ရွှေခွပ်ဒေါင်း |
စစ်ကိုင်းမြို့သို့ မတ် ၄ ရက်နေ့တွင် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ချိန်တွင် အစိုးရဝန်ထမ်းများ ရုံးချိန်အတွင်း အဆင့် (Stand by) ရှိရန် ညွှန်ကြားထားကြောင်း စစ်ကိုင်းမြို့မှ ဆရာဝန်တစ်ဦးက ပြောကြားသည်။
အလားတူ စစ်ကိုင်း နည်းပညာ တက္ကသိုလ်မှ ဆရာ ဆရာမများမှာလည်း နေပြည်တော်မှ ကျောင်းစစ် လာရောက်ရန် ရှိသည့်အတွက် ကျောင်းတွင် နေရမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
တပ်မတော် စစ်စခန်း အများအပြား အခြေစိုက်ရာ စစ်ဦးစီး တက္ကသိုလ် တည်ရှိသည့် ကလောနှင့် အောင်ပန်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် မတ် ၁ ရက်နေ့တွင်မူ အစိုးရဝန်ထမ်းများကို ထူးခြားသော ကန့်သတ်မှုမရှိဘဲ တပ်မတော် မိသားစုများကို တပ်နယ်မြေ အတွင်းသာ နေထိုင်ရန် ညွန်ကြားခဲ့ကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
စစ်ကိုင်းမြို့ မှာလည်း ဟောပြောဖို့ ကွင်းရှာမရလို့ ဧရာဝတီ မြစ်ကမ်းဘေးရှိ သဲသောင်ပြင်တွင် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းလူထုကို တွေ့ဆုံမှာဖြစ်ပါတယ်။
စစ်ကိုင်းမြို့တွင် သန့်ရှင်း လတ်ဆတ်သော လေကို ရှူရှိုက်ရန် အကောင်းဆုံး နေရာများ ထဲတွင် ပါဝင်သော ဧရာဝတီမြစ် ကမ်းပါးဘေးရှိ ကျယ်ပြန့်လှသည့် သဲသောင်ပြင်တွင် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းလူထုနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးကျော်သောင်းက ပြောသည်။
The Voice
ဒေါ်အောင်ဆန်းစုကြည် လာမည့် နေ့ စစ်ကိုင်းမှ အစိုးရဝန်ထမ်းများ လာမည့် တနင်္ဂနွေနေ့ ရုံးတွင် နေရမည်
Reviewed by သစ်ထူးလွင်
on
06:33
Rating:
35 comments:
မြန်မာနိုင်ငံရဲ့ မည်သည့်နေရာမှာမဆို ဒီလူတွေရဲ့မကောင်းတဲ့အကျင့်က ဒီလို တစ်ပုံစံထဲရှိနေတာ တော်တော်တော့ အံသြစရာဘဲ...ဒီပါတီ စပြီးဖွဲ့စည်းထဲက မကောင်းတဲ့စိတ်နဲ့ ဖွဲ့စည်းခဲ့တာဆိုတော့လဲ ဘယ်တော့မှ ကောင်းလာမှာလဲ မဟုတ်တာသေချာတာပေါ့..ဒီပုတ်ထဲကထွက်လာမှတော့ ဒီပဲတွေဘဲ ဖြစ်နေမှာဘဲ...
အဲဒါတွေကရော ဘယ်လိုတွေဖြစ်နေကြတာလဲ။ ဦးသိန်းစိန်တို့၊
ဦးရွှေမန်းတို့ ကြားကြရဲ့လား။ ဘယ်လိုလူမျိုးတွေက ဒီလိုမျိုးကန့်သတ်ချုပ်ချယ်နေတာလဲ။ ခဏ ခဏ ကြားနေရတယ်။
ွGood and Clean ဆို ၊ လုပ်ကြတော့လေဗျာ။
မြန်မာပြည်တစ်ပြည်လုံးကို ဒီလိုလူတန်းစားတွေ ဖျက်ဆီးနေတာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေပြီ.....။ ပြောတော့ နိုင်ငံတကာက ဆန်ရှင်တွေ၊ ဆန်သေ တွေနဲ့ စီးပွားရေး ပိတ်ဆို့မှု လုပ်ထားလို့ တိုင်းပြည် မတိုးတက်တာပါတဲ့.... အခုကြည့် ကိုယ့်လူမျိုး အချင်းချင်းတောင် အာဏာသုံးပြီး ပိတ်ပင်တားဆီးနေတာ၊ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ အမှန်တရားကို ကိုယ်တိုင် ရှာဖွေလို့ မရနိုင်တာက ဒီ အာဏာရှင်လူတန်းစား နောက်လိုက်ခွေးတွေရဲ့ လုပ်ရပ်တွေကြောင့်ပေါ့......။ အမေ့ကို သိပ်ကြောက်နေရင်လည်း အဲဒီ နေရာတကာ လိုက်ပိတ်နေတဲ့ လူတွေ ထမိန်လေးတွေ ခေါင်းပေါင်း ပေါင်းထားလိုက်ကြပါလား......။ ပြီးတော့ နိုင်ငံအတွက် လုပ်နေတာ ဘာညာဆိုပြီး အသံကောင်း ဟစ်ပြမနေနဲ့ အလိမ်အညာတွေပဲ ပြောတတ်တဲ့ ပါးစပ် ထမိန်စနဲ့ပဲ ဆို့ထားတာ အကောင်းဆုံး......
အမေ ပြောတဲ့မိန့်ခွန်းတွေမှာ တခြားပါတီတွေက ပြောနေသလို လမ်းခင်းပေး မယ် ဘိလပ်မြေ ပေးမယ် ငွေချေးပေးမယ် တွေမပါပါဘူး ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ပြည်သူတွေလိုအပ်တာမှန်သမျှ သူတို့ပါတီအနိုင်ရရင် အကုန်လုပ်ပေးမယ် အဲဒါတွေတခုမှမပါဘူး ကိုယ့်တိုင်းပြည်တိုးတတ်ဖို့ ပြည်သူတွေကိုယ်တိုင် လုပ်
ကြရမယ် ကိုယ့်ဒေသက လွှတ်တော်အမတ်တွေ ကောင်းဖို့ လည်းပြည်သူတွေ
ကိုယ်တိုင်ပဲလုပ်ကြရမယ် အားလုံးအဖက်ဖက်က တိုးတတ်ဖို့ ပြည်သူလူထုကိုယ်
တိုင်ပဲ လုပ်ဆောင်ကြရမယ်ဆိုပြီးပြည်သူသာအမိပြည်သူသာအဖ ဆိုပြီးပဲ
ပြောတယ် ဘာမက်လုံးမှလည်းမပါဘူး အဲဒါ ဘာဖြစ်လို့လူထုကြီးက မြိုလုံး
ကျွတ်ကွင်းလုံးပြည့် အားပေးထောက်ခံကြသလည်း အဲဒါ အမှန်တရားကြောင့်ပေါ့ ဒါကိုမသိချင်ရောင်မဆောင်ပါနဲ့ပညာတတ်တဲ့သူနဲ့ ပညာမဲ့တဲ့သူ ဆိုတာ ဒီလိုကိစ္စတွေမှာ သိသိသာသာကွာခြားသွားတာပဲ
ဗိုလ်သာကွ
ငါတို့ဝန်ထမ်းတွေ အမေစုလာမယ့်နေ့မှာ Stand by အနေအထားနဲ့ ကြိုဆိုကြမယ်။ အောင်ပင်လယ်ကွင်းမသွားရလဲ ရုံးရှေ့လမ်းပေါ်ကကြိုမယ်။ လမ်းပေါ်မထွက်ရလဲ ရုံးပေါက်ဝကကြိုမယ်။ ရုံးပေါက်ဝမထွက်ရလဲ အခန်းထဲမှာစုပြီးကြိုမယ်။ အခန်းထဲမစုရလဲ စိတ်ထဲကကြိုမယ်။ ပြည်သူထဲကပြည်သူတွေမို့ ပြည်သူ့ခောတ်ရောက်အောင် NLD ကို အမှန်ခြစ်မယ်။
ဟုတ်တယ်ဗျာ။ အပေါ်ကအပြောတွေကတော့ကောင်းနေပေမယ့် အောက်ကလူတွေကအရင်အတိုင်းအောက်တန်းကျတဲ့စိတ်ဓါတ်တွေနဲ့လုပ်ချင်ရာလုပ်နေကြတာ။ တမင်တကာများမူချထားသလား။
တော်တော်အောက်တန်းကျတဲ့ စိတ်ဓာတ်တွေ....
ဒီလိုကောင်မျိုးတွေရှိနေတာ...
တိုင်းပြည်နစ်နာတယ်...
ရှင်းလင်းဖို့ အချိန်တန်ပြီ...
သမ္မတကြီးဦးသိန်းစိန်ခင်ဗျား သမ္မတကြီးရဲ့မိန့်ခွန်းမှာ အစိုးရအဖွဲ့မှာ တင်းမာသူနဲ့ပျော့ပြောင်းသူဂိုဏ်းဂါဏကွဲပြာမှု့မရှိဘူး.ဟုပြောကြားသွားပါတယ်...ဒါပေမဲ့ ပြည်သူများ ဝန်ထမ်းများအား ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ..ခေါ်ယူစစ်ဆေအာဏာပြလုပ်ဆောင်မူ့များကိုတွေ့ မြင်နေရပါသည်။အစိုးရ၏ GOOD GOVERMENT AND CLEAN ဆိုတဲ့ဆောင်ပုဒ်ဟာပြင်စရာများရှိပါသေသည်ဟုထင်မြင်မိပါသည်ဟုတင်ပြလိုက်ရပါသည်။
သမ္မတကြီး ရဲ့ မိန့်ခွန်းကို ကြံ့ဖွတ်များလုံးဝဂရုမစိုက်..။
အမေ
လက်ရှိထုပ်ပြန်ထားတဲ့ ဥပဒေ ၊ ကြေညာချက် ၊ အမိန့်  တစုံတရာတို့ ကို ဖောက်ဖျက်ကျူးလွန်မိခြင်းမရှိအောင်
အမေရော အမေ့ဘေးမှ တာဝန်ရှိသူတွေရော ပြည်သူတရပ်လုံးရော စောင့်ရှောက်ပေးပါ..ုကားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုပါတော့တယ်..
အမေ... လွှတ်တော်ထဲေ၇ာက်ပြီးမှ ပြောရမယ့်စကား၊ လုပ်ရမယ့် အလုပ်တွေကို ပြည်သူတွေအရှေ့ မှာ မယ်ဆွဲစည်းရုံးပြီး မပြောပါနဲ့...လွှတ်တော်ထဲရောက်အောင် အယင်ဝင်ပါ...သန်း ၅၀ ကျော်သောပြည်သူတရပ်လုံးရဲ့ မျက်နှာကို ပြန်ကြည့်ပေးပါအမေ...
A dar lar Demo???
သမ္မတကြီးခင်ဗျား ... ဒီလိုဖြစ်ပျက်နေတာကို လစ်လျူရှုထားလျင်
Good & Clean Government ဖြစ်နိုင်ပါဦးမလားခင်ဗျား?
ဘယ်နေရာသွားသွား ဘာဖြစ်လို့ဒီလိုကာဆီးကာဆီး လုပ်နေကြပါသလဲ? မိမိရဲ့ အကျိုးစီးပွားကိုမကြည့်ဘဲ မိမိတိုင်းပြည်ကောင်းကျိုး တိုးတက်ရာတိုးတက်ကြောင်း အဆင်းရဲ ဒုက္ခခံပြီး ကျိုးစားရှာဖွေနေတဲ့ ဒေါ်စုလို ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဘာဖြစ်လို့များ စိတ်ထဲမှာ ပူလောင်အောင်ခံစားနေကြပြီး နည်းမျိုးစုံသုံးပြီး ပိတ်ပင်တားဆီးချင်နေကြရတာပါလဲ?
ဒါပေမယ့် ...
"မဗေဒါအံ့ကိုခဲ ပန်းပန်လျက်ပဲ" ဆိုတာကိုတော့ ရင်ထဲမှာမီးတောက်လိုခံစားနေကြတဲ့ပုဂ္ဂိုလ်တွေကို သိစေချင်ပါတယ်။
wht a bad news!!!
where the hell is freedom???
huh?damn!
A dar lar demo ???
ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့အနေနဲ့ ဒီလို အောက်ခြေအဆင့်ရှိတဲ့လူတွေကိုတောင် မတားနိုင်ဘူးဆိုရင် ခင်ဗျားတို့ရဲ့ ဂုဏ်သိက္ခာဘယ်လောက်ထိခိုက်တယ်ဆိုတာကို သိမယ်လို့ထင်ပါတယ် ....သားသမီးမကောင်းတော့ မိဘ ခေါင်းတဲ့
အခု ခင်ဗျားတို့ရဲ့လက်အောက်တပည့်တွေ့က ထင်ရာတွေ လုပ်နေတယ်ဆိုတာကို မသိဘဲတော့ မနေပါဘူး ..
သိသိနဲ့လွှတ်ထားတာဆိုရင်တော့ ...
ဒါလား ဒီမိုကရေစီ လမ်းစဉ်..
ဒါလား လွတ်လပ်မှု
ဒါလား တရားမျှတမှု .........
လုပ်သင့်လုပ်ထိုက်တဲ့ အတိုင်း လုပ်ပေးမှ ပြည်သူတွေက ခင်ဗျားတို့ပြောစကားတွေ ပေးထားတဲ့ ဂတိတွေကို ယုံကြည်လက်ခံ ကြမှာပေါ့
အခုတော့ အပြောနဲ့ အလုပ်က တစ်ခြားစီ ဖြစ်နေတော့လည်း ..ဟိုသီချင်းလေးကို အမှတ်ရမိတယ် ဗျာ ...
မယုံတစ်ဝက် ယုံတစ်ဝက် ယုံရခက်ကြီးပါ ဆိုတဲ့ သီချင်းလေးပါနော်
ကျွန်တော်မသိလို့မေးပါရစေ၊
sunday ရုံးပိတ်ရက်မှာ ဒီမိုကရေစီ ကျင့်သုံးတဲ့ ဘယ်နိုင်ငံမှာ ဒါမျိုးလုပ်
သလဲဆိုတာပါ ၊ ပါတီအနေနဲ့လုပ်နေသလိုဖြစ်နေတယ်၊အစိုးရအနေနဲ့ လုပ်တယ်လို့မထင်ဘူး၊
အော်..ကို cosy ရေ ဒီလှေကြီးထဲမှာ ဒီပုတ်ကြီးတင် ဒီပုတ်ကြီးထဲမှာ ဒီပဲတွေထည့်ပြီး ဒီခရီးဆက်နေကြတာဆိုတော့.......သူတို့ ကိုယ်တိုင်က လှေသူကြီး တွေလေ ..လက်အောက်ငယ်သားလှေထိုးသားတွေ က ဒီလှေကြီးထဲ ဒီပုတ်ကြီးတင် ဒီပုတ်ကြီးထဲ ဒီပဲတွေထည့် ဒီလှေကြီး ဒီအတိုင်းခရီးဆက်နေသရွေ့  သူတို့ ခိုင်းတဲ့အတိုင်းသော်၎င်း၊မျက်နှာလိုမျက်နှာရသော်၎င်း၊ နေရာလေးတွေပျောက်မှာဆိုး၍သော်၎င်း....ဒီလှေ ဒီပုတ် ဒီပဲ စိတ်ဓါတ်များရှိနေကြသောကြောင့်....သူတို့ အားလုံးတို့  သည်တစိတ်တ၀မ်းထဲ အလိုတူအလိုပါများသာဖြစ်နေကြတာကြောင့် ဒီလိုအနှောင့်အယှက်အဟန့် အတားတွေတွေ့ နေကြရတာပေါ့ဗျာ...အမှန်တကယ်ဆိုရင် ကျနော်တို့ လို သာမန်ပြည်သူတွေရဲ့  စိတ်ထဲမှာ အုပ်ချုပ်နေသူတွေ ကိုယ်တိုင်က Good & Clean လိုအမှန်စိတ်ထားနိုင်မယ်ဆိုရင် အကူအညီတောင် ပေးနေရမယ်ဆိုတာ ရိုးရှင်းစွာ ထင်မြင်မိပါတယ်ဗျာ........အဲဒါကြောင့်မို့ ပေါ့ဗျာ ကျနော်တို့ ပြည်သူတွေ က ယုံကြည်မှု မရှိနိုင်တာပေါ့ ...ဒီလို လုပ်ရပ်မျိုး အခြားသောအမျိုးမျိုးသောနှောင့်ယှက်မှုမျိုးစုံ နေရာစုံမှာကြုံတွေ့ နေကြရတာ...ထပ်ပြီးတော့လဲ ကြုံတွေ့ နေကြရအုံးမှာပါ....အဲဒါကြောင့်မို့ လဲ ကျနော်တို့ သာမန်ပြည်သူတွေ က ဒီလှေ ဒီပုတ် ဒီပဲ ဒီခရီး ကို ယောင်ဝါး မေ၀၀ါးစေပဲ သတိချပ်ပြီး နေကြရမှာပေါ့ဗျာ...သာမန်ပြည်သူတွေဖြစ်တဲ့အခွင့်ထူးခံလူတန်းစားများ မဟုတ်ကြလေသော အကြောက်တရား၊စိုရွံ့ ထိတ်လန့် မှု ဆင်းရဲမွဲတေမှု၊ငတ်မွတ်ခေါင်းပါးမှု၊ပူပင်သောကကြောင့်ကြမှု၊အဖိနှိပ်ခံဘ၀နှင့်သာ ရှင်သန်လာခဲ့ ကြရကုန်သော...ဆင်းရဲသားပြည်သူလူထုတွေနဲ့ တကွ လူတန်းစားပေါင်းစုံတို့ က.....အခုချိန်မှာ ကျနော်တို့ ပြည်သူတွေက ယုံကြည်မြတ်နိုး လေးစားအားကိုးရသော...ပြည်သူ့ဘ၀ကို စာနာနားလည်သော၊ပြည်သူကိုချစ်သော ပြည်သူဆန္ဒအမှန်ကိုနားလည် တန်ဖိုးထားပေးနိုင်သော ကျနော်တို့ ရဲ့ ပြည်သူတွေကိုယ်တိုင် ရင်ထဲ အသဲထဲ နှလုံးသားထဲကအသိမှတ်ပြုခဲ့ကြတဲ့ လူထုခေါင်းဆောင် အမေစု ကို ထောက်ခံအားပေး သွားလာမဲ့လမ်းခရီးမှာ ကူညီပံ့ပိုး ရင်ထဲက မဲပြားတွေ ကို အမေစု ဆီ ထောက်ခံပေးအပ် ဒါမျိုးတွေ ၀ိုင်းဝန်းလုပ်ကိုင်ပေးကြရမှာပေါ့ဗျာ...ဒီလှေ ဒီပုတ် ဒီပဲ ဒီခရီး ကို သတိချပ်ရင်းနဲ့ ပေါ့......
မြန်မာပြည်မှ အစိုးရ၀န်ထမ်းများလည်း နိုင်ငံသူ/သားတွေ၊ ပြည်သူ/ပြည်သားများ ဖြစ်ကြပါတယ်။ ပြည်သူလူထုက ပေးဆောင်ထားတဲ့ အခွန်အတောက်တွေ၊ အခွန်ပေးဆောင်မှုတွေနဲ့ ရပ်တည်ရပေမဲ့ အရပ်သားပြည်သူလူထုတွေလိုပဲ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးတွေ ရှိပါတယ်လို့ထင်ပါတယ်။ ကျွန်တော် နိုင်ငံ့ဝန်ထမ်းတော့မဟုတ်ပါဘူး။ ခေတ်အခြေအနေ မတူတော့အချိန်အခါမှာ ခေတ်နောက်ပြန် ကျန်ခဲ့တဲ့စနစ်တွေ မရှိသင့်တော့ ဘူလို့ထင်ပါတယ်။ ဒါတွေဟာ အရပ်ဖက်အုပ်ချုပ်ရေးစံနစ်တွေမှာ နှစ်သီးစား စစ်ထွက်တွေ ပါဝင်နေလို့ပါဘဲ။
မြန်မာ့အသံ (တပ်ကုန်း)မှာလည်း သူတို့အကြီးအကဲး ကိုယ်တိုင် လက်အောက်ဝန်ထမ်းတွေကို ဆန့်ကျင်ဘက်နိုင်ငံရေးအသိုင်းအ၀န်းနဲ့ပါတ်သက်ရင် တင်းကြပ် အကျပ်ကိုင်မှုတွေရှိနေပါတယ်။ ဓါတ်ပုံတွဲးမရိုက်ရတာတို့၊ နှုတ်မဆက်ရတာတို့၊ ...... တာဆီးချက်တွေ အများကြီးဘဲ....
လူတစ်ဦးချင်းရဲ့လွတ်လပ်ခွင့်တွေ........ ပျောက်ဆုံးနေတယ်။
သမ္မတဦးသိန်းစိန်မိန့်ခွန်းမှာပါပါတယ်။
တစ်နိုင်ငံလုံးအစိုးရ၀န်ထမ်းက ၁၀၀ မှာ ၃ ယောက်ကျော်ပဲရှိပါတယ်တဲ့။
ဒါဆိုဝန်ထမ်းတွေစီကမဲလိမ်တောင်းရင်တောင်မှ....
ဘယ်လိုမှကြံ့ဖွတ်နိုင်စရာမရှိပါဘူး။
အလကားနာမည်ပျက်တာပဲအဖတ်တင်တယ်။
ဘယ်သူလုပ်တာလဲမြန်မြန်စုံစမ်းပြီး....အရေးယူပေးပါ။
တော်ကြာကြံ့ဖွတ်ကြီး.....တောပုန်းနေရမယ်။
ညစ်ပတ်တာကလဲကွာ...ပညာပါပါလေး လုပ်စမ်းပါ...
ပုသိမ်က ဖွတ်တွေလို..မုန်.ဟင်းခါးလေးဘာလေးကျွေးဆိုတော်သေး...
တနင်္ဂနွေ ရုးံတက်ရမယ်ဆိုတော.....
ဟားဟားဟား
ဦးသိန်းစိန်ပြောထားတယ်လေ နောက်ပြန်မလှည့်ဘူးလို့  ။ဒါကသူ အုံး လွဲနေလို့ ဖြစ်မယ် ။ အစိုးရထဲမှာလည်း အမာဂိုဏ်းအပျော့ဂိုဏ်း ဆိုတဲ့ ကွဲပြားမှူမျိုး မရှီဘူးတဲ့။ အခု လို ဟိုဟာကန့် သတ်ဒီဟာကန့် သတ်လုပ်နေတာက အမာမဟုတ်အပျော့မဟုတ်လူတွေပေါ့နော်။
လူ့အခွင့်အရေးကို မျက်ကွယ်ပြုခြင်းပါပဲ။ စစ်မှန်တဲ့ ဒီမိုကရစီ လမ်းကြောင်းပေါ် နာက်ပြန်မလှည့်ပဲသွားမယ် ဆိုတာကို ဘယ်လိုယုံရပါ့လဲ။
နိုင်ငံ့ဝန်ထမ်းများလည်းနီးရာဓါးကြောက်ရင်းက ဘေးလွယ်အိတ်အဖြစ်မခံကြဖို့အချိန်တန်ပြီထင်ပါတယ်။
မသိပဲနေ မလား? မသိချင်ယောင်၊မကြားချင်ယောင်ကိုဆောင် နေတာ...
အကျင့်ကတော့ နည်းနည်းလေးတော့ ကျန်နေသေးတာပေါ့၊ ချက်ချင်းကြီးတော့ ဘယ်ရအုံးမှာလဲ..
တပ်ကလူတွေရှိနေသမျှ ဒီလိုပဲနေဦးမှာပဲကွ ..သူတို့စိတ်ဓာတ်တွေက နိုင်ငံကို အုပ်ချုပ်ဖို့တော်တော်လိုသေးတယ်၊ သမတကြီလည်း အဲဒါတွေကို မပြင်နိုင်သမျှနိုင်ငံ က ဘာမှဖြစ်လာမှာမဟုတ်ဘူး
သိပ်သိသာလွန်းတယ်။ သိန်းစိန် က ရှေ့က ဖုံးလိုက်၊ ကြံ့ဖွတ်တွေက နောက်က ဖော်လိုက် ဖြစ်နေပြီ။ ဘာနဲ့ တူသလဲ ဆိုရင် ရှက်လွန်းလို့ မျက်နှာကို ပုဆိုးနဲ့ဖုံးခါမှ အောက်က ဖင်ပြောင်ကြီး ပေါ်လာသလို ဖြစ်နေပြီ။ ဟား ဟား။
တ၇ုတ်ကို နမူနာယူပီး လာဘ်ပေးလာဘ်ယူတွေကို သေဒဏ်အပြစ်ပေးပါ။ နိုင်ငံပြန်လည်တည်ဆောက်ေ၇း အေ၇းပေါ်ဥပဒေပြဌာန်းပီး အကျင့်ပျက်တွေကို ပြင်းပြင်းထန်ထန် စီမံချက်နဲ့အေ၇းပေးပါ။ ။
Myanmar ရေ။ မလုပ်လိုက်ပါနဲ့ ဗျား။ မလောက်ငှ လို့ လဘ်စားနေရတဲ့သူ တွေ အားလုံး သေကုန်ပါဦးမယ်။
အော်--
သိန်းစိန်ရေ-လွှတ်တော်မှာတော့ပြောလိုက်ရတာ-
Good & Clean Government
အပြောမကြီးပါနဲ့ဗျာ-
လူလိုသိအောင်ဝန်းထမ်းတွေ(ရာထူးကြီးတွေ)ကိုအရင်သင်ပါဦး။
ကိုင်း... စစ်ကိုင်းသားတို့ရေ... လိုချင်တာလေးတွေ ပေးထားတော့ (တက္ကသိုလ်လေးဘာလေးတိုးပေးထားတော့)ငြိမ်လှချေလား... အမေ့ကို ကြိုဖို့ ပျက်ကွက်ခဲ့ရင် သမိုင်းမှာ ရာဇ၀င်ရိုင်းသွားမယ်နော်.... စစ်ကိုင်းသားများ အမြင်ကျဉ်းသူများမဟုတ်ကြောင်း သက်သေပြကြပါ... စစ်ကိုင်း ရွှေတိုင်းသားတို့လည်း ခေသူမဟုတ်ကြောင်း သက်သေပြကြပါ... မုန့်ပေးလို့ ငြိမ်နေသူတွေ မဟုတ်ကြောင်း ဖော်ပြကြပါ... ယုံကြည်ချက်တွေကို ခိုင်ခိုင်မာမာ ဖော်ထုတ်ပြသကြပါ....
what the hell going on ,oh my god unbelievable , there are very bad people in our country and should remove them as soon as faster anyway Our leader Su will win in 1 st of April, and be sure that all the people hate USDP
what the hell going on ,oh my god unbelievable , there are very bad people in our country and should remove them as soon as faster anyway Our leader Su will win in 1 st of April, and be sure that all the people hate USDP
WHAT A SHAME ? It is shamelessness. Try to cover dead elephant with goat leather.
့How much will Thein Sein's government pay their staff for working on a day-off on Sunday? The government has to pay two and a half times more, don't they? Isn't it the international labors right??????
Post a Comment