးမှာလည်း ချက်ချင်းမရပါ။ထားဝယ်ကဒ် ကို အပြင် Mobile ဖုန်းဆိုင်တွေမှာ မြန်မြန် ချပေး စေချင်ပါတယ်။မျော်နေရတာ လည်းအရင်တိုင်းပါ ပဲ့ ။။ ထားဝယ်သားတစ်ယောက်

dawei boy said...

စိတ် မပျက်ပါ နဲ့ တို့ မြန်မာနိုင်ငံ မှာက သန်းသုံးဆယ်ကြီးတောင်ရှိတယ်ကွ

hinnayee said...

comment ပေးသူ များ စာဖတ်တာကို ဖြစ်နိုင်မဖြစ်နိုင် အရင်ဆုံး စမ်းစစ်ပါ ဝေဖန်တာကို နောက်မှ ဝေဖန်သင့်တယ်လို့ထင်တယ်
သူများပြောတိုင် ယုံတာတော့ မကောင်းဘူးလို့တင်ပါတယ်

Powered by Blogger.