ပညာရေးဝန်ကြီးဌာနက
ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေရဲ့ မသမာတဲ့ ဈေးရောင်းပွဲတော်တွေ ကျင်းပနေ
အခြေခံပညာကျောင်းတွေမှာ ငွေကောက်ခံတာတွေ၊
ပစ္စည်းရောင်းတာတွေ မလုပ်ရဘူး ဆိုပြီး ပညာရေးဝန်ကြီးဌာနက အမိန့်ထုတ်ထားပါတယ်။ ကျောင်းအတွက်
လိုအပ်မည့် သောက်ရေအိုး၊ တံမျက်စည်း ၀ယ်ဖို့အတွက် ကျောင်းအုပ်ကြီးတွေက ငွေကောက်မိလို့
ဗလာစာရောင်းမိလို့ နယ်ပြောင်းခံရတဲ့သူတွေ၊ ရာထူးချခံရတဲ့သူတွေ၊ အလုပ်ဖြုတ်ခံရ တဲ့သူတွေ
ဒုနဲ့ဒေး ရှိခဲ့ပါတယ်။
ယခုစာသင်နှစ်မှာ ဒုဝန်ကြီး
ဦးအေးကြူ အစီအစဉ်နှင့် မြန်မာတစ်ပြည်လုံးမှာရှိတဲ့ အခြေခံကျောင်းအားလုံးကို ဗလာစာအုပ်
မယူမနေရ ရောင်းချမယ်လို့ သိရှိရပါတယ်။ ဒုဝန်ကြီးဦးအေးကြူဟာ အောက်ဖော်ပြပါကုမ္မဏီတွေနဲ့
ပထမဆင့် စာချုပ်ချုပ်ဆိုပြီး ဖြစ်ပါတယ်-
၁။ June Family International Co.Ltd - 100000 ဒါဇင်
၂။ MKT Co.Ltd - 100000 ဒါဇင်
၃။ Joyfull exercise book - 100000 ဒါဇင်
၎။ မြန်မာ့စက္ကူနှင့် စာရေးကိရိယာရောင်းဝယ်ရေးလီမိတက် - 300000
ဒါဇင်
၅။ တက်နဒီကုမ္မဏီလီမိတက် - 150000 ဒါဇင်
၆။ Eleven Group Trading - 100000 ဒါဇင်
၇။ ဇေယျသုခပုံနှိပ်နှင့် စာရေးကိရိယာကုမ္မဏီလီမိတက် - 150000
ဒါဇင်
စုစုပေါင်း
1000000 ဒါဇင်
ဇေယျသုခပုံနှိပ်နှင့်
စာရေးကိရိယာကုမ္မလီမိတက်နှင့် တက်နဒီကုမ္မဏီလီမိတက်တို့ဟာ ဒုဝန်ကြီးဦးအေးကြူ ပိုင် ကုမ္မဏီများ
ဖြစ်ကြပါတယ်။
ကျန်ကုမ္မဏီတွေကလည်း ဒုဝန်ကြီးနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းတွေကို လက်သိပ်ထိုး
လုပ်ခိုင်းထားတာဖြစ်ကြောင်း သိရှိရပါတယ်။
ဝန်ကြီးနဲ့ ဒုဝန်ကြီးအတွက် တစ်ဒါဇင်ကို (၂၀၀)ကျပ်နှုန်း
ကော်မရှင်ရရှိမှာဖြစ်တဲ့အတွက် ကျပ်သိန်း(၂၀၀၀)ကို ၄င်းတို့ မျိုးမျိုးမြတ်မြတ်ရရှိကြမှာဖြစ်
ပါတယ်။
တိုင်းပြည်ရဲ့မျက်နှာ၊ ဆင်းရဲသားလုပ်သားပြည်သူတွေရဲ့မျက်နှာကိုတောင် မကြည့်ကြတော့ဘူး၊
ကျောင်းမနေနိုင်လို့ လမ်းဘေးမှာ ဈေးရောင်းနေရတဲ့ ခလေးတွေ
အများကြီးဘဲ။ အခု မယူမနေရ
ဗလာစာအုပ်တွေရောင်းပြီး စီးပွားရှာနေကြတာ လုံးဝ
မတရား မှုတွေ ကျူးလွန်နေတာဘဲ။
ကုမ္မဏီတွေကို
အောက်ပါအတိုင်း ပေးပို့ပေးဖို့ ခွဲတမ်းချပေးထားတယ်-
၁။ ကချင် ၅၀၀၀ ဒါဇင်
၂။ ကယား ၅၀၀၀ ဒါဇင်
၃။ ကရင် ၅၀၀၀ ဒါဇင်
၎။ ချင်း ၅၀၀၀ ဒါဇင်
၅။ စစ်ကိုင်း ၁၀၀၀၀၀ ဒါဇင်
၆။ တနင်္သာရီ ၁၀၀၀၀ ဒါဇင်
၇။ ပဲခူး ၁၀၀၀၀၀ ဒါဇင်
၈။ မကွေး ၁၀၀၀၀၀ ဒါဇင်
၉။ မန္တလေး ၂၀၀၀၀၀ ဒါဇင်
၁၀။ မွန် ၅၀၀၀၀ ဒါဇင်
၁၁။ ရခိုင် ၅၀၀၀ ဒါဇင်
၁၂။ ရန်ကုန် ၂၀၀၀၀၀ ဒါဇင်
၁၃။ ရှမ်း ၁၅၀၀၀ ဒါဇင်
၁၄။ ဧရာဝတီ ၁၀၀၀၀၀ ဒါဇင်
၁၅။ နေပြည်တော် ၁၀၀၀၀၀ ဒါဇင်
ဒီလောက်တိုင်းပြည်ကြီး စီးပွားရေးကြပ်တည်းလို့
ဒုက္ခဖြစ်နေတဲ့အချိန်မှာ
ဒီလိုမသမာသူတွေရဲ့ ရာထူးအာဏာကို အသုံးချပြီး ကိုယ်ကျိုးရှာ
စီးပွားရေးအမြတ်ထုတ်
နေတာကို ကျွန်တော်တို့ တိုင်းသူပြည်သားတွေအနေနဲ့ လက်ပိုက်ကြည့်မနေနိုင်ကြောင်းနဲ့
လိုအပ်သလို ထိရောက်စွာ အရေးယူပေးနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတကြီးနဲ့၊ တာဝန်ရှိ
အကြီးအကဲများ
သိရှိစေရန် ဖော်ပြလိုက်ပါတယ်။
Myanmar News Now
အပိုင်း(၁)ကို အောက်မှာနှိပ်ပြီး ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
အပိုင်း(၁)ကို အောက်မှာနှိပ်ပြီး ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
အပိုင်း(၃)ကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း(၂)
Reviewed by သစ်ထူးလွင်
on
09:33
Rating:
20 comments:
သူတောင်းစားတွေ---
တိုင်းပြည်ကိုဖျက်နေကြတာ-------
ပြောတတ်လိုက်တဲ့ပါးစပ်တွေ ဘာတဲ့ " Clean Government " တဲ့
ဟားဟားဟား-----------------
ခိုးစားလို့ အားမရလို့ ပေါ်တင်ကို လုပ်နေကြပီ
ရှက်သင့်ပါပီဗျာ
ဤသို့မဖြစ်သင့်ပါ။ စုံစမ်းစစ်ဆေးပေးပါ။ ဥပဒေ ဆိုတာရှိလျှင် မဖြစ်မနေအရေးယူပေးပါ။ ဥပဒေအပေါ်မှာ ဘယ်သူမှမရှိစေချင်ပါ။ အရေးမယူရဲဘူးဆိုတာမျိုးမရှိသင့်တော့ပါ။ တစ်စဆွဲထုတ်လျှင် အကုန်လုံးပါမှာ စိုးရိမ်နေပါသလား။
အဲဒါတွေကို ကြောက်လို့ မိဘတွေကလည်း ကျောင်းမထားနိုင် ပညာလိုချင်ရဲ့ နဲ့ ဒါဖိုးတွေ မတတ်နိုင်လို့ ခလေးတွေခမျာ ကျောင်းမတက်နိုင် ဒီလိုသာဆို လူသားအရင်းအမြစ်တွေကို ဖေါ်ထုတ်ပေးနိုင်ပါတော့မလား . . .လက်ရှိဝန်ကြီးတွေ အားလုံးကို လူလဲပြစ်ချင်ပြီ . . . ၂၀၁၅ မြန်မြန်ရောက်မှကောင်းမယ် . . .ဒင်းတို့ သက်တမ်းကုန်မဲ့ နှစ်ပေါ့ . .
ဟာဟ ဒါတင်ပဲလား ရှိသေးတယ် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေး
ဦးစီးဌာန ညွှန်ချုပ်လည်း သိန်း(3700)ကျော်ဖိုး ကားပြင် ကားပစ္စည်းဝယ်
ယူခွင့်ရသွားတော့ သူ့အတွက်(10%)နဲ့ သိန်းသုံးရာကျော်လောက်ရသွားပြီ တိုင်းပြည်မွဲတာမမွဲတာ သူတို့အလုပ်မဟုတ် ငါ့မိသားစု မမွဲဖို့လိုတယ်လို့ တွက်ထားတဲ့သူတွေကြီးပဲ အားလုံးစစ်တပ်ကလာကြတာနော် အရပ်ဘက် ရောက်တာနဲ့ ဘယ်နေရာမှာ စားစရာရှိလဲ လိုက်ရှာပြီး နားရွက်ရွှံ့ပေအောင်နှိုက်ကြရော စိတ်ကုန်ဖို့ကောင်းတယ် စစ်တပ်ကနေအရပ်ဖက်ပြောင်းလာတဲ့ ရာထူးကြီးငယ်မှန်သမျှအကုန်လုံး ပုံစံတစ်မျိုးတည်းပဲ ပြောတော့တိုင်းပြည်ကို အချစ်ဆုံးတပ်မတော်သားတွေ တဲ့ ဘယ်နေရာချစ်တာလဲတော့မသိဘူး သူ့မိသားစုကိုချစ်တာတော့ အရမ်း အရမ်းပဲ
အော် ပညာရေးဝန်ကြီးဌာနက အဲဒီလိုလား။ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလက ဟောထားတဲ့ တနိုင်ငံလုံး သူခိုးနဲ့ သူတောင်းစားကြီးဘဲတဲ့
ဆိုတာ မှန်လိုက်တာ။
သူများဝန်ကြီးတွေလို မရှိရှာလို့ထင်တယ်.....
တော်တော်လေး ငတ်ကြီးကျနေပုံပဲ
စာအုပ်ဝယ်ဖို့အနိုင်နိုင် စာသင်ကျောင်းမလာနိုင်တဲ့ကလေးတွေ ဒုနဲ့ဒေးရှိနေတယ်...
စာသင်ဖို့ထက် ၀မ်းဝအောင်မနည်းရုန်းကန်နေရတဲ့ ကလေးတွေကလည်း ဒုနဲ့ဒေး....
ဒါတောင် အလကားဝေပေးရမယ့် ကျောင်းသုံးဗလာစာအုပ်တွေကို အတင်းထိုးရောင်းနိုင်သေးတယ်....
မ၀ယ်မနေရဆိုတဲ့ခေတ်ကကုန်သွားပြီဆိုတာ မသိကျိုးကျွန်ပြုနေတယ်ထင်ရဲ့..
အော်... အာဏာရပါတီရဲ့ လက်ရွေးစင် တပ်ဖွဲ့ဝင်တွေကတော့ လူသိရှင်ကြား မလုပ်အပ် မလုပ်ထိုက်တာတွေလုပ်နေကြကုန်ပြီဗျာ... တိုင်းပြည်ကို ဘယ်လောက်ချစ်ပါတယ်ဆိုတဲ့လူတွေ ပြည်သူတွေဆီက မရမကညစ်ကုန်ကြပြီ... ပြည်သူပိုင်ပစ္စည်း၊ သဘာဝသယံဇာတတွေလည်း ခိုးရသမျှခိုး ပေါင်းစားရသမျှ ပေါင်းစား...
သစ်တောလည်းပြုန်း၊ ကျောက်လည်းတုံးပြီ... ရေ၊ မြေ၊ တော၊ တောင်၊ မြစ်ကြီးမြစ်ငယ်၊ ပင်လယ်အဆုံး ရသမျှ တိုင်းပြည်အတွက်က နည်းနည်း အပေါင်းအပါတွေက ၀ါးကုန်ကြပြီ... မြန်မာတွေ တိုင်းတပါးသွား ကျွန်ခံနေကြရပြီ...
အော် အနာဂတ် မြန်မာလူမျိုးတွေအတွက် ကုန်းကောက်စရာမရှိတော့လောက်အောင် ရက်ရက်စက်စက် လုပ်ရက်ကြပြီ...
ဒါလားဟဲ့ စေတနာ..
တော်ကြပါတော့ဗျာ.......................
တော်ကြပါတော့လို့
ပြည်သူသနားရင် အထုပ်ပိုက် အိမ်ပြန်အိပ်နေတာကောင်းမယ်ထင်ပါရဲ့
ချီးထုပ်တွေ သံပုံးတီးတောထုတ်ပစ်ဖို့ပဲကျန်တော့တယ်..
ငညစ်၊ ငဖား၊ ငစား ကောင်များ သတိထားပါ....
ဝန်ကြီးတွေလုပ်စားသလိုရန်ကုန် TTc မှာ၂၀၁၁-၂၀၁၂နှစ်ပညာသင်တစ်နှစ်လုံး ကောက်လိုက်တဲ့ရေဘိုး၊ရောင်းလိုက်တဲ TTC ကျောင်းတံဆိပ်ပါစာအုပ်၊ကျောင်းရင်ထိုး ဒါအပြင်မသင်အနေရ ၄တန်း၅တန်းကျောင်းသားတွေ လစဉ်ကြေးပေးပြီး ပန်းချီ တိုက်ကွမ်တို ၀ှုရှူး တယောစသည့်သင်တန်းများကို လစဉ်ကျောင်းသားတစ်ယောက် ၁၀၀၀ကျပ်ဖြင့် ၇လပိုင်းမှ ၁လပိုင်းအထိကောက်ခံသည့်အတွက်ဘယ်လောက်တောင်ကျောင်းအုပ်ကြီးတစ်ယောက်ရှေ့ဆရာကြီးများနှင့်မခြားနားလုပ်ဆောင်နေလဲဆိုတာစုံစမ်းကြည့်စေချင်ပါတယ်
နိုင်ငံတော်သမ္မတကြီးခင်ဗျား.....
တိုင်းပြည်တစ်ခုအရင်းပြုပြီး....နိုင်ငံချစ်သယောင်၊ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကိုကာကွယ်သယောင်လုပ်နေတဲ့စစ်တပ်အရာရှိ ဟောင်းတွေ(အောင်သောင်းအပါအ၀င်)နဲ့အဲဒီလူတွေရဲ့နောက်မြီးဆွဲ(ချမ်းငြိမ်းအပါအ၀င်)တို့ကိုဖယ်ရှားပြီး...သန့်ရှင်းတဲ့အစိုးရကို ဖွဲ့စည်းသင့်ပါပြီ...................။
ပညာဒီပ
ဒါကပညာရေးကပါ စီမံ/စီးပွားက ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေး
ဦးစီးဌာန ညွှန်ချုပ်လည်း ကားပြင်ဖို့နှင့် အပိုပစ္စည်းတွေဝယ်ဖို့ ကျပ်(3700)ကျော် ဘတ်ဂျက်ကျသွားပြီ သူ့အတွက်(10)%ပါတော့ ကျပ်သိန်း(370)ကျော်တိုင်းပြည်ဘဏ္ဍာထဲကနေ သူ့အိတ်ကပ်ထဲရောက်သွားပြီ
ပြည်ထောင်စုလွှတ်တော်မှလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံတော်သမ္မတကြီး အနေဖြင့် ယခုထိတိုင် တိုင်းပြည်ဘဏ္ဍာကို နည်းအမျိုးမျိုးနဲ့ ခိုးစားနေတဲ့သူ တွေကို ပြတ်ပြတ်သားသားအရေးယူသင့်ပြီဖြစ်ကြောင်း သစ်ထူးလွင်မှတဆင့်အကြံပြုပါရစေ ၎င်းကိစ္စကို ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန ဝပ်ရှော့မှ အရာရှိများအားလုံးသိပါသည်။
သမ္မတကြီး ဘာလုပ်မလဲ ကြည့်ကြသေးတာပေါ့..
ဒီကောင်းတွေလုပ်လို့ ငါတို့မြန်မာတွေ ဘယ်နိုင်ငံ သွား၂ မျက်နှာငယ်၇တယ် အား လုံး ဖြုတ်လိုက် ဒါပဲ
တစ်လောက ကျောင်းဆရာမိတ်ဆွေတစ်ယောက်နဲ့ စကားစပ်မိလို့
"ဒဿမ"တန်းဆိုတဲ့စကားလုံးအစား သင်ရိုးမှာ "ဒသမ"လို့ "သ"
အသေးနဲ့ပုံနှိပ်ထားလို့ စကားလုံး ပြောင်းသွားပြီလို့ပြောတယ်။
ဒါနဲ့ပဲ ကျုပ်က အသတ်သံ(တ်)ပါတဲ့စကားလုံးတွေရဲ့နောက်မှာ သအကြီး(ဿ)၊ ထ၀န်ဘဲအကြီး(ဋ္ဌ)တို့လိုက်ရကြောင်း၊
ပုဒ်ဆင့်သဘောမျိုးသုံးရကြောင်း၊ ဥပမာ-အဋ္ဌမ(အတ်ထမ)
ဆဋ္ဌမ(ဆတ်ထမ)လို့ အသံထွက်ရကြောင်း တတ်သိသမျှလေးကို
မျှဝေပေးတယ်။ သူက ဒါဆိုရင်သင်ရိုးကြီးမှာ ဘာလို့ပုံနှိပ်ထားတာလဲတဲ့။
ကျုပ်က ...
စာမတတ်တဲ့ စစ်ဝတ်ပြောင်းတွေ ပညာရေးဝန်ကြီးဌာနမှာ
ဝန်ကြီးတွေလုပ်နေလို့ သတ်ပုံမှားတာဖြစ်ကြောင်း၊
ခိုးစား၊ ဗြောင်စား၊ လာဘ်စားနည်းပေါင်းမျိုးစုံနဲ့ ကိုယ်ကျိုးကြည့်တဲ့ သူခိုးတွေသာဖြစ်ကြောင်း။
ဗလာစာအုပ် တစ်မျိုးတည်းပင်လျှင် ကျပ်သိန်းပေါင်း နှစ်ထောင် ရနိုင်သော် အခြား အခြားသော တို့မှ ဝင်ငွေသည် တွေးကြည့်ရန်ပင် ခက်ခဲပေလိမ့်မည်။ ထို ထိုသော သူတို့အဖို့မူကား ငွေရှာရန် လွယ်ကူလွန်းလှပေသည်။ ကျွနုပ်အပါအဝင် တိုင်းသူပြည်သားတို့မှာမူ အခကြေးငွေ ပေးရန်မလိုသော အိပ်မက်ပင် မမက်နိုင်။
where is clean goverment?
ဒါတင်ဘယ်က အုံးမလဲဗျ အမှတ်(၃)အခြေခံပညာဦးစီးဌာနကလည်း ငွေသိန်း (၁၈၀၀)ကို ၀န်ကြီးရုံးဆေးသုတ်ရန်ဆိုပြီး ထုတ်သွားသေးတယ်။ အောက်ကလူတွေက မပြောရဲတော့လည်း ဒီအတိုင်း ငြိမ်နေရတာပေါ့။ ထင်တိုင်းကြဲနေတာ။ စားတဲ့လူ ထင်ပေါ် တော်တဲ့လူ လမ်းဘေးရောက် မှန်တဲ့လူ ဂျောင်ထိုး မစားတဲ့လူ ဖြုတ်ပစ် ဒီခေတ်ကြီးမှာ
အမှန်တရားဆိုတာ ဘယ်မှာရှိမှာလည်း။ ဒါတောင် သူညစ်ပတ်လို့ ပြုတ်သွားတဲ့သူတွေ၊ ထွက်လိုက်ရတဲ့သူတွေ ရုံးမှာ ခေါ်ခြိမ်းခြောက်တာတွေ ညအချိန်မတော် ပြန်လာပြီး မူးရူးဆွဲထိုးတာတွေ ရှိသေးတယ်။ သူလုပ်တဲ့သူတွေလည်း အပြင်ရောက်ကုန်ပါပြီ သူတို့က ဘာမှ မပြောတော့လည်း ဘာမှမသိဘူးပေါ့။ သူတို့ရင်ထဲမှာတော့ တစ်သက်လုံးမေ့မှာမဟုတ်ပါဘူး။ ရုံးခန်းထဲခေါ်ပြီး ညွှန်ချုပ်အခါ(၅၀)ခေါ်ခိုင်းတာတို့။ ညအချိန်မတော် ခေါ်ခြိမ်းခြောက်တာတွေ အခြေခံ(၃)ရဲ့ ရုံးအစောင့် ဦးဝင်းတင် အသိဆုံးလို့တော့ ပြောတာပါဘဲ။ ပညာတတ်မဆန်တဲ့ လုပ်ရပ်တွေ၊ ရန်လိုပြုမူခဲ့တာတွေဟာ ဘယ်တော့ ဖျောက်ဖျက်လို့ရမှာမဟုတ်ပါဘူး၊
သမ္မတကြီးရေ....ကိုယ့်အောက်က...
မကောင်းတဲ့ဝန်ကြီးတွေကိုဖြုတ်ပြီး...ထောင်ထဲမထည့်သေးဘူးလား....
(လူဆိုတာ..သေရင်ကိုယ့်နောက်ဘာမှမပါဘူး...သမ္မတကြီး) ဒါ့ကြောင့်သမ္မတကြီးကိုနာမည်ကောင်းနဲ့ပြည်သူပါးစပ်ဖြားမှာရှိနေစေခြင်ပါတယ်။
(ကယ်...ဘာဆက်လုပ်မှာလဲသမ္မတကြီး)
မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည် လို့ဆိုတာ ဒီလိုပါလားလို့ ကျောင်းသားကျောင်းသူတွေကို ပညာပေးနေတာ ...
This site points out that our education system is really needy. It's true that the heads of the education department are taking aventage of their authority. But what about the PUBLIC BUSINESSES named here?? Is there proof that they are involved in all this nasty stuff? What if they are just earning for their lives like everyone with stomach do? Didn't they even have a chance to make their living? They work on what they are paid for and get the money they deserve, nothing more. So....people of burmur, if u really think that u deserve democracy let's don't accuse people who aren't involved. Try to distinguish between good and bad. This may be a good start.
Post a Comment