မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ရေပိုင်နက် အငြင်းပွားမှု နောက်ဆက်ဆွဲ တင်းမာမှု

မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ရေပိုင်နက် အငြင်းပွားမှု နောက်ဆက်ဆွဲ တင်းမာမှု
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကာလရှည်ကြာ အငြင်းပွားခဲ့တဲ့ ရေပိုင်နက် ကိစ္စကို ရေကြောင်း ပိုင်နက် ခွဲဝေမှုဆိုင်ရာ နိုင်ငံတကာ တရားရုံးက မနေ့က ဆုံးဖြတ်ခဲ့မှု အပေါ် မြန်မာအစိုးရက ကျေနပ်တဲ့ အကြောင်း အစိုးရအသိုင်း အဝိုင်းနဲ့ နီးစပ်သူများ ထံက ဘီဘီစီက သတင်းရရှိပါတယ်။

လက်ရှိ လုပ်ကိုင် နေတဲ့ ရခိုင် ကမ်းလွန်က ရေနံ တူးဖော်ရေး လုပ်ကွက်တွေကို ထိခိုက်မှု မရှိတဲ့ အကြောင်းနဲ့ တရားရုံးရဲ့ အဆုံးအဖြတ်ဟာ အမြော် အမြင်ရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် နှစ်နိုင်ငံစလုံး အတွက် မိတ်ဝတ်မပျက် အိမ်နီးချင်း ကောင်း ပီသစွာ ဆက်လက် လက်တွဲ ဆောင်ရွက်နိုင်မယ် လို့လည်း အစိုးရက ယူဆနေ ပါတယ်။

ဒါပေမယ့် ဒေသခံလူထုတွေ ထဲမှာ မကျေနပ်တဲ့အထဲမှာ စစ်တွေမြို့ခံ တွေပါဝင်ပြီး အချင်းချင်းကြား ဆွေးနွေးကြတဲ့ အကြောင်း၊ နယ်စပ်ဘက်မှာ တင်းမာမှု တခိျု့ ရှိနေတာ ကြားရကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

မောင်းတောမြို့နယ် မြောက်ဖက်၊ ဘင်္ဂလားဒေ့ရှ် နဲ့ ကပ်နေတဲ့ တောင်ပြို၊ ကြိမ်ချောင်း နဲ့ ဘူးသီးတောင် မြို့နယ် မြောက်ဖက် တို့မှာလည်း မြန်မာစစ်တပ် တွေ တိုးချနေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေသလို ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး ဖက်ကလည်း ဒီသတင်း ကို စုံစမ်းနေကြောင်း သိရပါတယ်။စီးပွားရေး အရ သက်ရောက်မှု ကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် က သဘာဝ ဓါတ်ငွေ့ တူးဖေါ်နိုင်တဲ့ ရေပိုင်နက် ရရှိဖွယ် ရှိတဲ့ အတွက် စီးပွားရေး အရ အခွင့်အလမ်း ပိုမိုလမ်းပွင့် နိုင်ကြောင်း ဒက္ကား မှ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဘီဘီစီ
မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ရေပိုင်နက် အငြင်းပွားမှု နောက်ဆက်ဆွဲ တင်းမာမှု မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ရေပိုင်နက် အငြင်းပွားမှု နောက်ဆက်ဆွဲ တင်းမာမှု Reviewed by သစ်ထူးလွင် on 04:49 Rating: 5

10 comments:

Toe Toe said...

သမိုင်းဆိုတာအေ၇ကြီးတယ်ဆိုတာဒီမှာပေါ်တာပါဘဲ။အင်္ဂလိပ်သိမ်းယုခဲ့တဲ့စိန့်မာ တင်ကျွန်းခေါ်ရှင်မဖြူကျွန်းကိုလွတ်လပ်ရေးရပြီးနောက်ပိုင်းသာမြန်မာအစိုးရအဆက်ဆက်ရအောင်ပြန် တောင်းနိုင်ခဲ့ရင်ဒီရေပိုင်နက်ပိုင်ဆိုင်မှုကဒီထက်ပိုရမှာပါ။ခုတော့တရားရုံးက၂နိုင်ငံတင်ပြမှုရဲ့ကြားနေရာကိုပေးလိုက်တော့ ခက်တာပေါ့။

Unknown said...

မြေအောက် ရတနာဆိုတာ ထိုက်တဲ့သူမှ ရတာပါ။ မိုးကုတ်သားတွေ၊ ဖားကန့်သားတွေ မေးကြည့်ရင် သိနိုင်ပါတယ်။ လုပ်ကွက်တစ်ခုထဲမှာကို ရှေ့လူက တူးသွားပြီး ကျောက်မအောင်လို့ မိုင်းခွဲပြီး ပိတ်သွားတဲ့ တွင်းကို နောက်လူက ပြန်တူးတာ ကျောက်အောင်သွားတဲ့ ဖြစ်ရပ်တွေ အများကြီးပါ။ ဒီလိုဘဲ ဘင်္ဂလားဒေ့ရှ် ရေပိုက်နက် ဘယ်လောက်တိုးရသွားရသွား သူ့ကံရှိမှ မြေအောက် ရတနာကို ရလိမ့်မယ်။ အကျယ်အ၀န်းပိုင်ရုံနဲ့ ပွပြီလို့ မအောက်မေ့လေနဲ့။ ဒီသဘောတရားကို သိရင် သိပ်ဝမ်းနည်းစရာ မရှိပါဘူး။

ဖိုးတောက် said...

စိတ်မကောင်းဘူး.. တော်တော်ခံပြင်းတယ်..
ဘယ်လိုပြန်ရအောင် ယူကြမလဲ... အိမ်နီးချင်း မိတ်ဆွေကြီးတွေ..သူများအိမ်ကိုသွားရည်ကျနေကြပြီလား...
ပြန်ရနိုင်မယ့် ဘာနည်းလမ်းမှမရှိတော့ဘူးလား...
အသိပညာရှင် .. အတတ်ပညာရှင်များ.. နည်းလမ်းပေါင်းစုံသုံးသပ်ကြပါဦး...

Myanmar said...

(တလက်မ အထိမခံ အပြုတ် နှံ မယ် တို. ရဲ ဘော်) ဆို သူ တွေ ဘာ လုပ် နေ ကြ လည်း

Cho said...

ရိုဟင်ချာတွေ မြန်မာ့ပြည်နယ်နမိတ်ထဲဝင်လာလို့ကတော့ အကုန်ရေထဲကန်ချပစ်..

Anonymous said...

ရေပြင်ပိုက်နက်ကို ကုလားက ယူတယ်....တရုတ်က ကုန်းမြေ တွေကို ယူတယ်..မြန်မာကဘာရမှာလဲ...အမြဲတမ်းကို ခနွှီစတရားပွားများပြီးရှိသမျှအကုန်ထိုးပေးနေရတာ့တာပဲ...အစိုးရကကျေနပ်မှာပေါ့....မကျေနပ်လဲဘာမှ လုပ်လို့မှမရတော့တာ...

shwe man thar said...

Patota is right...Myanmar Navy is only to rob myanmar fisher man ...

pyaponthu said...

ဘင်္ဂလီတွေ လူပါးဝတယ်။ရိုဟင်ဂျာတွေလဲ ဘင်္ဂလားတွေဘဲ မြန်မာပြည်ထဲဝင်လာပြီးနယ် ချဲ့နေတယ်။ကြည့်လုပ်ကြပါအုံး ရခိုင်သားတို့ရေ။ဘင်္ဂလီ ရိုဟင်ဂျာတွေကို မြန်မာ ပြည်သားအဖြစ်လက်မခံကြပါနဲ့။

ပုဂံစစ်သည် said...

လုံးဝ ကိုမကြေနပ်ဘူး။ လုံးဝမဖြစ်သင့်ဘူး၊ ခေါင်းဆောင်ပိုင်းက အားနည်းတာလဲဖြစ်နိုင်တယ်။ မတရားနည်းနဲ့ သောက်ကုလားခွေးတွေ လက်ထဲရောက်တာတော့ လုံးဝကိုမကြေနပ်တာ။

WiDura said...

Off course Myanmar lost an island, but Myanmar got a large area of sea than Bangladesh proposed.
Everyone should refer the real case and real facts... Bangal has to say win-win situation to pleased their nationals...it's a must for every country. I'm no related to any govt. officials .
However, our closest enemy or alley could be China in the future...

Powered by Blogger.