အစိုးရတပ်က အဆိပ်ငွေ့သုံး၍တိုက်ခိုက်ဟု ကေအိုင်အေစွပ်စွဲ

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းနေပေ မယ့် ကေအိုင်အေနဲ့  အစိုးရ အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အခု သီတင်းပတ် အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတခုမှာ အစိုးရတပ်ဘက်က အဆိပ်ဓာတ်ငွေ့တွေပါ သုံးစွဲလာတယ်လို့ ကေအိုင်အိုပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။
ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကန်ဒေါင်ယန် ကျေးရွာအနီးက တိုက်ပွဲမှာ အစိုးရဘက်က ဒီအဆိပ်သင့် ကျည်ငွေ့တွေကို သုံးခဲ့တာလို့ သူက ပြောပါတယ်။ မြစ်ကြီးနား ဗန်းမော်သွား လမ်းပေါ်မှာ ရှိတဲ့ အဲဒီ တောင်ကုန်းတွေပေါ်က ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ ခြေကုပ်စခန်းတွေ ကို ခလရ ၄၆၀၊ ခမရ ၃၉၀ စတဲ့ အစိုးရတပ်က လွန်ခဲ့တဲ့ ၃ – ၄ ရက်က စပြီး သိမ်းဖို့ကြိုးစားတဲ့အတွက် တိုက်ပွဲ ဆက်ဖြစ်နေတယ် လို့ သူက ဆိုပါတယ်၊။
၂၀၁၁​ ခုနှစ် နှစ်လည်ပိုင်းက ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရတို့ အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတခုမှာလည်း အစိုးရဘက်ကပစ်တဲ့ ကျည်ဆံပေါက်ကွဲမှုကနေ ထွက်တဲ့အငွေ့​ကို ရှုရှိုက်မိတဲ့ ရှမ်းတပ်သားတချို့  မူးဝေခဲ့ရတယ် ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ဖူးပါတယ်​။ 
ဒီဗွီဘီ
အစိုးရတပ်က အဆိပ်ငွေ့သုံး၍တိုက်ခိုက်ဟု ကေအိုင်အေစွပ်စွဲ အစိုးရတပ်က အဆိပ်ငွေ့သုံး၍တိုက်ခိုက်ဟု ကေအိုင်အေစွပ်စွဲ Reviewed by သစ်ထူးလွင် on 06:05 Rating: 5

6 comments:

ေ၇ာသမမွှေ said...

ကောက်ကျစ်တဲ့နေ၇ာမှာတော့ လူတော်ဖြင့်အောင်လုပ်နိုင်တာ စစ်အစိုး၇ဆိုတာသိထားပါ

lawkathitsar said...

အစိုးရတပ်မတော်မှာ ဒီနေ့ထိ ဓာတုလက်နက် မရှိပါဘူး
အသုံးပြုခြင်းလဲ မရှိပါဘူး ၊ ယမ်းငွေ့ ကိုရှူမိရင်လဲမူးပါတယ်

sawkofan said...

အဆိပ်ငွေရှုပြီးမူးလဲတယ်တဲ. လုပ်မှလုပ်တော့ မူးလဲပြီးဓာတုသုံးတယ်လို.လူသိအောင်လုပ်ပါ့မလား တခါတည်းအပြစ်ပြုတ်ပြီး လူသိအောင်လုပ်ပစ်မှာပေါ့ ငတုံးတွေရ နိုင်အောင်တိုက်ကြမင်းတို.အဖေကို

Anonymous said...

None justic in war and love.

iban said...

ခေါင်းမူးယုံ လောက်နဲ့တော့ ဓါတုလက်နက် သုံးတယ်ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ပါဘူး။
ဘယ်လို လက်နက်ပဲသုံးသုံး စစ်ဖြစ်တယ်ဆိုတာ ခေါင်းမူးယုံတင်မဟုတ်ဘူး သေတတ်ပါတယ်။ ဘယ်သူပဲ သေသေ နှစ်ဖက်စလုံးဟာ သွေးသားတွေပါ။ ညီရင်းအစ်ကိုတွေပါ။ ဒီမြေ၊ ဒီရေမှာ အတူနေကြတဲ့ အိမ်သူအိမ်သားတွေပါ။
စစ်ပွဲတွေရပ်ကြပါ။ သွေးရင်းညီနောင်တွေ ပင်ပန်းလှပါပြီ။

ပုသိမ်သား...ဆင်မ said...

တိုင်းပြည်တစ်ပြည်ဟာ..ဆင်းရဲ၇ခြင်းအကြောင်း လေးမျိုး ရှိတယ်...၁..ပြည်တွင်းစစ်ဖြစ်နေ၇င်...၂...နိုင်ငံအုပ်ချူပ်သူမကောင်း ၇င်...၃...အိမ်နီးချင်နိုင်ငံမကောင်း...၄ သယံဇာတပေါကြွယ်၀၇င်.......ငါတိုနိုင်ငံဟာ အားလုံနဲ့ ညိတယ် ဘယ်လိုကောင်းတော့ မှာလည်း

Powered by Blogger.