ရန်ကုန်တိုင်း ဒေသကြီး တွင် နိုင်ငံတကာသံရုံးများမှရောက် ရှိနိုင်မည့် ကြိုတင်မဲနှင့် လစ်လပ်မဲဆန္ဒ နယ်(၆)နေရာအတွက် မြို့နယ်နှင့် ရပ်/ကျေး ကြိုတင်မဲ စုစုပေါင်းမှာ ရှစ်ထောင်ဝန်းကျင် သာရှိနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းလစ်လပ် ခြောက်နေရာအ တွက်မဲရုံဝန်ထမ်းစုစုပေါင်း(၆၀၀၀) ကျော် ၊ ရပ်/ကျေး ကြိုတင်မဲအဖြစ် မဲရုံဝန်ထမ်း ၆၀၀၀ ကျော်အတွက် ကိုလည်းကောင်း ၊ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန မှတဆင့် ရရှိမည့် မဲဆန္ဒ နယ် ပြင်ပရောက် ကြိုတင်မဲ ( ၁၇၃ )ဦး၊ မြို့နယ် ကြိုတင်မဲ အဖြစ် ပုံစံ(၁၅)ဖြင့် လျှောက်ထားလာသူ (၁၄၁)ဦး နှင့် လှည်းကူး မဲဆန္ဒ နယ် တွင်ပါရှိသည့် တပ်ရင်း တစ်ခုမှပုံစံ(၁၅)ဖြင့်လျှောက် ထားသူ (၂၅၂)ဦးနှင့် ကျန်ရှိသည့် တပ်ရင်းများ မှကြိုတင်မဲ များ အပါအဝင် ရန်ကုန်တိုင်း ဒေသကြီး တွင် စုစု ပေါင်း ကြိုတင်မဲ အရေအတွက် (၈၀၀၀) ဝန်းကျင်သာ ရှိနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌကဆိုသည်။
''အခု လောလောဆယ် မှာတော့ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနအနေနဲ့ ကြိုတင်မဲက(၁၇၃)ဦး ပဲရှိမယ်။ ဒါကထပ်တိုးစရာမရှိတော့ဘူး။ နောက်ပြီး ပုံစံ(၁၅)နဲ့ကြိုတင်မဲ လျှောက်ထားတဲ့မြို့နယ် ကြိုတင်မဲကလည်း သိပ်မများပါဘူး။ လှည်းကူး မှာ ဆိုရင် တပ်တွေက များတော့ အခုထိ တော့တပ်ရင်း တစ်ရင်းက ကြိုတင်မဲ (၅၂၅)ဦးအတွက် စာရွက်တွေရောက် ထားတယ်။အခြားတပ်ရင်းတွေတော့ ကျန်သေး တယ်။ ရပ်/ကျေး ကြိုတင် မဲအနေနဲ့ ဒီလ(၃၀)နဲ့(၃၁)ရက်နေ့ဆို တော့ အဲ့ဒီနေ့တွေမှာ လာမယ့် အရေ အတွက်ပဲရှိပါမယ် ။ မဲရုံဝန်းထမ်း တွေက တော့ရပ်/ကျေး ကြိုတင်မဲအ နေနဲ့ပဲရှိမှာ ဆိုတော့ မဲရုံဝန်ထမ်းက တင် ရန်ကုန်တိုင်း ဒေသကြီးမှာ ခြောက် ထောင်ကျော်ရှိတဲ့အတွက် အဲ့ဒါနဲ့ ကြိုတင်မဲပေး ပိုင်ခွင့်(၇) မျိုးထဲကအ ကျုံးဝင်မယ့် ရပ်/ကျေး ကြိုတင်မဲ လောက်ပဲရှိနိုင်ပါတယ်။ရန်ကုန်မှာ ဆိုရင်(၆)နေရာ အတွက် စုစုပေါင်း ကြိုတင်မဲက ရှစ်ထောင်ဝန်းကျင်ပဲရှိ နိုင်ပါတယ်'' ဟုရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲဥက0x081ကဌဦးကိုကိုက ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး တွင် မြို့နယ်ကြိုတင်မဲအဖြစ်ပုံစံ (၁၅)ဖြင့်လျှောက်ထားလာသူ မတ် လ(၁၆)ရက်နေ့ထိမင်္ဂလာတောင်ညွှန့်မြို့ နယ်တွင်မရှိကြောင်း၊ မရမ်းကုန်းမြို့ နယ်တွင်တစ်စောင်၊ဒဂုံဆိပ်ကမ်းမြို့ နယ်တွင်(၁၂၄)စောင်၊ကော့မှူးမြို့ နယ်တွင်တစ်စောင်၊ လှည်းကူးမြို့ နယ်တွင်(၂)စောင်၊သုံးခွမြို့နယ်တွင် (၁၂)စောင်ရှိကြောင်းစုစုပေါင်း (၁၄၁)စောင်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရှိ လစ်လပ်မဲဆန္ဒ နယ်(၆)ခုအတွက် မဲရုံဝန်းထမ်းအဖြစ်ဆောင်ရွက် သူ များ ရပ် /ကျေးကြိုတင်မဲအဖြစ်ပေး ခွင့်ရှိသူများမှာမင်္ဂလာတာင်ညွှန့်မြို့ နယ်တွင်(၁၀၆၈)ဦး၊မရမ်း ကုန်း မြို့ နယ်တွင် (၁၂၃၈)ဦး၊ဒဂုံဆိပ်ကမ်းမြို့ နယ်တွင် (၅၃၆)ဦး၊ ကော့မှူးမြို့ နယ်တွင်(၉၇၉)ဦး၊လှည်းကူးမြို့ နယ်တွင်(၁၂၂၀)ဦး၊သုံးခွမြို့နယ်တွင် (၁၁၃၀)ဦးရှိကြောင်းစုစုပေါင်း (၆၂၇၁)ဦးရှိကြောင်း၊ နိုင်ငံခြားသံရုံး များမှရောက်ရှိလာသည့် မဲဆန္ဒ နယ် ပြင်ပရောက်ကြိုတင်မဲမှာမင်္ဂလာတောင် ညွှန့်မြို့နယ်တွင်(၅၂)စောင်၊မရမ်း ကုန်းမြို့နယ် တွင်(၁၀၃)စောင်၊ ဒဂုံဆိပ် ကမ်းမြို့နယ်တွင်သုံးစောင်၊ကော့ မှူးမြို့ နယ်တွင်နှစ်စောင်၊လှည်းကူး မြို့နယ်တွင်(၁၃)စောင်၊ သုံးခွမြို့နယ် တွင်မရှိကြောင်း စုစုပေါင်း(၁၇၃) စောင်ရှိကြောင်းသိရသည်။
''ရပ်ကွက်၊ မြို့နယ်တွေ မှာကြိုတင်မဲဘယ်လောက်ရှိတယ် ဆိုတာ ကြိုကြေညာသင့်တယ်။ဒါမှ လည်းမဲရုံးကိုယ်စားလှယ်တွေ၊ရွေး ကောက်ပွဲဝင် ကိုယ်စားလှယ်တွေက ကိုယ့်မြို့နယ်မှာ ကြိုတင်မဲဘယ် လောက် ရှိမယ် ဆိုတာ ကိုသိပြီးမှ မဲရေတွက်တဲ့ အခါမှာ တိတိကျကျ ပိုပြီး သိနိုင်တယ်'' ဟုအမျိုးသား ဒီမိုက ရေ စီအင်အားစုပါတီနိုင်ငံရေးခေါင်း ဆောင်ဦးခင်မောင်ဆွေကဆိုသည်။ '' ကြိုတင်မဲတွေနဲ့ပက် သက်ပြီး ကော်မရှင်တွေ မှာကိုယ်စား လှယ်လောင်း တွေတောင်းယူကြည် ရှု့နိုင်ပါတယ် ။ ရပ်/ကျေး ကြိုတင်မဲနဲ့ မြို့နယ် ကြိုတင်မဲတွေက ဒီလ(၃၀)နဲ့ (၃၁)ရက်နေ့မှာ ပေးနိုင်တာဆိုတော့ အဲ့ဒီ နောက်ပိုင်း ရက်တွေမှာ ကြည့် နိုင်ပါတယ်'' ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးကိုကိုက ဆိုသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ တွင်မဲဆန္ဒ နယ်ပေါင်း(၁၁၅၄)နယ် ကျင်းပခဲ့ပြီး တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်အပါအဝင် ကိုယ်စားလှယ် ပေါင်း(၃၀၆၉)ဦး ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်ခဲ့ကြပြီး မဲပေးနိုင်သည့် မဲ ဆန္ဒ ရှင်၂၉.၀၂ သန်းရှိပြီး မဲပေးခဲ့မဲ ဆန္ဒ ရှင်၂၂.၄ သန်းရှိကြောင်းသိ ရသည်။
ရန်ကုန်တိုင်းမ်

ရန်ကုန်တိုင်းဒေသကြီး တွင် ကြိုတင်မဲ ရှစ်ထောင်ဝန်းကျင်သာရှိမည်
Reviewed by သစ်ထူးလွင်
on
18:03
Rating:
5 comments:
ကဲ ဦးတင်အေး ရေ---
ဒီလိုလေးပဲဖြစ်အောင် ဆက်ထိန်းထားနော်။
၂၀၁၀ တုန်းကလို အက်ချလောင်းမဲတွေ မလုပ်ကြစေနဲ့ဦး။
တရားမျှမျှတတ ယှဉ်ရင် ပြည့်သူ့သဘော ကိုသိနိုင်ပါပြီ။-----
ks
ပုံထဲကအတိုင်းဆိုရင် အမှန်ခြစ် ကဘေးဘောင်ကိုထိနေတယ်နော်ပြောမရဘူးညစ်ပတ်ရင် ပယ်မဲ ဖြစ်သွားနိုင်တယ်နော် လွတ်လွတ်ကျွတ်ကျွတ်လေးထောင့်ဘောင်ထဲမှာ နမူနာအနေနဲ့ပြရင်ပိုကောင်းမလားလို့ပါ
ပြည်ပရောက် ကျွန်တော်လည်း မဲပေးချင်တယ်...ဘယ်မှာသွားပေးရမသိဘူး...NLD အတွက် မဲ တစ်မဲ နစ်နာ သွားတော့မယ်လေ...ကူညီပေးကြပါအုံး...
ဦးတင်အေး ခင်ဗျား ..ဘယ်သူနိုင်တယ်ဆိုတာ ဦးတင်အေး ရဲ့ အလုပ်မှာ ခံစားချက်မဟုတ်ပါ.. ရိုးသား စွာပြုမူခြင်း ဟာ တကယ့် မဟာ ကုသိုလ်ကြီးပါ.. ဒီကုသိုလ်ကြီး ကို သံသရာတလျှောက် သယ်သွားစမ်းပါဗျာ..
ဒီတစ်ခေါက်ကြိုတင်မဲနဲ့လိမ်မှာမဟုတ်ဖူးလေ၊သေပြီးသားလူစာရင်းပြမင်းတို့ထည့်၊NLD ကိုထည့်မဲ့ရှိနေတဲ့လူစာရင်ကိုဖျောက်၊အဲ့လိုလိမ်မှာမဟုတ်ဖူးလားမင်းတို့ကောင်တွေပဲမူးမူးနဲ့ရပ်ကွက်ထဲမှာပြောနေကြတာပဲ။ခလေးတွေတောင်သိတယ်။
Post a Comment