တာချီလိတ် ဗျူဟာမှူး ဂေါက်ရိုက်သွားစဉ် မိုင်း(၂)လုံးကွဲ

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုးနှင့် အဖွဲ့ ယနေ့နံနက်က တာချီလိတ်မြို့ ဂေါက်ကွင်းသို့ အသွား ဂေါက်ကွင်းအတွင်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦး ထိခိုက် ဒဏ်ရာ ရခဲ့သည်။
တာချီလိတ်မြို့ မြောက်ဖက် ဆန်ဆိုင်းရပ်ကွက်ရှိ ဂေါက်ကွင်း၌ နံနက် (၇) နာရီနှင့် (၈) နာရီ အချိန်ခန့်က မိုင်းနှစ်လုံး အချိန် (၁) နာရီခန့် ခြား၍ ပေါက်ကွဲခဲ့သည်ဟု တာချီလိတ် မြို့ခံ တဦးက အခုလို ပြောသည်။
“ဗျူဟာမှူးနဲ့ အဖွဲ့ပေါ့။ ရဲချုပ်တွေ ရဲမင်းကြီးတွေလည်း ပါတယ်။ သူတို့ ဂေါက်ရိုက်ဖို့ သွားတဲ့ အချိန်မှာ မနက် (၇) နာရီလောက်မှာ တလုံးကွဲသွားတယ်။ ကွဲသွားပြီးတော့ စစ်တပ်ကို ခေါ်ပြီးတော့ သူတို့ မိုင်းရှာတယ်။ မိုင်းက မတွေ့ဘဲနဲ့ (၈) နာရီလောက်မှာ နောက်တလုံးက တခါ ထပ်ကွဲပြန်တယ်။”
လောလောဆယ်တွင် ဂေါက်ကွင်းဖက်သို့ သွားသည့် လမ်းကြောင်း တလျောက်အား သက်ဆိုင်ရာက ပိတ်ပင်ထားပြီး တာချီလိတ်မြို့တွင်း နေရာ အနှံ့၌ စစ်တပ်၊ ရဲနှင့် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) စသည့် အာဏာပိုင် အဖွဲ့အစည်းများက တင်းကြပ်စွာ စစ်ဆေးနေကြောင်း ဆက်လက် ပြောဆိုသည်။
“မနက်ကတည်းက ရှာဖွေရေး လုပ်နေတာ ခုထိပဲ။ ဒီက သွားတဲ့ ဆိုင်ကယ်တွေ ကားတွေအကုန်လုံးကို သူတို့ တားပြီးတော့ စစ်နေတာတွေ့တယ်ဗျ။” 
အာဏာပိုင်နှင့် နီးစပ်သူ တဦးကမူ ပေါက်ကွဲမှု ဖြစ်ပွားစဉ် တရုတ်အမျိုးသား စီးပွားရေးသမား တဦးနှင့် ဂေါက်ရိုက်အိတ် သယ်ဆောင်ပေးသည့် ဂေါက်ကွင်းဝန်ထမ်း တဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း အခုလို ပြောသည်။
“ကိုအားပြာ ဆိုတဲ့လူက လည်ပင်းနားက ညှပ်ရိုးမှာ ဒဏ်ရာ ရတယ်။ သူက အစိုးရ လူကြီးပိုင်းတွေ နဲ့လည်း နီးစပ်မှု ရှိတဲ့သူပေါ့။ အဲဒီမှာ ကယ်ရီသမားလေးတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ သူ့ကို ဗျူဟာမှူးက တာဝန်ယူပြီး ထိုင်းဖက်ခြမ်းမှာ ကုပေးမယ်လို့ ပြောတယ်။”
ထို့အပြင် နေ့လည် တစ်နာရီ အချိန်ခန့်ကလည်း ဂေါက်ကွင်းအနီး မိုင်းတလုံး ထပ်မံပေါက်ကွဲခဲ့ပြီး စုစုပေါင်း မိုင်း (၃) လုံး ပေါက်ကွဲ၍ မပေါက်ကွဲသေးသည့် မိုင်း (၃) လုံးကို သက်ဆိုင်ရာမှ ဖော်ယူရရှိထားပြီး ဆက်လက် ရှာဖွေနေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။
တာချီလိတ်နှင့် ကျိုင်းတုံမြို့တို့တွင် လာမည့် မတ်လ(၂၇) ရက်နေ့၌ တပ်မတော်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရန် ရှိသည်ဟု သတင်းများ ထွက်ပေါ် နေပြီး ယင်းပြိုင်ပွဲ၌ အစိုးရစစ်တပ်မှ အရာရှိကြီးများ အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေး သမားများ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဟု သတင်းရရှိသည်။ သို့သော် ယင်းကိစ္စ သီးခြား အတည်ပြု၍ မရသေးပါ။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေးသော်လည်း မြို့တွင်း မြို့ပြင် လုံခြုံရေးများ တိုးမြင့် ချထားကြောင်းနှင့် ယမန်နေ့ည သန်းခေါင်ကျော်က စတင်၍ ပြတ်တောက်သွားသည့် လျပ်စစ်မီးများ ယနေ့ညနေပိုင်းထိ ပြန်မလာသေးကြောင်း တာချီလိတ် မြို့ခံများက ပြောသည်။
 သတင်းနှင့်မီဒီယာ ကွန်ယက်
တာချီလိတ် ဗျူဟာမှူး ဂေါက်ရိုက်သွားစဉ် မိုင်း(၂)လုံးကွဲ တာချီလိတ် ဗျူဟာမှူး ဂေါက်ရိုက်သွားစဉ် မိုင်း(၂)လုံးကွဲ Reviewed by သစ်ထူးလွင် on 07:47 Rating: 5

8 comments:

tkm said...

ဟားဟားဟား...လိမ်နေတာတွေရပ်ပါတော့..
မင်းတို့လှည့်ကွက်..လုပ်ဇာတ်ဆိုတာသိသာပါတယ်.
မင်းတို့ပေါက်လိုက်တဲ့ဖုံးကလည်း...မင်းတို့လည်းမသေ
အစိုးရရုံးဘေးတွေ....ရဲစခန်းဘေးတွေပဲဖြစ်နေတာ..
အထဲမှာလဲဟုတ်ဘူး.....မရှက်ကြဘူးလားကွာ

Tri Asian Taste said...

ဟင်း....ဗုံးကွဲတယ်။ ဂေါက်ရိုက်လို့ ဗုံးကွဲတယ်။ ဟာဗျာ ဗျူဟာမှူးလုပ်ပြီး ဗုံးနဲ့ ဂေါက်သီးနဲ့တောင်မခွဲတတ်ဘူးလား။ ဟိုဟာပါထိသွားသေးလာ။ ပါသွားပါစေဗျာ။

ပုဂံစစ်သည် said...

သတ္တိမရှိတဲ့ကောင်တွေ လုပ်တဲ့အလုပ်ပဲ၊ မိန်းမကျင့်မိန်းမကြံ မဆိုင်တဲ့သူကသွားရော၊ စစ်နဲ့ပတ်သက်လို့ မိုင်းထောင်တာလောက် မုန်းတာမရှိဘူး။

ko htat said...

ဖြစ်သင့်တာကအဲ့ဒါမျိုးက ဘာမှအဓိပ္ပါယ်မ၇ှိဘဲ
ပြည်သူတွေကြားမိုင်းပေါက်နေတာကအဓိပ္ပါယ်မ၇ှိဘူး
လုပ်၇င်ခဲထိထိမိမိလုပ်လိုက်ပါလား

ေ၇ာသမမွှေ said...

ယုန်ထောင် ကြောင်မိတော့ မဖြင့်စေချင်ဘူးဗျာ ကြံ့(သို့) ဖွတ် မိရင် တောင်ဖြေသာသေးတယ်

oaksoeaung@gmail.com said...

တာချီလိတ်လုံခြုံရေးအကြောင်းပြပြီးမဲရုံမထားတော့ဘူးထင်တယ်

MyintOo said...

ဗျူဟာမှူးလုပ်ပြီးဂေါက်သီးနဲ.ဗုံးမှားရိုက်တယ်ဟုတ်လား၊သနားပါတယ်..ကျွတ်....ကျွတ်...ကျွတ်...............

Unknown said...

လုံခြုံရေးအခြေအနေအကြောင်းပြချက်တွေနဲ့ ၄၈ နေရာစလုံးကမဲရုံတွေကိုများ အပြီးပိတ်ပစ်ဖို့ကြံစည်နေသလားမသိဘူးနော်...သူတို့တွေရှုံးဖို့ ၉၉.၉ ရာခိုင်နှုန်ကသေချာနေတော့ ကြံ့ကြံကို ကြံနေတာလား ဖွတ် ကြံကို ကြံနေကြသလားတော့မသိပါဘူး .......တစိသက်လုံးဒီလိုလိမ်ညာကောက်ကျစ်စဉ်းလဲပြီးတော့ လုပ်လာတာ ဒီကနေ့အထိပဲ .....အခုထိ သောက်ကျင့်တွေက အရင်ကအတိုင်းပဲ.....

Powered by Blogger.