နောက်ပြန် လှည့်နိုင်သေးလို့ ဒေါ်စု ဆို

နှစ် ၅ဝ ကြာ စစ်အုပ်ချုပ်ရေးက ဦးဆောင်တဲ့ ဒီမိုကရေစီ ပြောင်းလဲရေး တွေဟာ နောက်ပြန် မသွားတော့ဘူးလို့ ပြောဖို့ စောလွန်းကြောင်း မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဗုဒ္ဓဟူးနေ့က ပြောကြား ခဲ့ပါတယ်။

တချို့က သိပ် အကောင်းမြင်လွန်း နေတယ် ၊ သူ့အနေနဲ့တော့ အခြေအနေကို သတိထားပြီး အကောင်းမြင်တယ်လို့ ကနေဒါ နိုင်ငံ အော့တာဝါ တက္ကသိုလ် ကျောင်းသားတွေကို ဗီဒီယိုနဲ့ စကားပြော ရာမှာ ဒေါ် အောင်ဆန်း စုကြည်က ပြောဆို ခဲ့တာပါ။

အကြွင်းမဲ့ အာဏာဟာ စစ်တပ်လက် မှာပဲ ရှိနေသေး တာမို့ ဒီမိုကရေစီ ကူးပြောင်းရေးကို စစ်တပ်က လုံးဝ ထောက်ခံ မလာမချင်း နောက်ပြန် လှည့်မယ့် အန္တရာယ် မရှိဘူးလို့ ပြောလို့ မရသေးကြောင်း ဒေါ် အောင်ဆန်း စုကြည်က ဆိုပါတယ်။

မြန်မာပြည် အခြေအနေဟာ ပြုပြင် ပြောင်းလဲရေး လမ်းစပေါ် ရောက်နေပြီလို့ ဒေါ် အောင်ဆန်း စုကြည် ပြောဆိုခဲ့ပြီး ဧပြီ ကြားရွေးကောက်ပွဲကို ဝင်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

နေပြည်တော်မှာ ဒေါ် အောင်ဆန်း စုကြည် စည်းရုံးဟောပြောဖို့ စီစဉ်ထားတဲ့ လယ်ကွင်းကို အသုံးမပြုဖို့ ဒေသ အာဏာပိုင်တွေက တားမြစ်မှုတွေ ရှိနေတယ်လို့ သတင်း ရရှိပါတယ်။

by-BBC
နောက်ပြန် လှည့်နိုင်သေးလို့ ဒေါ်စု ဆို နောက်ပြန် လှည့်နိုင်သေးလို့ ဒေါ်စု ဆို Reviewed by သစ်ထူးလွင် on 10:39 Rating: 5

12 comments:

Anonymous said...

နောက်ပြန်လှည့်ရင်.လည့်တဲ့မျက်ခွက်.----ဒုတ်
နဲ့သာရိုက်ချလိုက်..

tharzaw said...

အကြွင်းမဲ့ အာဏာဟာ စစ်တပ်လက် မှာပဲ ရှိနေသေး တာမို့ ဒီမိုကရေစီ ကူးပြောင်းရေးကို စစ်တပ်က လုံးဝ ထောက်ခံ မလာမချင်း နောက်ပြန် လှည့်မယ့် အန္တရာယ် မရှိဘူးလို့ ပြောလို့ မရသေးကြောင်း ဒေါ် အောင်ဆန်းစုကြည်က ဆိုပါတယ်။
(မှန်လိုက်တာအမေရယ်)

ဝေဖန်ရေး said...

ဟုတ်တယ်။အန်တီစု ပြောတာမှန်တယ်။ အင်္ဂလိပ် လက်ထက် ရွှေရည်စိမ် လွတ်လပ်ရေး ကမှ အခုအစိုးရထက် သာအုံးမယ်။အခုဟာက ချီးရည်စိမ် ဒီမိုကရေစီ ဗျို့။

Unknown said...

NLD လယ်ကွင်းလောက်တောင်မှ နေရာမပေးနိုင်ရင် အဓိကကြတဲ့ နေရာတွေကို အောင်နိုင်ရင်လဲ ပေးမှာလား ဆိုတဲ့ မေးခွန်းက သံသယ ဖြစ်စရာပါ။ (ဆရာတော်)

kiddykid said...

ဟုတ်ပါတယ်၊မှန်ပါတယ်၊အပြည့်အ၀ကိုထောက်ခံပါတယ်။

Anonymous said...

ဟုတ်ပါတယ်။
ကလောမြို့မှာတော့ စစ်တပ်မိသားစုများနဲ့ ရဲမိသားစုများကို
ဟောပြောပွဲမသွားဖို့တားမြစ်ထားပါတယ်။

innthar said...

အပြည့်အ၀ယုံကြည်လို့မရတာတော့အမှန်ပါ။

မျိုးစင်ဆွေဆက် said...

အရမ်းမှန်တဲ့ ...အမေ့ စကား..

Myanmar said...

သေချာတာပေါ့ ဒီကောင်တွေက တ၇ားသဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမှမ၇ှိတာ။ ပြည်သူကိုလဲ မသနားဘူး။ လူသက်တမ်းလေးတစ်ခုစာအတွက် သိပ်ကိုမိုက်တဲ့လူတွေဘဲ။ ။

kokomg said...

..အမေ့ စကား အမှန်ပါ ။

phomesatpaing said...

နေပြည်တော်မှာလယ်ကွင်းကို စည်းရုံးဟောပြောဖို့အသုံးပြုခွင့်ပြုလိုက်ရင် သူတို့ခေါင်းပေါ်ကို ချီးတက်ပါ ခွင့်ပြုသလိုဖြစ်သွားမှာပေါ့ဗျ၊

aungthapyayhtun said...

ကြံဖွတ်ကကောင်တွေရှက်တတ်ရင်သေလို့ ရတယ်...ဒီကောင်တွေ ခုရွေးကော်ပွဲမှာလဲ ဘာတွေ မလှိမ်တပါတ်လုပ်မယ်မသိဘူး ....

Powered by Blogger.