၂၀၁၁ ခုနှစ် ဇွန်လ က မန္တလေးမြို့ပေါ်ရှိ ဈေးချို ၂ရ လမ်းနှင့် ၈၄ လမ်းထောင့် မန်းမြန်မာပလာဇာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့စဉ်က မြင်ကွင်းပါ |
အလုပ်သမားတွေက သံတိုသံစတွေကို ထုနှက်ရင်းကနေ မနက် (၁၀ နာရီ ၄၅မိနစ်)
လောက်မှာ ဒီပေါက်ကွဲမှု ဖြစ်တာလို့ မန္တလေးဒေသခံတစ်ယောက်က ပြောပါတယ်။
“ကျွန်တော့်အိမ်နဲ့ မဝေးဘူး။ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ပေါ့ဗျာ။ စက်မှု(၁)ရပ်ကွက် ပုဂ္ဂလိကသံရည်ကျိုအလုပ်ရုံမှာပေါ့။ အလုပ်သမားလေးတွေ သံရည်ကျိုဖို့အတွက် သံတွေကို သူတို့ သန့်စင်ကြတာဗျ။ သံတွေကို သန့်စင်ရင်းနဲ့ ထုရင်းနှက်ရင်းနဲ့ ပေါက်ကွဲပြီးတော့ အခု အလုပ်သမားလေး(၂)ယောက်ကတော့ သေနေတာတွေ့တယ်ဗျ။ (၂)ယောက်ကတော့ ဆေးရုံကို ပို့ရတယ်”
ပြည်ကြီးတံခွန် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ တယ်လီဖုန်းဖြေဆိုသူ ရဲဝန်ထမ်းက မကြားမိကြောင်း ပြောဆိုတဲ့အတွက် မန္တလေးခရိုင် ရဲတပ်ဖွဲ့ကို စုံစမ်းရာမှာတော့ တာဝန်ကျအရာရှိက အခုလိုအတည်ပြု ပြောကြားပါတယ်။
“ဟုတ်ကဲ့ အခုလောလောဆယ်တော့ ကျနော်တို့ အဲဒီအသေးစိတ်တော့ တက်မလာသေးဘူးခင်ဗျ။ အဲဒီမှာတော့ စက်ရုံတခုမှာ (၂)ယောက်သေတယ်လို့တော့ သိရတယ်။ ဒဏ်ရာရတာတို့ ဘာတို့တော့ ကျနော်တို့ လောလောဆယ် မသိရသေးဘူး။ လောလောဆယ်တော့ ကျနော်တို့ဆီက အဖွဲ့တွေ အဲဒီမှာ သွားပြီးတော့ ရှိနေကြပါတယ်”
ဒါကတော့ မန္တလေးခရိုင် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦး ဖြေဆိုသွားတာဖြစ်ပြီး၊ ဒီပေါက်ကွဲမှု ဘာကြောင့် ဖြစ်တယ်ဆိုတာနဲ့ သေဆုံး ဒဏ်ရာရသူတွေရဲ့အသေးစိတ်ကို သူတို့အနေနဲ့ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။
RFA

ပုဂ္ဂလိကသံရည်ကျိုစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
05:39
Rating:
1 comment:
နံပါတ်၁တရားခံကဒီဗုံးတွေကိုတွေ့သူဖြစ်တယ်။သက်ဆိုင်ရာ(သို့)ရပ်ကွက်လူကြီးလောက်ကိုတောင်အကြောင်းမကြားတတ်လောက်အောင်ကိုဆင်ခြင်တုံတရားနဲပါးသဲူဖြစ်တယ်။နံပါတ်၂တရားခံက၄င်း၏တိုင်ပင်ခြင်းခံရသူတွေဖြစ် မယ်။၁နဲ့၂ဟာအရက်ဖိုးလောက်အတွက်နဲ့ဒီဗုံးတွေကိုသံရည်ကြိုသမားဆီကိုရောင်းစားကြမယ်။နံပါတ်၃ကသံရည်ကြိုပိုင်ရှင်ပါ။သူမသိပဲနဲသူ့အလုပ်သမားတွေကမ၀ယ်ရဲပါဘူး၊အသက်ကြီးတဲ့အလုပ်သမားတွေကမလုပ်ရဲလို့ကလေး တွေကိုခိုင်းတာပါ။အလွန်အင်မတန်လူမဆန်တဲ့သူပါ။မိမိရဲ့အသက်နဲ့ဂုဏ်ကိုတန်ဘိုးမထားတတ်သလိုသူတစ်ပါးရဲ့အသက်နဲ့ဂုဏ်သိင်္ကခာကိုလည်းတန်ဘိုးမထားတတ်သူပါ။နံပါတ်၎ကသံရည်ကြိုစက်ရုံကတခြားအလုပ်သမားတွေ နဲ့ပတ်ဝန်းကျင်ကသူတွေပါ။သူတို့သာသက်ဆိုင်ရာကိုအကြောင်းကြားခဲ့ရင် အခုလိုဖြစ်လာမှာမဟုတ်ပါဘူး။ဥပဒေကြောင်းအရနံပါတ်၃တရားခံဖြစ်တဲ့သံ ရည်ကြိုစက်ပိုင်ရှင်သာအပြစ်အကြီးဆုံးဖြစ်ပေမယ့်နောက်ဆုံးတားမြစ်ကာကွယ်ပိုင်ခွင့်ရှိသူတွေကနံပါတ်၎ပုင်္ဂဂိုလ်တွေပါ။သူတို့ကဘောလုံးစကားနဲ့ပြောရရင်last defender ပါ။သူတို့ပေါက်လို့ဂိုးဝင်သွားတာပါ။ ၀မ်းရေး အတွက်ငွေကြောင့်အလုပ်ရှင်အလုပ်သမားဖြစ်ကြပေမယ့်ကျွန်တော်တို့လုပ်သင့်လုပ်ထိုက်တာတွေကိုအားမနာတတ်စွာ၊ယဉ်ကျေးစွာလုပ်တတ်ကြဖို့လိုပါတယ်။ကျွန်တော်ပြောတဲ့၎မျိုးထဲက၁မျိုးမျိုးကသာကာကွယ်ခဲ့ရင်ဒီလိုဝမ်းနည်းဖွယ်ရာအဖြစ်ဆိုးနဲ့ကြုံတွေ့ရမှာမဟုတ်ပါဘူး။ဘယ်နေရာမဆိုပူးပေါင်းဆောင်ရွက်တတ်ဖို့လိုတယ်ဆိုတာအခုအဖြစ်ဆိုးကကျွန်တော်တို့ကိုသာဓကပြသွားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာလူမျီုးတွေတာဝန်သိတတ်စွာနဲ့ပူးပေါင်းဆောင်ရွက်တတ်ကြပါစေလို့ဆုတောင်းပါတယ်။
Post a Comment