ဒေါ်အောင်ဆန်းစုကြည်ပုံပိုစတာများ တည်ဆဲဥပဒေအရ ဆောင်ရွက်ရန် စည်ပင်ပြော

မတ်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း  (YPI) 

ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာများအား တည်ဆဲပဒေအရ ဆောင်ရွက်ရန် ပခုက္ကူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ  ယနေ့မနက်တွင် စာဖြင့် အကြောင်းကြားခဲ့ကြောင်း ယင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပိုက်ကိုကပြောသည်။

၎င်းက “ ဒီနေ့မနက်မှာ အကြောင်းကြားစာရတယ်။ တည်ဆဲဥပဒေအရဆောင်ရွက်ရမယ်ဆိုတာ ပါလို့ ဘယ်ဥပဒေကိုပြောတာလဲ သိချင်လို့ စည်ပင် အရာရှိနဲ့တွေ့ဖို့သွားတာ မအားသေးဘူးလို့ငြင်းလိုက်တယ်” ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ပခုက္ကူမြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ၀ိုင်ပီအိုင်မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေကြားနိုင်ခြင်းမရှိကြောင်း ယင်းဌာနမှ ပြောသည်။

ပခုက္ကူမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုစတာကြီးပေါင်း ၄၉ ခုရှိကြောင်း၊ သို့သော် ယင်းပိုစတာများမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လိုက်လံ ချိတ်ခြင်းမဟုတ်ဘဲ   ဒေါ်အောင်ဆန်းစုကြည်အား လေးစားသည့် ပြည်သူများမှ ချိတ်ဆွဲကြိုဆိုကြခြင်းဖြစ်ကြောင်း ဦးပိုက်ကိုက ပြောသည်။       ။
by Yangon Press International
ဒေါ်အောင်ဆန်းစုကြည်ပုံပိုစတာများ တည်ဆဲဥပဒေအရ ဆောင်ရွက်ရန် စည်ပင်ပြော ဒေါ်အောင်ဆန်းစုကြည်ပုံပိုစတာများ တည်ဆဲဥပဒေအရ ဆောင်ရွက်ရန် စည်ပင်ပြော Reviewed by သစ်ထူးလွင် on 03:40 Rating: 5

12 comments:

Anonymous said...

'ဒါဆို စည်ပင် ကလမ်းခင်းပြီး ကြံ.ဖွတ်ခင်းတာပါ လုပ်တာက ရောကွာ?

Anonymous said...

စည်ပင်ကသူတောင်စားနဲ့.သူခိုးရုံးပဲ.
သူခိုးကသူခိုးနေရာမနေပဲ.ဘာဝင်ရူပ်တာလဲ.

soecyclone said...

မင်းတို့က လမ်းခင်း၊အမှိုက်ကောက်တဲ့အလုပ်လောက်ပဲလုပ်တတ်တာပါကွာ၊
ရှင်းရှင်းပြောရရင်အဆင့်အတန်းဆိုတာဘာမှန်းတောင်မသိတဲ့မင်းတို့ကောင်တွေ
ကိုယ့်အဆင့်နဲ့ကိုယ်နေပါ...

မြန်မာ့မြေ said...

အပြစ်ကို မတွေ့တွေ့အောင်ရှာနေတဲ့ခွေးတွေပါလားကွာ
ရွေးကောက်ပွဲက မနက်ဖြန် အခုချိန်ထိ အမြင်မှန်မရသေးပါလား

National said...

အကြောင်းကြားတဲ့စာကိုဖော်ပြနိုင်ရင် ပိုကောင်းမယ်။ မအားသေးဘူးဆိုတာလည်းဖြစ်နိုင်ပါတယ် (၃၀)ရက်နေ့က လခထုတ်ရက်၊ ဘတ်ဂျက်ပိတ်ရက်ပဲလေ။ ဒါပေမဲ့ ကိုယ်ထုတ်ခဲ့တဲ့စာအတွက် ကိုယ်တာဝန်ယူရဲရမှာပေါ့လေ၊ သူမျာိးုင်းတာလုပ်တဲ့ ဥနျောက်မရှိတဲ့ ဦးစီးမှူးဆိုရင်တော့ ရှောင်နေမှာပေါ့။

aung naing said...

ပိုစတာတွေကပ်တာဘာဥဒေနဲ့မှအရေးယူမရပါ၊ဒါဆိုကုန်ပစ္စည်းကြော်ငြာတွေကိုဘာလို့ကပ်ထားလဲ၊အရက်ကြော်ညာဆေးလိပ်ကြော်ငြာတွေကျတော့အရေးမယူဘူး၊စည်ပင်ကကောင်တွေပိုက်ဆံညစ်ဖို့လောက်ဘဲသိတယ်ဘာအလုပ်မတော့မလုပ်ဘူး။

မြို့စောင့်နတ် said...

ပြည်သူက ကြည်ဖြူလို့ နိုင်ငံအနှံ ပိုစတာချိတ်တာပေါ့ကွာ မကြည်ဖြူဘယ်ချိတ်မလဲ ဒါလေးတောင်နားမလည်ဘူး ဌဲဌဲဌဲ

justic said...

မနာလိုစိတ်နဲ့ ပြောတာပါ။ ခွင့်လွှတ်လိုက်ပါ။ သူတို့ခေါင်းဆောင်ကြီးတွေကို ဘယ်ပြည်သူကမှ အမြတ်တနိုးချိတ်ဆွဲကြလို့လဲ။ စည်ပင်အရာရှိ ဦးစိုးသန်းကိုလည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရီက ဖိအားပေးလို့ရှိမှာပေါ့။ ဦးခင်မောင်ရီကိုလည်း ဦးဖုန်းမော်ရွှေက ဖိအားပေးလို့ ရှိမှာပေါ့။ သူတို့မှာတော့ အကြောက်တရားတွေနဲ့ချည်းပဲ။ ဥပဒေအတိုင်း တကယ်လုပ်မှာလားလို့ မေးလိုက်ပါ။

phomesatpaing said...

စည်ပင်ကအကြောင်းကြားစာမှာတည်ဆဲ ဥပဒေ၊ပုဒ်မ ကိုညွှန်းပြီးအကြောင်း
ကြားမှ တိတိကျကျ ရှင်းရှင်းလင်းလင်း သိနိုင်မှာပေါ့၊သူကသတ်တိရှိရှိ
ဇီးစေ့နဲ့လှမ်းပေါက်၊သတင်းစာလိပ်နဲ့ဝင်ရိုက်တယ်ပေါ့၊
ဒါကစီးပွားရေးကြော်ငြာမှမဟုတ်တာ၊ကြံ့ခိုင်ရေးလည်းပိုစတာနဲ့ကြော်ငြာတာပဲ၊

dnp said...

တတ်လဲတတ်နိုင်ကြပါပေတယ် ........

luckyboy said...

စည်ပင်ကောင်တွေတော့မဆိုင်တာလုပ်ပြီ စောက်ရူးတွေ

luckyboy said...

စည်ပင်က လမ်းပြင်အမှိုက်ကောက်လေ ဘာမဆိုင်တာလုပ်မလို့လဲ

Powered by Blogger.