ဒေါ်အောင်ဆန်းစုကြည် လားရှိုး ရန်တိုင်းအောင်ကွင်း လူထုဟောပြောပွဲမှာ မိန့် ခွန်း ပြောကြားနေစဉ် (ဓါတ်ပုံ-ဘားမားဗီဂျေ) မတ်လ ၁၇၊ ၂၀၁၂ (YPI) လားရှိုးမြို့ လူထုအခြေအနေနှင့် ပတ်သက်ပြီး “အရင်တခေါက်လာတုန်းက အခြေအနေနဲ့ မတူဘူး၊ ပြည်သူတွေက ကြောက်နေကြတယ်။” အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး “ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုတခုလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး ပါတီတခုကို တည်ထောင်ခဲ့တာဖြစ်ပါတယ်” တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး “တိုင်းရင်းသား လူမျိုးလည်း စုံတယ်၊ လူဦးရေကလည်း များတယ်ဆိုတော့ တယောက်နဲ့ တယောက် နားလည်မှုရှိရပါမယ်” “ပြည်သူတွေအနေနဲ့ အပြောင်းအလဲ လိုချင်ရင် မဲရုံကို သွားပြီး ကိုယ်လိုချင်တဲ့သူကို မဲပေးလိုက်ရုံပဲ၊ ပြည်သူတွေလည်း မပင်ပန်းဘူး။” တရုတ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ “ ကျွန်မတို့ နိုင်ငံဟာ ပထ၀ီအနေအထားအရ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်နေပါတယ်။ ဒိမိုကရေစီ အစိုးရတည်တံ့မှ နိုင်ငံအချင်းချင်း နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပေါ်နိုင်မှာပါ။ ကျွန်မတို့လိုချင်တာ နှစ်ဦးနှစ်ဖက်စလုံး နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုးပဲ၊ စီးပွားရေး အရသာဆက်ဆံတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး ” တပ်မတော်သားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြဖို့ “နိုင်ငံရေး ဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်၊ အဲဒီလူတိုင်းထဲမှာ တပ်မတော်သားတွေလည်း ပါတယ်။ ဒါကြောင့် တပ်မတော်သားတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြပါ” “ တပ်မတော်သားတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံကြပါ” အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ဝန်းကျင်မှ စတင်သည့် မိန့်ခွန်းမှာ မွန်းလွဲ ၃နာရီ ခွဲတွင် ပြီးဆုံးသွားပြီဖြစ်သည်။
1 comment:
ွှွှွှွှွှွှွှအမေက ပြည်သူ၊ပြည်သားတွေကို မျက်စိနဲ့ နားနဲ့ ဖွင့်ပေးနေတာ ဟိုခွေး---တွေကပိတ်ထားတာဘယ်လောက်ကြာပြီလဲ အခုချိန်ထိခွေးနားကပ်ပြီး ခွေးကျင့်ခွေးကြံ ကြံတဲ့သူတွေအများကြီး အမေေ၇အခုခေတ်က ပုတ်သင်ညိုမဟုတ်ဘူး ခွေးတွေကလည်းအေ၇ာင်ပြောင်းတတ်နေပြီ
Post a Comment