ကြံ့ခိုင်ရေးပါတီ အမတ်လောင်း သမ္မတ ဦးသိန်းစိန်နာမည်သုံးပြီး မဲဆွယ်နေ

လက်ရှိ သမ္မတ ဦးသိန်းစိန်နာမည်သုံးပြီး မဲဆွယ်နေစဉ်
နေပြည်တော် ဇမ္မူသီရိ မြို့နယ်ကနေ ကြံ့ခိုင်ရေးပါတီ အမတ်လောင်းအဖြစ်ဝင်ရောက်အရွေးခံမယ့် ဦးဝင်းဌေးဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်နာမည်သုံးပြီး မဲဆွယ်နေတယ်လို့ အင်န်အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင်တွေက
ထောက်ပြပါတယ်။ ဦးဝင်းဌေးဟာ ပြည်သူတွေကို ဖြန့်ဝေတဲ့ သူ့ရဲ့
လက်ကမ်းစာရွက်မှာ “နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှကိုယ်စားလှယ်လောင်း ဦးဝင်းဌေးအား ထောက်ခံအားပေးကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်” ဆိုပြီး ဖော်ပြထားပါတယ်။ တည်ဆဲ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးပါတီက အမတ်တစ်ယောက်ယောက်ဟာ သမ္မတ၊ ဒါမှမဟုတ် အစိုးရအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပါက ပါတီဝင်အဖြစ်မှ
နှုတ်ထွက်ပြီးသားဖြစ်ရမည် ဆိုပြီး ဖော်ပြထားပါတယ်။ ဒီအတွက် ဦးဝင်းဌေးရဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ မညီကြောင်း အင်န်အယ်လ်ဒီ အောင်နိုင်ရေးအဖွဲ့ဝင်တွေကထောက်ပြပါတယ်။ နေပြည်တော် ဇမ္မူသီရိ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
နေရာအတွက် အင်န်အယ်လ်ဒီ ပါတီက ဒေါ်စန္ဒာမင်း နဲ့ ကြံ့ခိုင်ရေးက
ဦးဝင်းဌေးတို့ ယှဉ်ပြိုင်မယ်ဖြစ်ကြောင်း သိရပါတယ်။

ဒီဗွီဘီ
ကြံ့ခိုင်ရေးပါတီ အမတ်လောင်း သမ္မတ ဦးသိန်းစိန်နာမည်သုံးပြီး မဲဆွယ်နေ ကြံ့ခိုင်ရေးပါတီ အမတ်လောင်း  သမ္မတ ဦးသိန်းစိန်နာမည်သုံးပြီး မဲဆွယ်နေ Reviewed by သစ်ထူးလွင် on 15:44 Rating: 5

12 comments:

vimpire said...

ဘယ်လောက်ပြောပြော သောက်ခွက်ကပြောင်ပြီးတော့ အရေးမယူတာကတော့ ရွေးကောက်ပွဲကော်မရှင်ပါဘဲ... အရှက်ကလဲကမ်းကုန်...

sean said...

အန်အယ်လ်ဒီ ကို ထောက်ခံသူဖြစ်ပါတယ်..
သမတကြီး ကိုယ်တိုင် မဲမဆွယ်ရင် ပြီးတာဘဲ
အမေစု အစိုးရအဖွဲ့ ထဲပါသွား ရင် နောက်တခေါက် အန်အယ်ဒီ ဘယ်လိုလုပ်မလဲ..
အမေက အမြဲကျောပိုးလို့ ချီနိုင်မှာမဟုတ်ဘူး
ကိုယ်ကိုယ်ကို ရပ်နိုင်အောင်လုပ်စေချင်တယ်

Ko Htet said...

နေပြည်တော်သားတွေ--- သေချာစဉ်းစားကြနော်------
အော်----သူတို့အတွက် ရည်ရွယ်ပြီးဆွဲထားတဲ့ ၂၀၀၈ ဥပဒေ သေးသေးလေးတောင် မလိုက်နာတဲ့ ပါတီပါလား။
တိုင်းပြည်အတွက်ရင်လေး လိုက်တာ------------ :'( :'( :'(

Sandi said...

အားလုံး၊ လူလိမ် လူကောက် သူခိုးတွေ။

sean said...

NLD ရေ အမေစု မွေးဖွားထားတဲ့ NLD မို့ ကိုယ်စားလှယ်လောင်း ကို ဘာမှမကြည့်တော့ဘဲအားပေးနေတာနော်... ထင်ပေါ်ကျော်ကြားသူတို့ ကလည်း ကူညီ မဲဆွယ်ပေးနေတာနော်..
လူထု မျက်စိထဲ မှာ စွဲ သွားတဲ့ ကစားကွက်လေး တွေ ကန်ပြီး ဂိုးသွင်းပြအုံး..
ဒိုင်လူကြီးက အရင်တခါ ဒိုင်လူကြီးလောက် ဆိုးမဲ့သဘောမရှိပါဘူး..
ဒိုင်လူကြီးကြောင့် ဘာဖြစ်သွားရပါတယ် ညာဖြစ်သွားရပါတယ် လို့ မကြားရပါစေနဲ့..
ခလေးတယောက် ကငိုယိုပြီး အမေကို ပြန်တိုင်နေမဲ့အစား ..ပြဿနာ ကိုရှင်းခဲ့ပါ..
ဥပဒေ ထဲက ဆလိုက်ထိုးပြီး ခပ်ကြမ်းကြမ်း ဖျက်ထုတ်တာ ဖေါင်း မဟုတ်ပါဘူးဗျာ...

Spy Boy said...

စိတ်ညစ်စရာကောင်းလိုက်တာဗျာ...ဒီလောက်တောင်အာဏာရူးနေရသလား
ဘာလို့ဒီလောက်တောင်လိုချင်ရသလဲဆိုတာငါသိတရ်..လက်ကျန်မြန်မာပြည်
ကိုရောင်းစားမလို့မဟုတ်လားဗျ......

lwannaymie said...

သမ္မတကြီးကရိုးသားတယ်....စောက်ရှက်မရှိတဲ့...ဝင်းဌေး။

မြန်မာပြည် said...

ဘယ်သူ့ ကိုမှ မယုံ နိုင် ဘူးဗျာ အမေဆု ကလွဲ လို့ 

iban said...

အမတ်လောင်းတစ်ယောက်ဟာ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေကိုတော့ မဖြစ်မနေ နားလည်ထားသင့်တယ်။
ဒီလူ အခြေခံ အသိပညာကို ရှိဟန်မတူဘူး။ သူ့အနေနဲ့ ဒီလိုလုပ်လို့ရတယ်။ ဒီလိုလုပ်ရင် တရားဝင်တယ်။ နိုင်ငံတော်သမ္မတကြီးလည်း ဂုဏ်တက်တယ်.. ဒီလို ထင်နေပုံရတယ်။
ဒီလိုလူ အမတ်လောင်းဖြစ်နေတာ တော်တော်ရှက်စရာကောင်းတယ်။ လွှတ်တော်ထဲများ ခြေချော်လက်ချော်၊ မရမကချော်ပြီးရောက်သွားရင် လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင် ပြောတာလည်း မလွန်ပါဘူး။

သုခမိန် said...

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃)
နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများ
အခန်းမှာ....
နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ များသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ များအဖြစ် ရွေးချယ်တင်မြှောင်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူး သက်တမ်း အတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ
လို့ဆိုထားတာဘဲ

Ar Ga said...

အေးလေ ... သူတို့ စိတ်ကြိုက် ဆွဲထားတဲ့ ဥပဒေကိုတောင် သူတို့ မလိုက်နာနိုင်ဘူးဆိုတော့ ကျန်တဲ့ ဥပဒေတွေ ၊ ကျင့်ဝတ်တွေကို သူတို့ အကျိုးထိခိုက်လို့ကတော့ လုံးဝ လိုက်နာမှာ မဟုတ်တာ သိသာတယ် ။ ဘု၇ားေ၇ .... ဒီလိုပါတီကိုတော့ မဲမပေးဘူး ။

ye gyi said...

ပြည်ခိုင်ဖြိုးပါတီမှ ကိုတော်တွေ...အဆင့်အတန်းရှိရှိယှဉ်ပြိုင်ကြပါဗျာ...ရှုံးလည်းရှုံးပေါ့၊ မနိုင်လည်းရှုံးပေါ့၊ အရည်အချင်းမရှိလို့ရှုံးတယ်မှတ်ပေါ့...ဘာလည်းဗျာလူကြားလို့မကောင်းဘူးးး ခင်းများတို့ လုပ်တာနဲ့ ကြံ့ဖွတ် နာမည်ပျက်တယ်...

Powered by Blogger.