ဝန်ကြီးများရုံးဟောင်း ခွင့်ပြုချက်မဲ့ ဝင်ရောက်သူ အစ္စရေးနိုင်ငံသား အရေးယူခံရ

ရန်ကုန်တိုင်းဒေသကြီး အမှတ်(၉)ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ ဝန်ကြီးများရုံးဟောင်းသို့ အစ္စရေးနိုင်ငံသားတစ်ဦး ခြံစည်းရိုး ကျော်၍ တရားမဝင် ဝင်ရောက်သဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ နိုင်ငံသားမှာ အသက် ၂၈ နှစ် အရွယ်ရှိ Mr.ARIEL TAL ပတ်(စ်)ပို့အမှတ် ၁၁၆၃၉၁၄၊ ဗီဇာအမှတ် A469688 အလည်အပတ် ဗီဇာဖြင့် ရောက်ရှိနေသူဖြစ်ပြီး မတ်လ ၉ ရက်နေ့ မွန်းလွဲ၁ နာရီ ၃၀ မိနစ်ခန့်က ယင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံခြားသားကို ဗိုလ်တထောင်ရဲစခန်းက (ပ) ၅၇/၁၂/ပုဒ်မ ၄၄၈၊ (ပ) ၅၈/၁၂ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်ချက်များ ဥပဒေပုဒ်မ ၁၃(၁) ဖြင့် အရေးယူထားကြောင်း ယင်းရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးသို့ ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မည်သို့မျှ မပြောနိုင်သေးကြောင်း ယင်းသံရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဒီနိုင်ငံကိုလာရင် ဒီနိုင်ငံရဲ့ ဥပဒေကို လေးစားရမှာပဲ” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
ဝန်ကြီးများရုံးဟောင်း ခွင့်ပြုချက်မဲ့ ဝင်ရောက်သူ အစ္စရေးနိုင်ငံသား အရေးယူခံရ ဝန်ကြီးများရုံးဟောင်း ခွင့်ပြုချက်မဲ့ ဝင်ရောက်သူ အစ္စရေးနိုင်ငံသား အရေးယူခံရ Reviewed by သစ်ထူးလွင် on 00:59 Rating: 5

10 comments:

Nyi Nyi said...

this is dangerous. He could be Mossad. This is threat to our national security. They need to respect us. Ohhwait They're Israel. They don't give a crap about anyone except themselves. This is Myanmar, not some Palestine that you can bully.

Bravo said...

ယက်တော တုံးကလိုပဲ ဝန်ကြီးများရုံးမှာ အကြီးဆုံးပုဂ္ဂိုလ်ကိုအရေးယူပေးပါ။
ဒေါ်စုတုံးကအတိုင်း ဒါပူးပေါင်းကြံစည်တာဖြစ်ကိုဖြစ်ရမယ်။ ဒါမှ တရားဥပဒေ နှစ်မျိုးမရှိဘူးဆိုတာ အပြောနဲ့ လက်တွေ့ တထပ်တည်းဖြစ်မှာ။

Anonymous said...

ဒီအဆောက်အဦးကြီးတန်ဖိုးရှိမှန်းသိလို့..ကြည့်ချင်စိတ်သိပ်ဖြစ်လာပြီးကျော်ဝင်တာဖြစ်မှာပေါ့ ခင်ဗျားတို့တန်ဖိုးနားမလည်ပေမဲ့ တန်ဖိုးထားတတ်တဲ့သူကနားလည်တယ်..ခိုးဖို့တော့မဖြစ်နိုင်ဘူး အထဲမှာ ပုလိပ်နဲ့ ချီးပုံတွေပဲရှိတယ်

ZAWAUNG said...

right that right bravo..
ဝန်ကြီးများရုံးမှ အကြီးဆုံးတာဝန်ရှိသူကိုချက်ချင်းအရေးယူပေးပါ..

ZAWAUNG said...

နောက်တစ်ခါဆို နိုင်ငံခြားသားတွေကို ဖွတ်သန်းရွှေ ဖွတ်မောင်အေး
ဖွတ်အောင်သောင်း ဖွတ်၈လုံး ဖွတ်ကျော်ဆန်း အစရှိတဲ့ ဖွတ် ခေါင်းဆောင်
ကြီးများအိမ်ကိုဝင်ခိုင်းရမယ်..အဲဒါမှ သူတို့ဥပဒေနဲ့သူတို့ကိုပြန်ချည်နိုင်မှာ..
ယက်တောတုန်းက ဘာမဆိုင်ညာမဆိုင်အပြစ်ကင်းသူကိုအရေးယူတယ်..
အခုလည်းသူတို့နေတဲ့အိမ်တွေကိုကျော်ဝင်ကြဖို့တိုက်တွန်းရမယ်..
ဖွတ်ဥပဒေနဲ့ဖွတ်မိသားစုတွေကိုအရေးယူနိုင်အောင်..
ဖွတ်ဆိုတာကြံ့ဖွတ်ကိုပြောတာနော်..

ZAWAUNG said...

right that right bravo..
ဝန်ကြီးများရုံးမှ အကြီးဆုံးတာဝန်ရှိသူကိုချက်ချင်းအရေးယူပေးပါ..

ZAWAUNG said...

ဒီရုံးရှေ့ကနေ မကြာမကြာဖြတ်လျောက်ဖူးခဲ့ပါတယ်..အရမ်းလည်းစိတ်ဝင်စား
တယ်..အပေါက်ဝနဲ့ ပတ်ပတ်လည်တွေမှာကင်းတွေချထားတာတွေ့ရတယ်..
ပုံစံကြည့်ရတာ ဒီရုံးကြီးကိုအကျယ်ချုပ်ချထားတာလားမသိဘူးလို့စိတ်ထဲမှာ
တွေးမိခဲ့တယ်..ကျွန်တော်ဒီရုံးရှေ့ကဖြတ်လျောက်တိုင်းအတွင်းကိုဝင်ကြည့်
ချင်တာပါ..ဘာရှိမလဲပေါ့..ဒီနိုင်ငံခြားသားလည်းဒီလိုပဲနေမှာပါ..
ဒီရုံးကိုအများပြည်သူလေ့လာခွင့်ပေးသင့်ပါပြီ..

ktd said...

ဟုတ်တယ်။ Tar tee ပြောသလိုဘဲ၊
အထဲမှာ စိတ်ဝင်စားစရာ ဘာမှ မရှိဘူး။
ရုံသွင်းပြီးပြသဖို့တော့ ကန်ထရိုက်သွားမဆွဲနဲ့။
အရှုံးပေါ်လိမ့်မယ်။ အမှိုက်တွေဘဲရှိတယ်။

myo said...

this photo is not Minitersoffice`s building it is Highcourt.

မောင်ရစ် said...

မှန်ပါတယ်...အပေါ်ကပုံက ၀န်ကြီးများရုံးပုံမဟုတ်ပါဘူး...
တရားလွှတ်တော်ပုံပါ.....။

Powered by Blogger.