ဓါတ်ပုံ(NLD) အမျိုးသား ဒီမိုကရေစီအဇွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၎င်းအရွေးချယ်ခံမည့် ကော့မှူးမြို့နယ်သို့ စတုတ္ထအကြိမ် စည်းရုံးရေး ခရီးစဉ်အဖြစ် မတ်လ ၂၂ ရက်နေ့မွန်းလွဲပိုင်းတွင် သွားရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စတုတ္ထအကြိမ် ကော့မှူး စည်းရုံးရေးခရီးစဉ် ဓါတ်ပုံများ သတင်းဓါတ်ပုံ- NLD, YPI
20 comments:
အမေစုအောင်မြင်မှာပါ သားတို့သိပါတယ်...
အောင်မြင်ပါစေမဟုတ်ဝူး အောင်ကိုအောင်မြင်မှာ ဟိဟိ ကြံဖွတ်တို့များ စည်း
ရုံးရေးဆင်းတာ တစ်အိမ်တက်ဆင်းလုပ်ရတယ် အမေဆုများ အဲ့လိုလုပ်စရာ
မလိုဝူးရောက်လေရာနေရာမှာ ကြိုဆို မဲ့သူအပြည့် ကြံဖွတ်ကအမတ်များ ရှက်
တတ်ရင်လဲသေဖို့ကောင်းတယ် ဒါလဲမရှက်ပါဝူး ကြံဖွတ် ကြံဖွတ် ကြံလွန်းလို့
ဖွတ်ဖစ်နေပီ ဒင်းတို့လဲ ဆက်ပြောရင်ဒင်းတို့ကြောင့်ပွကြီးဖစ်တော့မယ်*_^
ပြည်သူ့သတင်းဌာနလား အစိုးရ အတိုက်ခံ သတင်းဌာနလား..သိချင်လို့ပါ.. နေ့စဉ်နဲ့အမျှ ဖတ်လိုက်ရတာ အစိုးရ မကောင်းသတင်း.. ကောင်းလိုက်တဲ့ ဒေါ်စုသတင်း NLD သတင်း.. ရွေးကောက်ပွဲဝင်မှာ ၄၈ ပါတီ.... တွေ့နေရတာတော့ ဒီ NLD ပါတီပဲ.. ပြည်သူတွေကတော့ ထင်လိ့်မ်မယ် ဒီပါတီတခုပဲ ရွေးကောက်ပွဲဝင်မှာလားလို့.. လုပ်စမ်းပါ.. ကျန်တဲ့ ရွေးကောက်ပွဲ ၀င်မဲ့ ပါတီတွေက အမတ်လောင်းတွေ အရည်အချင်း အတွေ့အကြုံလေးသတင်း..အားလုံးကို ဖော်ပြထားမှ ဘယ်သူက အကောင်းဆုံးဆိုတာ ရွေးချယ်လို့၇မှာပေါ့ဗျာ.. ဒီအတိုင်းသာ ဆက်သွားနေရင်တော့.. ပြည်သူတွေကို လှည့်ဖျားရာရောက်ပြီး ခရီးမပေါက်ဖြစ်ပါလိမ့်မယ်..(ဒေါ်အောင်ဆန်းစုကြည် စကား).. ကျွန်တော်ကတော့ ပါတီစွဲတွေ မရှိပါဘူး.. တကယ်လုပ်နိုင်ကိုင်နိုင်တဲ့သူတွေကို သိလည်းသိချင်တယ်.. ဖြစ်လည်း ဖြစ်စေချင်တယ်.. ဒါမှ နိုင်ငံတိုးတက်မှာပေါ့.. ဒီပါတီတခုတည်းမှာဘဲ အရည်ချင်းရှိတဲ့သူတွေ ရှိမယ်ဆိုတဲ့ အထင်ကတော့ အမြင်ကျဉ်းလွန်းပါတယ်.. ဖြစ်နိုင်ရင် ပုဂ္ဂိုလ်စွဲ ပါတီစွဲတွေ လျော့ပြီး သတင်းတွေ ရေးသားမယ်ဆိုရင် ပိုကောင်းမယ်ထင်တယ်.. ပြည်သူတွေက သတင်းဖတ်ချင်တာပါ.. အတင်းနဲ့ အတိုက်ခံ သတင်းတွေ ဖတ်ချင်တာမဟုတ်ပါဘူး.. ကျွန်တော်လည်းပြည်သူတယောက်ပဲ.. ပြည်သူ့ခံစားချက်ကိုယ်စား လာပြောတာပါ..ကျွန်တော်ပြောတာ မှန်တယ်ဆိုလည်း ဒီကွန့်မန်းကို ဖျက်နိုင်ပါတယ်..ဘန်းနိုင်ပါတယ်.. ကျေးဇူးတင်ပါတယ်..
ကိုဘခက်ရေ...
ပြည်သူတွေက ဦးတင်ရီနဲ့  အောင်သိန်းလင်းလဲ သိပါတယ်ဗျ။ ဘယ်သူတွေက ဘာသမိုင်း၊ ဘာအစဉ်အလာ၊ ဘာအနစ်နာခံခဲ့လို့  ဒေါ်စုနဲ့  ယှဉ်ချင်တာလဲ.. ပြည်သူတွေ အများစုဖတ်တာဆိုတော့ ပြည်သူ့  အကြိုက်ပဲ တင်မှာပေါ့ဗျ။ မကျေနပ်ရင် မြန်မာ့အလင်း ဖတ်လေဗျာ။
ကိုဘခက်ရေ
ဒီသတင်းဆိုဒ်က ပြည်သူကိုမျက်နှာမူတဲ့ ပြည်သူအတွက် အကျိုးပြုနေတဲ့ဆိုဒ်ဖြစ်တဲ့အတွက် ပြည်သူနဲ့တသားတည်းနေပေး ပြည်သူရဲ့မျှော်လင့်ချက်တွေကို သဘောထားအမှန်နဲ့ဆောင်ရွတ်ပေးမည့်သူသာ မှန်ရင် အကိုပြောတဲ့ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်ရယ်မခွဲခြားပါဘူး ဒီဆိုဒ်ထဲမှာတွေ့ရမှာပါ၊ စိတ်မကောင်းစရာကတော့ ကိုသစ်ထူးလွင်ဆိုဒ်ထဲမှာ အကိုကလွဲရင် ဘယ်သူမှအဲလိုမတောင်းဆိုတာကတော့ ထူးဆန်းတယ်လို့ပဲပြောရမလား နေ့စဉ် သုံးသောင်းလောက်ဖတ်နေကြတဲ့ ပရိတ်သက်တွေ အသိဆုံးပါ အကိုပြောတဲ့ တခြားပါတီတွေရဲ့ လူထုမျက်နှာမူတာ အတွေ့နဲတာလဲ ပါမယ်ထင်ပါတယ် အကယ်၍ တင်လိုက်ရင်လဲ စာဖတ်သူတွေ အကုသိုလ်ဖြစ်မှာစိုးလို့ မတင်ပေးတာလို့ပဲ နားလည်တယ်...
ကိုဘခက်ရေ …. ကျမလဲ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ ဒီဝဘ်ဆိုဒ်ကို အစိုးရ အတိုက်ခံ သတင်းငှာနလို့ တခါမှမစဉ်းစားမိဘူး။ ပြည်သူတွေဆီကရတဲ့ သတင်းတွေတင်ထားတဲ့ ဆိုဒ်လို့သာမြင်ပါတယ်။ နေ့စဉ်နဲ့အမျှဖတ်လိုက်ရတာ အစိုးရမကောင်းသတင်းဆိုလို့ ပြော ချင်ပါသေးတယ်။ ကောင်းတာလုပ်ရင် ကောင်းသတင်းဖြစ်ပါမယ်။ မကောင်းတာလုပ်ရင် မကောင်းသတင်းဖြစ်ပါမယ်။ ပြည်သူတွေက NLD တခုပဲရွေးကောက်ပွဲဝင်လိမ့်မယ်လို့ ထင်စရာမရှိပါဘူး။ အားလုံးသိနေကြတာပဲ။ အဲ့လောက် မအကြဘူးလို့ ကျမတော့ထင်တယ်။ တကယ်လုပ်နိုင်ကိုင်နိုင်တဲ့သူတွေကို သိချင်တယ်ဆိုရင်တော့ ဆိုဒ်တကာလှည့်ဖတ်၊ ပြည်တွင်းကသတင်းတွေနားစွင့် ပေါ့။ အတင်းနဲ့ အတိုက်အခံဆိုတာလေးလဲပြောပြပါဦး။ ဘယ်ပို့စ် ဘယ်သတင်းက အတင်းလဲ … အတိုက်အခံလဲ …
အင်း … ကိုဘခက် မြန်မာ့အလင်းတို့ ကြေးမုံတို့ မဖတ်ဖူးဘူးထင်တယ်။ ဒါမှမဟုတ် ဖတ်နေကြလို့များ မတူတာတွေတွေ့တော့ ဖတ်ရတာ အဆင်မပြေများဖြစ်နေသလား။ ခင်ဗျားနဲ့ ဘာဆိုင်လို့ လာပြောနေသလဲဆိုရင် ကျမလဲ တခြားဘက်ကမြင်တဲ့ ပြည်သူလဲ ရှိတယ်ဆိုတာ သိရအောင်ပါ။
ကိုသစ်ထူးလွင်ပြောတာမှန်ပါတယ်... ကိုသစ်က ပေးပို့လာတဲ့ အကြောင်းအရာကို ပြည်သူတွေသိအောင်ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်....အဝေးရောက်သူတွေ အတွက်တန်ဖိုးဖြတ်မရတဲ့ဆိုဒ်ဖြစ်ပါတယ်...ဖိနှိပ်မှုအောက်ကမလွတ်သေးတဲ့ ကျနော်တို့နိုင်ငံသားတွေအတွက် ရင်ဖွင့်စရာနေရာလေးလဲဖြစ်တယ်လို့ခံယူမိပါတယ်...
ကိုဘခက် မြင်းလမ်းမြင်လျှောက်၊ ဖွန်လမ်းဖွတ်လျှောက်၊ ကြေးမုံလမ်း ကြေးမုံလျှောက်၊ မြန်မာ အလင်းလမ်း မြန်မာအလင်လျှောက်၊ ဒေါင်းလမ်း ဒေါက်လျှောက်ပေါ့ဗျာ။ ဒီကိုသစ်ထူလွင်ဆိုက်က ဒီကမ္ဘာကြီးအနံ နေထိုင်နေကြတဲ့
မြန်မာတွေအားလုံး၏ အားထားစရာ သတင်းဝက်ဆိုက်ပါ။ ခင်ဗျားတစ်ယောက်ထဲး လာပြီထဖေါက်တော့ ခင်ဗျားလည်း အာနာရှင် မိသားစု ထဲကပဲထင်တယ်။
ကြံ့ဖွံ့တွေ တစ်အိမ်တက်ဆင်းလိုက်စည်းရုံးတယ်ဆိုတာ တစ်အိမ်တက်ဆင်း ရေနွေးကြမ်း
လှည့်သောက်တာကိုပြောတာ...တို့မြန်မာတွေရဲ့ယဉ်ကျေးမှုက အိမ်ကို
ဧည့်သည်လာရင် အနည်းဆုံးတော့ ရေနွေးကြမ်းတော့ တည်ခင်းမိမှာပဲ...
အမြင်ကျယ်တဲ့ ကိုဘခက်ရေ ကျုပ်တို့ရဲ့အစိုးရကရော ကောင်းတာတွေလုပ်နေလို့လား?
တကယ်တော့ ဘာမှမဟုတ်ပါဘူးဗျာ။နာမည်မကြီးတော့ နာမည်ကြီးချင်လို့ ဘခက်ဆိုတဲ့နာမည်နဲ့ဝင်တိုက်ခိုက်တာပါ။ထင်ရှားတာကိုဘယ်တုန်းကမှလုပ်ဖူး ထားတာမရှိတော့ ထင်ရှားလေမလား လူအာရုံစိုက်လေမလားဆိုပြီးတော့ ပြည်
သူနာမည်နဲ့အသားဝင်ယူတာပါ။တကယ်လို့ထောက်ခံသူပေါ်လာရင် ဂုဏ်ယူ မယ်ပေါ့ ပြောသူများလာရင်လဲ သက်သာအောင် ပြည်သူဆိုတဲ့နာမည်ကို သုံးတာပါ။အံ့သြစရာတော့မဟုတ်ပါဘူး။ အဆိုးရှိလို့ အကောင်းပေါ်လာတာ ကို အဆိုးထဲမှာ သက်ဆိုးရှည်နေတဲ့ မကောင်းတဲ့လူတွေအတွက်တော့ အကောင်းပေါ်လာတာဟာ သူတို့အတွက် အငတ်တွင်းပဲ့မို့ ဒီလိုတိုက်ခိုက်
တာနေမှာပါလေ။ နားလည်ပေးလိုက်ပါဗျာ။မြန်မာ့အလင်းကိုပြည်သူဆီက မတရားယူထားတဲ့ပိုက်ဆံနဲ့ဝယ်ဖတ်သူမို့အတွေးမတိုးလို့ ဒီလိုလျှောက်ရေး တယ်လို့ပါ သဘောထားလိုက်ပါ။ဘခက်ရေ.....ဘ၀မခက်ချင်ရင်တော့ အမှားတွေကို အမှန်မြင်နိုင်အောင်ကြိုးစားစေချင်ပါတယ်။
တို့ကတော့
ဒီဆိုဒ်ကို အရမ်းအရမ်းအားပေးတယ်နော့
မနက်မိုးလင်းတာနဲ့ သစ်ထူးလွင်နဲ့ မတွေ့ရရင် မနေနိုင်ဘူး..။
I also see thit htoo lwin
everyday
I can't stay without seeing Thit Htoo Lwin Site
ကိုဘခက်ရေ၊ ဝက်ဘ်ဆိုက်ဆိုတာ သတင်းစာလို လခပေးရတာလဲမဟုတ်၊ ကိုယ်မဖွင့်ဘဲနဲ့ သူ့အလိုလိုပေါ်လာတာမျိုးမဟုတ်ပါ။ သတင်းစာတို့၊ ဂျာနယ်တို့မှာ ဝင်ငွေရလမ်းရှိပေမယ့် ကိုသစ်တို့လို ဝက်ဘ်ဆိုက်ရေးသူ အများစုဟာ ဘာအကြိုးခံစားခွင့်မှမရှိဘဲ ကိုယ့်ဝါသနာတစ်ခုအတွက် ယုံကြည်ချက်အတွက် ဒုက္ခခံ အလုပ်ရှုပ်ခံနေကြတာ နားလည်ဘို့လိုပါတယ်။ နိုင်ငံရေးဝက်ဘ်ဆိုက်တိုင်းမှာ အရောင်အသွေးဆိုတာရှိစမြဲပါ။ ကျွန်တော်တို့ viewer တွေနဲ့ web developer တွေကြားမှာ ဘာသဘောတူညီမှုမှ ဘာအပေးအယူဘာအနှောင်အဖွဲ့မှ မရှိပါဘူး။ ကိုယ်သဘောမကျတဲ့ဆိုက်ကို ဝင်မကြည့်ရုံပါဘဲ။ အင်တာနက်ပေါ်မှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့၊ အာဏာရှင်တွေကို အမွှန်းတင်တဲ့ ဆိုက်တွေ အများကြီးရှိပါ့ဗျာ။ ခင်ဗျားတကယ်လို့ အဲဒီဆိုက်မျိုးကိုမှ ကြိုက်ပါတယ်ဆိုလဲ အဲဒီဆိုက်မျိုး ရှာဖွေကြည့်ပေါ့ဗျာ။ သစ်ထူးလွင်မှာ ကြံ့ဖွတ်ဘုန်းတော်ဘွဲ့ ကြည့်ချင်လို့လာတယ်ဆိုရင်တော့ ခင်ဗျားကို ကုန်စိမ်းတန်းမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းမရှိဘူးလား လာမေးတဲ့ ခပ်ကြောင်ကြောင်လူမျိုးလို့ သတ်မှတ်ရလိမ့်မယ်။
Ko Thit,...
do you know why people like to see you every day?....why...?
Ba Khat, go to kyaw san and ask him if u want to...
Ba Khat
, if you don't like this web site, you can go another site.
thank you very much ko thit...
တကယ်တော့ ကိုဘခက်ပြောတာမှန်သင့်သလောက်မှန်ပါတယ်။ ကျွန်တော်က ဂျာနယ်က သတင်းထောက်ပါ။ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့က ဘယ်ဘက်ကိုမှ မျက်နှာမလိုက်ဘဲ သတင်းရေးသားရပါတယ်။ ပါတီစွဲ ပုဂ္ဂိုလ်စွဲ တွေ မထားရပါဘူး။ ခုဒီ သစ်ထူးလွင် ၀က်ဘ်ဆိုဒ်က တော်တော် ကောင်းပါတယ်။ ဒါပေမယ့် တခြားပါတီတွေရဲ့ လုပ်ဆောင်ချက်ကိုလည်း ထည့်ပေးသင့်ပါတယ်။ ကောင်းတာမကောင်းတာအသာထားပြီး စာဖတ်ပရိသတ် တွေ အတွက် ရွေးချယ်မှုပေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီချုပ်ကို ကြိုက်တဲ့သူ ဒီချုပ်ကို မဲပေး၊ အန်ဒီအက်ဖ် ကြိုက်တဲ့သူ အန်ဒီအက်ဖ် ကို မဲပေး၊ မျိုးစုံပေါ့။ သူ့အကြိုက်နဲ့သူ ရွေးချယ်နိုင်အောင် လုပ်ပေးသင့်ပါတယ်။ မှန်တာ ပြောရရင် ကျွန်တော်က အန်လ်အယ်လ်ဒီ ပါတီကို ကြိုက်ပါတယ်။ ဒါပမေယ့် ကိုယ့် ၀က်ဘ်ဆိုဒ်ကို ကြည့်ရှုသူက လူတစ်ယောက်ကို စိတ်တစ်မျိုးဆီပါ။
ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ အားလုံးကိုမုဒိတာ စိတ်ထားပါလို့ တိုက်တွန်းပြောကြားသွားပါတယ်။
ဒေါင်းအိုးဝေ တွန်စေ၀်မြစေသောဝ်
နောက်တစ်ခုပြောချင်တာက ကို ဘခက်ရေ ဒီ ၄၈ နေရာ လုံး အန်အယ်လ်ဒီ ပါတီ တစ်ခုပဲ ၀င်ပြိုင်တာမဟုတ်ပေမယ့် ယှဉ်လို့မရတာအသိအသာကြီးပါ။ ပြီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲလုပ်ခဲ့တုန်းက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲရောက်လာတယ်။ အဲဒီလွှတ်တော်ထဲမှာ ပြည်သူတွေက အသိအမှတ်မပြုခဲ့ရပါဘဲနဲ့ လွှတ်တော် အမတ်လောင်းတွေ ရှိနေတယ်လို့ ထောက်ပြ ပြောဆိုခဲ့တယ်ဘယ်သူလဲ ကိုဘခက်ရေ။ ဒေါ်အောင်ဆန်းစုကြည် ပါဘဲ။ လွှတ်တော်အသက်ဝင်ဖို့ဆိုတာ အတိုက်ခံပါတီ တွေ ရှိမှ အသက်ဝင်မှာပါ။ သူတို့ပြောတာခေါင်းညိတ် ထောက်ခံလုပ်နေရုံနဲ့တော့ လွှတ်တော်က ဖွတ်ချီးလွှတ်တော်ပဲဖြစ်လာလိမ့်မယ်။ ကိုဘခက်ရေ အစိုးရမကောင်းသတင်းပဲ ဒီဆိုဒ်က ရေးနေတယ်လို့ပြောခဲ့တယ်နော်။ ကောင်းသတင်းတွေက ဘယ်မှာလဲ။ ကျွန်တော်တို့နိုင်ငံတော် သမ္မတကြီးက တော့ကောင်းပါတယ်။ သူကတတ်နိုင်သမျှ ဆောင်ရွက်ပေးနေပါတယ်။ အမေစု လားရှိုးခရီးစဉ်မှာပြောသွားခဲ့တာကတော့ ခုလုပ်ဆောင်ချက်တွေမှာ နိုင်ငံတော် အစိုးရတပ်မတော်ကလည်း ပူးပေါင်းပါဝင်ဖို့လိုပါတယ်လို့ပြောကြားသွားပါတယ်။ မျှတမှုရှိတဲ့ စကားပါပဲ။ ကိုဘခက်ရေ ဒါနဲ့များ ခင်ဗျားက မုဒိတာစိတ်မထားနိုင်ရတာလဲ။ ဒေါ်စု လွှတ်တော်ထဲရောက်လာမှာ ခင်ဗျားတို့ကြောက်နေလို့လား။ ဟုတ်မှာပါ ၁၉၉၀ပြည့်နှစ်ထဲက ခင်ဗျားတို့ ဒေါ်စုကိုကြောက်ရွံ့နေခဲ့တာ သိသာပါတယ်။
ခင်ဗျားတို့ မကြောက်ဘူးဆိုရင် ဒီလိုကပျက်ရပျက်တွေ လိုက်လုပ်မနေပါနဲ့တော့၊ ရဲရဲရင်ဆိုင်လိုက်ပါဗျာ။
ဒေါင်းအိုးဝေ တွန်စေ၀်မြစေသောဝ်
ကိုဘခက်
၊နှစ်ပေါင်း များစွာရေဒီယို၊ရုပ်မြင်သံကြား၊သတင်းစာ၊မီဒီယာအားလုံးကနေနေ့
တိုင်းကြော်ငြာနေတဲ့ပါတီကို ထပ်ကြော်ငြာပေးဖို့လိုမယ်မထင်တော့ပါဘူး၊
၂၀၁၀ မှာသူတို့ဘယ်လို အနိုင်ယူခဲ့သလဲ၊ဘယ်လိုလုပ်ခဲ့သလဲဆိုတာ
တစ်ပြည်လုံးသိပြီးဖြစ်ပါတယ်၊လက်ရှိ၊မြန်မာ့နိုင်ငံရေးမှာ အနာဆုံး၊အခံရဆုံး
သူတွေကိုအားနာဖို့ကောင်းပါတယ်၊လူတိုင်းဟာမိမိနဲ့သဘောထားခြင်း
တူသူတွေကိုပဲလိုခြင်တယ်၊သူတို့အကြောင်းကိုပဲသိချင်တယ်၊
စိတ်ဝင်စားတယ်၊ကိုယ်လဲဒီလိုခံစားရလားလို့ပြန်စဉ်းစားပါ၊အခုဆိုဒ်ကလည်း
ဟိုပါတီရဲ့လုပ်ရပ်တွေကိုအများသိအောင်ဖေါ်ပြတာဖြစ်ပါတယ်၊
ကိုဘခက်
ပြည်ခိုင်ဖြိုးပါတီကိုကြော်ငြာပေးနေတဲ့ ပိတောက်မြေ၊သဘာဝမြေ
စသည့် ၀က်ဆိုဒ် တွေမှာ ဘာတွေပါလဲဆိုတာသွားကြည့်ပါအုန်း၊
ကိုယ်ကြိုက်တဲ့ဆိုဒ်ကိုယ်ဝင်ကြည့်ကြပေါ့၊ အချိုကြိုက်တဲ့သူအချို၊အခါးကြိုက်တဲ့
သူအခါးပေါ့ဗျာ၊သို့သော် ခံယူချက်တစ်ခုတော့ အသေရှိရမှာပေါ့၊
Post a Comment